Wednesday, October 20, 2021

Nachi Black Stone ရတနာလှေ ပန်းပုရုပ်တု

Nachi Black Stone Treasure Ship 那智黒宝船

(Height 145 mm, width 135 mm, depth 75 mm)

 


 

ဒီပန်းပုရုပ်တုက Nachi Black Stone နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး နတ်မင်းကြီး ၇ ပါး七福神က ချမ်းသာကြွယ်ဝခြင်းနဲ့ ကံကောင်းခြင်းတွေကို သယ်ဆောင်လာတဲ့ ရတနာလှေ ပန်းပုရုပ်တုဖြစ်ပါတယ်။ လုံးဝနက်မှောင်နေတဲ့ အနက်ရောင်နဲ့ ကြော့ရှင်းလှပပြီး ပြီးပြည့်စုံမှု ရှိလှပါတယ်။

 


ရှေးယခင်ကတော့ ဂျပန်မှာအကျော်ကြားဆုံးကျောက်တွေထဲက တစ်ခုဖြစ်တဲ့ အရည်အသွေးမြင့် Nachi Kuroishi နချီအနက်ရောင်ကျောက်နဲ့ ထွင်းထုတာ ဖြစ်ပေမယ့် ရှားပါးကျောက်ဖြစ်တာမို့ အများအပြားလည်း မထုတ်လုပ်နိုင်၊ ဈေးနှုန်းကလည်း ကြီးတာကြောင့် အခုနောက်ပိုင်းမှာ အရည်အသွေးပြည့်မီတဲ့ Nachi အနက်ရောင်ကျောက် ပုံသွင်းထုတ်ကုန်တွေကို ခေတ်ရေစီးကြောင်းနဲ့အညီ တီထွင်ထုတ်လုပ်ခဲ့ကြပါတယ်။ Nachi အနက်ရောင်ကျောက်ရဲ့ ဖွဲ့စည်းတည်ဆောက်မှုအရ အလွယ်တကူ ကျိုးပဲ့တတ်တာကြောင့် ပန်းပုထွင်းထုဖို့ကလည်း အခက်အခဲရှိတာမို့လို့လည်း ပုံသွင်းထုတ်ကုန်တွေအဖြစ် ဖန်တီးထုတ်လုပ်တာလည်း ဖြစ်ပါတယ်။

 


အခုဒီပန်းပုရုပ်တုကလည်း "Nachi အနက်ရောင်ကျောက် ပုံသွင်းထုတ်ကုန်" (Nachi Black Stone Hand Polished Craft) တစ်ခု ဖြစ်ပါတယ်။ Nachi Kuroishi နချီအနက်ရောင်ကျောက် အပိုင်အစတွေကို အမှုန့်အဖြစ်ပြုလုပ်ပြီး သစ်စေးအစရှိတာတွေနဲ့ စီမံလို့ မှိုလောင်းပုံသွင်းပါတယ်။ အခုလို "Nachi အနက်ရောင်ကျောက် ပုံသွင်းထုတ်ကုန်" တစ်ခု ထွက်ပေါ်လာဖို့ အချိန်နှင့်အားထုတ်မှုလိုအပ်ပြီး အဆင့်အားလုံးကို လက်ဖြင့်သာ ပြုလုပ်တဲ့ ဂျပန်တို့ရဲ့ ရိုးရာလက်မှုပညာတစ်ခုပဲ ဖြစ်ပါတယ်။ "Nachi Kuroishi" ရဲ့ ပြီးပြည့်စုံမှုနဲ့ အနက်ရောင်ရဲ့ ကြော့ရှင်းလှပမှုကြောင့် "Nachi အနက်ရောင်ကျောက် ပုံသွင်းထုတ်ကုန်" များဟာ နာမည်ကျော်ကြားပါတယ်။


#MyCollection



ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ ...........

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ ...........

ဒီဘလော့လေးကို ပြန်ပြီးအသက်ဦးမှ .................