Sunday, August 9, 2009

လူတိုင်း အရက်သမားဖြစ်ရမည် ဆိုတဲ့ စီမံချက်များလား ...

ဘီအီးထက်ပိုလန်းတဲ့
မန္တလေးယူပီ
ယစ်ရွှေရည်တဲ့ ......

သူငယ်ချင်းတို့ရေ ...
အမှတ် ၁ စက်မှုဝန်ကြီးဌာန ၊ စားသောက်ကုန်ထုတ်လုပ်ရေးမှ
အထူးစီမံချက်ဖြင့်ဖွင့်လှစ်ထားသည်ဆိုတဲ့ ဆိုင်က ကြော်ငြာစာသားလေးပါ ..
ဒီရက်ပိုင်းမှာမှ တွေ့ရတာလေးပါဗျာ..
ဘီအီးလောက်တောင်အဆင့်မရှိတော့တဲ့ အရက်များလားမသိပါဘူး ..
မန္တလေးယူပီ တစ်ပတ် ၅၀ ပါတဲ့ ...
ဒီ့အရင်ကတော့ မန္တလေးရမ်တစ်ပတ် ၁၀၀ ဆိုပြီး မန္တလေးမြို့ရဲ့ နေရာအတော်များများမှာ
ဆိုင်တွေ ဟီးနေအောင်ဖွင့်ပြီးရောင်းတယ် ..
လူစည်တယ်ဗျ ..
အခုနောက်ထပ်လာပြန်ပြီ ..
မန္တလေးယူပီတဲ့ ..
တစ်ပတ် ၅၀ ဆိုတော့လည်း လူစည်တာပါပဲ ..
လူတိုင်း အရက်သမားဖြစ်ရမည် ဆိုတဲ့ စီမံချက်များလား ...
စဉ်စားမိတာပါ .. သူငယ်ချင်းတို့ရေ ..
ကျုပ်စဉ်းစားတာ ကလေးအတွေးဖြစ်ချင်ဖြစ်နေမှာပါ ...
အမှတ် ၁ စက်မှုဝန်ကြီးဌာန စားသောက်ကုန်ထုတ်လုပ်ရေး စီမံချက်ဆိုလို့ပါဗျာ ..
ဆိုင်တွေကတော့ နေရာတိုင်းမှာ တွေ့နေရတာပဲ ..
လက်ဖက်ရည်ဆိုင်နဲ့အပြိုင်လို့တောင်ပြောလို့ရတော့မယ် ..

No comments: