Wednesday, September 26, 2007

မင်းကွန်းဆရာတော်ကြီး၏ မေတ္တာပို့

တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဝိစိတ္တသာရာဘဝိဝံသ၏ မေတ္တာပို့

လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ကြောက်တတ်-မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

မြင်အပ်-မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ဝေးနေ-နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ဘဝဇတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ရှည်-တို-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ကြီး-ငယ်-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ဆူ-ကြုံ-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

ညမထွက်ရ

မနေ့ညကြီးက ည ၉နာရီကနေ မနက် ၅နာရီအထိ ညမထွက်ရ ဆိုပြီး ရပ်ကွက်ထဲမှာ ကားနဲ့ အော်သွားပါတယ် ....
ငါးယောက်ထက်ပိုပြီး မစုရဘူးတဲ့ .... စီတန်းလှည့်လည်ခြင်းမလုပ်ရတဲ့ဗျာ ...........

ဒီနေ့မနက်တော့ ဘုန်းကြီးကျောင်းတွေမှာ လုံခြုံရေးအပြည့်ချထားပါတယ် .............
ှသံဆူးကြိုးတွေချထားတယ် .....
သံဆူးကြိုးနောက်မှာ လူ နှစ်တန်းရှိတယ် ...
လူတွေနောက်ကမှ ဒိုင်းကာနဲ့ လုံထိန်းတွေ ....
ဘေးပတ်ပတ်လည်မှာတော့ လက်နက်ကိုင် စစ်သားတွေ တွေ့ရတယ် .......

သံဃာတွေ ဆွမ်းခံနေတာလည်းတွေ့ရတယ် ..........
ရပ်ကွက် ဆွမ်းကြီးခံတွေလည်း ထွက်တာတွေ့ရတယ် ......
ဒီနေ့ ဥပုသ်နေ့ ....................

Sunday, September 23, 2007

မဆွေ - ဓာတ်ပုံနှင့်အလှပြင်ဆိုင်ဖွင့်ပွဲ


၈၂လမ်း၊ ၁၅လမ်းနှင့်၁၆လမ်းကြားက
မဆွေ - ဓာတ်ပုံနှင့်အလှပြင်ဆိုင် ဖွင့်ပွဲကို ရောက်ခဲ့တယ် .........

ဆိုင်ဖွင့်ပွဲက ၂၂ ရက်နေ့ကပါ ... ဒီနေ့မှပဲ တင်ဖြစ်ပါတယ် ........

မဆွေဆိုတာက ကျွန်တော်တို့ Blog Day အတွက် အင်တာနက်အသုံးပြုခွင့်ကတ် ၅၅ကတ် ပါဝင်ကူညီထားတဲ့ သူဖြစ်ပါတယ် . . .

မဆွေက လုပ်ငန်းအများအပြားကို လုပ်နေတဲ့သူဖြစ်ပါတယ် .......
သူရဲ့လုပ်ငန်းတွေကတော့ .......
အလှပြင်ဆိုင်၊ ဓာတ်ပုံ၊ အီးမေးလ်အင်တာနက်၊ အခြေခံသင်တန်းအမျိုးမျိုး၊ ပုံပြင်ဒီဇိုင်း၊ ဗင်နိုင်း၊ စာစီစာရိုက်၊ မိတ္တူ၊ လိပ်စာကတ်အမျိုးမျိုး၊ ဖိတ်စာအမျိုးမျိုး စတဲ့ လုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးနေပါတယ် . . .

စိတ်ဝင်စားတယ်ဆိုရင် ဆက်သွယ်လို့ရအောင်ပါ .........

သံဃာတော်များ စီတန်းလှည့်လည်

ဒီနေ့ သံဃာတော်တွေ အဖွဲ့အတော်များများ စီတန်းလမ်းလျှောက်ကာ မေတ္တာသုတ်များ ရွတ်ဖက်နေတာကို တွေ့ခဲ့ရပါတယ် ......
အဖွဲ့ ၅-ဖွဲ့ထက် မနည်းဘူးလို့ ယူဆရပါတယ် ......
ဈေးချိုမှာကိုပဲ သုံးဖွဲ့ ဖြတ်သွားပါတယ် ......

အိမ်တော်ရာဖက်ကထွက်လာတဲ့ အဖွဲ့က သံဃာ အပါး ၆၀၀ ကျော်ပါဝင်ပါတယ် ....
ရှေ့ဆုံးက သာသနာ့အလံကို ကိုင်ဆောင်ထားပြီး ဒုတိယတန်းက သံဃာက သပိတ်မှောက်ထားပါတယ် .....

အင်အားအများဆုံးအဖွဲ့က ၆၀၀ ကျော်ရှိပြီး .... အချို့အဖွဲ့ ၁၀၀ ကျော်ပဲ ရှိပါတယ် .......
မြတောင်တိုက်၊ မိုးကောင်းတိုက်၊ ဘုရားကြီးတိုက် အစရှိတဲ့ တိုက်တွေက သံဃာတော်တွေ ပါဝင်တယ်လို့ သိရပါတယ် .........

အမရပူရဖက်မှာလည်း စီတန်းလမ်းလျှောက်ကြတယ်လို့သိရပါတယ် ............

Friday, September 21, 2007

ဆုံးမစာ

သူများအကျိုး ပျက်စီးစရာကို
ဘယ်အခါမှ
မလုပ်နှင့် မပြောနှင့် မကြံနှင့်

ကြမ်းတမ်းသော စကားကို မဆိုနှင့်
မေတ္တာနှင့်ယှဉ်သော စိတ်ကို
ဖြစ်စေရမည်

အကောင်းကြံ အမှန်လုပ်
အဟုတ်ပြော

ယခုလက်ရှိ အချိန်ထက်
ကောင်းသော အချိန်မရှိ

လက်ရှိ အချိန်ကို နိဗ္ဗာန်အထိ
အကျိုးရှိအောင် သုံးပါ။


မင်းကွန်းတိပိဋကဓရဆရာတော်
ဦးဝိစိတ္တသာရဘိဝံသ

Wednesday, September 19, 2007

ရွှေမန္တလေးရဲ့ရိုက်ချက်

ပျင်းပျင်းရှိတာနဲ့ ဂျာနယ်တွေဖတ်ရင်း ရွှေမန္တလေးဂျာနယ်ထဲမှာ တူသယောင်ယောင်ရှိတဲ့ သတင်းနှစ်ပုဒ်ကို သွားတွေ့ပါတယ် .......
တစ်စောင်ထဲမှာ မဟုတ်ပဲ တစ်ပတ်စီမှာ ပါတဲ့ သတင်းနှစ်ပုဒ်ပါ ..........
သတင်းနှစ်ပုဒ်က ဆိုင်ကယ်ပွဲစားတန်းနဲ့ ပတ်သက်တာလေးပါ ........
ဇွဲဆုအောင် ဆိုတဲ့ ကလောင်အမည်နဲ့ တစ်ယောက်ထဲကရေးထားတဲ့ သတင်းဖြစ်ပါတယ် ........
ပထမအပတ်မှာ သတင်းရှည်ပါလာတယ် .........
အဲဒီထဲက သုံးပိုဒ်လုံးကို နောက်တစ်ပတ်မှာ တည်နေရာလေးတစ်ခုသာ ပြောင်းပြီးထပ်ရေးပါတယ် .........
တူညီတဲ့ သတင်းနှစ်ပုဒ်ကို မတူအောင် မရေးတတ်တာလား .......
စာဖတ်ပရိသတ်ကို လှည့်စားတာလား မပြောတတ်ပါဘူး ........
စိတ်ထဲမှာတော့ အတွေးတွေ ကျန်နေခဲ့တယ် ...........
စာနယ်ဇင်းပညာဆိုတာ ဒါမျိုးလား ......................

အမှတ်(၂၂၄) ၂၀၀၇-ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့ထုတ် ရွှေမန္တလေးဂျာနယ်ပါ ဇွဲဆုအောင်ရဲ့သတင်း


အမှတ်(၂၂၅) ၂၀၀၇-ခုနှစ်၊ သြဂုတ်လ(၂၇)ရက်နေ့ထုတ် ရွှေမန္တလေးဂျာနယ်ပါ ဇွဲဆုအောင်ရဲ့သတင်း

မန္တလေးမှာ .........

ဒီနေ့ မနက်က သံဃာတော်များ စီတန်းလမ်းလျှောက်ကြတယ်လို့ သိရပါတယ် ........

တစ်နာရီခန့် ကြာအောင် လမ်းလျှောက်ခဲ့တာဖြစ်ပြီး ပရိတ်တရားတော်များ၊ မေတ္တာသုတ်များရွတ်ဖတ်ကြတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့သူက ဆိုပါတယ် ........

အဲဒီလို လမ်းလျှောက်တာဟာ ကံဆောင်သပိတ်မှောက် ဆန္ဒပြတယ်လို့ သိရပါတယ် .........

CD/DVD for Blog for All -Seminar

Blog for All - Seminar
CD/DVD အခွေရနေပါပြီ .....
လိုချင်သူများ
အမှတ်တရ စီဒီဘူး၊ ကာဗာနှင့်အတူ
တစ်ခွေလျှင် ၂၀၀၀ နှုန်းဖြင့်
ရယူနိုင်ပါပြီဗျာ ...........


ရယူလိုသူများ comment တွင် ၀င်ရေးပေးပါ ....
အမှာစာအရသာ ကူးမည်ဖြစ်ပါသည်။

တက္ကသိုလ်စာမေးပွဲတွေစဖြေမည်

ဒီနေ့ တက္ကသိုလ်ပေါင်းစုံရဲ့ စာမေးပွဲစဖြေမယ့်နေ့ပါ .....

မန္တလေးမှာတော့ ဒီနေ့ လှုပ်လှုပ်နဲ့ သတင်းတွေထွက်နေတယ်ဗျာ ....

မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းချင်တယ်ဗျာ .........

စာမေးပွဲပြီးအောင်တော့ ဖြေစေချင်ပါတယ်ဗျာ ....

အောင်ပါစေလို့လည်း ဆုတောင်းပေးပါတယ် ......


တကယ်တော့ ကျွန်တော့်လို့ မဖြစ်စေချင်တာပါ ........

၈၇-၈၈-၉၆ တွေမှာ ကျောင်းအကြာကြီး ပိတ်ခဲ့တယ် .........

ယောင်တလည်လည်နဲ့ ဘာမှ မလုပ်ဖြစ်ခဲ့ဘူး ........

ပညာရေး ၊ စီးပွားရေးတွေလည်း ဘာမှ မဖြစ်ခဲ့ဘူး ..... မတိုးတက်ခဲ့ဘူး ........

အခုထိ ယောင်တလည်လည်နဲ့ပါပဲဗျာ ............

ဘာကြောင့်လဲဆိုတာမသိပေမယ့် ကျွန်တော့်လို မဖြစ်စေချင်တာတော့ အမှန်ပါ .......

Monday, September 17, 2007

မိဘမဲ့ကလေးများ 78 Shopping Centre အလည်သွား

မနေ့က (၁၆-၉-၂၀၀၇) 78 Shopping Centre မှာ ကျင်းပတဲ့ ကလေးဖက်ရှင်ပြိုင်ပွဲမှာ မိဘမဲ့ကလေး-၇၀ လာရောက်ကြည့်ရှုတာကို တွေ့ခဲ့ရပါတယ် .......
ကလေးတွေက ပြည်လုံးချမ်းသာ ပရဟိတကျောင်းတိုက်ကဖြစ်ပါတယ် .......
နေ့လယ်(၁)နာရီလောက်က 78 Shopping Centre ကို ရောက်ရှိလာကြပြီး Happy World ကစားကွင်းမှာ ကစားကြပါတယ် ............
ကစားပြီးတဲ့နောက်မှာ အဟာရကျွေးမွေးပါတယ် .....
အဲဒီနောက်မှ ကလေးဖက်ရှင်ပြိုင်ပွဲကို လာကြည့်ကြတာပါ .....
အလှူငွေနဲ့ပစ္စည်းတွေကို အလှူရှင်များကိုယ်တိုင် ပြည်လုံးချမ်းသာ ပရဟိတကျောင်းကို လှူဒါန်းကြပါတယ် ....
ညနေ (၅)နာရီလောက်မှာ ပြန်သွားကြပါတယ် ................

အလှူခံရရှိတဲ့အလှူငွေ

၁၅-၉-၂၀၀၇ နေ့ပြိုင်ပွဲ ထိုင်ခုံရောင်းရငွေ( ၁၅၀၀၀၀-ကျပ်)
၁၆-၉-၂၀၀၇ နေ့ပြိုင်ပွဲ ထိုင်ခုံရောင်းရငွေ (၁၃၂၀၀၀-ကျပ်)
လျှောက်လွှာရောင်းရငွေ (၆၈၀၀၀-ကျပ်)
အလှူခံပုံးမှအလှူငွေ (၁၅၉၂၅၀-ကျပ်)

စုစုပေါင်း (၅၀၉၂၅၀-ကျပ်)



ပစ္စည်းအလှူ

ဒေါ်စီရုံးမေ (ပိတ်စ ၇၁-စ)
ဒေါ်စန်းစန်းမြင့် (ပုံနှိပ်စာအုပ် ၂၉-အုပ်)
For Baby (အ၀တ်အထည် ၄၃-ထည်)+ (အာရှအချိုရည် ၃-ဖာ)
ဇွဲရဲနိုင်-မွေးနေ့ အလှူ (အလှူခံပုံး ၁-ပုံး)
Happy World (ကလေးများအခမဲ့ကစားခွင့်)
City Mart (မုန့်ထုတ် ၇၇-ထုတ်)






ကလေးဖက်ရှင်ပြိုင်ပွဲ

မနေ့က 78 Shopping Centre မှာ ကျင်းပတဲ့ ကလေးဖက်ရှင်ပြိုင်ပွဲကို ရောက်ခဲ့တယ် ..
ကလေးတွေရဲ့ ချစ်စရာကောင်းတဲ့ ဟန်မူရာတွေကို တွေ့ခဲ့ရတယ် ....
အချိန်တိုအတွင်း သင်ပေးလိုက်ပေမယ့် အားလုံးကို လုပ်တတ်ကြတယ် .....
တကယ့်ကို တော်ကြတယ် ....
ဆုကြေငြာတဲ့အထိတော့ မနေနိုင်တာနဲ့ ဘယ်သူတွေဆုရသွားတယ်ဆိုတာတော့ မသိလိုက်ရဘူး ....
ဓာတ်ပုံတစ်ချို့ကိုတော့ ခံစားကြည့်နိုင်ပါတယ် ..........





Saturday, September 15, 2007

MCIA က ဟောပြောပွဲ

ဒီနေ့ မွန်းလွဲ (၁)နာရီက မန္တလေးတိုင်း ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှာ ကျင်းပတဲ့ ဟောပြောပွဲကို ရောက်သွားပါတယ် ...... ဦးရဲမြတ်သူ ဟောပြောတာပါ ......

Thursday, September 13, 2007

78 Shopping Centre ရဲ့ ကလေးဖက်ရှင်ပြိုင်ပွဲ

78 Shopping Centre မှာ ကလေးမောင်မယ် ဖက်ရှင်ပြိုင်ပွဲ ကျင်းပမယ်လို့ ကြေငြာထားပါတယ် .....

၁၅-၉-၂၀၀၇ နဲ့ ၁၆-၉-၂၀၀၇ ရက်နေ့တွေမှာ မွန်းလွဲ ၁၂း၃၀ မှာ ကျင်းပမှာ ဖြစ်ပါတယ် .........

ထူးခြားတာကတော့ .......

“ ပြည်လုံးချမ်းသာ ပရဟိတကျောင်းတိုက် ” မှ မိဘမဲ့ကလေး(၇၀) အား 78 Shopping Centre တွင် လေ့လာရေး အဖြစ် ခေါ်၍ ကလေးပြိုင်ပွဲ ကြည့်ရှုခွင့်ပြုခြင်း၊ ခေတ်မီကလေးကစားကွင်းတွင် ကစားခွင့်ပြုခြင်း၊ အဟာရကျွေးခြင်း တို့အပြင် ပြိုင်ပွဲဝင်လျှောက်လွှာ ရောင်းရငွေနှင့် ပြိုင်ပွဲထိုင်ခုံများ ရောင်းရငွေတို့ အား မိဘမဲ့ ကလေးကျောင်းသို့ လှူဒါန်းခြင်း၊ 78 Shopping Centre တွင် အလှူခံ ကောင်တာဖွင့်လှစ်၍ အခြားလှူဒါန်းလိုသူများ၏ လှူဖွယ်ပစ္စည်းများကိုလည်း လက်ခံ၍ မိဘမဲ့ကလေးကျောင်းသို့ လှူဒါန်းသွားပါမည်။ Happy World ခေတ်မီကလေးကစားကွင်းမှ မိဘမဲ့ကလေးများကို အခမဲ့ကစားခွင့်အား ပါဝင်ကူညီပေးထားပါသည်။

Wednesday, September 12, 2007

သင် စိတ်ဓာတ်ကျနေပြီလား

--------------------------

သင်စိတ်ဓာတ်ကျနေပြီလား ??????

ဒါလေးကို download လုပ်ပြီး ဖတ်ကြည့်ပါ .......


---------------------------

Tuesday, September 11, 2007

ဇော်ဂျီအသုံးပြုသူများသို့ ပန်ကြားလွှာ


ဇော်ဂျီအသုံးပြုသူများသို့ ပန်ကြားလွှာ


Blog Day အထိမ်းအမှတ် အဖြစ် ထုတ်ဝေခဲ့သော စီဒီတွင် ကျွန်တော်တို့၏ ဆန္ဒစောမှုကြောင့် ဇော်ဂျီဖောင့် အဟောင်းနှင့် ပါသွားပါသည်။ ထို့အတွက် ကျွန်တော်တို့မှ အနူးအညွတ် တောင်းပန်အပ်ပါသည်။ ၄င်းအမှားအား ယခု ပြန်လည်ပြင်ဆင်ပြီး ဖြစ်ပါ၍ Download ပြုလုပ်ပြီး သုံးစွဲနိုင်ပါသည်။

အထက်ကစာပိုဒ်က www.alpha.com.mm/blogday မှာ ကြေငြာထားတာပါ........

၃၁-၈-၂၀၀၇ နေ့က ကျင်းပခဲ့တဲ့ မန္တလေး Blog Day နေ့မှာ ဝေခဲ့တဲ့ စီဒီထဲက မှားယွင်းနေတာကို ပြန်လည် ပြင်ဆင်ပြီးကြောင်း အကြောင်းကြားတာပါ။ ပြန်လည် download လုပ်ပြီး အသုံးပြုနိုင်ကြောင်း သတင်းကောင်းပါလိုက်ပါတယ် ။ စီဒီများကို ကိုရဲမြတ်သူ Alpha Computer ကနေ Sponsor လုပ်ပေးတာ ဖြစ်ပါတယ်။

Certificate Course for Social Entrepreneurship


Myanmar Egress ကနေ သင်ကြားပို့ချမယ့် Certificate Course for Social Entrepreneurship
သင်တန်းကို စက်တင်ဘာလ-၂၄ ရက်နေ့မှာ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ် ........... အသေးစိပ်အချက်အလက်ကို သင်တန်းရဲ့ website မှာ သွားရောက်ကြည့်ရှုစေလိုပါတယ် .......

မန္တလေးက ကိုရဲမြတ်သူ (Alpha) က Director of Technology အဖြစ်ပါဝင်ပါတယ် ....

အလုပ်အကိုင် အခွင့်အလမ်းများ မည်မျှပင် ရှားပါးစေကာမူ Employability ရှိသော လူသားအရင်းအမြစ်များအတွက် အခွင့်အလမ်းရှိနေစမြဲ ဖြစ်ပါသည် လို့ ဆိုထားပါတယ် .......

Monday, September 10, 2007

ွှအိုင်တီမောင်မောင်ရဲ့ ပလော့

ကိုယ်ပိုင် ပလော့လေးတစ်ခုလို့ ပြောရမယ့် ပလော့ပါ ......

http://www.itmgmg.com/myblog.aspx

AAT က ကိုဇင်မင်းလုပ်ထားတာပါ .....





MCPA က SIG Blog

မန္တလေးတိုင်းကွန်ပျူတာပညာရှင်များအသင်းက SIG - Special Interest Group ရဲ့ Blog တွေပါ .......

ဟောပြောပွဲကို မတက်နိုင်ခဲ့ပေမယ့် Blog ကနေ လေ့လာနိုင်မလား ၀င်ဖတ်ကြည့်တာပါ ......

၂၀၀၆ အောက်တိုဘာလ၊ နိုင်ဝင်ဘာလကစပြီး Blog က ဘာမှ active မဖြစ်ဘူးဖြစ်နေတယ် ....

Linux ဆိုရင် ဘာမှ ကို ရေးမထားတာ ............

ဟောပြောပွဲ အကြောင်းလေးတွေကို ရေးတင်ပေးရင် သိပ်ကောင်းမှာပဲ ........

PowerPoint တွေကအစ တင်ပေးထားရင်ပိုကောင်းတာပေါ့ဗျာ ......

MCPA ကတင်ထားတဲ့ ကျွန်တော်သိတဲ့ Blog သုံးခုက

http://sig-linux.blogspot.com/

http://sig-hardware.blogspot.com/

http://sig-graphic.blogspot.com




SIG-Hardware (Downing-Time Troubleshooting)

မနေ့က 9-9-2007 ရတနာပုံဆိုက်ဘာကော်ပိုရေးရှင်းက မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း အစည်းအဝေးခန်းမမှာ ဆရာဦးလှကောင်းရဲ့ Downing-Time Troubleshooting ခေါင်းစဉ်နဲ့ ဟောပြောပွဲကို ရောက်ခဲ့ပါတယ် ...... တက်ရောက်သူ ၃၀ ခန့်ရှိပါတယ် ..... စာနယ်ဇင်းသမား ၁၀ ယောက်ခန့်ကိုလည်း တွေ့မြင်ခဲ့ရပါတယ် ..........


ယခုလို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျင်းပတဲ့ ဟောပြောပွဲဟာ SIG - Special Interest Group ဖွဲ့စည်းဖို့ ဖြစ်ကြောင်း၊ တက်ရောက်လာသူများနဲ့ ဖွဲ့စည်းရန် ဖြစ်သော်လည်း အပတ်စဉ် ပုံမှန်တက်ရောက်လာသူမရှိတဲ့ အတွက် ဖွဲ့စည်းလို့ မရနိုင်သေးကြောင်း အဖွင့်အမှာစကားကို ပြောကြားပါတယ် .......

Downing-time Troubleshooting ဟာ စက်ပိတ်ဖြစ်စဉ်အကြောင်းကို ပြောတာဖြစ်ကြောင်း၊ shutdown process ဖြစ်ကြောင်း၊ စက်ပိတ်ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အကြောင်းကို အကျယ်တ၀ံ့ ပြောကြားခဲ့တဲ့ အပြင် စက်ပိတ်တဲ့အချိန်မှာ ဖြစ်တတ်တဲ့ ပြသနာများအကြောင်းကို ပြောကြားပြီး ဖြေရှင်းနည်းများကိုပါ ပြောကြားခဲ့ပါတယ် ......

Blogger များသိစေရန်

Blogger Status

Monday, September 10, 2007

Blogger and Blog*Spot will be unavailable Monday (9/10) at 11:00PM PDT for about 10 minutes for maintenance.


Posted by Jessica at 10:31 PDT

Friday, September 7, 2007

စိတ္တသုခ ပရဟိတလူငယ်

မန္တလေးမှာ စိတ္တသုခ ပရဟိတလူငယ်ရဲ့ Blog လေးပါ .......



စိတ္တသုခ ပရဟိတလူငယ်က ဒီလို ဖိတ်ခေါ်ထားပါတယ် .........

ကျွန်တော်တို့က ၀န်ထမ်းတွေ များပါတယ် . . . အလုပ်သမားပဲ ပြောရမလားပဲ လခစားတွေပေါ့ . . . ဒီတော့ တစ်လ တစ်လ ရတဲ့လခကို သုံးကြစွဲကြ မလောက်မငှကြားထဲက အလှူလုပ်ချင်ကြတယ်လေ . . တစ်ယောက်တည်းလုပ်ဆိုတော့လည်း မဖြစ်နိုင်ဘူး . . ဒီတော့ သူငယ်ချင်းတွေစုပြီး ခြောက်လ တစ်ခါလှူမယ်ဆိုပြီး တစ်လကို တစ်ယောက် တစ်ထောင်စီစုကြတယ် နောက် ဘယ်နေရာလှူကြမလဲတိုင်ပင်ကြတယ်ဗျာ . . လှူစရာနေရာတွေ့တော့ လှူကြတာပေါ့ . . ဖြူစင်ရိုးသားပြီး အရောင်မပါသူ လူငယ်များပါ . . မည်သူမဆို ဖြူဖြူစင်စင် အရောင်မဆိုးဘဲ ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်ပါတယ်
ဒီလိုနေရာတွေမှာ လှူကြမယ်တဲ့ဗျာ ..............

မိဘမဲ့ ခိုကိုးရာမဲ့ ကလေးသူငယ်များကို စောင့်ရှောက်ထားသော ပရဟိတကျောင်းများ၊ ဌာနများ။ ခိုကိုးရာမဲ့ အဘိုး၊ အဘွားများအား စောင့်ရှောက်ထားသည့် ဘိုးဘွားရိပ်သာများ။ ကိုယ်လက်အင်္ဂါ ချို့တဲ့ ချို့ယွင်းသူများ။ မသန်စွမ်းသူများ၊ ကျန်းမာရေးချို့တဲ့သူများအား ထိန်းသိမ်းစောင့်ရှောက်သည့်ဌာနများ။ မျက်မမြင်ကျောင်းများ၊ နားမကြားသောကလေးများကျောင်း၊ ကျန်းမာရေးဌာနများ၊ မသန်စွမ်းသူများ စောင့်ရှောက်ရေးဌာနများ၊ ပြန်လည်ထူထောင်ရေးဌာနများ၊ သဘာဝဘေးဒဏ်ခံစားရသူများ သို့ ဘာသာ၊ လူမျိုးမရွေး ကုသိုလ်ပြုပါမယ်။


အလှူငွေကတော့ ဒီလို ကောက်ခံပါတယ် ................

(က) လစဉ်ကြေးအလှူငွေ လစဉ်ကြေးအလှူငွေကို တစ်လလျှင် ၁၀၀၀ိ/- ကျပ် (ကျပ်တစ်ထောင်) သတ်မှတ်ပါတယ်။ ခြောက်လ တစ်ကြိမ် လှူဒါန်းခြင်းဖြစ်လို့ ခြောက်လစာ ခြောက်ထောင်ကျပ်ကို အလှူ မလှူဒါန်းမီ တစ်ပေါင်းတည်း တစ်ကြိမ်တည်းလည်း ပေးသွင်းလှူဒါန်းနိုင်ပါတယ်
(ခ) သီးသန့်အလှူငွေ စေတနာရှင်များ၏ဆန္ဒအလျောက် အလှူငွေ(ပစ္စည်း)များကိုလည်း လှူဒါန်းနိုင်ပါတယ်။

လှူမယ့်နေရာ ရွေးချယ်ပုံကတော့ ..............

(က) စေတနာရှင်များက မည်သည့်အရပ်ဒေသရှိ မည်သို့သော ဌာနတွင် လှူဒါန်းလိုကြောင်း ဆန္ဒပြုနိုင်ပါတယ်
(ခ) နေရာကို စိတ္တသုခ ပရဟိတလူငယ်များ၊ စေတနာရှင်များ အများစုက အတည်ပြု ရွေးချယ်ကြပါမယ်
(ဂ) စေတနာရှင်များက သီးခြားနေရာတွင် လှူဒါန်းလိုပါက စိတ္တသုခ ပရဟိတလူငယ်များက အလှူဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးပါတယ်။

ဒီလိုလှူကြပါတယ် ...........

(က) ခြောက်လ တစ်ကြိမ် ပင်မ အလှူကို လှူဒါန်းခြင်း
(ခ) နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်း အောင်တော်မူမြတ်စွာဘုရားတွင် ဆီမီးပူဇော်ခြင်း၊
(ဂ) သီးသန့်အလှူရှင်များ၏ အလှူများဖြစ်မြောက်ရေး အကျိုးဆောင်ပေးခြင်း၊
(ဃ) သဘာဝဘေးအန္တရာယ်ကျရောက်ပါက လှူဒါန်းခြင်း၊
(င) လိုအပ်ပါက လုပ်အားဒါန လှူဒါန်းခြင်း။

စိတ္တသုခ ပရဟိတလူငယ်လေးများက ကဗျာလေးတစ်ပုဒ်ရေးဖွဲ့ထားပါတယ် .........
တူညီသောလက်
ကူသောလက်ဖြင့်
လိုအပ်နေရာ
အလင်းပေးကာ
စိတ်ချမ်းသာဖို့
ဆောင်ရွက်နေတာ
စိတ္တသုခ
ပရဟိတ
လူငယ်လေးတွေပါ .....

အခွန်အခ

အိမ်ခွန်၊ ရေခွန်၊ မြေခွန်၊ မိလ္လာခွန် စတဲ့ အခွန်အခအားလုံး စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဈေးတက်သွားပါပြီ ....

အရင်ဆောင်နေကြ ရေခွန် ၂၀၀၀ ကျပ် ပတ်ဝန်းကျင်က အခု ၇၀၀၀ ကျော် ဆောင်လိုက်ရပါတယ် ......

လျှပ်စစ်မီးခွန်ကတော့ အရင်လတွေကထဲက တိုးသွားတာပါ ..........

Thursday, September 6, 2007

မန္တလေးသားတွေမရိုင်းပါ .............

http://why-do-we-blog.blogspot.com/
မှာ မန္တလေးသားနာမည်နဲ့ ဆဲရေးတိုင်ထွာမှုတွေလုပ်နေပါတယ် .....

ကျွန်တော်တို့ မဟုတ်ကြောင်း အသိပေးပါရစေ ........

အဲဒီလိုလုပ်နေတာကိုလည်း ရှုတ်ချပါတယ်ဗျာ ...........

မန္တလေးသားတွေမရိုင်းပါ ......................

Upper Myanmar Journal and Blog Day

ကြာသပတေးနေ့တိုင်း ထုတ်ဝေနေတဲ့ မန္တလေးမြို့က Upper Myanmar သတင်းဂျာနယ်မှာ မန္တလေးမြို့ ရတနာပုံဆိုက်ဘာကော်ပိုရေးရှင်း ခန်းမမှာ ၃၁-၈-၂၀၀၇ ရက်နေ့က ကျင်းပခဲ့တဲ့ Blog Day 2007 အခမ်းအနား သတင်းပါရှိလာပါတယ် ....... အဲဒီသတင်းလေးကို စကင်လုပ်ပြီး တင်ပေးလိုက်တာပါ .......

Wednesday, September 5, 2007

Myanmar Photo Gallery website မိတ်ဆက်

website တစ်ခုကို မိတ်ဆက်ပေးတာပါ ....

http://www.myanmarphotogallery.com/

Myanmar Photo Gallery တစ်ခုပါ ............
ဓာတ်ပုံပညာရှင် ညောင်ဦးသန်းဌေး ရဲ့ လက်စွမ်းပြ ဓာတ်ပုံတွေကို ခံစားနိုင်ပါတယ် .........

Silverlight.1.0 ဆိုတဲ့ software တော့ သုံးဖို့လိုပါတယ် ......
Silverlight.1.0 ကိုဒေါင်းလုပ်လုပ်ပြီး သုံးကြည့်နိုင်ပါတယ် .........


Myanmar Blog Directory မိတ်ဆက်


Blog Directory တစ်ခုကို မိတ်ဆက်ပေးတာပါ ...

http://www.sharbar.net/
Myanmar Blog Directory တဲ့ဗျာ ........
မြန်မာပလော့တွေကို လွယ်လွယ်ကူကူ ရှာဖွေနိုင်မယ့်နေရလေးပါ .........
အခုမှပဲ ပလော့တွေကို မြန်မြန်ဆန်ဆန်နဲ့ ရှာနိုင်ပါတော့တယ် .......
တစ်ခါမှ မဖတ်ဘူးသေးတဲ့ အသုံးဝင်တဲ့ ကောင်းတဲ့ ပလော့တွေကို တွေ့ရတယ် .....
ကျွန်တော့်အတွက်တော့ တန်ဖိုးရှိပါတယ် ............

Monday, September 3, 2007

အင်တာဗျူး

ရွှေမန္တလေးဂျာနယ်တိုက်က နန်းစုရဲ့ အင်တာဗျူး မြင်ကွင်းတစ်ခုပါ .....
gtalk ကို အသုံးပြုပြီး အင်တာနက်ကနေတဆင့် လျှောက်ထားပြီး စင်ကာပူမှာ ကျောင်းတက်ခွင့်ရနေတဲ့သူနဲ့ အင်တာဗျူးနေတာဖြစ်ပါတယ် ......
နေရာကတော့ မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်းရုံးမှာပါ .............
နန်းစု ဟာ စာနယ်ဇင်းပညာသင်တန်းရဲ့ သင်တန်းသူတစ်ဦးလည်းဖြစ်ပါတယ် ..............



Sunday, September 2, 2007

မန္တလေးက Blog Day

၃၁-၇-၂၀၀၇ နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော
World Blog Day 2007 အထိမ်းအမှတ်
Blog for All - Seminar
အခမ်းအနားပုံရိပ်များကို
mdyblogshow.blogspot.com တွင်
တစုတစည်းတည်း တင်ထားပေးပါကြောင်း
အသိပေးအပ်ပါသည်။


Saturday, September 1, 2007

Blog Day - Seminar (Blog for All) ပုံရိပ်များ (၂)

အဖြေမှန်ဆုလက်ဆောင်ပြင်ဆင်နေကြတာ ...

အောင်ချမ်းလင်း acl ရဲ့Live Blog အတွက် ကြိုးစားနေပုံ

လက်မှတ်ထိုးမယ့်သူတွေကို စောင့်နေကြတာ ....
(လက်ဆောင်တစ်ခုထက်ပိုပြီး ယူသွားမှာစိုးလို့ Blogger အများကြီး ကင်းချထားရတာ)

သူတို့လေးတွေလည်း ပြင်ဆင်နေကြတာ ...

ရန်ကုန်က Blog Day

ရန်ကုန်မှာ ကျင်းပတဲ့ Blog Day အခမ်းအနားပါ .......

အောက်ပါလင့်မှာ လှုပ်ရှားမှုပုံရိပ်တွေကို ကြည့်နိုင်ပါတယ် ....

http://why-do-we-blog.blogspot.com/

Blog Day - Seminar (Blog for All) မှာ ပြောခဲ့တာတွေပါ ...

အားလုံးမင်္ဂလာပါခင်ဗျာ

ကျွန်တော်တင်ပြချင်တဲ့ ခေါင်းစဉ်ကတော့ ကျွန်တော်နဲ့ဘလော့ ဖြစ်ပါတယ် ............

အရှေ့မှာ ဘလော့အကြောင်းသိကောင်းစရာနဲ့ ပတ်သက်ပြီး မရတနာချိုက တော်တော်ပြည့်စုံအောင် ပြောခဲ့ ပါတယ် .... နောက်ပြီး ဘလော့နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေကို ဆရာကိုဆန်းဦးနဲ့ ကိုအောင်ချမ်းလင်းတို့ကလည်း ပြည့်ပြည့်စုံစုံ တင်ပြသွားတာကို တွေ့ရပါတယ် ...... ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်သိတဲ့ ဘလော့ တစ်ချို့အကြောင်းကို တင်ပြသွားပါ့မယ် .....

ပထမဆုံးအနေနဲ့ကတော့ ကျွန်တော်ရေးနေတဲ့ ဘလော့ကို အရင်ဆုံး တင်ပြပါရစေ ..... ကျွန်တော်က ဓာတ်ပုံ ၀ါသနာပါတယ် ...... ဓာတ်ပုံရိုက်တယ် ... ဓာတ်ပုံဆရာပေါ့ဗျာ ..... ကျွန်တော်ရိုက်ခဲ့တဲ့ဓာတ်ပုံတစ်ချို့ကို ပလော့ပေါ်မှာတင်တယ် ... စိတ်ဝင်စားတဲ့ ဘယ်သူမဆို လာပြီး ကြည့်လို့ရတယ် .... မိမိရဲ့ အမြင်တွေကို comment မှာ ၀င်ရေးလို့ရတယ် .... အဲဒီလို comment တွေ ၀င်ရေးကြတဲ့ အတွက် အမြင်ချင်းဖလှယ်လို့ရတယ် .... မသိတာတွေ မေးလို့ ရသလို ကိုယ်သိထားတာတွေကိုလည်း ပြန်ပြောပြလို့ရပါတယ် ..... ဒီလိုနဲ့ ပညာတွေ ဖလှယ်ရင်း အပေါင်းအသင်းတွေ ရလာနိုင်ပါတယ် .... community တစ်ခု တည်ဆောက်ပြီး ဖြစ်သွားပါ တယ် ...

ကျွန်တော့်ရဲ့ ဓာတ်ပုံပလော့မှာ ကျွန်တော်ကိုယ်တိုင် ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုပဲ တင်ပါတယ် ....

အနယ်နယ် အရပ်ရပ်မှာ ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေကို မျှဝေခံစားလို့ရအောင် တင်ပေးတာပါ ..... ဓာတ်ပုံတွေကို ကြည့်ပြီး မရောက်ဖူးသေးတဲ့ ဒေသကို ရောက်သွားသလို ခံစားရမယ် .... ဓာတ်ပုံပညာရပ်အနေနဲ့ လေ့လာချင်တယ်ဆိုရင်လည်း လေ့လာလို့ရမယ် ...... လေ့လာပြီးရင် ဝေဖန်ဆန်းစစ်နိုင်မယ် .... ဒါတွေဟာ Blog ပေါ်မှာ ရနိုင်တဲ့ အခွင့်အရေး တစ်ခုပါပဲ .....

တစ်ရက်မှာ .... ၀ါသနာတူတဲ့သူတွေ စုပြီး ဓာတ်ပုံတွေ ၀ိုင်းတင်ကြမယ်လို့ စိတ်ကူးရတယ် .... တိုက်ဆိုင်ချင်တော့ ဓာတ်ပုံပညာကို ဂုဏ်ပြုတဲ့ ဓာတ်ပုံပညာနေ့နဲ့လည်း အချိန်ကိုက် ဖြစ်သွားတယ် ... ဒါနဲ့ ဓာတ်ပုံတွေကို ၀ိုင်းပြီးတင်ကြဖို့အတွက် team blog (gourp blog) လေးတစ်ခု လုပ်ဖြစ် သွားတယ် ..... wpd-mm.blogspot.com ဆိုပြီး နာမည်ပေးခဲ့ပါတယ် ..... အဲဒီပလော့မှာ ဓာတ်ပုံဝါသနာပါတဲ့သူတွေရဲ့ လက်စွမ်းပြဓာတ်ပုံအများအပြားကို တွေ့ရမှာ ဖြစ်ပါတယ် .... ဒီလို team blog (group blog) တွေမှာ အပြိုင်အဆိုင်လေးတွေ မသိမသာ ပါလာတော့ ပိုပြီး မြိုင်ဆိုင်ပါတယ် ..... ကိုယ်ပိုင် ပလော့တစ်ခုပေါ်မှာ ကိုယ့်တစ်ယောက်ထဲ ရေးနေတာထက်စာရင် အုပ်စုလိုက်ဝိုင်းရေးတဲ့အခါမှာ ပိုပြီးတော့ ဂရုစိုက်လာရတယ် ..... ကိုယ့်တင်လိုက်တဲ့ ပို့စ်အတွက် ကိုယ်က တာဝန် အပြည့်ရှိနေပြီဆိုတာ သိလာတာနဲ့အမျှ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေ ပိုကောင်းလာတယ် .... ပိုပြီး အလုပ်လုပ်ဖြစ်သွားပါတယ် ..... ဒါဟာ team blog (group blog) တစ်ခုမှာ ပါလာတဲ့ ကောင်းတဲ့အချက်လေးပါ ....

team blog အနေနဲ့ ရေးခဲ့တဲ့ ပလော့ထဲမှာ့ သင်္ကြန်ပလော့ဟာ အဲဒီအချိန်က active အဖြစ်ဆုံး popular အဖြစ်ဆုံး ဖြစ်ခဲ့ပါတယ် ..... အနယ်နယ် အရပ်ရပ်က သင်္ကြန်အကြောင်းတွေကို တင်ထားကြတော့ စိတ်ဝင်စားစရာ တော်တော်ကောင်းခဲ့ပါတယ် .......

------- ပို့စ်တစ်ချို့ကို ဆလိုက်ပေါ်မှာ လေ့လာကြည့်နိုင်ပါတယ် .....

ကျွန်တော့်ရဲ့ နောက်ထပ် ဘလော့တစ်ခုကို မိတ်ဆက်ရမယ်ဆိုရင်တော့ ဆြာဘ ဆိုတဲ့ ကလောင် နာမည်နဲ့ ရေးထားတဲ့ ဂျာနယ်ပုံစံ ပလော့လေးပါ .... Blogger တစ်ယောက်ဖြစ်တဲ့ ဦးထိပ်နဲ့အတူ ဆရာကိုရိုးကွန့် ဖွင့်လှစ်သင်ကြားနေတဲ့ စာနယ်ဇင်းသင်တန်းကို တက်ရောက်ခဲ့ကြပါတယ် .... အဲဒီသင်တန်းမှာ ရခဲ့တဲ့ ဆြာဘ ဆိုတဲ့ ကလောင် နာမည်ကို နှစ်သက်သဘောကျမိတာနဲ့ ဘလော့ နာမည်ကို ဆြာဘ ဆိုပြီး ပေးခဲ့တာ ဖြစ်ပါတယ် .... စာနယ်ဇင်းသင်တန်းမှာ သင်ကြားလေ့ကျင့် ပေးခဲ့တဲ့ စာရေးနည်းတွေကို အသုံးချပြီး ပလော့မှာ စာတွေရေးဖြစ်ပါတယ် .... ဂျာနယ်တွေ ပေါများနေတဲ့ ခေတ်ကြီးမှာ ဘာလို့ ၀င်မရေးတာလည်းလို့ မေးကြပါတယ် ..... တကယ်တော့ ကျွန်တော် စာတွေ အရမ်းရေးချင်ပါတယ် .... စာနယ်ဇင်းက ပုဂ္ဂိုလ်တွေကိုလည်း လေးစား ပါတယ် ... ကျွန်တော်ရေးတဲ့စာက သိပ်မကောင်းတော့ ပွဲမတိုးရဲဘူးပေါ့ဗျာ .... ဂျာနယ်တိုက်ကို ပို့လိုက်ရင် ပယ်ခံရမှာ သေချာတယ် .... ဒါကြောင့် ကိုယ့်ရဲ့ ပလော့ထဲမှာပဲ စိတ်ကြိုက် ရေးဖြစ်ပါတယ် .... အယ်ဒီတာလည်း ကျွန်တော် .... စာရေးဆရာ (ပလော့ရေးသူ) လည်း ကျွန်တော်ပဲ ပေါ့ဗျာ ..... အပယ်ခံရမှာလည်း ကြောက်စရာမလိုတော့ဘူး .... ကိုယ်ရေးတဲ့ပို့စ်တွေ ကို အားလုံးက ဖတ်နိုင်တယ်ဆိုတော့ သိက္ခရှိရှိရေးဖို့တော့ လိုပါတယ် ..... ကိုယ်ရေးချင်တာ ရေးမယ်ဆိုတာတော့ မရပါဘူး .... ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင်တော့ ရေးဖို့လိုပါတယ် .......

ပလော့တစ်ချို့ကို တင်ပြချင်ပါတယ် ....

ပလော့တွေ များပြားလာနဲ့အမျှ အကြောင်းအရာတွေ ပိုမိုပြည့်စုံလာပါတယ် .... လိုချင်တာမှန်သမျှ ကို ပလော့တွေမှာ ရှာလို့ရနိုင်နေပါပြီ .... ပလော့ရဲ့ တစ်ခုတည်းသော ဆွဲဆောင်မှုဟာ အလကား ရနိုင်တာပါပဲ .... Resourse တော်တော်များများကို အလကားရနိုင်ပါတယ် ... နောက်ပြီး လွယ်လွယ်ကူကူ တည်ဆောက်နိုင်ပါတယ် ...... တစ်ခုရှိတာက ကိုယ်ပိုင် domain နဲ့ မဟုတ်တာ ပါပဲ .... သူများအိမ်မှာ ငှားပြီးနေရတယ်ပေါ့ ..... ပလော့တစ်ခုကောင်းပြီဆိုရင်လည်း website ထက်သာပါတယ် ..... ပလော့ကောင်းရင် website လို့တောင် ပြောလို့ရပါတယ် ........ website ပိုင်တဲ့သူက အိမ်ရှင်ပေါ့ဗျာ ... ကျုပ်တို့ ပလော့တွေကတော့ အိမ်ငှားပါ .... တစ်နေ့တော့ အိမ်ရှင်ဖြစ်အောင် ကြိုးစားဦးမယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါရစေ .............

Blog Day - Seminar တက်ရောက်လာသော Blogger များ


Blog Day - Seminar တက်ရောက်လာသော Blogger များ အမှတ်တရ စုပေါင်းဓာတ်ပုံ

((( အားလုံးနာမည်တွေကို မမှတ်မိနိုင်လေတော့ သိတဲ့သူများ ပုံအောက်မှာ နာမည်လေးတွေ ဖြည့်ပေးကြပါဗျာ )))

Blog for All - Seminar့ ပုံရိပ်များ (၁)

မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးညီညီလင်းက အမှာစကားပြောကြား


Service+ Co.,Ltd. မှ ဦးရဲထွန်းအောင်၏ အမှာစကားအား ကိုကျော်ကျော်ဝင်းမိုးက ဖတ်ကြား


မရတနာချိုမှ Blog အကြောင်းတစေ့တစောင်းပြောကြား


Blogger ကိုဆန်းဦးမှ Blog အကြောင်းဟောပြော


Blogger ကိုအောင်ချမ်းလင်းမှ Blog အတွေ့အကြုံအကြောင်း ဟောပြော


Blogger ကိုဘဦးမှ ကျွန်တော်နှင့် ဘလော့ ခေါင်းစဉ်ဖြင့် ဟောပြော

Blogger ဦးထိပ်မှာ ကျေးဇူးတင်စကားပြောကြား

တက်ရောက်လာကြသူများ




Blog for All - Seminar အောင်မြင်စွာကျင်းပပြီးစီး

မနေ့က (၃၁-၈-၂၀၀၇) မွန်းလွဲ ၁နာရီမှာ ရတနာပုံဆိုက်ဘာကော်ပိုရေးခန်းမအတွင်း Blog for All ခေါင်းစဉ်ဖြင့် Seminar တစ်ရပ်ကို Blog Day 2007 အထိမ်းအမှတ် အဖြစ် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ် ......
အခမ်းအနားကို မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်တာဝန်ရှိသူများ၊ ဘလော့ကာများ၊ စိတ်ပါဝင်စားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာနယ်ဇင်းဆရာ၊ဆရာမများ စုစုပေါင်း ၄၀၀ကျော် တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာ မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးညီညီလင်းက အမှာစကားပြောကြားတယ်။
အဲဒီနောက်နောက် မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌဦးရဲနိုင်က Live Blog အဖြစ် mdyblogshow.blogspot.com တွင် ပို့စ်တင်ပေးပါတယ်။
ဆက်လက်ပြီး Alpha Info-Tech Co.,Ltd. မှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမြတ်သူက ဗီဒီယိုဖိုင်ဖြင့် အမှာစကားပြောကြားတယ်။ Service+ Co.,Ltd. မှ ဦးရဲထွန်းအောင်၏ အမှာစကားအား ကိုကျော်ကျော်ဝင်းမိုးက ဖတ်ကြားတယ်။
မရတနာချိုမှ Blog အကြောင်းတစေ့တစောင်းပြောကြားပါတယ်။
ထို့နောက် ဘလော့ကာ ကိုဆန်းဦး၊ ကိုအောင်ချမ်းလင်း၊ ကိုဘဦးတို့က ဘလော့အကြောင်း အသီးသီးဟောပြောကြတယ်။
ယင်းနောက် ဘလော့ကာများအား မဲနှိုက်ကာ မိတ်ဆက်ပေးကာ မေးခွန်လွှာအား အဖြေများပြန်လည်ရှင်းလင်းတယ်။ ဆက်လက်ပြီး http://www.mysuboo.com/ အား မိတ်ဆက်တယ်။
ထို့နောက် မေးခွန်လွှာ ဖြေဆိုမှုတွင် ရမှတ်အများဆုံးဖြေဆိုနိုင်သူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်တယ်။
ဆက်လက်ပြီး ဘလော့ကာဦးထိပ်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့တယ်။
အခမ်းအနားအတွက် မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း၊ Alpha Info-Tech၊ Service+၊ http://www.mysuboo.com/ ၊ Future's Sky၊ Azure၊ ivilla၊ kkwinmoe၊ Compu-Care၊ mam၊ AIT၊ မဆွေ၊Heaven's Net၊ iWAY၊ Imagine၊ Nice၊ pantra၊ ဦးကျော်ဇင်(ဗီနိုင်း)၊ NTG၊ Lucky Birds၊ CEM၊ Active Media(CD)၊ ဦးဆန်းဦး-MCC၊ ဦးလှကောင်း၊ မချောအိမာန်၊ Nanologic တို့က ကူညီပံ့ပိုးပေးကာ မန္တလေးဘလော့ကာများက ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်ဗျာ။