Friday, September 12, 2008

Blog Day 2008 (Mandalay) ကို ပြန်လည်အောက်မေ့ခြင်း

Blog Day 2008 ကို မန္တလေးက Blogger တစ်ချို့နဲ့ ပူးပေါင်းပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ် ....
တကယ့်တော့ Blog Day ကို မိမိရဲ့ Blog မှာ ပို့စ်တင်ခြင်းဖြင့် ကြိုဆိုကြတာ အကောင်းဆုံးပါ .....
http://www.blogday.org/ ဆိုဒ်မှာ Blog Day ဘယ်လိုကျင်းပကြမလဲဆိုတာကို ပြောထားပါတယ် ....

BlogDay posting instructions:

  1. Find 5 new Blogs that you find interesting
  2. Notify the 5 bloggers that you are recommending them as part of BlogDay 2008
  3. Write a short description of the Blogs and place a link to the recommended Blogs
  4. Post the BlogDay Post (on August 31st) and
  5. Add the BlogDay tag using this link:
    http://technorati.com/tag/BlogDay2008 and a link to the BlogDay web site at http://www.blogday.org
ကျွန်တော်တို့ ဒီမှာ Blog Day ကို အခမ်းအနားနဲ့ လုပ်ကြမှ ဖြစ်မယ်ဆိုတဲ့ အယူအဆလေးတွေ ရှိနေကြတယ် ....
ဒီနှစ် ရန်ကုန်မှာ အကြီးအကျယ်လုပ်ဖို့ စီစဉ်တယ် ... အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ကြဘူး ......
Blogger တွေ စုစည်းထားတဲ့ အသင်းတစ်ခုဖြစ်တဲ့ http://myanmarbloggersociety.ning.com/ က ဒီလိုကြေငြာထားပါတယ် .....

၂၀၀၈ ခုနှစ်၊ သြဂုတ်လ၊ (၃၁) ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော "Socialization on Net" နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရန် အခြေအနေ အရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။ အထက်ပါ အချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြား အကြောင်းအရာများအား ပွဲဖြစ်မြောက်ရန် စီစဉ်သူများ အနေနှင့် မည်သည့် ထုတ်ပြန် ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်း မရှိသေးပါ။ Seminar နှင့် ပတ်သက်သော အပြောင်းအလဲ သတင်း အချက်အလက်များနှင့် စပ်လျဉ်း၍ တရားဝင် ပြောဆိုချက်များကို ပွဲဖြစ်မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောဂ်များတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ စီစဉ်သူများ၏ ဘလောဂ်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင် ပြောဆိုချက်များ ဖြစ်ကြောင်းနှင့် အခြားသော ထင်မြင် ပြောဆိုချက်များကို ပွဲစီစဉ်သူများမှ တာဝန်ယူ ဖြေရှင်းသွားနိုင်မည် မဟုတ်ပါကြောင်း သိစေလိုပါသည်။

ပွဲစီစဉ်သူများ
ကိုသက်ထူး
ကိုဇော်ဇော်
ကိုဖြိုးကျော်
ကိုစိုးဇေယျ
ကိုမျိုးမြင့်အောင်
ကိုဝေမျိုးထွဋ်
မထိုက်ထိုက်အောင်
မတင်မြတ်ထက်

ဒီလိုဆိုထားပေမယ့် ပွဲစီစဉ်သူများရဲ့ Blog Address ကိုတော့ ပေးမထားပါဘူး .....
ကြည့်နေကြသူတွေတော့ သိကြပေမယ့် အခုမှ လေ့လာချင်တဲ့သူတွေအတွက်တော့ လိပ်စာလိုတာပေါ့လေ ...

ဘာပဲဖြစ်ဖြစ် ရန်ကုန်မှာ အခမ်းအနားကျင်းပခြင်းမရှိပေမယ့် မန္တလေးမှာတော့ Blogger များပြုလုပ်တဲ့ Blog Day ကိုအောင်မြင်စွာကျင်းပကြပါတယ် .....
တက်ရောက်သူ ၃၀ ၀န်းကျင်ရှိခဲ့ပြီး ဟောပြောချက်ကို နားထောင်ပေးမယ့် ကျောင်းသူ ၁၀၀ နီးပါးရှိခဲ့ပါတယ် ....
ကျွန်တော်တို့ မန္တလေးက လုပ်တဲ့ပွဲကို မန္တလေးသား (ရန်ကုန်ကို အထင်ကြီးသူဟု ယူဆရသူ) က အသိအမှတ်မပြုလေဟန်ပြုပါတယ် .....
အဲဒီပုဂ္ဂိုလ်က အရင်နှစ် Blog Day ဟောပြောပွဲမှာလည်း မန္တလေးကို အားမပေးပဲ ရန်ကုန်မှာ အမှာစကားသွားရောက်ပြောခဲ့သူဖြစ်ပါတယ် ...
ကိုယ့်သမိုင်းကိုယ်ရေးကြတာပါပဲလေ ......
စီးပွားရေးဖက်လာတော့လည်း မန္တလေးကို ဘယ်ချစ်နိုင်တော့ မလဲဗျာ .....
ဘယ်သူပါပါမပါပါ ကျွန်တော်တို့ဖြစ်အောင်လုပ်နိုင်ခဲ့ပါပြီ .....
Blog Day အောင်မြင်ခဲ့ပါပြီ .......

No comments: