Saturday, October 16, 2010

Mandalay Flood - 3

မန္တလေးရေဘေးမှတ်တမ်းဓာတ်ပုံ - ၃

Mandalay Flood - 2

မန္တလေးရေဘေးမှတ်တမ်းဓာတ်ပုံ - ၂

Mandalay Flood - 1

မနလေးရေဘေးမှတ်တမ်းဓာတ်ပုံ - ၁

Tuesday, October 12, 2010

Fwd: "ရေကြီးနေတဲ့မန္တလေး"

မန္တလေးမှာ ၇ ရက်နေ့က စပြီးရွာတဲ့မိုး ... ၈ ရက်နေ့မှာ ၀ုန်းဒိုင်းကြဲပြီး
ရွာတယ် ... မန္တလေးတစ်မြို့လုံးနီးပါး ရေတင်တယ် ...
ဈေးချိုအနောက်ဖက်ခြမ်း မြေနိမ့်ပိုင်းမှာလည်း ရေတွေဝင်လို့
လှေတွေနဲ့သွားရတယ် ... မန္တလေးရဲ့ အရှေ့တောင်ဖက်က မြို့သစ်
ပရံတော်ချောင်းဝဲယာမှာတော့ တစ်ထပ်အိမ်တွေ မြုပ်ကုန်တယ် ..
ပုသိမ်ကြီးဖက်မှာလည်း ရေတွေကြီးလို့ ... မိုးရေချိန် ၁၁ လက်မလို့
သတင်းစာမှာဖော်ပြတယ် ... ပုသိမ်ကြီးဖက်က ကင်ဆာဆေးရုံကလူနာတွေကို Oriental
House ကပိုင်တဲ့အိမ်ကို ပြောင်းရွေ့ပေးထားရတယ် ... ပြင်ဦးလွင်လမ်းလည်း

ရေလွှမ်းခဲ့တယ် .. ရေဘေးကယ်ဆယ်ရေးအတွက် လှေတွေမလုံလောက်ဘူး ..
ထမင်းထုတ်တွေလည်း ကြုံသလို ဝေနေရတယ် ... အိမ်ထောင်စု ဘယ်လောက်တောင်
ဒုက္ခရောက်နေတယ်ဆိုတာ လောလောဆယ် အတိအကျမသိသေးဘူး .. ထမင်းထုတ်တွေကတော့
ဝေမလောက် .... အထုတ်တွေနဲ့ထွက်လာတဲ့သူတွေကလည်း မနဲဘူး ...

-----------------

. ကျွန်တော်တို့ စိတ္တသုခ ပရဟိတလူငယ်များအနေနဲ့ ၈ ရက်နေ့ ညမှာပဲ
ကူညီမှုတွေလုပ်ခဲ့တယ် .. လက်လှမ်းမိသလောက်ပေါ့ .. ကျွန်တော်တို့က အင်အားကြီး
အဖွဲ့အစည်း တစ်ခုမဟုတ်ပေမယ့် ... အလှူရှင်တွေရှာပြီး
ရေဘေးကယ်ဆယ်ရေးတွေလုပ်ခဲ့တယ် ... ၉ ရက်နေ့က ထမင်းထုပ် ၄၀၀ ဝေနိုင်ခဲ့တယ် ... ၁၀
ရက်နေ့မှာ ထမင်းထုပ် + ရေသန့်ဗူး ၅၀၀ ဝေနိုင်ခဲ့တယ် ... ထမင်းထုပ်က နှစ်ယောက်စာ
နေ့ည စားနိုင်တဲ့အထုပ်မျိုးပါ ... ရေထဲမှာ ခါးထိ ရေစိပ်ခံပြီး
ကျွန်တော်တို့အဖွဲ့ ကိုယ်တိုင်ကိုယ်ကျ ဝေတာဖြစ်ပါတယ် .... နောက်နေ့တွေလည်း
ဝေဦးမှာပါ ... အင်အားကြီးအဖွဲ့အစည်း အများအပြားကလည်း လာဝေကြပါတယ် ...
အလိုအပ်ဆုံးလို့ ယူဆရတဲ့ ထမင်းထုပ်တွေဝေတာများပါတယ် ... ရေသန့်ဗူးလည်း
အပါအ၀င်ပေါ့ .. အထားခံတဲ့ အစားအသောက်ကို မနက်ဖန်က စပြီး ဝေဖို့ရှိပါတယ် ...
မုန့်ကြွပ်၊ ဘီစကစ်၊ ကိတ်ခြောက်၊ ငပိကြော်၊ ပုဇွန်ခြောက်ကြော် အစရှိသဖြင့်ပေါ့
.... ကျွန်တော်တို့အဖွဲ့က အင်အားငယ်တော့ တစ်ရပ်ကွက်စာလောက်ပဲ ဝေနိုင်တာပါ ....
အများမရောက်နိုင်တဲ့နေရာမျိုးကို လှေနဲ့သွားကြတယ် ... လှေဌားခကလည်း
ခေါက်ခိုက်နေတယ် ... အလှူရှင်တွေရှိမယ်ဆိုရင်တော့ နေ့စဉ် လှူပေးဖို့ရှိပါတယ်
....

=========================

မန္တလေး ခရိုင်းအတွင်း ရေဘေးသင့်သူများအား စေတနာရှင်များက သွားရောက်လှူဒါန်းလျက်ရှိ
မန္တလေးခရိုင်တစ်ဝိုက် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလျှံရေကြီးမှုများ
ဖြစ်ပေါ်လျက်ရှိရာ စေတနာရှင် ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များသည်
သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရေဘေးခံစားရသူများအား
ကူညီလှူဒါန်းလျက်ရှိကြသည်။
" ကျွန်တော်တို့က စိတ္တသုခ ပရဟိတလူငယ်များပါ။ အခုလောလောဆယ်ဆယ်
ရေဘေးခံစားနေရတဲ့နေရာများကို သွားရောက်ပြီးလေ့လာနေပါတယ်။ လေ့လာပြီး
တစ်နိုင် လှူဒါန်းနေကြတာပါ။ အောက်တိုဘာ ၉ရက်နေ့က ထမင်းထုပ် ၄၀၀၊
၁၀ရက်နေ့မှာ ထမင်းထုပ်နဲ့ ရေသန့်ဗူး ၅၀၀ သွားရောက် ဝေငှနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ က ငွေကြေးတတ်နိုင်သူမဟုတ်တော့ တတ်နိုင်သူများလှူဒါန်းတာကို
ပြန်လည် လှူဒါန်းပေးကြတာပါ။ လိုတဲ့နေရာရောက်အောင် ခါးထိနေတဲ့ ရေထဲမှာ
၂နာရီကျော်လောက် စိမ်ပြီး သွားလှူရတာပါ။ ကျွန်တော်တို့က နောက်ရက်တွေကိုလဲ
ဆက်လှူဖို့ အလှူရှင်ရှာနေကြပါတယ်။ နောက်ရက်များမှာ အထားခံမယ့်
ခေါက်ဆွဲခြောက်၊ ကိတ်ခြောက်၊ ပုစွန်ခြောက်ကြော်၊ ဘီစကစ်စတာမျိုးတွေ
လှူဖို့ စီစဉ်နေပါတယ်။ ကျွန်တော်နဲ့ ဆက်သွယ်ချင်ရင် ဖုန်း ၀၉-၂၀၂၇၅၇၄ ကို
ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်တို့ စိတ္တသုခ လိုပဲ အခြားအဖွဲ့တွေလည်း
အများကြီး လာရောက်လှူဒါန်းနေကြပါတယ်" ဟု စိတ္တသုခ ပရဟိတ လူငယ်တစ်ဦးက
ပြောကြားသည်။
ထို့အတူ " ရေတွေက ရုတ်တရက် တက်လာတာဆိုတော့ ပြင်ဆင်ချိန် မရလိုက်ပါဘူး။
ဖြစ်သလို အမြင့်ကို ရှောင်ပြေးကြရပါတယ်။ အခုတော့ သက်ဆိုင်ရာ အဖွဲ့တွေ၊
လူမှုရေးအဖွဲ့တွေ၊ စေတနာရှင်တွေက လာလှူကြတော့ ကျွန်တော်တို့
စားရေးအတွက်တော့ အဆင်ပြေနေပါတယ်။ ရေကျသွားမှ ဘာတွေ ပျက်စီးတယ်ဆိုတာ
သိနိုင်တော့မယ်" ဟု ရေဘေးသင့်သူတစ်ဦးက ပြောကြားသည်။
ရေများက အချို့နေရာများတွင် အိမ်အောက်ထပ် မြုပ်ပြီး အချို့နေရာများတွင်
၎ပေ၊ အချို့နေရာများတွင် ၂ပေခန့်ဖြင့် ရေများဝင်ရောက်လျက်ရှိသည်။
သွားရောက်လှူဒါန်းသူများအနေဖြင့် လှေများ၊ ဖောင်များဖွဲ့ပြီး
သွားလာနေရပြီး လှေငှားစရိတ်များ ဈေးကြီးလျက်ရှိကြောင်း သိရသည်။

Monday, August 16, 2010

စာပြင် အလိုရှိသတဲ့

စာပြင် ၀ါသနာပါသူများအတွက် သတင်းကောင်းပါ

Monday, August 9, 2010

မန္တလေးက တီထွင်ထုတ်လုပ်လိုက်တဲ့ စံမြန်မာ ကွန်ပျူတာမြန်မာစာစနစ်

ကွန်ပျူတာမှာ မြန်မာစာကို စံနစ်တကျနဲ့ အလွယ်တကူရိုက်နိုင်ဖို့
ကြိုးပမ်းနေကြသူတွေထဲမှာ မန္တလေးက စံမြန်မာ မြန်မာကွန်ပျူတာစံနစ်ကလည်း
တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ စံမြန်မာ ကွန်ပျူတာမြန်မာစာစနစ်ကို ၇
နှစ်ကြာအချိန်ယူပြီး တီထွင်ကြံဆထားတာဖြစ်ပြီး မကြာခင် ဈေးကွက်မှာ
မန္တလေးကိုဗဟိုပြုပြီး ဖြန့်ချိနိုင်တော့မှာဖြစ်တယ်လို့ စံမြန်မာကို
တီထွင်ဖန်တီးခဲ့သူ ကိုအီးမင်းက ပြောပါတယ်။ စံမြန်မာက ယူနီကုတ်
စနစ်မဟုတ်ပဲ ကွန်ပျူတာမှာ မြန်မာစာကို လွယ်လွယ်ကူကူ ရိုက်နိုင်
အောင်တီထွင်ထားကာ ယူနီကုတ် ၅.၂ မှာ အဆင်မပြေတာတွေကို Character Map မှာ
အသုံးချပြီး တီထွင် ထားကာ မြန်မာ့သတ်ပုံကျမ်းနည်းဥပဒေနဲ့အညီ
တည်ဆောက်ရေးဆွဲ ထားတဲ့ Platform စနစ်တစ်ခုသာ ဖြစ်တယ်လို့ဆိုပါတယ်။
စံမြန်မာကို စာစီစာရိုက်အနေနဲ့ အသုံးပြုနိုင်သလို
ထည့်သွင်းလိုက်တဲ့အချက်အလက်ကို ရှာဖွေခြင်း (Searching)၊ ဗျည်းသရစီခြင်း
(Sorting)၊ ရှာဖွေအစားထိုး ခြင်း (Find and Replace)၊ တွက်ချက် ခြင်း
အစရှိတဲ့ လုပ်ဆောင်ချက်တွေကို မြန်မာ့သတ်ပုံကျမ်းနည်းဥပဒေနဲ့အညီ
ဆောင်ရွက် နိုင်စေမှာဖြစ်ပါတယ်။ စံမြန်မာစနစ် က ရှိရှိသမျှ
မြန်မာစာလုံးတွေကို ပြီးပြည့်စုံတဲ့ စာလုံးတစ်လုံးချင်းစီတည်ဆောက်ပြီး
တိကျတဲ့ မှတ်ပုံတင်နံပတ် (Register Number) နဲ့ ရေးဆွဲသတ်မှတ်ထားပါတယ်။
စံမြန်မာ ၂.၀ မှာ အတိုကောက် ဝေါဟာရ ၃၀၀၀၀ ထိ ပါဝင်ပါတယ်။
မြန်မာစကားပုံများကိုလည်း အတိုကောက်ရိုက်စနစ်နဲ့ ရှာဖွေနိုင်ပြီး
မြို့နာမည်၊ နိုင်ငံနာမည်များကို လည်း အလွယ်တကူရှာဖွေရိုက်နိုင်မှာပါ။
ကီးဘုတ်ရဲ့ ခလုတ်တစ်ခုခြင်းစီမှာ အသုံးကျတဲ့ဝေါဟာရတွေနဲ့ ဆက်
စပ်ထားတာကြောင့် အတိုကောက်စနစ်နဲ့ မြန်မြန်ဆန်ဆန် ရိုက်နိုင်မှာ ဖြစ်တယ်။
စံမြန်မာ version 1.8 ဟာ အခမဲ့အသုံပြုနိုင်တဲ့ Free Version ဖြစ်ကာ
version 2.0 ကတော့ ၀ယ်ယူ အသုံးပြုရမယ့် Register Version ဖြစ်ပါတယ်။
စံမြန်မာ version 1.7 ကိုတော့ www.sanmyanmar.com မှာ
အခမဲ့ဒေါင်းလုပ်လုပ်ကာ လွတ်လပ်စွာအသုံးပြုနိုင်မှာဖြစ်ပြီး
advicesmm@gmail.com ကိုဆက်သွယ်ကာ စံမြန်မာနဲ့ပတ်သက်ပြီး
မေးမြန်းအကြံပြုနိုင်တယ်လို့သိရပါတယ်။

Sunday, August 8, 2010

မန္တလေးက မြို့မတူရိယာအသင်းရဲ့ ၀က်ဆိုဒ်

၁၉၂၅ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ သက်တမ်းရှည် မန္တလေးဂုဏ်ဆောင်
မြို့မအပျော်တမ်းတူရိယာ အသင်းရဲ့ အင်တာနက်ဝက်ဆိုဒ်အသစ်
www.myomamusic.com ကို သြဂုတ်လ ၃ ရက်နေ့က စတင်
သုံးပြုနိုင်ပြီဖြစ်တယ်လို့ မြို့မ ပင်တိုင်အဆိုတော်
ဦးသန်းဇော်(မြို့မ)က အသိပေးပြောကြားပါတယ်။
ကိုယ်ပိုင်ဒိုမိန်းဝယ်ယူခြင်းကို iBiz ကကိုဝင်းထွန်းက
ဆောင်ရွက်ပေးထားတာလို့ဆိုပါတယ်။ အဆိုပါ ၀က်ဆိုဒ်မှာ မြို့မအသင်းရဲ့
သတင်း၊ လှုပ်ရှားမှုဓာတ်ပုံ၊ ဗီဒီယိုတွေကို လေ့လာကြည့်ရှုနိုင်မှာဖြစ် သလို
မြို့မအသင်းရဲ့ ပွဲတီးဇယားကိုလည်း ဖော်ပြထားပါတယ်။ မြို့မအသင်းရဲ့
ဝက်ဆိုဒ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုလည်း ဖော်ပြထားရာ
မြန်မာနိုင်ငံအတွင်း၌သာမက တစ်ကမ္ဘာလုံးက မြို့မတူရိယာ
အသင်းကြီး၏ဂီတရေစီးကြောင်း အတွင်းတွင် ပါဝင်စီးမျောနိုင်စေရန်၊
မြန်မာဆန်သော မြန်မာ့သီချင်းများ ကို နှောင်းခေတ်လူကြီးများသာမက
ယနေ့ခေတ်လူငယ်များ ခံစားတတ်စေရန်၊ အမြဲမရိုးနိုင်သော မြို့မ၏သတင်းများကို
အစဉ်မပြတ်သိရှိနိုင်ရန်၊ မြို့မတူရိယာအသင်းကြီး၏ သတင်းများကို
ပြည်သူများ အချိန်နှင့်တပြေးညီသိရှိနိုင်စေရန်အတွက် ဖြစ်ပါတယ်။

Friday, September 18, 2009

ဗုံလေးလုံးသံစဉ် မှတ်တမ်းတင်

စိန်တင့်လွင်မြန်မာဆိုင်းအဖွဲ့၊ မြို့မတူရိယာ အသင်းတို့က တီးခတ်ပေးကာ
အကပညာရှင် ဒေါ်ခင်ဝင်းနွယ် နဲ့အတူ ယိမ်းအဖွဲ့၊ လူရွှင်တော်များ တွဲဖက်ကာ
ကပြတင်ဆက်ကြပြီး
ဗုံလေးလုံးသံစဉ်၊ ဂန္ထ၀င်အကပဒေသာ အမည်ရတဲ့ မှတ်တမ်းဗီစီဒီခွေအတွက်
စက်တင်ဘာလ ၁၂၊ ၁၃၊ ၁၄ ရက် နေ့များက မန္တလေးမြို့ Oriental House ခန်းမမှာ
ရိုက်ကူးပါတယ်။
စာရေးဆရာဆူးဌက်က စီစဉ်ပြီး Oriental House မှ ဒေါ်ခင်စောဦးရဲ့
အဓိကပံ့ပိုးမှုနဲ့အတူ လှဂုဏ်ရည်ဗီဒီယိုရိုက်ကူးရေးအဖွဲ့မှ
ရိုက်ကူးပေးပါတယ်။ အသံနှင့်မီးပိုင်းဆိုင်ရာများကို ဦးချိုလေးနှင့်သား
ကိုသန့်ဇင် (သီတဂူ နွေငြိမ်း)အဖွဲ့က တာဝန်ယူပေးပြီး
ဦးရွှင်မြိုင်(မြို့မ)၊ ဦးရဲထွေး (မြို့မ)၊ စိန်တင့်လွင် တို့က ဂီတမှူး
အဖြစ်ဆောင်ရွက်ကြပါတယ်။

ရည်ရွယ်ချက်က
- ရတနာပုံမ်မန္တလေးခေတ်က တောက်ပထိန်ညီးခဲ့တဲ့ မြန်မာ့နန်းတွင်း
ထီးသုံးတော်ဝင်အကများ၊
- မန္တလေး ခေတ်တလျှောက်မှာ ထင်ရှားခဲ့ပြီး အဆင့်မြင့်မားတဲ့
မြန်မာအကဗေဒကို ဖော်ထုတ်မှတ်တမ်းတင်လိုခြင်း၊
- ရတနာပုံမ်နန်းတွင်းအကများနဲ့မြန်မာအကဗေဒရဲ့ အခြေခံကကွက်များကို လေ့လာ
သင်ယူလိုသူများအတွက် မူမှန်စနစ် ဖြစ်စေလိုခြင်း၊
- မြန်မာ့ဂီတရဲ့ အခြေခံဖြစ်တဲ့ ဗုံလေးလုံးမှသည်
မြန်မာ့ဂန္ထ၀င်ခေတ်ပေါ်တေးသွားသံစဉ် များကို မြန်မာနှင့်ကမ္ဘာပေါင်းစပ်တဲ့
တူရိယာများနဲ့ ၀ိုင်းဖွဲ့တီးမှုတ်ကာ မြန်မာအကများနဲ့
ပေါင်းစပ်တင်ဆက်လိုခြင်း

မန္တလေး ပန်တျာနှင့်အနုပညာသင်ကျောင်းရဲ့ ပထမဆုံးအမျိုးသမီးအကသင်တန်းနည်းပြ
ဆရာမကြီး ဒေါ်သြဘာသောင်းရဲ့ ပညာအမွေများကို ရရှိခဲ့တဲ့
နောက်ဆုံးတပည့်ဖြစ်တဲ့ ဒေါ်ခင်ဝင်းနွယ် ကိုယ်တိုင်ဦးဆောင် ကာ ၁၉၅၃
ခုနှစ်ကတည်း က မန္တလေးပန်တျာကျောင်းမှာ သင်ရိုးအဖြစ် တီထွင်သင်ကြားခဲ့တဲ့
ဒေါ်သြဘာသောင်း ရဲ့ အမျိုးသမီးကဗျာလွတ် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်
ကကွက် ၇၅ ကွက်နဲ့ ၁၉၆၄ ခုနှစ် ပတ်ဝန်းကျင်မှာ ထပ်မံတိုးချဲ့ တီထွင်ခဲ့တဲ့
ဒေါ်သြဘာသောင်းရဲ့ အမျိုးသမီးကဗျာလွတ် စတုတ္ထဆင့်၊ ပဉ္ဓမဆင့် ကကွက် ၅၀
ကွက်တို့ကို အခြေခံပြီး မြန်မာသီချင်းကြီးတေးသွားများ၊
မြန်မာ့ရှေးရိုးတပင်တိုင်အကများကို ကပြ မှတ်တမ်းတင်တာဖြစ်ပါတယ်။

Wednesday, September 9, 2009

Pro Videographer

Pro videographer

Thursday, September 3, 2009

ကာတွန်းဏီမှူး (၆၄ နှစ်) ကွယ်လွန်

ကာတွန်းဏီမှူး (၆၄ နှစ်) အသည်းရောဂါနဲ့ ဒီနေ့ မနက် ၁း၂၀
နာရီကကွယ်လွန်သွားပြီး ဒီနေ့ မွန်းလွဲ ၁၂း၃၀ က တောင်မြင့်သုဿန်ပို့ဆောင်
သဂြိုလ်တယ် ။

( ဇော်ဝမ်းကလည်း ၆၄ နှစ်၊ ကံချွန် ကလည်း ၆၄ နှစ်)

??တွ?်းဏ???ူ?က??်လွ?်

?ာတ?န??ဏီမှူးကွယ်လွန်

Friday, August 21, 2009

ကံချွန်ရဲ့ ၁၅ သိန်းတန် ပန်းချီကား

ဆရာ ကံချွန်ရဲ့ ပန်းချီပြပွဲ (သြဂုတ် ၁၅ - ၂၀) မှာ ပြသခဲ့တဲ့
၁၅ သိန်းတန် ပန်းချီကားပါ ...

ကံချွန် ရဲ့ ရေးဆေးပန်းချီလက်ရာ

ဆရာ ကံချွန် ရဲ့ ပန်းချီပြပွဲမှာပြသခဲ့တဲ့ ရေးဆေးပန်းချီလက်ရာလေးပါ ....

Thursday, August 20, 2009

ကံချွန် ကွယ်လွန်

မန္တလေးမြို့ ကံရွာနေ (ဦးဘဌေး+ဒေါ်အေးရွှင်)တို့၏ သားကြီး
မန္တလေးမြို့ ဒေါနခြံရပ်နေ ဦးဗိုလ်မောင်+ဒေါ်ခင်သန်းဌေး၊
ဦးလှဝင်း+ဒေါ်စန်းစန်းဝင်းတို့၏အစ်ကိုကြီး
ဦးမြင့်အောင်+ဒေါ်စိန်စိန်ဦးတို့၏ ချစ်လှစွာသောမွေးသဖခင်
မောင်အောင်မျိုးဦး၊ မောင်ကျော်မင်းဦး၊ မနှင်းပွင့်ဖြူတို့၏ ချစ်လှစွာသောအဖိုး
မိုဟမ္မဒ်ဘွမ္မာန်ဘိုင် (ခ) ဦးကံချွန်
အသက် ၆၄ နှစ်
၂၀-၈-၀၉ နေ့ ညနေ ၃း၃၀ ခန့်တွင် အမှတ် ၄ ရပ်ကွက် ချမ်းမြသာစည်မြို့နယ်
မြို့သစ် သိုးခြံ မန္တလေး နေအိမ်တွင်ကွယ်လွန်
၂၁-၈-၀၉ မွန်းလွဲ ၁း၃၀ နာရီတွင် သိုးခြံဗလီဂျွမ္နာနမာဇ်အပြီး
ကြာနီကန်သုဿန်သို့ ပို့ဆောင် သဂြိုလ်မည်။

ကံချွန် ကွယ်လွန်ပြီ

စာရေးဆရာ ကာတွန်းဆရာ ပန်းချီဆရာ ကံချွန်
ဒီနေ့ ညနေ ၃ နာရီခွဲက ကွယ်လွန်သွားပါပြီ ...
မနက်ဖန် ကြာနီကန်ကို နေ့ ၁ နာရီမှာ ပို့ဆောင်မှာပါ ..

Monday, August 17, 2009

ရတနာပုံ FC ရှုံးပွဲမရှိ ဆက်လက်ချီတက်

ရတနာပုံFC ဘောလုံးအသင်းနဲ့ အိန္ဒိယကလပ် အရှေ့ဘင်ဂေါအသင်းတို့ ခြေစမ်းပွဲကို

သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ မန္တလေး ဗထူးအားကစားကွင်းမှာ ကစားရာ

ရတနာပုံ FC အသင်းက အရှေ့ဘင်ဂေါအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ် ..

ရတနာပုံ FC ရှုံးပွဲမရှိ ဆက်လက်ချီတက်နေပါတယ် ...

Friday, August 14, 2009

မန္တလေးက ဗြဟ္မစိုရ် အခမဲ့ဆေးခန်းဖွင့်မည် ...

မန္တလေးမြို့ ၆၂ လမ်း၊ ၃၃ နှင့် ၃၄ လမ်းကြားက
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းဆေးပေးခန်းကို
သြဂုတ်လ ၂၂ ရက်နေ့မှ စတင်ပြီး ဖွင့်လှစ်မှာဖြစ်ပါတယ်။
လူမျိုးမရွေးဘာသာမရွေး အခမဲ့ကုသပေးမယ့် ဆေးပေးခန်းမှာ မေတ္တာရှင်
သမားတော်ကြီးများ၊ ဆရာဝန်ကြီးများ
ကိုယ်တိုင် ဝေဒနာရှင်များကို ကုသပေးမှာ ဖြစ်ပါတယ်။
စဖွင့်ဖွင့်ချင်းမှာ စနေ၊ တနင်္ဂနွေနေ့များမှာ မနက် ၈ နာရီကနေ ၁၀ နာရီထိ
စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားကာ
နောက်ပိုင်းမှာ အချိန်တိုးပြီးဖွင့်မှာဖြစ်သလို နေ့စဉ်
ဖွင့်နိုင်အောင်လည်း စီစဉ်ပေးသွားမှာပါ။
၂၀၀၀ ပြည့်နှစ်ကစတင်ပြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကို ပူးတွဲဆောင်ရွက်ပေးရာ
၉ နှစ်တာကာလအတွင်း လူနာ ၂၆၀၈၀ ဦးကို ထောက်ပံ့ကူညီပေးနိုင် ခဲ့ပါတယ်။
ကျန်းမာရေးကူညီမှုလုပ်ငန်းမှာ မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီး၊
ကလေးအထူးကု ဆေးရုံကြီး၊
ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ခုတင် ၃၀၀ ဆန့်ဆေးရုံကြီး၊ မျက်စိ နား
နှာခေါင်း လည်ချောင်း ဆေးရုံကြီးများမှာ
တက်ရောက်ကုသနေတဲ့ ဆင်းရဲနွမ်းပါးဝေဒနာရှင်များကို သက်ဆိုင်ရာ
ဆရာဝန်ကြီးများရဲ့ ဆက်သွယ်မှုအရ
လူမျိုးမရွေး ဘာသာမရွေး လိုအပ်သလို အချန်မီအကူအညီပေးနေတာဖြစ်ပါတယ်။
ကျန်းမာရေးကူညီမှုလုပ်ငန်းအတွက် အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ တစ်လကို
သိန်း ၇၀ ကျော်သုံးစွဲရပါတယ်။
အလှူရှင်များရဲ့စေတနာနဲ့ ဝေဒနာရှင်ပေါင်းများစွာကို ကူညီပေးတဲ့
မွန်မြတ်တဲ့လုပ်ငန်းမှာ ပါဝင်ကူညီလို တယ်ဆိုရင်
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ဖုန်း ၀၂-၆၆၄၀၀၊ ၀၂-၃၉၁၄၃
ကိုဆက်သွယ်လှူဒါန်းနိုင်မှာဖြစ် ပြီး
အလှူငွေများကို အသင်းရုံးမှာသာလက်ခံတယ်လို့သိရပါတယ်။

Thursday, August 13, 2009

ရတနာပုံFC ဘောလုံးအသင်းနဲ့ အိန္ဒိယကလပ် အရှေ့ဘင်ဂေါအသင်းတို့ ခြေစမ်းပွဲ မန္တလေးမှာ ကစားမယ်

ရတနာပုံFC ဘောလုံးအသင်းနဲ့ အိန္ဒိယကလပ် အရှေ့ဘင်ဂေါအသင်းတို့ ခြေစမ်းပွဲကို
သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ မန္တလေး ဗထူးအားကစားကွင်းမှာ ကစားကြမယ် ....
ကွင်းဝင်လက်မှတ်က အထူးတန်း ၂၀၀၀ ကျပ်၊ ရိုးရိုးတန်း ၁၀၀၀ ကျပ် ....

သင်္ကြန်မင်းသားကြီး ဇော်ဝမ်း ကွယ်လွန်ပြီ

သြဂုတ်လ ၁၂ ရက်နေ့ ညက ရန်ကုန်အင်းစိန်ကဆေးခန်းတစ်ခုမှာ သင်္ကြန်မင်းသားကြီး
ဇော်ဝမ်း ကွယ်လွန်သွားပြီတဲ့ ..
သင်္ကြန်မိုးဇာတ်ကားမှာ အလွန်အောင်မြင်ခဲ့ပြီး ကျွန်တော်တို့
မန္တလေးသင်္ကြန်မှာ ပျော်တတ်တဲ့ အတာဆိုတဲ့ အနုပညာရှင်ကြီးတစ်ဦးပါ ..
မန္တလေးသားမို့ မန္တလေးကို ချစ်တွယ်ပေမယ့် ရန်ကုန်မှာ ကွယ်လွန်သွားရပြီပေါ့ ..
ကောင်းရာသုဂတိလားပါစေဗျာ ..

Tuesday, August 11, 2009

စစ်ကိုင်းတောင်မှာ ဆွမ်းလောင်းကြတယ် ...

သူငယ်ချင်းရေ .....

သိပ်မကြာသေးပါဘူး ..
စစ်ကိုင်းတောင်မှာ ဆွမ်းလောင်းအသင်းတစ်ခုပေါ်လာတယ် ..
သံဃာတော်တွေကို အာရုံဆွမ်းရော၊ နေ့ဆွမ်းပါကပ်တယ် ..
တနလာင်္နေ့တိုင်းတဲ့ ..
သာသနာအတွက်ဆောင်ရွက်ကြတဲ့အတွက် ကြိုဆိုပါတယ်ဗျာ ..
www.everyonit.com ဆိုတဲ့လိပ်စာမှာ ဆောင်ရွက်ချက်တွေကြည့်နိုင်တယ် ..
အလှူရှင်တွေလည်းတော်တော်များတယ် ..
ဆွမ်းခံကြတဲ့သံဃာတော်လည်းတော်တော်များတယ် ..

အဲ .. သီလရှင်တွေအတွက် ဆောင်ရွက်ကြတာနည်းတယ် ..
သာသနာ့အကျိုးဆောင်နေကြတဲ့ဘုရာ့သမီးတော်တွေပါပဲ ...
သီလရှင်တွေအတွက်လည်း စဉ်းစားကြပါဦး ..

နောက်မှပဲ မန္တလေးမှာ သီလရှင်တွေအတွက်
သီးသန့်ဆောင်ရွက်နေတာလေးတွေပြောပြဦးမယ် .. သူငယ်ချင်း ...

Sunday, August 9, 2009

အချိန်တန်ပြီ သူငယ်ချင်းတို့ရေ ....

ဆင်းရဲခြင်းကင်းအောင် ညီစေနော်

သီချင်းလေးနားထောင်ကြည့်ရအောင်လား ....

လူတိုင်း အရက်သမားဖြစ်ရမည် ဆိုတဲ့ စီမံချက်များလား ...

ဘီအီးထက်ပိုလန်းတဲ့
မန္တလေးယူပီ
ယစ်ရွှေရည်တဲ့ ......

သူငယ်ချင်းတို့ရေ ...
အမှတ် ၁ စက်မှုဝန်ကြီးဌာန ၊ စားသောက်ကုန်ထုတ်လုပ်ရေးမှ
အထူးစီမံချက်ဖြင့်ဖွင့်လှစ်ထားသည်ဆိုတဲ့ ဆိုင်က ကြော်ငြာစာသားလေးပါ ..
ဒီရက်ပိုင်းမှာမှ တွေ့ရတာလေးပါဗျာ..
ဘီအီးလောက်တောင်အဆင့်မရှိတော့တဲ့ အရက်များလားမသိပါဘူး ..
မန္တလေးယူပီ တစ်ပတ် ၅၀ ပါတဲ့ ...
ဒီ့အရင်ကတော့ မန္တလေးရမ်တစ်ပတ် ၁၀၀ ဆိုပြီး မန္တလေးမြို့ရဲ့ နေရာအတော်များများမှာ
ဆိုင်တွေ ဟီးနေအောင်ဖွင့်ပြီးရောင်းတယ် ..
လူစည်တယ်ဗျ ..
အခုနောက်ထပ်လာပြန်ပြီ ..
မန္တလေးယူပီတဲ့ ..
တစ်ပတ် ၅၀ ဆိုတော့လည်း လူစည်တာပါပဲ ..
လူတိုင်း အရက်သမားဖြစ်ရမည် ဆိုတဲ့ စီမံချက်များလား ...
စဉ်စားမိတာပါ .. သူငယ်ချင်းတို့ရေ ..
ကျုပ်စဉ်းစားတာ ကလေးအတွေးဖြစ်ချင်ဖြစ်နေမှာပါ ...
အမှတ် ၁ စက်မှုဝန်ကြီးဌာန စားသောက်ကုန်ထုတ်လုပ်ရေး စီမံချက်ဆိုလို့ပါဗျာ ..
ဆိုင်တွေကတော့ နေရာတိုင်းမှာ တွေ့နေရတာပဲ ..
လက်ဖက်ရည်ဆိုင်နဲ့အပြိုင်လို့တောင်ပြောလို့ရတော့မယ် ..

Wednesday, August 5, 2009

Saya Ba Mandalay Saya Ba Mandalay would like to be your friend on Sonico

Sonico.com

(Foto de Saya Ba) Hi sayaba.mdy.mandalay@blogger.com,

Saya Ba Mandalay has invited you to be a friend on Sonico.

Are you Saya Ba's friend? Click on the following link:
http://www.sonico.com/invitacion.php?s_id=53169098

If you don't want to receive any more invitations from Sonico, please click on the following link: http://www.sonico.com/unsubscribe.php

မျောက်၅ကောင်ပုံပြင်

်forward mail မှ? တွေ?လ????၇??့ ?ံ?ပြင်??်ပု?်ပါ ..


မျောက်၅ကောင်ပုံပြင်


စမ်းသပ်မှု တစ်ခုမှာ လူတွေက မျောက်ငါးကောင်ကို လှောင်အိမ်တစ်ခုထဲ ထည့်ပြီး

လှောင်အိမ်ထိပ်မှာ ဌက်ပျောသီး တစ်ခိုင်ကို ချိတ်ဆွဲထားလိုက်တယ်။

အော်တိုစမ်းသပ် ခလုတ်တစ်ခုလဲ တပ်ဆင်ထားပြီး မျောက်တွေက ဌက်ပျောသီးကို

သွားယူမယ်လို့ ကြံခဲ့ရင် လှောင်အိမ်ကို ရေတွေနဲ့ ချက်ချင်း ပက်ဖြန်းတာ

ခံကြရလိမ့်မယ်။

စစချင်း မျောက်တစ်ကောင်က ဌက်ပျောသီးကို ယူဖို့ကြံတော့

ရေနဲ့ပက်ခံလိုက်ရတယ်။ မျောက်ငါးကောင်လုံး ရေတွေ စိုကုန်တာပေါ့။

ကျန်တဲ့မျောက်တွေလည်း စမ်းကြည့်ကြတယ်။ ရေပက်ခံရတာပဲ အဖတ်တင်ခဲ့တယ်။ ဒါနဲ့

မျောက်တွေက ဌက်ပျောသီးကို မယူရင် ရေပက်မခံရဘူး..ဒါကြောင့် ဌက်ပျောသီးကို

သွားမယူဖို့ အားလုံးက သဘောတူ ဆုံးဖြတ် လိုက်ကြတယ်။

နောက်တော့ စမ်းသပ်တဲ့လူတွေက မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့

လဲလိုက်တယ်။ (မျောက်ညိုလို့ ဆိုပါစို့)။ လှောင်အိမ်ထဲ အသွင်းခံရတဲ့

မျောက်ညိုဟာ ဌက်ပျောသီးကို မြင်တာနဲ့ ချက်ချင်း သွားယူမလို့ပါပဲ။

ဒါပေမယ့် တစ်ကောင်ကောင်က ဌက်ပျောသီးယူမယ်လို့ ကြံလိုက်ရင် ရေပက်ခံရမယ်

ဆိုတာကို သိတဲ့ ကျန်မျောက် (၄)ကောင်ရဲ့ အထုအထောင်းကို ခံလိုက်ရတယ်။

မျောက်ညိုက ယူဖို့ အကြိမ်ကြိမ် ကြိုးစားကြည့် တယ်။ ယူဖို့ ကြံလိုက်တိုင်း

အထုအထောင်းပဲ ခံနေရတော့ နောက်ဆုံး လက်လျော့လိုက်ရတယ်။ မျောက်

ငါးကောင်စလုံးက ရေပက် မခံရတော့ဘူးပေါ့။

စမ်းသပ်တဲ့လူတွေက နောက်မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့

လဲလိုက်ပြန်တယ်။ (မျောက်ဖိုးစိန် ဆိုပါတော့)။ မျောက်ဖိုးစိန်လည်း

မျောက်ညို အတိုင်းပဲ လှောင်အိမ်ထဲ ၀င်လာတာနဲ့ ဌက်ပျောသီးကို ယူဖို့

ကြံတယ်။ နောက်ဆုံးတော့ ကျန်မျောက်တွေရဲ့ အရိုက်ကိုပဲ ခံလိုက်ရတယ်။

မျောက်ညိုကလည်း အရိုက်ခံထား ရဖူးတော့ မျောက်ဖိုးစိန်ကို ကျန်မျောက်တွေ

ဝိုင်းရိုက်နေတုန်း သူလဲ ဆွမ်းကြီး ၀င်လောင်းတာပေါ့။ မျောက်ဖိုးစိန်လည်း

ယူဖို့ကြံတိုင်း အရိုက်ပဲ ခံနေရတော့ လက်လျော့လိုက်ရတယ်။

အဲလိုနဲ့ စမ်းသပ်တဲ့လူတွေက မျောက်တွေကို တစ်ကောင်ပြီးတစ်ကောင် အသစ်တွေနဲ့

လဲလိုက်တယ်။ နောက်ဆုံး မျောက်ငါးကောင်လုံးဟာ အသစ်တွေပဲ ဖြစ်ကုန်တယ်။

ဒါပေမယ့် တစ်ကောင်မှ ဌက်ပျောသီးကို သွားမယူရဲကြဘူး။ ဘာကြောင့်လဲဆိုတာ

သူတို့ ကိုယ်တိုင်လည်း မသိဘူး။ သွားယူရင် အရိုက်ခံရမယ် ဆိုတာပဲ သိတယ်။

ဒီလိုနဲ့ပဲ " ရှေးထုံးစဉ်လာ" ဆိုတာ ဖြစ်ပေါ်လာတယ်။

ရှေးရိုးစဉ်လာကို မသုံးသပ် မစိစစ်ကြည့်ရင် အဓိပ္ပါယ် မဲ့သွားတတ်တယ်။

ကျွန်တော်တို့ဟာ ဌက်ပျောသီးကို သွားယူရင် ရေပက်ခံရမယ်ဆိုတာကို သိတဲ့

မျောက် လား....? အရိုက်ခံရမယ် ဆိုတာကိုပဲ သိတဲ့ မျောက်လား......?

လူထုဦးလှ ကွယ်လွန်တာ ၂၇ နှစ်ပြည့်ပြီ

ဒီနေ့ လူထုဦးလှ ကွယ်လွန်တာ ၂၇ နှစ်ပြည့်ပါပြီ
မေမြို့ (ပြင်ဦးလွင်)မှာ သံဃာတော်တွေကို ဆွမ်းကပ်လှူပြီး အမျှပေးဝေကြမှာပါ ..
နောက်နှစ်မှာ လူထုဦးလှ နှစ် ၁၀၀ ပြည့်ပွဲလုပ်မယ်လို့လည်း သိရပါတယ် ..

Monday, August 3, 2009

နာရေးအသင်းတွေများနေသလားလို့

မန္တလေးမှာ နာရေးကူညီမှုအသင်းတွေ ၄၀ ကျော်ရှိနေပြီ။
အသင်းတစ်သင်းကို နာရေးကား ၂ စီးရိတယ်။
ဒါကြောင့် နာရေးပို့ယာဉ် စုစုပေါင်း ကား ၈၀ လောက်ရှိပြီ။
ဒါတောင် တစ်ချို့အသင်းတွေက ကား ၂ စီးမကရှိနေတယ်။
လူနာတင်ယာဉ်ဆိုပြီးလည်း ရှိသေးတယ်။
အမှုဆောင်တွေစီးဖို့ကားတွေလည်းရှိတယ်။
များသောအားဖြင့် လိုင်စင်မဲ့၊ နံပတ်မဲ့တွေပေါ့။
ဒီလောက်များတဲ့ နာရေးပို့ယာဉ်တွေ
နေ့တိုင်းရော အလောင်းတွေ သုသာန်ပို့ရလို့လားလို့ မေးစရာဖြစ်နေပြီ။
ဟုတ်တယ် ... နေ့စဉ် ဈေးဦးမပေါက်လို့ ထိုင်နေရတဲ့အသင်းတွေ အများကြီးပဲ။
ဒါတောင် နောက်ထပ်အသင်းတွေပေါ်လာဦးမယ်လို့ကြားနေရသေးတယ်။
ဒါဆို ဘာလို့ နာရေးအသင်းတွေ ဒီလောက်များလာတာလဲ။
ဒီအသင်းတွေကနေ နာမည်လိုချင်ကြတာလား။
စီးပွားရေးအရ ဘာများအကျိုးအမြတ်ရလို့လဲ။
နာရေးအသင်းတွေ တော်လောက်ပါပြီ။
နောက်ထပ်ခြေလှမ်းတွေဖြစ်တဲ့ လူနာတင်ယာဉ်တွေလည်းရှိနေပြီ။
အခမဲ့ဆေးခန်းတွေလည်း လုပ်နေကြပြီ။
ကုသိုလ်အလုပ် .. ကောင်းသောအလုပ်ပါ။
ဗြဟ္မစိုရ်စတင်တည်ထောင်စဉ်က ရပ်ကွက်တွေက လက်မခံခဲ့ကြတဲ့အလုပ်
အခုတော့ ဒီအလုပ်ကို အကြောင်းပြပြီး နေရာတွေယူချင်နေကြပြီ။
စဉ်းစားကြဖို့ အချိန်တန်ပြီတောင်မဟုတ်တော့ဘူး
စဉ်းစားကြဖို့ အချိန်လွန်နေပြီ။

နာရေးအသင်းတွေများနေသလားလို့

မန္တလေးမှာ နာရေးကူညီမှုအသင်းတွေ ၄၀ ကျော်ရှိနေပြီ။
အသင်းတစ်သင်းကို နာရေးကား ၂ စီးရိတယ်။
ဒါကြောင့် နာရေးပို့ယာဉ် စုစုပေါင်း ကား ၈၀ လောက်ရှိပြီ။
ဒါတောင် တစ်ချို့အသင်းတွေက ကား ၂ စီးမကရှိနေတယ်။
လူနာတင်ယာဉ်ဆိုပြီးလည်း ရှိသေးတယ်။
အမှုဆောင်တွေစီးဖို့ကားတွေလည်းရှိတယ်။
များသောအားဖြင့် လိုင်စင်မဲ့၊ နံပတ်မဲ့တွေပေါ့။
ဒီလောက်များတဲ့ နာရေးပို့ယာဉ်တွေ
နေ့တိုင်းရော အလောင်းတွေ သုသာန်ပို့ရလို့လားလို့ မေးစရာဖြစ်နေပြီ။
ဟုတ်တယ် ... နေ့စဉ် ဈေးဦးမပေါက်လို့ ထိုင်နေရတဲ့အသင်းတွေ အများကြီးပဲ။
ဒါတောင် နောက်ထပ်အသင်းတွေပေါ်လာဦးမယ်လို့ကြားနေရသေးတယ်။
ဒါဆို ဘာလို့ နာရေးအသင်းတွေ ဒီလောက်များလာတာလဲ။
ဒီအသင်းတွေကနေ နာမည်လိုချင်ကြတာလား။
စီးပွားရေးအရ ဘာများအကျိုးအမြတ်ရလို့လဲ။
နာရေးအသင်းတွေ တော်လောက်ပါပြီ။
နောက်ထပ်ခြေလှမ်းတွေဖြစ်တဲ့ လူနာတင်ယာဉ်တွေလည်းရှိနေပြီ။
အခမဲ့ဆေးခန်းတွေလည်း လုပ်နေကြပြီ။
ကုသိုလ်အလုပ် .. ကောင်းသောအလုပ်ပါ။
ဗြဟ္မစိုရ်စတင်တည်ထောင်စဉ်က ရပ်ကွက်တွေက လက်မခံခဲ့ကြတဲ့အလုပ်
အခုတော့ ဒီအလုပ်ကို အကြောင်းပြပြီး နေရာတွေယူချင်နေကြပြီ။
စဉ်းစားကြဖို့ အချိန်တန်ပြီတောင်မဟုတ်တော့ဘူး
စဉ်းစားကြဖို့ အချိန်လွန်နေပြီ။

အခမဲ့ဆေးခန်း

မန္တလေးက နာမှုကူညီရေးအသင်းများက လူမှုကူညီရေးအမည်ပြောင်းလဲပြီး
ဆေးခန်းတွေဖွင့်ဖို့ကြိုးစားကြရာမှာ ဗြဟ္မစိုရ်နဲ့ နှိဗ္ဗသုခ အသင်းတွေ
ဆေးခန်းဖွင့်ခွင့်ရကြပါပြီ ...

နိဗ္ဗသုခ အသင်းကတော့ ဆေးခန်းဖွင့်ဖို့ ပြင်ဆင်ထားတာကြောင့် ဖွင့်ခွင့်ရတဲ့နေ့မှာပဲ
ဆေးခန်းစဖွင့်ပါတော့တယ် ...
နိဗ္ဗာန်သုခအသင်းကို ဖြစ်မြောက်ဖို့ အစကနဦးကထဲကကူညီနေသူ
နာယကကြီး ဦးတင်+ဒေါ်ခင်တိုး သမီး မလွင်လွင် မိသားစုကပဲ
ဆေးခန်းဖြစ်မြောက်ဖို့ သိန်း ၅၀ မတည်ခဲ့ပြီဖြစ်ပါတယ်။

ဗြဟ္မစိုရ်အသင်းကတော့ ဆေးခန်းကို သြဂုတ်လလယ်လောက်မှ စဖွင့်မှာပါ ...

အခမဲ့ဆးခန်းတွေပေါ်ပေါက်မှာကိုတော့ ကြိုဆိုပါတယ်။
နာရေးလိုပဲ မလိုအပ်ပဲ ကားတွေများလာတာမျိုးတော့ မဖြစ်စေချင်ပါဘူး။
နာရေးမှာက ကားတွေ လူတွေများလာတာ အရေးမကြီးဘူး
ထုံးစံမတူတာပဲရှိတယ်။ လူတိုင်းလုပ်လို့ရတယ်။
ဆေးခန်းကတော့ အဲဒီလိုမဟုတ်ပါဘူး။
လူတိုင်းလုပ်လို့ရတာမျိုးမဟုတ်ဘူး။
ဆရာဝန်ကြီးတွေရဲ့ လမ်းညွှန်မှုနဲ့ ဆမ ရထားတဲ့ ဆရာဝန်တွေဖြစ်ဖို့လိုတယ်။
တတ်ယောင်ကားဆရာဝန်တွေ၊ ရမ်းကု ဆရာဝန်တွေ များလာမှာကို မြင်ယောင်မိတယ်။
ဒီလို မတတ်တတတ်ဆရာဝန်မဟုတ်တဲ့ ဆရာဝန်တွေက နေရာယူလာမှာကို စိုးရိမ်မိတယ်။

Sunday, August 2, 2009

မန္တလေးရောက် မောင်သန်းဆွေ (ထားဝယ်)

ရှေးမြန်မာမင်းများရဲ့ ဆွေတော်မျိုးတော်များအကြောင်းကို အများအပြားရေးသားခဲ့တဲ့
စာရေးဆရာ မောင်သန်းဆွေ (ထားဝယ်) ဟာ ဒီနေ့ (၂-၈-၀၉) မနက်က
ရာပြည့်မန္တလေးစာအုပ်ဆိုင်မှာ သူရေးသားထားတဲ့ စာအုပ်များကို ၀ယ်ယူသူတိုင်း
စာအုပ်ပေါ်မှာ လက်မှတ်ရေးထိုးပေးပါတယ်။
ဝယ်ယူတဲ့စာအုပ်အတွက်ကိုလည်း ၁၀ ရာခိုင်နှုန်းလျော့ပေးပါတယ်။
မောင်သန်းဆွေ (ထားဝယ်) မန္တလေးမြို့ကို ရောက်ခိုက် စာအုပ်ရောင်းရင်း
လက်မှတ်ရေးထိုးပေးသလို
ဆွေတော်မျိုးတော်အချို့ကလည်း လာရောက်တွေ့ဆုံကြပါတယ်။
ဆရာရေးသားထားတဲ့ ကွဲလွဲတဲ့တစ်ချို့အချက်အလက်တွေကိုလည်း
ဆွေတော်မျိုးတော်ထဲက တစ်ယောက်က လာပြောနေတာကိုတွေ့ခဲ့ရတယ်။
ဆရာ မန္တလေးကိုရောက်ရှိနေခြင်းဟာ တောင်ပြုံးပွဲတော်ကြီးကို လာတယ်လို့လည်း
ပြောကြပါတယ်။

Saya Ba Mandalay would like to be your friend on Sonico

Hi sayaba.mdy.mandalay@blogger.com,

Saya Ba Mandalay would like to be your friend on Sonico.

To accept the invitation, click on the following link:
http://www.sonico.com/invitacion.php?etid=10&s_id=53169098&r_m=sayaba.mdy.mandalay@blogger.com&r_n=sayaba.mdy.mandalay@blogger.com

Sonico.com

Friday, July 31, 2009

စိတ္တသုခ ပရဟိတလူငယ် website

စိတ္တသုခ ပရဟိတလူငယ်များ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်နိုင်မယ့်
website တစ်ခုကို အလှူရှင်တစ်ဦးရဲ့ ကောင်းမှုနဲ့
www.cittasukha.com မှာ ကြည့်ရှုနိုင်ပါပြီ ...
လောလောဆယ်တော့ ပို့စ်အဟောင်းတွေကို ပြန်တင်နေပါတယ် ...
မကြာခင်မှာတော့ ပြည့်စုံသွားမှာပါ ......

Wednesday, July 29, 2009

မန္တလေးမှာ 24 နာရီ မီးလာနေတယ် လို့ပြောကြတယ် ...

မန္တလေးမှာ အာဆီယံစွမ်းအင် အစည်းအဝေးကျင်းပပါတယ် ..
ဒီနေ့ဆိုရင်တော့ ပြီးပါပြီ ..
ဂျီးတော့မှာတွေ့လိုက်ရတဲ့ ကြေငြာချက်လေးတစ်ခုတွေ့ရတယ် ...

မန္တလေးတွင် အဆီယံစွမ်းအင် အစည်းအဝေးရှိသောကြောင့်
လျှပ်စစ်မီးခဏခဏ လာခြင်းများဖြစ်ပါက
နားလည်သည်းခံခွင့်လွှတ်ကြပါရန် အသိပေးအပ်ပါသည် တဲ့ဗျာ ...

Myanmar Book Store ရဲ့ မိုးရာသီစာအုပ်ရောင်းပွဲ

မိုးရာသီစာအုပ်ရောင်းပွဲတဲ့ ..
Myanmar Book Centre (MBC) က ကျင်းပတာပါ ...
သြဂုတ်လ ၁ ရက်နေ့က ၁၅ ရက်နေ့ထိ ၅၀၀၀ ကျပ်ဖိုးဝယ်ယူသူများအတွက်
ကျပ် ၅၀၀၀ မှ ၂၀၀၀၀ တန်ဖိုးရှိ လက်ဆောင်စာအုပ်များထဲမှ စာအုပ်တစ်အုပ်ကို
ဦးရာလူစနစ်နဲ့ ချက်ချင်းပေးမှာတဲ့ ...
USA, UK, India, Singapore နိုင်ငံများမှ အသစ်ရောက် ရှိလာတဲ့
စာအုပ်ပေါင်း ၅၀၀၀၀ ကျော်၊ ဘာသာရပ်ပေါင်း ၆၀ ကျော်ရှိတယ်လို့ဆိုပါတယ် ...
သတ်မှတ်ထားတဲ့ စာအုပ်များကိုလည်း မူရင်းဈေးနှုန်းရဲ့ ၆၀ မှ ၇၀
ရာခိုင်နှုန်းအထိ ဈေးလျော့ကာ ရောင်းချပေးသွားမယ်ဆိုပဲ ...
MBC စာအုပ်ဆိုင်နေရာတွေကတော့
ရန်ကုန်မှာ
- အမှတ် ၅၅၊ ဗဟိုလမ်း၊ အလုံမြို့နယ်။
- အခန်း ၃ မြေညီထပ်၊ MAC Tower 1 ၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်
မန္တလေးမှာ
- အခန်း ၄၂၉၊ စတုတ္ထထပ်၊ 78 Shopping Centre

အိုးပုတ်ခိုးပွဲ

ဒီနေ့ ၂၉-၇-၀၉ .. အိုးပုတ်ခိုးပွဲ ရှိတယ် ...
အိုးဘိုဖက်မှာပါ ..
နှစ်စဉ်ကျင်းပလေ့ရှိတယ် ..
တကယ်ခိုးကြသလားလို့မေးကြည့်တော့
စဉ့်အိုးလိုမျိုးတောင် ခိုးကြတယ်ပြောပါတယ် ...
မိရင်ဘာလုပ်သလဲဆိုတော့ ပြန်ပေးရုံပါပဲ .. ဘာပြဿနာမှ မဖြစ်ဘူးလို့ဆိုတယ် ..
ကဲ .. မန္တလေးသားတို့ရေ ... အိုးပုတ်ခိုးပွဲဆီ ချီတက်ကြမလား ...

Tuesday, July 21, 2009

Free Download The Voice Weekly Journal

The Voice Weekly Journal
Latest Issue is available.
Monday July 20-26 2009

http://www.posterwall.com/showthread.php?t=342

The Voice Weekly Journal ကို အပတ်စဉ် ဒေါင်းလုပ်ရယူပြီး
အခမဲ့ကြည့်ဖို့ဆောင်ရွက်ထားပါကြောင်း ....

ရေးချင်ပါတယ် ..

ဘလော့မရေးဖြစ်တာအတော်ကိုကြာပြီ ...
မှတ်စုလေးတွေ မတို့ဖြစ်တာကြာပေါ့ ...
ကျော်ခွပြီးတော့လည်းမရေးချင်တာနဲ့ကို မရေးဖြစ်တာ ...
ရေးချင်ပါတယ် ...
ရေးကြည့်ဦးမယ် ..

Wednesday, April 29, 2009

စိုင်းခမ်းလိတ်မွေးနေ့

ဒီနေ့ ( ဧပြီ ၂၇ ) စိုင်းခမ်းလိတ် အသက် ၆၀ ပြည့် မွေးနေ့ ....

မနေ့က ရှမ်းတိုင်းရင်းသားများသာရေးနာရေးအသင်းမှာမွေးနေ့ပွဲကျင်းပတယ် ...

ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း တက္ကသိုလ်များမန္တလေးကဦးဆောင်ကျင်းပတာဖြစ်တယ် ...

ညပိုင်းမှာ Live Show လုပ်ပြီး ဆရာရေးသားခဲ့တဲ့ ရှမ်း ၊ မြန်မာ သီချင်းတွေဆိုကြတယ် ...


မန္တလေးရောက် ရှမ်းတစ်ယောက် နှင့် တွေ့ဆုံခြင်း
ဝင်းငြိမ်း
ဧပြီ ၂၈၊ ၂၀၀၉
စိုင်းခမ်းလိတ် (ဓာတ်ပုံ - လင်းနိုင်ဦး)

[ မှတ်ချက် - ရွှေအမြုတေ မဂ္ဂဇင်းတွင် ၂၀၀၇ ခုနှစ်၊ ဇူလိုင်လက ဖော်ပြခဲ့သော အင်တာဗျူးအဟောင်းကို ဤ သည် မရွေး ပြန်လည် ကူးယူ တင်ပြခြင်း ဖြစ်သည်။ ]


မန္တလေးမြို့မှာ အခြေစိုက် နေထိုင်တဲ့ တေးရေးဆရာ စိုင်းခမ်းလိတ် ရန်ကုန်မြို့ကို ရောက်ရှိနေတယ် လို့ သတင်းကြားရတဲ့အတွက် ဆရာ့သမီးဖြစ်သူ နန်းခမ်းနွဲ့လိတ်မှတစ်ဆင့် ချိန်းဆိုပြီး သရဖူမဂ္ဂဇင်းတိုက်မှာ ဆရာနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက် တွေ့ဆုံတဲ့နေ့က ဧပြီ ၃၀ ရက်နေ့ပါ။ အဲဒီနေ့ဟာ တိုက်တိုက်ဆိုင်ဆိုင် ဆရာ့အသက် ၅၉ နှစ်ထဲကို စတင် ၀င်ေ၇ာက်တဲ့နေ့လည်း ဖြစ်တယ် လို့ ဆိုပါတယ်။ ဆရာနဲ့ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်တုန်းက အင်တာဗျူး တစ်ကြိမ် ဆုံခဲ့ကြဖူးပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့နှစ်ယောက် ပြန်မတွေ့ဖြစ်ကြတော့ဘဲ ဧပြီ ၃၀ ရက်နေ့ကမှ ပြန်တွေ့ဖြစ်ကြတာပါ။ ၁၉၈၀ ပြည့်နှစ်များအတွင်းက ဆိုရင် ဆရာ့သီချင်းတွေဟာ လူငယ်များကြားမှာ ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

အခုနောက်ပိုင်းမှာတော့ ဆရာကိုယ်တိုင်လည်း ကျန်းမာရေး ချို့တဲ့လာတဲ့အပြင် ဂီတလောကကြိးကလည်း ချူချာလာတော့ ဆရာ့သီချင်းသစ်တွေကို ကျွန်တော်တို့ ခံစားခွင့် တော်တော် နည်းသွားခဲ့ပါပြီ။

ခေတ်ဟောင်းတုန်းက တေးရေးဆရာများဖြစ်တဲ့ ဆရာမြို့မငြိမ်း၊ နန်းတော်ရှေ့ ဆရာတင်တို့ရဲ့ သီချင်းများ ဆိုရင် သီချင်းနဲ့ တွဲပြီး တေးရေးဆရာများကို သိကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သီချင်းချစ်သူများက သီချင်းကိုသာ သိကြပြီး တေးရေးဆရာကိုတော့ မသိကြတော့ပါဘူး။ ဆရာစိုင်းခမ်းလိတ် ခေတ်မှာ သီချင်းတွေ နာမည်ကြီးတာနဲ့ အမျှ သီချင်းနဲ့တကွ တေးရေးသူကိုပါ တွဲပြီး သိခဲ့ကြပါတယ်။ ဆရာတို့ခေတ် ပြီးသွားပြန်တော့ ဒီနေ့ခေတ်မှာ လူငယ်များက သီချင်းများကိုသာ ခုံမင် တွယ်တာကြပြီး သီချင်းရေးသူကို မသိကြတော့ပြန်ပါဘူး။ ဆရာနဲ့ စကားပြောဖြစ်တဲ့ အချိန်မှာ -

" - - - ဒီနေ့ခေတ် စတီရီယို သီချင်းများ လို့ပဲ ပြောကြပါစို့။ ဂီတပုံစံမျိုးစုံ ရှိပါတယ်။ ရော့ခ်၊ ဟာ့ဒ်ရော့ခ်၊ ဟဲဗီးရော့ခ်၊ မက်တယ်လ်၊ ဟစ်ဟော့ပ်၊ ရက်ပ် စတဲ့ ပုံစံမျိုးစုံပေါ့။ ကလေးတွေက ဘယ်လို ဖြစ်နေသလဲ ဆိုတော့ ဘယ်အမျိုးအစား သီချင်း ပေါက်သလဲ။ အဲဒီ ပေါက်တဲ့ အမျိုးအစားနောက်ကို စုပြုံပြီး လိုက်နေကြတယ်။ တကယ်တော့ အဲဒီလို မဖြစ်သင့်ပါဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့ ဂီတပုံစံ တခုကိုပဲ စွဲစွဲမြဲမြဲ သွားသင့်တယ်။ ရေရှည် ဆက်လုပ်သွားတော့မှ ရော့ခ်ကြိုက်တဲ့သူကလည်း ရော့ခ်၊ ဟဲဗီးကြိုက်တဲ့သူကလည်း ဟဲဗီး၊ ဟစ်ဟော့ပ်ကြိုက်တဲ့သူကလည်း ဟစ်ဟော့ပ်၊ အဲဒီလိုပဲ သူ့အစုနဲ့သူ ကြိုက်ရာ ဂီတ အမျိုးအစားကို လက်ခံကြပြီး ဂီတလောကကြီး တစ်ခုလုံး ရှင်သန်လာလိမ့်မယ်လို့ ကျနော် ထင်တယ်။ ကလေးတွေ ကြိုးစားဖို့ အချိန် ပေးရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်"

"ဆရာ ရှမ်းသီချင်းတွေတော့ ဆက် ရေးနေတုန်းပဲလား"
"သီချင်းကတော့ ကျွန်တော် ရေးနေတာပါပဲ။"

"၁၉၈၀ ခုနှစ်များတုန်းက ဆရာရေးခဲ့တဲ့ သီချင်းတွေရဲ့ ပုံစံနဲ့ ဒီနေ့ခေတ် လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းတွေရဲ့ ပုံစံ ခြားနားမှု ရှိနေပြီလား "
"ကျွန်တော်ကတော့ စိတ်ထဲမှာ ခံစားမှု ရှိတဲ့အတိုင်း သီချင်းကို ချရေးနေတာပဲ။ စိတ်ထဲမှာ ရှိတဲ့ ခံစားမှု ဆိုတာကလည်း အချိန်တိုင်း ပြောင်းလဲနေတာပါ"

"ဆရာ့အနေနဲ့ သီချင်းရေးတဲ့ အနုပညာလုပ်ငန်းအပြင် တခြား ဘယ်အနုပညာ လုပ်ငန်းကိုများ စိတ်ဝင်စားပါသေးသလဲ"
"တစ်နေ့ကဗျာ - - ကျွန်တော် နန်းအိအိဇာတို့ အိမ်မှာ ရောက်နေတယ်လို့ သတင်းကြားတော့ ဇာတ်ညွှန်းရေး ဆရာ မြင့်ဦးဦးမြင့် ရောက်လာတယ်။ သူနဲ့ ကျွန်တော် စကားပြောရင်း ခင်ဗျားဆီက ဇာတ်ညွှန်းရေးပညာ လေ့လာရဦးမယ် ပြောလိုက်တော့ သူက ဇာတ်ညွှန်းရေးထားတဲ့ စာအုပ်တွေ လာပေးတယ်။ နောက်တစ်နေ့ ကျတော့ ဒါရိုက်တာ မီးပွားကို ခေါ်လာတယ်။ ဦးမီးပွားက ကျွန်တော်သာ စိတ်ဝင်စားမယ် ဆိုရင် ရော့ခ် အော်ပရာ တစ်ပုဒ် အပ်ချင်တယ်လို့ ပြောတယ်ဗျ။ ရော့ခ် အော်ပရာ ဆိုတာကလည်း အရင်ကတည်းက ကျွန်တော် စိတ်ဝင်စားတဲ့ ကိစ္စတစ်ခုလေ။ သီချင်းတွေရဲ့ အခြေအနေကလည်း ခင်ဗျား သိတဲ့အတိုင်းပဲလေ" လို့ ပြောပြီး ဆရာက ရယ်နေပါတယ်။

"ဒီနေ့ ခေတ်ပေါ် သီချင်းတွေကို ဆရာ နားထောင်ဖြစ်ပါသလား"
"နားထောင်ဖြစ်ပါတယ်။ တချို့ သီချင်းလေးတွေက ကောင်းပါတယ်။ တချို့သီချင်းတွေကိုတော့ ကျွန်တော် ကိုယ်တိုင် နားမလည်တာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးတွေကို ကြိုးစားခွင့် ပေးရပါလိမ့်မယ်။ ဒါကြောင့်လည်း တချို့လူငယ်တွေက ကျွန်တော်ရေးခဲ့တဲ့ သီခင်းတွေကို သူတို့ ပုံစံနဲ့ ပြန်ဆိုချင်ပါတယ် လို့ လာပြောတဲ့အခါ ကျွန်တော် ခွင့်ပြုပေးခဲ့တယ်။ ကျွန်တော်တို့ခေတ်ပုံစံနဲ့ သူတို့ခေတ်ပုံစံက မတူတော့ဘူးလေ။ ကျွန်တော်က ခွင့်မပြုခဲ့ဘူး ဆိုရင်လည်း သူတို့လုပ်ချင်တာ လုပ်လို့ မရဘူး ဖြစ်သွားမှာစိုးလို့ ခွင့်ပြုပေးရပါတယ်"

"ဒီနေ့ခေတ် သီချင်းတွေကို ဆရာ နားထောင်တယ် ဆိုတော့ လူငယ်တွေအပေါ်မှာ ဆရာ့အမြင် ပြောပြပေးပါဦး"
"တော်ကြပါတယ်။ အထူးသဖြင့် လျှပ်စစ်တူရိယာ ပစ္စည်းတွေကို သူ့နေရာနဲ့သူ သုံးကြတဲ့ နေရာမှာ အရမ်း တော်ကြတယ်။ အဲဒီ တော်တာကို ကျွန်တော်တို့က အားပေးအားမြှောက် လုပ်ပြီး လူငယ်တွေ ဒီထက် တော်လာအောင် လုပ်ပေးဖို့တော့ လိုမယ် ထင်ပါတယ်"

"ဆရာ သီချင်းအသစ်တွေ မရေးဖြစ်တော့ဘူးလား"
"ကျွန်တော် ရေးနေတာပဲ။ ဒါပေမယ့် အဲဒီသီချင်းတွေက ရှမ်းဘာသာနဲ့ ဆိုထားတဲ့ သီချင်းတွေ ဖြစ်နေတော့ ခင်ဗျားတို့ ကြားခွင့် မရကြတာပါ။ ကျွန်တော့သဘောကတော့ သီချင်းဟောင်းတွေမှာပဲ တ၀ဲလည်လည် ဖြစ်နေကြမယ့်အစား သီချင်းသစ်တွေကို ဆိုကြစေချင်ပါတယ်"

"ဒီနေ့ လူငယ်တွေက ဆရာ့သီချင်းတွေ ဆိုချင်ပါတယ်လို့ တောင်းခံလာရင်ကော"
"ရပါတယ်ဗျာ။ သီချင်းတွေ ဆိုမယ်ဆိုရင် ကျွန်တော်က ဘယ်သူ့ကိုမဆို ခရီးဦးကြို ပြုနေပါတယ်။ ရှမ်းဘာသာစကားနဲ့ ဆိုသွားတဲ့ သီချင်းတွေကို မြန်မာ ဘာသာ ပြန်ပေးလည်း ရတာပဲ။ ဒါမှမဟုတ် မြန်မာသီချင်းသစ် ရချင်တယ် ဆိုရင်လည်း ကျွန်တော်က ပေးချင်ပါတယ်။ ဒါမှလည်း သီချင်းသစ်တွေ ပရိသတ်ကြားမှာ ပျံ့နှံ့လာမယ် မဟုတ်လား" လို့ ဆိုကြောင်းပါ။

ဒါကြောင့် ဆရာ စိုင်းခမ်းလိတ်ရဲ့ သီချင်းသစ်များနဲ့ လူငယ်အဆိုရှင်များ ပေါ်ထွက်လာမယ့် အချိန်ကို ကျွန်တော်တို့ မျှော်လင့်နေမိပါတယ်။ ။

Monday, April 20, 2009

2009 Mandalay Thingyan

2009 Mandalay Thingyan (Water Festival)

၂၀၀၉ မန္တလေး သင်္ကြန်

၂၀၀၉ မန္တလေး သင်္ကြန်မှာ ရေကစားကြသူများ

2009 Mandalay Thingyan (Water Festival)

2009 Mandalay Thingyan (Water Festival)

2009 မန္တလေးသင်္ကြန်

၂၀၀၉ ခုနှစ် မန္တလေးသင်္ကြန် မြင်ကွင်း

Thursday, April 2, 2009

sayaba wants to keep up with you on Twitter

To find out more about Twitter, visit the link below:

http://twitter.com/i/f34fb598f6859848472a866e05342df1a4379787

Thanks,
-The Twitter Team

About Twitter

Twitter is a unique approach to communication and networking based on the simple concept of status. What are you doing? What are your friends doing—right now? With Twitter, you may answer this question over SMS or the Web and the responses are shared between contacts.

This message was sent by a Twitter user who entered your email address. If you'd prefer not to receive emails when other people invite you to Twitter, click here:
http://twitter.com/i/optout/62f1c55b956f8b89df41dac5a1622c76d1976c6b

Thursday, February 19, 2009

Dammha Links

http://theinngu.org/ (သဲအင်းဂူဆရာတော်)
http://www.mahasi.org.mm/ (မဟာစည်-၁)
http://www.mahasi.org/ (မဟာစည်-၂)
http://www.dhammaceti.org/home.htm (ဘုန်းဘုန်းကောသလ္လ)
http://dhammaduta.net/ (အရှင်ပညိဿရ-ဓမ္မဒူတ)
http://www.shweparami.net/ (အရှင်ဆန္ဒာဓိက)
http://www.yawainwe.net/ (အရှင်ရာဇိန္ဒ)(ရဝေနွယ်-အင်းမ)
http://mettashin.com/ (အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ
-၁)
http://mettashin.dhammathukha.com/index.php?option=com_content&view=frontpage
(အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ-၂)
http://www.shwehinthar.com/buddhism/ (ရွှေဟင်္သာဆရာတော်)
http://www.sitagu.org/home/ (သီတဂူဆရာတော်)
http://www.pilotsayadaw.net/ (အရှင်ဇေယျပဏ္ဍိတ-ပိုင်းလော့ဆရာတော်)
http://www.chanmyay.org/ (ချမ်းမြေ့ဆရာတော်)
http://majjhimagonyi.info/ (အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)
http://www.paauktawya.org/ (ဖားအောက်တောရဆရာတော်)
http://www.phyusayadaw.com/ (ဖြူးဆရာတော်)
http://www.theravada-3p.org/ (ဆရာဦးမြင့်လွင်-သန့်တည်ပွား)
http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)
http://realenlightenment.org/ (အရှင်ဥတ္တမသာရ)
http://www.lknt.org/ (အရှင်လောကနာထ)
http://lknt115.blogspot.com/ (အရှင်လောကနာထ)
http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)
http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)

Sunday, February 8, 2009

၂၀၀၇ အကယ်ဒမီ ပေးပွဲမှာ မန္တလေးက ကိုးဆယ်ဆသာသွားပါပြီ .....

၂၀၀၇ အကယ်ဒမီဆုပေးပွဲမှာ မန္တလေးက ကိုးဆယ်ဆသာသွားပါပြီ ...
မန္တလေးက ထုတ်လုပ်တဲ့ဇာတ်ကားတစ်ခုထဲကပဲ ၅ ဆုရသွားပါတယ် ...
နောက်ပြီး မန္တလေးက ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ တေးဂီတဆု သုံးဆုရပါတယ် ....
မန္တလေးက ရာနှုန်းပြည့်နီးပါး အကယ်ဒမီရတဲ့အတွက် တကယ်ကို ကိုးဆယ်ဆသာသွားပါပြီ ......

၂၀၀၇ ခုနှစ် အကယ်ဒမီဆုချီးမြှင့်ပွဲ၏ အကယ်ဒမီဆုများကို "ကိုးဆယ်ဆသာလိမ့်မယ်" ဇာတ်ကားမှ အများဆုံး ဆွတ်ခူးရရှိသွားခဲ့ပါတယ် ...
ယခုနှစ်အ အကယ်ဒမီဆုချီးမြှင့်ပွဲတွင် ထူးခြားမှုကတော့ အမျိုးသမီး သရုပ်ဆောင်ဆုနှင့် အမျိုးသမီးဇာတ်ပို့ဆုတို့ ပေးအပ်ချီးမြှင့်ခြင်း မရှိသလို
အခြား အကယ်ဒမီဆုများဖြစ်သည့် ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆု၊ အသံပိုင်းဆိုင်ရာ ဆုများလည်း ရွေးချယ်ပေးအပ်ခဲ့ခြင်း မရှိပါဘူး။

ဇာတ်ကားဆု - ကိုးဆယ်ဆသာလိမ့်မယ် (မြင့်မာလာ ရုပ်ရှင်ထုတ်လုပ်ရေး)

ဒါရိုက်တာဆု - မြိုတော်မောင်ယဉ်အောင် (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသားသရုပ်ဆောင်ဆု - ကျော်ရဲအောင် (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသားဇာတ်ပို့ဆု - မိုးဒီ (ကိုးဆယ်ဆသာလိမ့်မယ်)
 
ရုပ်ရှင်ဓါတ်ပုံဆု - ကျောက်ဖြူ (ပဒေသာ) (ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ)

ရုပ်ရှင်တေးဂီတဆု- စိန်မွတ်တား (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသမီးဇာတ်ပို့ဆု- ဆုချီးမြှင့်ခြင်းမရှိပါ။
ရုပ်ရှင်တည်းဖြတ်ဆု - ဆုချီးမြှင့်ခြင်းမရှိပါ။
ရုပ်ရှင်အသံဆု- ဆုချီးမြှင့်ခြင်းမရှိပါ။
ရုပ်ရှင်ဇာတ်ညွှန်းဆု - ဆုချီးမြှင့်ခြင်းမရှိပါ။
အမျိုးသမီးသရုပ်ဆောင်ဆု- ဆုချီးမြှင့်ခြင်းမရှိပါ။

Saturday, February 7, 2009

၂၀၀၇ အတွက် အကယ်ဒမီပေးနေပြီ

၂၀၀၇ အတွက် အကယ်ဒမီပေးပွဲလုပ်နေပါတယ် ...

မန္တလေးက ဒါရိုက်တာမောင်ယဉ်အောင်နဲ့
မန္တလေးက တေးဂီတ စိန်မွတ္တား တို့ရနေကြပြီ .....

Thursday, January 8, 2009

ခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန် လုံးချင်းဝတ္တုစာအုပ် ထွက်ရှိ

မန္တလေးတက္ကသိုလ်နောက်ခံရေးဖွဲ့ထားတဲ့ စာရေးဆရာမ ခင်ခင်ထူးရဲ့
ပန်းကြာဝတ်မှုန် လုံးချင်းဝတ္တု စာအုပ် ထွက်ရှိပါပြီ။

စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို မန္တလေးမြို့ ၇၈ လမ်း ၃၇ နှင့် ၃၈
လမ်းကြားရှိ Hotel Mandalay မှာ ဇန်န၀ါရီလ ၇ ရက်နေ့ နံနက် ၉ နာရီက
ကျင်းပပါတယ်။

မန္တလေးတက္ကသိုလ် နှစ်ကာလများ ကိုလွမ်းမောရင်း ဖန်တီးထားတာဖြစ်ပြီး
မတူညီတဲ့ဘ၀နှစ်ခု၊ မတူညီတဲ့ဘ၀နှစ်နေရာမှာ ရပ်တည်နေကြ တဲ့ချစ်သူ
(သို့မဟုတ်) သူငယ်ချင်းနှစ်ဦးရဲ့ပုံရိပ်တွေကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။

အာစရိယပူဇော်ပွဲ အတွက် သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ရာက ဝေဒနာဟောင်းများ
ပြန်လည် နိုးကြားလာရသလို သူငယ်ချင်းဖြစ်သူ ကိုအောင်နိုင်သူက သူ့ဘဝ
သူ့ဇာတ်လမ်းတွေရဲ့ ရင်ဖွင့်သံက ၀တ္တုဖန်တီးဖို့ ဖြစ်လာရတယ်လို့
စာရေးသူကပြောပါတယ်။

မန္တလေးတက္ကသိုလ်နယ်မြေမှာရှိတဲ့ အဆောက်အအုံတွေ၊ စာသင်ဆောင်တွေ၊ သစ်ပင်တွေ၊
လမ်းတွေကို ကြည့်ရှုခံစားသလို သူငယ်ချင်းတွေရဲ့ ပြန်ပြောင်းအောက်
မေ့ဖွယ်သတင်းစကားတွေကလည်း ၀တ္တုအတွက် အကျိုးရှိစေခဲ့တယ်လို့ဆိုပါသေးတယ်။

ဝတ္တုမှာ မြန်မာ စာပေအငွေ့အသက်များပါဝင်သလို
မဟာဂီတအကြောင်းအရာအချို့ကိုလည်း လေ့လာနိုင်မှာဖြစ်ပါ တယ်။

web address

စွယ်စုံကြမ်း- http://en.wikipedia.org/wiki/Main_Page
ဂရင်းနစ်စာအုပ်- http://www.guinnessworldrecords.com/
မြန်မာ့ဆိုင်း- http://www.myanmarloops.com/
အတိုင်းအတာ- http://www.onlineconversion.com/length_common.htm
အတိုကောက်- http://acronyms.thefreedictionary.com/
ဘာသာပြန်- http://translation.langenberg.com/
ကမ္ဘာ့ငွေကြေး- http://www.xe.com/
ကမ္ဘာ့အချိန်-http://www.timeanddate.com/worldclock/
ကမ္ဘာ့တယ်လီဖုန်း -http://www.studyabroad.com/telcodes.html
ကမ္ဘာ့သတင်းစာ- http://www.newseum.org/todaysfrontpages/default.asp
ကမ္ဘာ့မြေပုံ- http://www.worldatlas.com/
နှစ်တရာပြက္ခဒိန်-
http://mission.itu.ch/MISSIONS/Myanmar/canlander100/caln-index.html
ကုလပြက္ခဒိန်- http://www.unac.org/en/news_events/un_days/international_days.asp
မြန်မာပြက္ခဒိန်- http://mission.itu.ch/MISSIONS/Myanmar/calander/m-can.htm
မြန်မာစာကြည့်တိုက်- http://www.elibrary.net.mm/
အမေရိကန်စာကြည့်တိုက်- http://www.loc.gov/index.html
စီအိုင်အေ- https://www.cia.gov/library/publications/the-world-factbook/index.html
မြန်မာလမ်းညွှန်- http://www.myanmarteldir.com/government/
အင်္ဂလိပ်-မြန်မာအဘိဓာန်- http://www.english4myanmar.com/2008/03/blog-post.html
မြန်မာ-အင်္ဂလိပ်အဘိဓာန်- http://dictionary.all-channel.com/

Tuesday, December 23, 2008

Donation

Donation

Cittasukha

Sunday, December 21, 2008

ဒီနေ့မနက် ငလျင်လှုပ်တယ်

21-12-2008 မနက် ၅ နာရီ ၅၅ မိနစ်က
မန္တလေးမှာ ငလျင်လှုပ်ပါတယ် ...
၅ မိနစ်ကြာလောက် အရှေ့အနောက် တော်တော်လေး ယိမ်းသွားပါတယ် ...
အိမ်က မကောင်းလို့လားတော့မသိ အသံတွေထွက်တယ် ...
ပြတင်းပေါက်တံခါးယိမ်းပြီး ပိတ်သွားတယ် ...
သူများတွေတော့ ဘာမှပြောသံမကြားသေးဘူး ...

Monday, December 1, 2008

၂၀၀၇ ခုနှစ် အမျိုးသားစာပေဆု မန္တလေးမှ ၂ ဆုရ

အမျိုးသားစာပေဆုရတဲ့ သူများအားလုံးအတွက် ၀မ်းမြောက်မိပါတယ်။
အထူးသဖြင့် မန္တလေးက ရရှိတဲ့ ဆရာ ဆူးဌက် နဲ့ ဆရာ နေ၀င်းမြင့် တို့အတွက်
ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန အများသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည်
၂၀၀၇ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များကို
စိစစ်ရွေးချယ်ခဲ့ပြီးဖြစ်ရာ အမျိုးသားစာပေဆုချီးမြှင့်ရန်
ရွေးချယ်ခြင်းခံရသော စာအုပ်များနှင့် စာရေးဆရာများ၏အမည်စာရင်းကို
သက်ဆိုင်ရာကနိုဝင်ဘာ ၂၇ရက်နေ့ထုတ်ပြန်ကြေညာသည်။

၂၀၀၇ခုနှစ်အတွက်
အမျိုးသားစာပေတစ်သက်တာဆုကိုစာရေးဆရာကြီးဆင်ဖြူကျွန်းအောင်သိန်း(ဦးကြည်အေး)
အားရွေးချယ် ချီးမြှင့်လိုက်သည်။

၂၀၀၇ခုနှစ်အတွက်အမျိုးသားစာပေဆုများ

၁
ဝတ္ထုရှည်
တိမ်ယံအိမ်မက်မိုးထက်နရီ
ဆူးငှက်
တရားသစ္စာစာပေ

၂
ဝတ္ထုတိုပေါင်းချုပ်
အိမ်ကလေး ၁၆လုံး
နေဝင်းမြင့်
ပုဂံစာအုပ်တိုက်

၃
ကဗျာပေါင်းချုပ်
အမေ့အလှပန်းအလှ
သန်းအောင်(အညာမြေ)
စာပေဗိမာန်


၎
စာပဒေသာ
ဘွားဦးဇွန်း
တက္ကသိုလ်စိန်တင်
ညောင်ရမ်းစာအုပ်တိုက်

၅
မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ
နံရံပန်းချီမှပြောသော
ပုဂံခေတ်ပုံရိပ်များ
စန္ဒာခင်
ယဉ်ကျေးမှုဝန်ကြီးဌာန

၆
ကလေးစာပေ
မင်္ဂလာနံနက်ခင်း
ကလေးကဗျာများ
မောင်မြင့်ထွန်း
ပန်းဝေဝေစာပေ

၇
လူငယ်စာပေ
ကြိုးကြာတောင်ပံခတ်သံ
လင်္ကာရည်ကျော်
ယုံကြည်ချက်စာပေ

၈
ဘာသာပြန်(သုတ)စာပေ
လူ့ယဉ်ကျေးမှုသမိုင်း အရှေ့တိုင်းကရသော
အမွေ(သုံးတွဲ)
လှိုင်သင်း
ကံ့ကော်ဦးမွန်စာပေတိုက်

၉
ဘာသာပြန်(ရသ)စာပေ
အနက်ရောင် အိပ်မက်စိမ်းမြ
မေတ္တာ
တင်မောင်မြင့်
ယုံကြည်ချက်စာပေ

၁၀
သုတပဒေသာ(ဝိဇ္ဇာ)
ရတနာဂီရိနိဒါန်း
မောင်သန်းဆွေ(ထားဝယ်)
ရာပြည့်စာပေ

၁၁
သုတပဒေသာ
(အသုံးချသိပ္ပံ)
ကျေးလက်စီးပွား
ပြည်သူ့အား
ဒေါက်တာချစ်
Digest Media Bank

အမျိုးသားစာပေဆုတွင် ဘာသာရပ် ၁၄မျိုးရှိသည့်အနက်
သုတပဒေသာ(ရိုးရိုးသိပ္ပံ)၊ ပြဇာတ် စာပေနှင့် နိုင်ငံရေးစာပေတို့အတွက်
ဆုများချီးမြှင့်နိုင်ခြင်းမရှိကြောင်း သိရသည်။

Friday, November 21, 2008

အမျိုးသားနေ့

အမျိုးသားနေ့

၈၈ ကြိမ်မြောက်

၂၂ ရက်နေ့

၁၁ လ

Monday, November 17, 2008

စိတ္တသုခ ကျောင်းဆောက်လှူမည်

မန္တလေးမြို့မှ စိတ္တသုခ ပရဟိတလူုငယ်များအနေနဲ့ ခြောက်လတစ်ကြိမ် ပုံမှန်အလှူ လှူဒါန်းလျက်ရှိရာ  ဇန်န၀ါရီလတွင်ကျရောက်မည့် ခြောက်လ အလှူအတွက် အောင်ချမ်းသာတောရကျောင်း အား အသစ်ဆောက်လုပ် လှူဒါန်းရန် ရွေးချယ်သတ်မှတ်လိုက်ပြီဖြစ်သည်။

 စိတ္တသုခ ပရဟိတလူငယ်များသည် မန္တလေးမြို့တွင် နေထိုင်ကြသော သူငယ်ချင်းများအနေဖြင့် အလှူဒါနပြုလုပ်ရန်အတွက် တစ်လလျှင် ငွေကျပ် တစ်ထောင်စီ စုဆောင်းပြီး ခြောက်လလျှင် တစ်ကြိမ်ကျ လှူဒါန်းကြခြင်းဖြစ်သည်။

ထို့အပြင် သီးခြား အလှူများအဖြစ် မြစ်ငယ်ရေဘေး၊ မီးဘေးသင့်သူများ၊ နာဂစ်မုန်တိုင်းခံစားရသူများစသည့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရပါကလည်း လှူဒါန်းခဲ့ကြသည်။

သီတင်းကျွတ်လပြည့်နေ့တွင် အောင်တော်မူဘုရား နှစ်ကျိတ်ရှစ်ဆူဘုရားရှေ့တွင် နှစ်စဉ် ဆီမီးထွန်းပူဇော်ကြသည်။

ယခု နှစ်တွင် ပထမအကြိမ် စုပေါင်းဘုံကထိန်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

လစဉ်ခြောက်လ အလှူအဖြစ် ယခုအပတ်တွင် ပုသိမ်ကြီးမြို့နယ် လိန်ပင်တိုးချဲ့ကျေးရွာအနီးရှိ အောင်ချမ်းသာ တောရကျောင်းအား  ကျောင်းအသစ် ဆောက်လုပ်လှူဒါန်းမည်ဖြစ်သည်။

အောင်ချမ်းသာ တောရကျောင်းသည် လက်ရှိအနေအထားတွင် ထရံကာ၊ ကပ်မိုး နှစ်ခန်းxတစ်ခန်း ကျောင်းသာဖြစ်သည်။ ကပ်မိုးမှာ ကြယ်မြင်လမြင်ဖြစ်နေသည်။ ထို့အတူ ထရံများမှာလည်း ပေါက်ပြဲလျက်ရှိသည်။ အခင်းမှာ ကုတင်နှစ်လုံးကို ခင်းထားပြီး ကျန်အပိုင်းတွင် ၀ါးကြမ်း ကို ခင်းထားသည်။

ထို့ကြောင့် ယခုအပတ်အလှူအဖြစ် အဆိုပါကျောင်းအား အလှူငွေပေါ်မူတည်ပြီး ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်သည်။

လက်ရှိအားဖြင့် အလှူရှင်တစ်ဦးက အမိုးအတွက် မတည်လှူဒါန်းရာမှ ဆက်လက်လှူဒါန်းကြရာ သွပ်မိုးအတွက် အလှူငွေ များလက်ခံရပြီးဖြစ်သည်။ နှစ်ခန်း၊ တစ်ခန်းခွဲ အဆောက်အအုံဆောက်လုပ်မည်ဟုရည်မှန်းထားသည်။ အောက်ခံ ကျင်တွယ် ကွန်ကရစ်တွင် သစ်မာ ငါးပတ်လည်တိုင်ထူပြီးလျှင် အလှူငွေ ပေါ်မူတည်ပြီး ကြမ်းခင်းအား အချော၊ အကြမ်း ခင်းမည်ဖြစ်သည်။
ထို့အတူ အကာ အတွက်မှာလည်း အလှူရှင်ပေါ်မူတည်ပြီး ဆောက်လုပ်ရမည်ဖြစ်သည်။

ခန့်မှန်းကုန်ကျစရိတ်အဖြစ်

အမိုး ၃သိန်း

အကာ ထရံ ၂သိန်း

ပျဉ်ထောင် အကြမ်း ၅သိန်း၊ ပျဉ်ထောင်အချော ၈သိန်း

အခင်း ပျဉ်အကြမ်း ၅သိန်း၊ ပျဉ်အချော ၈သိန်း

တိုင်နှင့်လိုအပ်သည့်သစ် ၂တန်ခန့် ၈သိန်း

လက်သမားခနှင့်အခြားလိုအပ်မှုသုံး ၂သိန်း

ကုန်ကျမည် ဟု ခန့်မှန်းရသည်။

ထို့ကြောင့် အကြမ်းအားဖြင့် ကျောင်း အပြီးအစီး ၂၅သိန်းခန့် ကုန်ကျမည်ဖြစ်သည်။

ထို့ကြောင့် ပါဝင်လှူဒါန်းလိုပါက

cittasukha@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

uhteik@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

sayaba.mdy@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Tuesday, November 11, 2008

ပြင်ဦးလွင် (မေမြို့) တန်ဆောင်တိုင်

ပြင်ဦးလွင် (မေမြို့) တန်ဆောင်တိုင်ပွဲကိုရောက်ဖြစ်ခဲ့တယ် ....
နိုဝင်ဘာလ ၈ ရက်နေ့ကသွားပြီး ၉ ရက်နေ့ပြန်လာတယ် ....
ပွဲတော်က ၇ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ၇ ရက်တိုင်တိုင်ကျင်းပတာ ...
မဟာအံထူးကံသာဘုရားမှာလုပ်တဲ့ မီးပုံပျံလွှတ်ပွဲကြောင့် ပြင်ဦးလွင်ကလည်း တန်ဆောင်တိုင်မှာ တော်တော်စည်ကားလာပြီ ...
အရင်ကတော့ လပြည့်နေ့ပဲ စည်ကားတာ .. အခုတော့ ၇ ရက်တာကာလပတ်လုံး စည်ကားနေပြီ ...
ဓာတ်ပုံတွေကိုတော့ ဒီမှာတင်ထားတယ် .......

http://www.facebook.com/album.php?aid=46923&l=88e78&id=733413084

Friday, October 31, 2008

ကြားဖူးနားဝ


ကြီးကြီးသတင်းစာဆရာကြီးတစ်ယောက်ကို လူတွေက ခင်ဗျားဘာဖြစ်လို့
အစိုးရမကောင်းကြောင်းပဲရေးရတာလဲဆိုတဲ့ စကားကိုပြန်ပြောတာလေးပါ။
အစိုးရဆိုတာ ကောင်းတာလုပ်ဖို့အတွက်ပြည်သူက ခန့်ထားတာ၊
ကောင်းအောင်လုပ်မယ့်သူတစ်ယောက်ကောင်းနေတာကို
ကောင်းပါတယ်လို့ထပ်ပြောနေစရာမရှိဘူးတဲ့။
အေး..မကောင်းဘူးဆိုရင်တော့ပြောရမယ်တဲ့။

Monday, October 6, 2008

စိတ္တသုခ ပရဟိတလူငယ် သီတင်းကျွတ်လပြည့်ညမှာ ဆီမီးထွန်းကြမယ် ...........

စိတ္တသုခ ပရဟိတလူငယ်များရဲ့ နှစ်စဉ်ဆောင်ရွက်နေကြအတိုင်း
သီတင်းကျွတ်လပြည့်နေ့ ညပိုင်း အောင်တော်မူဘုရား နှစ်ကျိတ်ရှစ်ဆူ ဓမ္မာရုံရှေ့မှာ ဆီမီးပူဇော်သွားမည်ဖြစ်ပါတယ်။

မနက်ပိုင်း ၁၀နာရီခန့်က စပြီး ဆီမီးခွက်များ နေရာချထားခြင်း၊ ပုံဖော်ခြင်းများဆောင်ရွက်ပြီး
ညပိုင်း ၇နာရီခန့်မှာ မီးစတင်ပူဇော်ပါ့မယ်။

ယခင်စတင်ခဲ့စဉ်ကတော့ ဆီမီး ထွန်းခဲ့သော်လည်း
နောက်ပိုင်း ဆီမီးထွန်းရာမှာ အောက်ခံကြွေပြား ညစ်ပတ်ခြင်း၊ ခြေချော်ခြင်းများကြောင့်
ဖယောင်းတိုင်မီး ပြောင်းလဲခဲ့ပါတယ်။

ဒီနှစ်လဲ ဖယောင်းတိုင်မီးများထွန်းညှိပူဇော်ပါ့မယ်။

ဖယောင်းတိုင် ၂၀၀၀ ၀ယ်ပါ့မယ်
ထပ်မံပါဝင်လှူဒါန်းကြသူများနဲ့ဆိုရင် ဆီမီး ၃၀၀၀ကျော်ဖြစ်ပါ့မယ်။

ရရှိထားတဲ့ နေရာ အကျယ်အ၀န်းအရ ဆီမီး ၃၀၀၀ခန့်သာ လှူဒါန်းနိုင်မည်ဖြစ်ပါတယ်။

အလှူငွေပါဝင်လှူဒါန်းချင်ပါ့က လှူဒါန်းနိုင်ပါတယ်။

သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှာ နံနက်ပိုင်း သံဃာတော် ၄၅၀ကျော်ကို စေတနာရှင်တစ်ဦးကိုယ်စား အရုဏ်ဆွမ်းကပ်ဖို့လဲ စီစဉ်ထားပါတယ်။
အဲဒီနေ့မှာပဲ ကြွရောက်လာတဲ့ သာမဏေ(ကိုရင်)များကို သင်္ကန်း တစ်စုံ ၅၀၀၀တန် တစ်စုံစီ လှူဒါန်းဖို့ စီစဉ်ထားပါတယ်။
ပါဝင်လှူဒါန်းနိုင်ကြဖို့ နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ

Sunday, October 5, 2008

World Teacher Day !!!!!!!!

အောက်တိုဘာလ ၅ ရက်နေ့ဟာ
ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါတယ် ....

သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာ အားလုံးကို အစဉ်ဂါရ၀ပြုလျက် ...................................

Tuesday, September 23, 2008

မွေးနေ့တူသတဲ့လားဗျာ ....

မကြာခင်မှာ ကျွန်တော့် မွေးနေ့ရောက်တော့မယ် ....
မွေးနေ့ကို မသိမသာပဲ ကျော်ဖြတ်ခဲ့ပါတယ် ...
မွေးနေ့ရောက်တော့မယ်ဆိုတဲ့အတွေးလေး ဒီနေ့တွေးမိတယ်ဗျာ ...
ဘာရယ်တော့မဟုတ်ပါဘူး ...
ကျွန်တော့်အတွက် ထူးဆန်းနေသလားလို့ပါ ....
မိန်းကလေးတစ်ယောက်က လူနှစ်ယောက်ကို တပြိုင်နက်တည်း ရည်းစားထားတယ်ဗျာ ....
အဲဒီလူနှစ်ယောက်က မွေးနေ့တူနေတယ်တဲ့ ....
မွေးနေ့ကလည်း တူပဲတူနိုင်လွန်းတယ်ဗျာ ...
တကယ်တူတာလား .... ဘာလားတော့မသိဘူးဗျာ ...
တကယ့်အဖြစ်အပျက်ပါ ..... ခံစားရပါတယ် ......

Sunday, September 21, 2008

Peace One Day

ဒီနေ့  ၂၁ - ၉ - ၂၀၀၈ ရက်နေ့ဟာ Peace One Day ပါတဲ့ ...

ငြိမ်းချမ်းရေးနေ့ပေါ့ဗျာ ...

လူသားအားလုံးငြိမ်းချမ်းကြပါစေဗျာ .........

လူသားအားလုံးငြိမ်းချမ်းကြပါစေဗျာ .........

Friday, September 12, 2008

Blog Day 2008 (Mandalay) ကို ပြန်လည်အောက်မေ့ခြင်း

Blog Day 2008 ကို မန္တလေးက Blogger တစ်ချို့နဲ့ ပူးပေါင်းပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ် ....
တကယ့်တော့ Blog Day ကို မိမိရဲ့ Blog မှာ ပို့စ်တင်ခြင်းဖြင့် ကြိုဆိုကြတာ အကောင်းဆုံးပါ .....
http://www.blogday.org/ ဆိုဒ်မှာ Blog Day ဘယ်လိုကျင်းပကြမလဲဆိုတာကို ပြောထားပါတယ် ....

BlogDay posting instructions:

  1. Find 5 new Blogs that you find interesting
  2. Notify the 5 bloggers that you are recommending them as part of BlogDay 2008
  3. Write a short description of the Blogs and place a link to the recommended Blogs
  4. Post the BlogDay Post (on August 31st) and
  5. Add the BlogDay tag using this link:
    http://technorati.com/tag/BlogDay2008 and a link to the BlogDay web site at http://www.blogday.org
ကျွန်တော်တို့ ဒီမှာ Blog Day ကို အခမ်းအနားနဲ့ လုပ်ကြမှ ဖြစ်မယ်ဆိုတဲ့ အယူအဆလေးတွေ ရှိနေကြတယ် ....
ဒီနှစ် ရန်ကုန်မှာ အကြီးအကျယ်လုပ်ဖို့ စီစဉ်တယ် ... အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ကြဘူး ......
Blogger တွေ စုစည်းထားတဲ့ အသင်းတစ်ခုဖြစ်တဲ့ http://myanmarbloggersociety.ning.com/ က ဒီလိုကြေငြာထားပါတယ် .....

၂၀၀၈ ခုနှစ်၊ သြဂုတ်လ၊ (၃၁) ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော "Socialization on Net" နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရန် အခြေအနေ အရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။ အထက်ပါ အချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြား အကြောင်းအရာများအား ပွဲဖြစ်မြောက်ရန် စီစဉ်သူများ အနေနှင့် မည်သည့် ထုတ်ပြန် ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်း မရှိသေးပါ။ Seminar နှင့် ပတ်သက်သော အပြောင်းအလဲ သတင်း အချက်အလက်များနှင့် စပ်လျဉ်း၍ တရားဝင် ပြောဆိုချက်များကို ပွဲဖြစ်မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောဂ်များတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ စီစဉ်သူများ၏ ဘလောဂ်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင် ပြောဆိုချက်များ ဖြစ်ကြောင်းနှင့် အခြားသော ထင်မြင် ပြောဆိုချက်များကို ပွဲစီစဉ်သူများမှ တာဝန်ယူ ဖြေရှင်းသွားနိုင်မည် မဟုတ်ပါကြောင်း သိစေလိုပါသည်။

ပွဲစီစဉ်သူများ
ကိုသက်ထူး
ကိုဇော်ဇော်
ကိုဖြိုးကျော်
ကိုစိုးဇေယျ
ကိုမျိုးမြင့်အောင်
ကိုဝေမျိုးထွဋ်
မထိုက်ထိုက်အောင်
မတင်မြတ်ထက်

ဒီလိုဆိုထားပေမယ့် ပွဲစီစဉ်သူများရဲ့ Blog Address ကိုတော့ ပေးမထားပါဘူး .....
ကြည့်နေကြသူတွေတော့ သိကြပေမယ့် အခုမှ လေ့လာချင်တဲ့သူတွေအတွက်တော့ လိပ်စာလိုတာပေါ့လေ ...

ဘာပဲဖြစ်ဖြစ် ရန်ကုန်မှာ အခမ်းအနားကျင်းပခြင်းမရှိပေမယ့် မန္တလေးမှာတော့ Blogger များပြုလုပ်တဲ့ Blog Day ကိုအောင်မြင်စွာကျင်းပကြပါတယ် .....
တက်ရောက်သူ ၃၀ ၀န်းကျင်ရှိခဲ့ပြီး ဟောပြောချက်ကို နားထောင်ပေးမယ့် ကျောင်းသူ ၁၀၀ နီးပါးရှိခဲ့ပါတယ် ....
ကျွန်တော်တို့ မန္တလေးက လုပ်တဲ့ပွဲကို မန္တလေးသား (ရန်ကုန်ကို အထင်ကြီးသူဟု ယူဆရသူ) က အသိအမှတ်မပြုလေဟန်ပြုပါတယ် .....
အဲဒီပုဂ္ဂိုလ်က အရင်နှစ် Blog Day ဟောပြောပွဲမှာလည်း မန္တလေးကို အားမပေးပဲ ရန်ကုန်မှာ အမှာစကားသွားရောက်ပြောခဲ့သူဖြစ်ပါတယ် ...
ကိုယ့်သမိုင်းကိုယ်ရေးကြတာပါပဲလေ ......
စီးပွားရေးဖက်လာတော့လည်း မန္တလေးကို ဘယ်ချစ်နိုင်တော့ မလဲဗျာ .....
ဘယ်သူပါပါမပါပါ ကျွန်တော်တို့ဖြစ်အောင်လုပ်နိုင်ခဲ့ပါပြီ .....
Blog Day အောင်မြင်ခဲ့ပါပြီ .......

Saturday, September 6, 2008

မြန်မာ့ရုပ်ရှင်ခေတ်ဦး ရုပ်ရှင်မင်းသမီးကြီးနှင့် အဆိုတော် ၀ဏ္ဏကျော်ထင် ဒေါ်မေရှင် ကွယ်လွန်

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ခေတ်ဟောင်းမင်းသမီးကြီး ဖြစ်သလို ဂန္ထ၀င်တေးသံရှင် တစ်ဦးလည်း ဖြစ်တဲ့ ၀ဏ္ဏကျော်ထင် ဒေါ်မေရှင်ဟာ စက်တင်ဘာလ ၃ ရက်နေ့ ည ၁၁း၂၀ နာရီမှာ မန္တလေးမြို့ အောင်တော်မူ ရပ်ကွက်၊ ၂၆ ဘီလမ်း၊ ၆၂ x ၆၃ လမ်းကြား၊ မြစန္ဒာလမ်းသွယ်ရှိ နေအိမ်မှာ ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်။ ဒေါ်မေရှင်ရဲ့ ကြွင်းကျန်ရစ်တဲ့ရုပ်ကလာပ်ကို စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီမှာတော့ ကြာနီကန်သုသာန်မှာ ဂူသွင်းသဂြိုလ်ရာ မိသားစုဝင်များနှင့်အတူ ရုပ်ရှင်အနုပညာရှင်များ၊ ဂီတအနုပညာရှင်များ၊ အသိပညာရှင်၊ အတတ် ပညာရှင်များနဲ့ မြို့မိမြို့ဖများလိုက်လံပို့ဆောင်ပေးကြပါတယ်။

မကွယ်လွန်မီ နှစ်ရက် စက်တင်ဘာ ၁ ရက်နေ့ က ကျန်းမာရေး အခြေအနေချို့ယွင်းပြီး အရေးပေါ်ကုသခံယူဖို့အတွက်  မန္တလေးပြည်သူ့ဆေးရုံကြီး ဖျားနာဆောင်(၁) အထူးကြပ်မတ် ဆောင်မှာ တက်ရောက်ကုသခဲ့ပါတယ်။ အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်မေရှင်ရဲ့ ကျန်းမာရေးကို သမားတော်ကြီး ဒေါက်တာအောင်ကြီးက အမြဲမပြတ်ကုသ စောင့်ရှောက်ပေးခဲ့ပါတယ်။

ဒေါ်မေရှင်ကွယ်လွန်ပြီး နောက်တစ်နေ့မှာပဲ မန္တလေး FM ရေဒီယိုအစီအစဉ်က သူမရဲ့ သီချင်းများကို အောက်မေ့ဖွယ် ထုတ်လွှင့်နေခဲ့ပါတယ်။

ဒေါ်မေရှင်ကို ၁၉၁၇-ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှာ အဖ ပွဲစားကြီး ဦးခင်လေး၊ အမိ ဒေါ်ဖွားယုံတို့မှ မွေးဖွားကာ ဒေါ်သန်းရှင်ဟု အမည်ပေးခဲ့ပါတယ်။ မွေးချင်း ၅ ယောက်ရှိပြီး အငယ်ဆုံးသမီးဖြစ်ပါတယ်။ မန္တလေးမြို့ ၀က်စလီယန် ကျောင်းကနေ ၇ တန်းအောင်မြင်ခဲ့ပါတယ်။ အေးဝမ်းကုမ္ပဏီ၊ မြန်မာအဆွေတို့ဖြင့် စတင်ကာ ရုပ်ရှင်ရိုက်ကူးခဲ့ကာ ဒေါ်မေရှင်၏ ပထမဆုံးရုံတင်ဇာတ်ကားမှာ ဒါရိုက်တာမောင်တင်မောင်ရိုက်ကူးသော ဖူးစာရှင် အသံတိတ်ဇာတ်ကား ဖြစ်ပါတယ်။ ဒေါ်မေရှင်သည် အသံတိတ်ခေတ်မှ အသံထွက်ခေတ်အထိ သရုပ်ဆောင်ခဲ့ရာ မြန်မာ့ရုပ်ရှင်လောက၏ ပထမဆုံးအသံထွက်ဇာတ်ကားဖြစ်သော မြားနတ်မောင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်များက လက်ခံကာ အောင်မြင်မှုများရရှိခဲ့ပါတယ်။ ထင်ရှားကျော်ကြားခဲ့သောဇာတ်ကားများမှာ ဖူးစာရှင်၊ မြားနတ်မောင်၊ ချစ်အမျှ၊ ချစ်ရေစင်၊ စောင်းတော်ရှင်၊ ချိန်တန်ပြီ၊ မေ့တွက်တာ စသည်တို့ဖြစ်ပါတယ်။ အေးဝမ်းရုပ်ရှင်တစ်ခေတ်တွင် မေရှင်ဟု နာမည်ကြီးသောရုပ်ရှင်မင်းသမီးဖြစ်ခဲ့ပြီး တေးသီချင်းများကိုလည်းသီဆိုကာ အောင်မြင်ကျော်ကြားခဲ့ ပါတယ်။ အေ၀မ်းဓာတ်ပြားကုမ္ပဏီမှ ချစ်ရေစင်၊ အောင်ခြင်းရှစ်ပါး၊ ပျို့မှာတမ်း၊ သော်တာငွေမင်း၊ မြတ်လေးငုံ၊ ကျေးစေတမာန်၊ ချစ်ခက်သက်လျာ အစရှိသော ဓာတ်ပြားများကို အသံသွင်းထုတ်ဝေခဲ့ပြီး ဓာတ်ပြားတေးသီချင်း စုစုပေါင်း ၄၀ ကျော်သီဆိုခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာ ၀ဏ္ဏကျော်ထင် ဘွဲ့ကိုရရှိခဲ့ပြီး ရရှိခဲ့တဲ့ ၀ဏ္ဏကျော်ထင် ဘွဲ့တံဆိပ်ကို မန္တလေးမြို့ မဟာမုနိဘုရားမှာ လှူဒါန်းထားပါတယ်။ ဒေါ်မေရှင်ဟာ မြန်မာအသံမှာ ၁၉၅၁ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်အထိ အမှုထမ်းပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း ၁၄ ကားကို ရိုက်ကူးခဲ့ပြီး ၁၉၆၁-ခုနှစ် အသက် ၄၅ နှစ် အရွယ်မှာ ရုပ်ရှင်လောကမှ အနားယူကာ အပျိုကြီးဘ၀ဖြင့် အောင်တော်မှုရပ်ရှိ နေအိမ်မှာ တူ၊ တူမများနှင့် တသက်လုံးနေထိုင်သွားပါတယ်။

Thursday, September 4, 2008

ခေတ်ဟောင်းမင်းသမီးကြီး ဒေါ်မေရှင် ကွယ်လွန်ပြီ

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ခေတ်ဟောင်းမင်းသမီးကြီး ဖြစ်သလို
တေးသံရှင်တစ်ဦးလည်းဖြစ်တဲ့ ဒေါ်မေရှင်ရဲ့
ကျန်းမာရေးအခြေအနေချို့ယွင်းမှုကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီး
ဖျားနာဆောင်(၁) အထူးကြပ်မတ်ဆောင်မှာ တက်ရောက်ကုသရာမှ စက်တင်ဘာလ (၃)
ရက်ညပိုင်းက ကွယ်လွန်သွားကြောင်း သိရှိရပါတယ် .......

Monday, September 1, 2008

Blog Day 2008 အထိမ်းအမှတ် ဒါနပြုပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

မန္တလေး ဘလော့ကာများမှ ပေါင်းစု ကျင်းပသော Blog Day 2008 အထိမ်းအမှတ် ဒါနပြုပွဲကို
(၃၁-၈-၂၀၀၈) ဘလော့ဒေးတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ဧရိပ်မွန်အမျိုးသမီးစောင့်ရှောက်ရေး ကျောင်းတွင် ယနေ့နံနက် ၉နာရီခွဲ ကျင်းပသည်။
ဒါနပြုပွဲကျင်းပရာသို့ မန္တလေးရှိ ဘလော့ကာများ၊ စာနယ်ဇင်းများမှ ဖိတ်ကြားထားသူများ၊ ဧရိပ်မွန်အမျိုးသမီးစောင့်ရှောက်ရေးကျောင်းမှဒေါ်ဓမ္မေသီနှင့်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်ခင်ခင်လှနှင့်ကျောင်းသူ ကလေးများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်ခင်ခင်လှမှ မိတ်ဆက်စကားပြောကြားသည်။ ယင်းနောက် ဘလော့ကာများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားသည်။
ထို့နောက် ပညာဒါနပြုပွဲအဖြစ် ဧရိပ်မွန်အမျိုးသမီးကျောင်းရှိ သမီးငယ်များအား ဆရာဦးလှကောင်းက ICT and Education ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘလော့ကာ မရတနာချိုက လွယ်ကူလေ့လာ အင်တာနက်ကမ္ဘာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘလော့ကာ ဦးထိပ်က မီဒီယာနှင့်ဘလော့ကာ အကြောင်းကိုလည်းကောင်း အသီးသီး ပညာဒါနပြု ဆွေးနွေးပြောကြားသည်။
ယင်းနောက် မန္တလေးစာနယ်ဇင်း ဆရာများကိုယ်စား ဘလော့ဒေးအထိမ်းအမှတ် ဒါနပြုပွဲ တက်ရောက်ရခြင်းအတွက် ရင်တွင်းခံစားချက်များကို ဆရာသင့်နော်နှင့်ဆရာညီပုလေးတို့မှ ပြောကြားသည်။
ထို့နောက် ဘလော့ကာများစုပေါင်း၍ ကောက်ခံရရှိသော အလှူငွေမှ ငွေကျပ် ငါးသောင်းအား ဧရိပ်မွန်အမျိုးသမီးကျောင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်တင်တင်လှသို့ ပေးအပ်လှူဒါန်းသည်။ ကျန်အလှူငွေများအား ကွန်ပျူတာခန်းအတွင်း လိုအပ်သော ကွန်ပျူတာဆိုင်ရာ စာအုပ်များ၊ စီဒီများဝယ်ယူ လှူဒါန်းသွားမည်ဖြစ်သည်။
ယင်းနောက် မန္တလေးစာနယ်ဇင်း လူမှုကူညီရေးအတွက် ဘလော့ကာများမှ အလှူငွေ ကျပ်တစ်သောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Friday, August 29, 2008

Blog Day 2008 အထိမ်းအမှတ် အလှူပွဲကျင်းပမည်

Blog Day 2008 အထိမ်းအမှတ် ဒါနပြုပွဲ

ဘလော့ဒေးအထိမ်းအမှတ် ဒါနပြုပွဲအဖြစ် မန္တလေးရှိ ဘလော့ကာများက

အောက်ပါအစီအစဉ်တိုင်းဆောင်ရွက်မည်ဖြစ်သောကြောင့်

ပါဝင်လှူဒါန်းလိုသူများ သည် လူကိုယ်တိုင်လာရောက်၍ သော်လည်းကောင်း၊ အောက်ပါ အီးမေးလ် များမှသော်လည်းကောင်း ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

blogger.mdy@gmail.com 

sayaba.mdy@gmail.com
uhteik@gmail.com
yadanarcho@gmail.com

 

 မန္တလေးရှိ အိုင်စီတီပညာရှင်များ၊ ဘလော့ စိတ်ဝင်စားသူများ၊ ဘလော့ကာများ၊

လှူဒါန်းလိုသူများအားလုံးကိုလည်း အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ 

 

အစီအစဉ်

နေ့ရက် - ၃၁-၈-၂၀၀၈  

အချိန်    - နံနက် ၉နာရီမှ ၁၁း၃၀နာရီ

နေရာ    - ဧရိပ်မွန် အမျိုးသမီးစောင့်ရှောက်ရေးကျောင်း

              ၂၂လမ်း၊ ၆၂လမ်းနှင့်၆၆လမ်းကြား

              အနှိပ်တော်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊

               မန္တလေးမြို့။

Friday, August 22, 2008

မင်းကွန်းခေါင်းလောင်းပြုတ်ကျတယ်တဲ့ ...

မင်းကွန်းခေါင်းလောင်းပြုတ်ကျတယ်တဲ့ ..
ဟုတ်ရဲ့လားဗျာ ဆိုတော့ ဓာတ်ပုံတွေပြတယ်လေ ...
အဲ ဟုတ်တယ်ဗျ .... ဓာတ်ပုံထဲမှာ ၀ုန်းဒိုင်းကျဲနေတာပဲလေ .....
နောက်ပုံတွေကြည့်လိုက်မှ .... ခေါင်းလောင်းပြုတ်ကျတာမဟုတ်ပဲ မျက်နှာကျက်ပြုတ်ကျတာဖြစ်ပါတယ် .....
မျက်နှာကျက်မှာ အကောင်ပလောင်တွေရဲ့ အညစ်အကြေးတွေနဲ့ ပြည့်နေတာ ....
အလုပ်သမားတွေတက်ပြီး အပြင်ပိုင်း မွန်းမံနေတုန်းဖြစ်တာ ......
အင်း ... ဓာတ်ပုံသာကြည့်ပါတော့ဗျာ .............

Monday, August 18, 2008

Fwd: World Photography Day 2008 (( august 19 ))

နက်နဲသိမ်မွေ့သောပညာ ဒစ်ဂျစ်တယ်ဓာတ်ပုံပညာ မွေးဖွားရာမြေ

ကျွန်တော်ဟာ နေ့တဓူဝတွေ့ကြုံနေရတဲ့ သဘာဝအလှတွေကို ဓာတ်ပုံတွေရိုက်ရင်း ကြီးပြင်းလာခဲ့ပါတယ်။ အလင်းရဲ့ စွမ်းပကားကြောင့် အရောင်မျိုးစုံကွန့်မြူးတဲ့ သဘာဝအလှတရားကို ရှာဖွေလေ့လာရင်း ဓာတ်ပုံပညာကို မွေ့လျောခဲ့ ရပါတယ်။ ဓာတ်ပုံပညာဟာ ပုံရိပ်ဖြစ်ပေါ်လာဖို့ အလင်းအပေါ်မှာ အခြေခံပါတယ်။ Photography ကို ဂရိဘာသာ စကားနဲ့ Photo (light) နဲ့ graphein (to draw) ဆိုတာက ဆင်းသက်လာပြီး Drawing with light အလင်းဖြင့် ရေးဆွဲခြင်း လို့ အဓိပ္ပာယ် ရပါတယ်။ ၁၈၃၉ ခုနှစ်မှာ သိပ္ပွံပညာရှင် Sir John F.W.Herschel က စတင်အသုံးပြုခဲ့ ပါတယ်။ ၁၈၂၇ ခုနှစ်က Joseph Nicephore Niepce ရဲ့ ၈ နာရီကြာအချိန်ပေးပြီးရိုက်ကူးရတဲ့ နည်းပညာကို မိနစ် ၃၀ အောက်ရောက်တဲ့အထိ တီထွင်နိုင်ခဲ့ပြီး ယနေ့ခေတ်သုံးဓာတ်ပုံပညာကို အစပျိုးနိုင်ခဲ့ပါတယ်။ Louis Jacques Mande Dafuerre ရုပ်ပုံဖမ်းယူခြင်းနဲ့ ပုံဖော်ခြင်းနည်းပညာကို အပတ်တကုတ်ကြိုးစားခဲ့ရာက Daguerreotype ဆိုတဲ့ ယနေ့ခေတ်သုံးဓာတ်ပုံပညာနဲ့ အနီးစပ်ဆုံးဖြစ်အောင်တီထွင်အောင်မြင်ခဲ့ပါတယ်။ Daguerreotype နည်းပညာကို ပြင်သစ်အစိုးရကို ရောင်းချခဲ့ပြီးနောက် ဓာတ်ပုံပညာရဲ့လုပ်ငန်းစဉ်များအား ကမ္ဘာတစ်ခွင်ရှိ ပြည်သူများသို့ ၁၈၃၉ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ ကြေငြာခဲ့ကာ ယနေ့ဓာတ်ပုံပညာရဲ့ ခရီးလမ်းကို စတင် ပါတော့တယ်။

၁၈၃၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က အများပြည်သူကိုစတင်ကြေငြာခဲ့တဲ့ ယနေ့ခေတ်သုံးဓာတ်ပုံပညာဟာ ယခုဆိုရင် သက်တမ်း နှစ်ပေါင်း ၁၇၀ နှစ် ရှိပြီဖြစ်ပါတယ်။ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့အလျောက် ခေတ်အဆက်ဆက် ကို ဖြတ်သန်းလာခဲ့ပြီး ယခုအခါမှာ လူတိုင်း အသုံးချနိုင်တဲ့ ပညာရပ်တစ်ခုဖြစ်နေပါပြီ။ ဓာတ်ပုံတစ်ပုံဖြစ်ဖို့ ကင်မရာ ဆိုင်ရာ ပစ္စည်းပေါင်းများစွာ ကို သယ်ဆောင်သွားကာ ရိုက်ကူးခဲ့ကြရာက အင်္ကျီအိတ်ကပ်ထဲမှာ ထည့်သွားလို့ရတဲ့ ကင်မရာလေးတွေ ဖြစ်လို့လာပါ ပြီ။ ခေတ်တွေပြောင်းလာတာနဲ့အညီ အခုလို အီလက်ထရောနစ်ခေတ် သတင်းခေတ် ကြီးမှာ ဒစ်ဂျစ်တယ်စနစ်သုံး ခေတ်မီကင်မရာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါပြီ။ ဒစ်ဂျစ်ခေတ်မှာ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးကို အိမ်တိုင်းမှာ ရှိနေပြီလို့ ပြောနိုင်တဲ့အချိန်မှာ ကျွန်တော်လည်း ဒစ်ဂျစ်တယ်ကင်မရာ တွေကြား ဗျာများခဲ့ရပါတယ်။ ဗျာများခဲ့ရတာကတော့ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးကို ဘယ်လိုရွေးချယ် ရမယ်ဆိုတာ ပါပဲ။ အဲဒီလို ဦးဏှောက်ခြောက် ပြီး ဗျာများခဲ့ရတဲ့ ကင်မရာတစ်လုံးရွေးချယ်မှုကို အလွယ်တကူရွေးချယ်နိုင်ဖို့ အနည်း ငယ်တင်ပြချင်ပါတယ်။

လွယ်လွယ်ပြောကြမယ်ဆိုရင် ဒစ်ဂျစ်တယ်ကင်မရာတွေကို အိမ်သုံးကင်မရာအသေး(End User)၊ အပျော်တမ်း ကင်မရာသမားများ သုံး ကင်မရာအလတ် (Consumer) နဲ့ စီးပွားဖြစ်သုံးကင်မရာအကြီး (Professional) ဆိုပြီး သုံးပိုင်းခွဲခြားနိုင်ပါတယ်။ အရွယ်အစားအားဖြင့် သေး၊ လတ်၊ ကြီး ဆိုပေမယ့် အပျော်တမ်းသမားသုံးကင်မရာအလတ် နဲ့ စီးပွားဖြစ်သုံးကင်မရာအကြီးတွေဟာ အရွယ်အားဖြင့် မတိမ်းမယိမ်းတွေပါ။ အရွယ်ငယ်ပေမယ့်လည်း အစွမ်းထက် တဲ့ကင်မရာတွေလည်းရှိပါတယ်။

ဓာတ်ပုံရဲ့ အရည်အသွေးကို အကြမ်းအားဖြင့် ကင်မရာမှာပါတဲ့ Resolution က ဆုံးဖြတ်ပေးပါတယ်။ အရည်အသွေး မြင့်တဲ့ ဓာတ်ပုံကို လိုချင်ရင် Resolution များဖို့လိုပါတယ်။ Resolution ကို 5 Megapixel, 8 MegaPixel, 10 MegaPixel အစရှိသဖြင့် MegaPixel အရေအတွက်နဲ့ သတ်မှတ်ပါတယ်။ MegaPixel တူမယ်ဆိုရင်  Sensor အရွယ်အစားအကြီးကိုသုံးတဲ့ Professional ကင်မရာတွေက အရည်အသွေးပိုကောင်းပါတယ်။

ဒစ်ဂျစ်တယ်ကင်မရာတွေမှာ မှန်ဘီလူးကနေတဆင့် ရုပ်ပုံဆွဲယူရိုက်နိုင်တဲ့ zoom နှစ်မျိုးရှိပါတယ်။ Optical နဲ့ Digital zoom ပါ။ Optical zoom ဆိုတာက မှန်ဘီလူးကနေ အမှန်တကယ်လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပြီး Digital zoom ဆိုတာကတော့ ကင်မရာမှာပါတဲ့ ကွန်ပျူတာကနေ ချဲ့ပေးတာဖြစ်ပါတယ်။ ဒါကြောင့် အမှန်တကယ်ချဲ့ယူနိုင်တဲ့ Optical zoom ကသာလျှင် ဓာတ်ပုံရဲ့ အရည်အသွေးကို ကောင်းမွန်စေမှာဖြစ်ပါတယ်။ အသုံးပြုတဲ့ မှန်ဘီလူးဟာ အရည်အသွေးကောင်းမွန်တဲ့ Leica, Carl Zeiss, Nikkor, Canon, Fujinon အစရှိတဲ့ မှန်ဘီလူးကို အသုံးပြုထားမယ် ဆိုရင် ဓာတ်ပုံဟာ ပိုမိုကြည်လင်ပြတ်သားပြီး အရောင်အသွေးမှန်ကန်စေမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ကင်မရာတွေရဲ့နောက်ဖက်မှာ ရိုက်ပြီး ပြန်ကြည့်နိုင်မယ့် LCD Monitor တွေပါလေ့ရှိပါတယ်။ ရိုက်ပြီး ပြန်ကြည့်နိုင်တော့ ရိုက်ထားတာမကောင်းရင် ချက်ချင်းပြန်ရိုက်နိုင်တဲ့ အခွင့်အရေး ရှိတာပေါ့။ သို့သော်လည်း Snap Shoot ရိုက်ရတဲ့ အားကစားပြိုင်ပွဲမျိုး၊ သတင်းဓာတ်ပုံမျိုးကိုတော့ ပြန်ရိုက်နိုင်တဲ့ အခွင့်အရေးကနည်းတော့ ပုံကောင်း ရအောင် ရိုက်နိုင်အောင် လေ့ကျင့်ထားဖို့တော့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြန်ရိုက်လို့ရတယ် ဆိုတဲ့ အချက် ကလေးတစ်ချက်ထဲနဲ့ ဓာတ်ပုံရိုက်ကြတဲ့အခါ အာရုံထားပြီး ရိုက်ကူးမှုတွေ လျော့နည်းလာလို့ ဖြစ်ပါတယ်။

ကင်မရာတစ်လုံးကို ရွေးချယ်တဲ့နေရာမှာ ကင်မရာရဲ့အရွယ်အစား၊ ပုံထွက်အရည်အသွေး(Resolution)၊ မှန်ဘီလူး တို့ဟာ အဓိကရွေးချယ်စရာဖြစ်ပြီး LCD Monitor အရွယ်အစား၊ ညအမှောင်မှာ ရိုက်နိုင်စွမ်း၊ လက်တုန်ခြင်းကြောင့် ပုံရိပ်ဝါးခြင်းမှ ကာကွယ်ပေးနိုင်တဲ့စနစ် အစရှိတဲ့ ရွေးချယ်စရာ Function တွေ တပုံတပင် ရှိပါသေးတယ်။ Smile Shutter လို့ခေါ်တဲ့ မျက်နှာက ရီမှ ရိုက်တဲ့စနစ်ဆိုတာမျိုးလည်းရှိနေပါပြီ။ ရီမှ လှတယ်လို့ ယူဆသူတွေ အတွက် အဲဒီ Smile Shutter ပါတဲ့ကင်မရာက မရီမခြင်း စောင့်ပြီး ရိုက်ပေးပါလိမ့်မယ်။ မျက်နှာဝါးနေတယ်လို့ ယူဆ နေသူများအတွက်တော့ Face Dectection လို့ ခေါ်တဲ့ Function က မျက်နှာတွေကို အသားပေးပြီး ပြတ်သား အောင် ဆောင်ရွက်ကာ ရိုက်လို့ရမှာ ဖြစ်ပါတယ်။ လက်တုန်တတ်တဲ့သူတွေ၊ ဓာတ်ပုံရိုက်ကူးစဉ် စိတ်လှုပ်ရှား တတ်တဲ့သူတွေအနေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ ပုံတွေဟာ ၀ါးသွားတတ်ပါတယ်။ အဲဒီလို ပုံရိပ်တွေ မ၀ါးရအောင် Image Stabilization က ပုံရိပ်ကို မ၀ါးအောင် ဆောင်ရွက်ပေးနိုင်ပါသတဲ့ဗျာ။

ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ မျက်စိတမှိတ်လျှပ်တပြတ်အတွင်း ပုံရိပ်ရဲ့ အဆုံးအဖြတ်ပေးတဒင်္ဂဟာ အရမ်းကို အရေးကြီးပါတယ်။ လျှပ်တပြတ်အချိန်တိုလေးအတွင်းမှာ အလင်းအမှောင်နဲ့ ပုံရိပ်ရဲ့လှုပ်ရှားမှုနဲ့ ဓာတ်ပုံ ဖွဲ့စည်းမှု (Composition)ကို အမိ အရရိုက်ယူရတဲ့ပညာရပ်ဖြစ်တဲ့အတွက် လွယ်မယောင်နဲ့ နက်နဲသိမ်မွေ့လှ ပါတယ်။ အချိန်ကိုက် အဆုံးအဖြတ်ပေး၊ အချိနိကိုက်ပုံရိပ်ဖမ်းယူရတဲ့ ဓာတ်ပုံပညာဟာ အရင်ရှိနှင့်နေပြီဖြစ်တဲ့ ဓာတ်ပုံပညာရပ်နဲ့ ယနေ့ ပြောဆိုနေကြတဲ့ ဒစ်ဂျစ်တယ်ဓာတ်ပုံပညာဟာ အတူတူပဲ ဖြစ်ပါတယ်။ ဓာတ်ပုံရဲ့ အခြေခံ သဘာတရားတွေဟာ ပြောင်းလဲမသွားပဲ အသုံးပြုတဲ့ ကိရိယာ ကင်မရာကသာလျှင် ခေတ်နဲ့အညီ တိုးတက်လာပြီး ဒစ်ဂျစ်တယ်ကင်မရာခေတ်ကို ရောက်ခဲ့ရတာဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ကင်မရာခေတ်မှာ ဓာတ်ပုံပညာရပ်က အပြောင်းအလဲတွေရှိလာပါတယ်။ အဓိကအကျဆုံး အပြောင်းအ လဲကတော့ ရိုက်ကူးရတဲ့စနစ်ဟာ ပိုမိုလွယ်ကူလာတာပဲ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးကို အခုဝယ် အခုရိုက်နိုင်တဲ့ အဆင့် ဖြစ်နေပါပြီ။ လူတိုင်းလူတိုင်း ကင်မရာနဲ့ မစိမ်းတော့ပါဘူး။ ဓာတ်ပုံဆိုင်တွေ တိုးလာတာက လည်း ဒစ်ဂျစ်တယ်ကင်မရာရဲ့ လွယ်ကူစွာရိုက်ကူးနိုင်တဲ့ စွမ်းပကားကြောင့်ဆိုရင် မှားမယ်မထင်ပါဘူး။ VISUAL ART ဖြစ်တဲ့ ဓာတ်ပုံပညာဟာ မြင်တာနဲ့ အလွယ်တကူတတ်မြောက်နိုင်တဲ့ ပညာရပ်တစ်ခုလိုဖြစ်နေတော့လည်း အခြေခံဖြစ်တဲ့ သီအိုရိကို နားလည်းသဘောပေါက်အောင် လေ့လာသင်ယူထားသင့်ပါတယ်။ သီအိုရိဟာ အမြဲတမ်း မှန်ကန်နေတဲ့ သဘောတရားတွေဖြစ်ပါတယ်။ ကျွမ်းကျင်ပိုင်နိုင်ပြီး  မိမိကိုယ်တိုင် တီထွင်ဖန်တီး ရိုက်ကူးတဲ့အခါ မှာတော့ သီအိုရိမှသွေဖယ်ပြီးရိုက်ကူးနိုင်ပါတယ်။ သီအိုရိကို တသွေမတိမ်းလိုက်နာရမယ်လို့တော့ ဆိုလိုတာ မဟုတ်ပေမယ့် တိကျသေချာတဲ့အခြေခံမရှိဘူးဆိုရင် တိုးတက်ဖို့ဆိုတာလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ပုံကောင်း တစ်ပုံရဖို့အတွက် သီအိုရိကို အခြေခံပြီး မိမိရဲ့ စိတ်ကူစိတ်သန်းတွေ ပေါင်းစပ်ကာ ရိုက်ကူးရမှာဖြစ်ပြီး အဲဒီလို ရိုက်ကူးမှသာလျှင် အနုပညာမြောက်တဲ့ ဓာတ်ပုံ ကောင်းတစ်ပုံဖြစ်လာမယ်ဆိုတာ ဧကန်မလွဲ ဖြစ်ပါလိမ့်မယ်။

ဓာတ်ပုံရိုက်ကူးဖို့အတွက် ၀ါသနာပါသူအများအပြားကို တွေ့ကြုံခဲ့ရဖူးပါတယ်။ ကင်မရာရှိသူတွေရှိသလို ကင်မရာ တစ်လုံးတစ်လေမှ မပိုင်ဆိုင်သေးသူတွေလည်းတွေ့ရပါတယ်။ ဓာတ်ပုံဝါသနာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အပျော်တမ်းဓာတ်ပုံအသင်းနှစ်ခု မန္တလေးမှာရှိပါတယ်။ သက်တမ်းနှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်တဲ့ အထက်မြန်မာ ပြည်ဓာတ်ပုံအသင်းနဲ့ သက်တမ်းနှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်တဲ့ မန္တလေးဓာတ်ပုံအသင်းဆိုပြီးရှိပါတယ်။

ဓာတ်ပုံအသင်းနှစ်ခုစလုံးမှာ အသင်းဝင်အရေအတွက်က ၁၀၀၀ ကျော်စီရှိပါတယ်။ လပတ်စဉ်ဓာတ်ပုံပြိုင်ပွဲ၊ နှစ်ပတ် လည်ဓာတ်ပုံပြိုင်ပွဲ၊ အထူးဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲများကို ကျင်းပပေးပြီး ဓာတ်ပုံဝါသနာရှင် ဓာတ်ပုံအသင်းသားတွေကို လက်ရည်သွေးစေကာ ဓာတ်ပုံပညာကို မြှင့်တင်ပေးပါတယ်။ ဓာတ်ပုံပညာပြန့်ပွားရေးလုပ်ငန်းအနေနဲ့ ဓာတ်ပုံသင်တန်း များကိုလည်း သင်ကြားပို့ချပေးလျက်ရှိပါတယ်။ ဓာတ်ပုံပြပွဲများကျင်းပခြင်း၊ နိုင်ငံတော်မှကျင်းပသော ဓာတ်ပုံပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ခြင်း၊ နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲများဝင်ရောက်စေခြင်းများအတွက်လည်း ဓာတ်ပုံအသင်းများက ဦးဆောင်ကာ ဆောင်ရွက်ပေးပါတယ်။ လပတ်စဉ်ဓာတ်ပုံပြိုင်ပွဲများအဖြင့် တစ်နှစ်လျှင် ၁၀ ပွဲကျင်းပပေးပြီး ၅ ပွဲကို မော်ဒယ်အလှမယ်နဲ့ ကျန် ၅ ပွဲကို ရှုမျှော်ခင်းဓာတ်ပုံပြိုင်ပွဲများဖြစ်ပါတယ်။ တစ်နှစ်လုံးယှဉ်ပြိုင်ပြီး အမှတ်အများဆုံး ရရှိသူကိုတော့ အသင်းရဲ့ တံခွန်စိုက်ဆုကြီးကို ပေးအပ်ချီးမြှင့်ပါတယ်။ မန္တလေးမြို့တော်စည်ပင်သာရေးကော်မတီက ကျင်းပပေးတဲ့ သင်္ကြန်ဓာတ်ပုံပြိုင်ပွဲ၊ မန္တလေးတောင် နွေမိုးဆောင်းအလှဓာတ်ပုံပြိုင်ပွဲ၊ ဂေါက်ကွင်းဖွင့်ပွဲဓာတ်ပုံပြိုင်ပွဲ အစရှိတဲ့ ဓာတ်ပုံပြိုင်ပွဲတွေမှာလည်း မန္တလေးဓာတ်ပုံအသင်းနဲ့ အထက်မြန်မာပြည်ဓာတ်ပုံအသင်းမှ အသင်းဝင် ဓာတ်ပုံ ၀ါသနာရှင်များဟာ အားတက်သရော ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။



ဓာတ်ပုံဝါသနာပါသူတွေများပြားလာသလို ဓာတ်ပုံပညာမှာ ကွန်ပျူတာတွဲဖက်လာပြီး ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို တွေ့မြင်လာရတာဟာဖြင့် အလွန်အင်မတန်မှ အားရစရာကောင်းလှပါတယ်။ ဓာတ်ပုံပညာရပ်မှ Darkroom Technique ဟာ Light room အဖြစ်သို့ ပြောင်းလဲသွားပြီး အမှောင်ခွင်းကာ အလင်းဆောင်သကဲ့သို့ ဖြစ်လာပါပြီ။ မမြင် မစမ်းနဲ့ အမှောင်ထဲမှာ ပုံကောင်းတွေရအောင် ခက်ခက်ခဲခဲလုပ်ခဲ့ရတဲ့ အချိန်ကနေ ယနေ့ ကွန်ပျူတာပေါ်မှာပဲ လိုတာ ထည့်၊ မလိုတာဖြုတ်၊ ဟိုရွေ့ဒီပြောင်းလုပ်လို့ရနေပြီဖြစ်ပါတယ်။ ဘီစီ ၄ ရာစုကထဲက တရုတ်နဲ့ ဂရိ အတွေးအခေါ် ပညာရှင်များဟာ မှန်ဘီလူးနဲ့ ကင်မရာရဲ့ သဘောတရားကို ဖော်ပြနိုင်ခဲ့ပြီး ၁၆ ရာစုကထဲကစတင်ခဲ့တဲ့ ဓာတ်ပုံပညာ ဟာ အရင်က နဲ့ ဘာမှ မဆိုင်အောင်ပြောင်းလဲတိုးတက်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ လောက်က အများပြည်သူအသုံးပြုဖို့ ကြေငြာခဲ့တဲ့ ၁၈၃၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ကို ယခုအခါ ဓာတ်ပုံပညာနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုနေကြပြီဖြစ်ပါ တယ်။ ဓာတ်ပုံဝါသနာရှင်၊ ဓာတ်ပုံပညာရှင်များအနေနဲ့ ဓာတ်ပုံပညာနေ့မှာ ဓာတ်ပုံရိုက်ကူးခြင်း၊ ဓာတ်ပုံပြပွဲပြသခြင်း၊ ဓာတ်ပုံပညာရပ်ဆိုင်ရာ ဟောပြောပွဲများပြုလုပ်ခြင်းဖြင့် ကမ္ဘာတစ်လွှားမှာ ဂုဏ်ပြုကြိုဆိုနေကြပါပြီ။ ၂၀၀၈ ခုနှစ်မှာ တော့ မန္တလေးဓာတ်ပုံအသင်းကလည်း သြဂုတ်လ ၁၉ ရက်နေ့မှာပဲ မန္တလေး ကန်တော်ကြီး ပန်းခြံမှာ မော်ဒယ်အလှမယ် ဓာတ်ပုံပြိုင်ပွဲအတွက် ဓာတ်ပုံရိုက်ကူးခြင်းဖြင့် ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ကြိုဆိုကြမှာဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ မစိမ်းတဲ့ သင်လည်း ကျွန်တော်တို့နဲ့အတူ ပါဝင်ရိုက်ကူးရင်း ကြိုဆိုလိုက်ကြရအောင် လားဗျာ။



Wednesday, August 13, 2008

PAC အများပြည်သူသုံးအင်တာနက်စင်တာ စည်းကမ်းများပြင်ဆင်မည်





Monday, 11 August 2008
ရန်ကုန်၊ သြဂုတ် ၇
မြန်မာအင်ဖိုတက်မှ အများပြည်သူသုံးအင်တာနက်စင်တာ PAC (Public Access Center)  ဖွင့်လှစ်ထားသူများကို လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ချမှတ်ထားပေးပြီးဖြစ်ရာ ၎င်းစည်းကမ်းချက်များအား ယနေ့ခေတ် အင်တာနက် အသုံးပြုသူများ အဆင်ပြေစေရန်အတွက် အသုံးပြုသူတောင်းဆိုချက်နှင့် လိုအပ်ချက်များကို ပြင်ဆင်မှုပြု လုပ်သွားမည်ဟု သိရှိရသည်။
PAC စင်တာများ ဖွင့်လှစ်နိုင်ရန် ၂၀၀၅မှစတင်ဆောင်ရွက်ခဲ့သလို  PAC  စင်တာများ အတွက်စည်းကမ်းချက်(၁၉)ချက်ကို ချမှတ်ပေး ထားပြီးဖြစ်ရာ ၎င်းစည်းကမ်းချက် များအားလိုက်နာသောဆိုင်များ အနည်းငယ်သာ ရှိနေကြောင်းသိရသည်။
''PACအတွက်ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာတာ တော်တော်ရှားပါတယ်။ ဆိုင်ရှင်တွေအနေနဲ့ကလည်း ဆိုင်ကိုလာသုံးစွဲတဲ့ သူတွေ စိတ်အနှောက်အယှက်ဖြစ်မှာကို အရမ်းစိုးရိမ်ကြတယ်။ ခေတ်ကလည်း တဖြည်းဖြည်းပြောင်းလဲလာ ပြီဆိုတော့ စည်းကမ်းတွေကလည်း ပြောင်းလဲဖို့လိုနေပြီ ပြန်ပြင်မဲ့စည်းကမ်းချက်တွေကို လိုတဲ့စည်းကမ်းချက် တွေကိုထပ်တိုးပြီးတော့ မလိုအပ်ဘူး ထင်တဲ့စည်းကမ်းချက်တွေကို လျှော့ချသွားမှုတွေ လုပ်ဆောင်သွားမှာ ဖြစ် ပါတယ်"" ဟု မြန်မာအင်ဖိုတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာအင်ဖိုတက်မှ PAC  စင် တာများအတွက် စည်းကမ်းချက်များ ပြင်ဆင်ပြီးပါက တစ်နှစ်လျှင်တစ်ကြိမ် PAC  ဖွင့်ထားသူများနှင့် တွေ့ဆုံ ကာစင်တာဖွင့်သူ၏ လိုအပ်ချက်နှင့် သုံးစွဲသူ၏လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Sunday, August 10, 2008

သမီး ... ကျောင်းက ပြန်လာပါပြီ ....

သမီး ... ကျောင်းက ပြန်လာပါပြီ ....

World Photography Day 2008

ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေးဓာတ်ပုံအသင်းက သြဂုတ်လ ၁၉ ရက်နေ့ (ကမ္ဘာ့ဓာတ်ပုံပညာနေ့) မှာ ကန်တော်ကြီးပန်းခြံမှာ အလှမယ် Model ဓာတ်ပုံရိုက်ကြဖို့ရှိပါတယ်။ အလှမယ် Model မစုလာဘ်တင်နဲ့ မခိုင်မာ တို့က သရုပ်ပြပေးမှာဖြစ်ပါတယ်။ နေ့လယ်စာကို ကိုအောင်မြင့်နဲ့ ကိုအောင်ကျော်ဝင်းတို့က ကျွေးမွေးမှာပါ။ ညနေပိုင်းမှာတော့ ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ဂုဏ်ပြုပြီး ညစာစားပွဲလေးတစ်ခုလုပ်မှာပါ။ ညစာစားပွဲကိုတော့ တစ်ယောက်ကို ၃၀၀၀ ကျပ်နှုံးထည့်ဝင်ပြီး စားသောက်ဆိုင်တစ်ခုမှာ စုပေါင်းစားသောက်ကြမှာဖြစ်ပါကြောင်း ။

Blog Day 2008


Blog Day 2008 ကို သြဂုတ်လ ၃၁ ရက်နေ့မှာ နိုင်ငံတကာက လုပ်ကြတော့မယ် ...
လေးကြိမ်မြောက်ကျင်းပကြခြင်းဖြစ်ပါတယ် ....
ကျွန်တော်တို့ဆီမှာ မနှစ်ကတော့ ပျော်ပျော်ပါးပါးကြီးလုပ်ခဲ့ပါတယ် .... အောက်မေ့မိတယ်ပေါ့နော် .....
ဒီနှစ်လည်း ကြိုးစားနေကြပါပြီ .....
ဟောပြောပွဲတော့ မလုပ်နိုင်ကြတော့ပဲ တွေ့ဆုံ-စားပွဲ-ကစားပွဲလေးတော့ လုပ်ဖြစ်ကြတော့မှာပါ ...
တိုင်ပင်ကြတာပေါ့ဗျာ ................

Wednesday, August 6, 2008

World Photography Day

သြဂုတ်လ ၁၉ ရက်နေ့ဟာ ကမ္ဘာ့ဓာတ်ပုံပညာနေ့ World Photography Day ဖြစ်ပါတယ် ....
ဓာတ်ပုံဝါသနာပါသူတိုင်း အတွက် ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ဂုဏ်ပြုပြီး လုပ်ထားတဲ့ ဘလော့လေးတစ်ခုရှိပါတယ် ...
ကိုယ်တိုင်ဓာတ်ပုံလေးတွေကိုတင်ပြီး ဝေမျှခံစားနိုင်ပါတယ် ....
အဲဒီလိပ်စာလေးကတော့ www.wdp-mm.blosgpot.com ပဲ ဖြစ်ပါတယ် .....

Friday, August 1, 2008

ဆရာကြီးမင်းသိင်္ခ ကွယ်လွန်အနိစ္စရောက်

နာမည်ကျော် စာရေးဆရာနှင့် ဗေဒင်ဆရာကြီး မင်းသိင်္ခ ဒီနေ့မနက် ၆ နာရီက သုခကမ္ဘာဆေးခန်းမှာ ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်းသိရှိရပါတယ် ..... ဆရာကြီးမင်းသိင်္ခရဲ့ အသက် ၇၀ ပြည့်မွေးနေ့ကို ၂၀၀၈ ဇွန်လ ၂၅ ရက်နေ့က မရမ်းတလင်းအယူတော်မင်္ဂလာ ခြံတွင် ကျင်းပခဲ့ပါတယ် ...
အလုပ်တွေအများကြီးလုပ်ခဲ့တဲ့ ဆရာကြီးကွယ်လွန်သွားတာ အလွန်ပဲ ၀မ်းနည်းမိပါတယ် ...