Tuesday, August 11, 2009

စစ်ကိုင်းတောင်မှာ ဆွမ်းလောင်းကြတယ် ...

သူငယ်ချင်းရေ .....

သိပ်မကြာသေးပါဘူး ..
စစ်ကိုင်းတောင်မှာ ဆွမ်းလောင်းအသင်းတစ်ခုပေါ်လာတယ် ..
သံဃာတော်တွေကို အာရုံဆွမ်းရော၊ နေ့ဆွမ်းပါကပ်တယ် ..
တနလာင်္နေ့တိုင်းတဲ့ ..
သာသနာအတွက်ဆောင်ရွက်ကြတဲ့အတွက် ကြိုဆိုပါတယ်ဗျာ ..
www.everyonit.com ဆိုတဲ့လိပ်စာမှာ ဆောင်ရွက်ချက်တွေကြည့်နိုင်တယ် ..
အလှူရှင်တွေလည်းတော်တော်များတယ် ..
ဆွမ်းခံကြတဲ့သံဃာတော်လည်းတော်တော်များတယ် ..

အဲ .. သီလရှင်တွေအတွက် ဆောင်ရွက်ကြတာနည်းတယ် ..
သာသနာ့အကျိုးဆောင်နေကြတဲ့ဘုရာ့သမီးတော်တွေပါပဲ ...
သီလရှင်တွေအတွက်လည်း စဉ်းစားကြပါဦး ..

နောက်မှပဲ မန္တလေးမှာ သီလရှင်တွေအတွက်
သီးသန့်ဆောင်ရွက်နေတာလေးတွေပြောပြဦးမယ် .. သူငယ်ချင်း ...

1 comment:

Chan Mya Soe said...

ဆြာဘရေ သတင်းတွေအတွက် ကျေးဇူးပါ
စကားမစပ် ဆိုဒ်လိပ်စာမှားနေတယ်ဗျ .. www.eveyoneit.com မလား? e ကျန်နေခဲ့တယ် :)