Wednesday, August 13, 2008

PAC အများပြည်သူသုံးအင်တာနက်စင်တာ စည်းကမ်းများပြင်ဆင်မည်





Monday, 11 August 2008
ရန်ကုန်၊ သြဂုတ် ၇
မြန်မာအင်ဖိုတက်မှ အများပြည်သူသုံးအင်တာနက်စင်တာ PAC (Public Access Center)  ဖွင့်လှစ်ထားသူများကို လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ချမှတ်ထားပေးပြီးဖြစ်ရာ ၎င်းစည်းကမ်းချက်များအား ယနေ့ခေတ် အင်တာနက် အသုံးပြုသူများ အဆင်ပြေစေရန်အတွက် အသုံးပြုသူတောင်းဆိုချက်နှင့် လိုအပ်ချက်များကို ပြင်ဆင်မှုပြု လုပ်သွားမည်ဟု သိရှိရသည်။
PAC စင်တာများ ဖွင့်လှစ်နိုင်ရန် ၂၀၀၅မှစတင်ဆောင်ရွက်ခဲ့သလို  PAC  စင်တာများ အတွက်စည်းကမ်းချက်(၁၉)ချက်ကို ချမှတ်ပေး ထားပြီးဖြစ်ရာ ၎င်းစည်းကမ်းချက် များအားလိုက်နာသောဆိုင်များ အနည်းငယ်သာ ရှိနေကြောင်းသိရသည်။
''PACအတွက်ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာတာ တော်တော်ရှားပါတယ်။ ဆိုင်ရှင်တွေအနေနဲ့ကလည်း ဆိုင်ကိုလာသုံးစွဲတဲ့ သူတွေ စိတ်အနှောက်အယှက်ဖြစ်မှာကို အရမ်းစိုးရိမ်ကြတယ်။ ခေတ်ကလည်း တဖြည်းဖြည်းပြောင်းလဲလာ ပြီဆိုတော့ စည်းကမ်းတွေကလည်း ပြောင်းလဲဖို့လိုနေပြီ ပြန်ပြင်မဲ့စည်းကမ်းချက်တွေကို လိုတဲ့စည်းကမ်းချက် တွေကိုထပ်တိုးပြီးတော့ မလိုအပ်ဘူး ထင်တဲ့စည်းကမ်းချက်တွေကို လျှော့ချသွားမှုတွေ လုပ်ဆောင်သွားမှာ ဖြစ် ပါတယ်"" ဟု မြန်မာအင်ဖိုတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာအင်ဖိုတက်မှ PAC  စင် တာများအတွက် စည်းကမ်းချက်များ ပြင်ဆင်ပြီးပါက တစ်နှစ်လျှင်တစ်ကြိမ် PAC  ဖွင့်ထားသူများနှင့် တွေ့ဆုံ ကာစင်တာဖွင့်သူ၏ လိုအပ်ချက်နှင့် သုံးစွဲသူ၏လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


No comments: