Sunday, August 8, 2010

မန္တလေးက မြို့မတူရိယာအသင်းရဲ့ ၀က်ဆိုဒ်

၁၉၂၅ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ သက်တမ်းရှည် မန္တလေးဂုဏ်ဆောင်
မြို့မအပျော်တမ်းတူရိယာ အသင်းရဲ့ အင်တာနက်ဝက်ဆိုဒ်အသစ်
www.myomamusic.com ကို သြဂုတ်လ ၃ ရက်နေ့က စတင်
သုံးပြုနိုင်ပြီဖြစ်တယ်လို့ မြို့မ ပင်တိုင်အဆိုတော်
ဦးသန်းဇော်(မြို့မ)က အသိပေးပြောကြားပါတယ်။
ကိုယ်ပိုင်ဒိုမိန်းဝယ်ယူခြင်းကို iBiz ကကိုဝင်းထွန်းက
ဆောင်ရွက်ပေးထားတာလို့ဆိုပါတယ်။ အဆိုပါ ၀က်ဆိုဒ်မှာ မြို့မအသင်းရဲ့
သတင်း၊ လှုပ်ရှားမှုဓာတ်ပုံ၊ ဗီဒီယိုတွေကို လေ့လာကြည့်ရှုနိုင်မှာဖြစ် သလို
မြို့မအသင်းရဲ့ ပွဲတီးဇယားကိုလည်း ဖော်ပြထားပါတယ်။ မြို့မအသင်းရဲ့
ဝက်ဆိုဒ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုလည်း ဖော်ပြထားရာ
မြန်မာနိုင်ငံအတွင်း၌သာမက တစ်ကမ္ဘာလုံးက မြို့မတူရိယာ
အသင်းကြီး၏ဂီတရေစီးကြောင်း အတွင်းတွင် ပါဝင်စီးမျောနိုင်စေရန်၊
မြန်မာဆန်သော မြန်မာ့သီချင်းများ ကို နှောင်းခေတ်လူကြီးများသာမက
ယနေ့ခေတ်လူငယ်များ ခံစားတတ်စေရန်၊ အမြဲမရိုးနိုင်သော မြို့မ၏သတင်းများကို
အစဉ်မပြတ်သိရှိနိုင်ရန်၊ မြို့မတူရိယာအသင်းကြီး၏ သတင်းများကို
ပြည်သူများ အချိန်နှင့်တပြေးညီသိရှိနိုင်စေရန်အတွက် ဖြစ်ပါတယ်။

No comments: