Sunday, August 2, 2009

မန္တလေးရောက် မောင်သန်းဆွေ (ထားဝယ်)

ရှေးမြန်မာမင်းများရဲ့ ဆွေတော်မျိုးတော်များအကြောင်းကို အများအပြားရေးသားခဲ့တဲ့
စာရေးဆရာ မောင်သန်းဆွေ (ထားဝယ်) ဟာ ဒီနေ့ (၂-၈-၀၉) မနက်က
ရာပြည့်မန္တလေးစာအုပ်ဆိုင်မှာ သူရေးသားထားတဲ့ စာအုပ်များကို ၀ယ်ယူသူတိုင်း
စာအုပ်ပေါ်မှာ လက်မှတ်ရေးထိုးပေးပါတယ်။
ဝယ်ယူတဲ့စာအုပ်အတွက်ကိုလည်း ၁၀ ရာခိုင်နှုန်းလျော့ပေးပါတယ်။
မောင်သန်းဆွေ (ထားဝယ်) မန္တလေးမြို့ကို ရောက်ခိုက် စာအုပ်ရောင်းရင်း
လက်မှတ်ရေးထိုးပေးသလို
ဆွေတော်မျိုးတော်အချို့ကလည်း လာရောက်တွေ့ဆုံကြပါတယ်။
ဆရာရေးသားထားတဲ့ ကွဲလွဲတဲ့တစ်ချို့အချက်အလက်တွေကိုလည်း
ဆွေတော်မျိုးတော်ထဲက တစ်ယောက်က လာပြောနေတာကိုတွေ့ခဲ့ရတယ်။
ဆရာ မန္တလေးကိုရောက်ရှိနေခြင်းဟာ တောင်ပြုံးပွဲတော်ကြီးကို လာတယ်လို့လည်း
ပြောကြပါတယ်။

No comments: