Monday, August 3, 2009

နာရေးအသင်းတွေများနေသလားလို့

မန္တလေးမှာ နာရေးကူညီမှုအသင်းတွေ ၄၀ ကျော်ရှိနေပြီ။
အသင်းတစ်သင်းကို နာရေးကား ၂ စီးရိတယ်။
ဒါကြောင့် နာရေးပို့ယာဉ် စုစုပေါင်း ကား ၈၀ လောက်ရှိပြီ။
ဒါတောင် တစ်ချို့အသင်းတွေက ကား ၂ စီးမကရှိနေတယ်။
လူနာတင်ယာဉ်ဆိုပြီးလည်း ရှိသေးတယ်။
အမှုဆောင်တွေစီးဖို့ကားတွေလည်းရှိတယ်။
များသောအားဖြင့် လိုင်စင်မဲ့၊ နံပတ်မဲ့တွေပေါ့။
ဒီလောက်များတဲ့ နာရေးပို့ယာဉ်တွေ
နေ့တိုင်းရော အလောင်းတွေ သုသာန်ပို့ရလို့လားလို့ မေးစရာဖြစ်နေပြီ။
ဟုတ်တယ် ... နေ့စဉ် ဈေးဦးမပေါက်လို့ ထိုင်နေရတဲ့အသင်းတွေ အများကြီးပဲ။
ဒါတောင် နောက်ထပ်အသင်းတွေပေါ်လာဦးမယ်လို့ကြားနေရသေးတယ်။
ဒါဆို ဘာလို့ နာရေးအသင်းတွေ ဒီလောက်များလာတာလဲ။
ဒီအသင်းတွေကနေ နာမည်လိုချင်ကြတာလား။
စီးပွားရေးအရ ဘာများအကျိုးအမြတ်ရလို့လဲ။
နာရေးအသင်းတွေ တော်လောက်ပါပြီ။
နောက်ထပ်ခြေလှမ်းတွေဖြစ်တဲ့ လူနာတင်ယာဉ်တွေလည်းရှိနေပြီ။
အခမဲ့ဆေးခန်းတွေလည်း လုပ်နေကြပြီ။
ကုသိုလ်အလုပ် .. ကောင်းသောအလုပ်ပါ။
ဗြဟ္မစိုရ်စတင်တည်ထောင်စဉ်က ရပ်ကွက်တွေက လက်မခံခဲ့ကြတဲ့အလုပ်
အခုတော့ ဒီအလုပ်ကို အကြောင်းပြပြီး နေရာတွေယူချင်နေကြပြီ။
စဉ်းစားကြဖို့ အချိန်တန်ပြီတောင်မဟုတ်တော့ဘူး
စဉ်းစားကြဖို့ အချိန်လွန်နေပြီ။

1 comment:

Chan Mya Soe said...

40 :O
ဘာတွေများ လုပ်ကြမလို့လဲ မသိ။