Monday, August 3, 2009

အခမဲ့ဆေးခန်း

မန္တလေးက နာမှုကူညီရေးအသင်းများက လူမှုကူညီရေးအမည်ပြောင်းလဲပြီး
ဆေးခန်းတွေဖွင့်ဖို့ကြိုးစားကြရာမှာ ဗြဟ္မစိုရ်နဲ့ နှိဗ္ဗသုခ အသင်းတွေ
ဆေးခန်းဖွင့်ခွင့်ရကြပါပြီ ...

နိဗ္ဗသုခ အသင်းကတော့ ဆေးခန်းဖွင့်ဖို့ ပြင်ဆင်ထားတာကြောင့် ဖွင့်ခွင့်ရတဲ့နေ့မှာပဲ
ဆေးခန်းစဖွင့်ပါတော့တယ် ...
နိဗ္ဗာန်သုခအသင်းကို ဖြစ်မြောက်ဖို့ အစကနဦးကထဲကကူညီနေသူ
နာယကကြီး ဦးတင်+ဒေါ်ခင်တိုး သမီး မလွင်လွင် မိသားစုကပဲ
ဆေးခန်းဖြစ်မြောက်ဖို့ သိန်း ၅၀ မတည်ခဲ့ပြီဖြစ်ပါတယ်။

ဗြဟ္မစိုရ်အသင်းကတော့ ဆေးခန်းကို သြဂုတ်လလယ်လောက်မှ စဖွင့်မှာပါ ...

အခမဲ့ဆးခန်းတွေပေါ်ပေါက်မှာကိုတော့ ကြိုဆိုပါတယ်။
နာရေးလိုပဲ မလိုအပ်ပဲ ကားတွေများလာတာမျိုးတော့ မဖြစ်စေချင်ပါဘူး။
နာရေးမှာက ကားတွေ လူတွေများလာတာ အရေးမကြီးဘူး
ထုံးစံမတူတာပဲရှိတယ်။ လူတိုင်းလုပ်လို့ရတယ်။
ဆေးခန်းကတော့ အဲဒီလိုမဟုတ်ပါဘူး။
လူတိုင်းလုပ်လို့ရတာမျိုးမဟုတ်ဘူး။
ဆရာဝန်ကြီးတွေရဲ့ လမ်းညွှန်မှုနဲ့ ဆမ ရထားတဲ့ ဆရာဝန်တွေဖြစ်ဖို့လိုတယ်။
တတ်ယောင်ကားဆရာဝန်တွေ၊ ရမ်းကု ဆရာဝန်တွေ များလာမှာကို မြင်ယောင်မိတယ်။
ဒီလို မတတ်တတတ်ဆရာဝန်မဟုတ်တဲ့ ဆရာဝန်တွေက နေရာယူလာမှာကို စိုးရိမ်မိတယ်။

No comments: