Monday, November 17, 2008

စိတ္တသုခ ကျောင်းဆောက်လှူမည်

မန္တလေးမြို့မှ စိတ္တသုခ ပရဟိတလူုငယ်များအနေနဲ့ ခြောက်လတစ်ကြိမ် ပုံမှန်အလှူ လှူဒါန်းလျက်ရှိရာ  ဇန်န၀ါရီလတွင်ကျရောက်မည့် ခြောက်လ အလှူအတွက် အောင်ချမ်းသာတောရကျောင်း အား အသစ်ဆောက်လုပ် လှူဒါန်းရန် ရွေးချယ်သတ်မှတ်လိုက်ပြီဖြစ်သည်။

 စိတ္တသုခ ပရဟိတလူငယ်များသည် မန္တလေးမြို့တွင် နေထိုင်ကြသော သူငယ်ချင်းများအနေဖြင့် အလှူဒါနပြုလုပ်ရန်အတွက် တစ်လလျှင် ငွေကျပ် တစ်ထောင်စီ စုဆောင်းပြီး ခြောက်လလျှင် တစ်ကြိမ်ကျ လှူဒါန်းကြခြင်းဖြစ်သည်။

ထို့အပြင် သီးခြား အလှူများအဖြစ် မြစ်ငယ်ရေဘေး၊ မီးဘေးသင့်သူများ၊ နာဂစ်မုန်တိုင်းခံစားရသူများစသည့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရပါကလည်း လှူဒါန်းခဲ့ကြသည်။

သီတင်းကျွတ်လပြည့်နေ့တွင် အောင်တော်မူဘုရား နှစ်ကျိတ်ရှစ်ဆူဘုရားရှေ့တွင် နှစ်စဉ် ဆီမီးထွန်းပူဇော်ကြသည်။

ယခု နှစ်တွင် ပထမအကြိမ် စုပေါင်းဘုံကထိန်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

လစဉ်ခြောက်လ အလှူအဖြစ် ယခုအပတ်တွင် ပုသိမ်ကြီးမြို့နယ် လိန်ပင်တိုးချဲ့ကျေးရွာအနီးရှိ အောင်ချမ်းသာ တောရကျောင်းအား  ကျောင်းအသစ် ဆောက်လုပ်လှူဒါန်းမည်ဖြစ်သည်။

အောင်ချမ်းသာ တောရကျောင်းသည် လက်ရှိအနေအထားတွင် ထရံကာ၊ ကပ်မိုး နှစ်ခန်းxတစ်ခန်း ကျောင်းသာဖြစ်သည်။ ကပ်မိုးမှာ ကြယ်မြင်လမြင်ဖြစ်နေသည်။ ထို့အတူ ထရံများမှာလည်း ပေါက်ပြဲလျက်ရှိသည်။ အခင်းမှာ ကုတင်နှစ်လုံးကို ခင်းထားပြီး ကျန်အပိုင်းတွင် ၀ါးကြမ်း ကို ခင်းထားသည်။

ထို့ကြောင့် ယခုအပတ်အလှူအဖြစ် အဆိုပါကျောင်းအား အလှူငွေပေါ်မူတည်ပြီး ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်သည်။

လက်ရှိအားဖြင့် အလှူရှင်တစ်ဦးက အမိုးအတွက် မတည်လှူဒါန်းရာမှ ဆက်လက်လှူဒါန်းကြရာ သွပ်မိုးအတွက် အလှူငွေ များလက်ခံရပြီးဖြစ်သည်။ နှစ်ခန်း၊ တစ်ခန်းခွဲ အဆောက်အအုံဆောက်လုပ်မည်ဟုရည်မှန်းထားသည်။ အောက်ခံ ကျင်တွယ် ကွန်ကရစ်တွင် သစ်မာ ငါးပတ်လည်တိုင်ထူပြီးလျှင် အလှူငွေ ပေါ်မူတည်ပြီး ကြမ်းခင်းအား အချော၊ အကြမ်း ခင်းမည်ဖြစ်သည်။
ထို့အတူ အကာ အတွက်မှာလည်း အလှူရှင်ပေါ်မူတည်ပြီး ဆောက်လုပ်ရမည်ဖြစ်သည်။

ခန့်မှန်းကုန်ကျစရိတ်အဖြစ်

အမိုး ၃သိန်း

အကာ ထရံ ၂သိန်း

ပျဉ်ထောင် အကြမ်း ၅သိန်း၊ ပျဉ်ထောင်အချော ၈သိန်း

အခင်း ပျဉ်အကြမ်း ၅သိန်း၊ ပျဉ်အချော ၈သိန်း

တိုင်နှင့်လိုအပ်သည့်သစ် ၂တန်ခန့် ၈သိန်း

လက်သမားခနှင့်အခြားလိုအပ်မှုသုံး ၂သိန်း

ကုန်ကျမည် ဟု ခန့်မှန်းရသည်။

ထို့ကြောင့် အကြမ်းအားဖြင့် ကျောင်း အပြီးအစီး ၂၅သိန်းခန့် ကုန်ကျမည်ဖြစ်သည်။

ထို့ကြောင့် ပါဝင်လှူဒါန်းလိုပါက

cittasukha@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

uhteik@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

sayaba.mdy@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

No comments: