Thursday, May 31, 2007

World No Tobacco Day 2007

ဒီနေ့(၃၁-၅-၂၀၀၇)ဟာ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ပါ .....

ဒီနေ့တစ်နေ့တော့ ....

သင်သောက်နေတဲ့ စီးကရက်၊ ဆေးလိပ်ကို လျော့သောက်ခြင်း၊ မသောက်ဘဲ နေခြင်း၊ လူအများကြားမှာ မသောက်ကြပါနဲ့လို့ တောင်းပန်ချင်ပါတယ် . ..

World No Tobacco Day 2007

Tobacco is the second major cause of death in the world. It is well known that half the people who smoke regularly today – about 650 million people – will eventually be killed by tobacco. Equally alarming is the fact that hundreds of thousands of people who have never smoked die each year from diseases caused by breathing second-hand tobacco smoke.

http://www.who.int/tobacco/communications/events/wntd/2007/en/

Wednesday, May 30, 2007

ဝမ်းနည်းမှတ်တမ်း ....

ဒီနေ့နာရေးတစ်ခုကိုရောက်ခဲ့ပါတယ် ....
ဒီနေ့မှ မဟုတ်ပါဘူး .... စပြီး ဆုံးတဲ့ ၂၈-၅-၂၀၀၇ နေ့ကစပြီး သုံးရက်တိတိနေ့တိုင်းရောက်ခဲ့တာပါ ..... UNISON TEA SHOP ပိုင်ရှင်ဦးမောင်မောင်လွင်ရဲ့ ဇနီး မနန်းဝေ (၃၈-နှစ်) ရုတ်တရက် ကွယ်လွန်သွားတာကြောင့်ပါ ....
ဒီနေ့ မနက်(၉)နာရီကပဲ ကြာနီကန်သုဿန်ကို ပို့ကြတယ်လေ ......
ယူနီစန်ဆိုင်ပေါင်း(၁၆)ဆိုင်အားလုံးပိတ်ထားပြီး လိုက်ပို့ကြတယ် ..........

ရင်းနှီးမှု အကြောင်းခံတွေရှိနေတော့ နာရေးကို နေ့တိုင်းရောက်နေခဲ့ရတယ် .......
ဒီဖက်နှစ်တွေမှာ ယူနီစန်ကို နေ့တိုင်းနီးပါးကို ရောက်ခဲ့ပါတယ် ....
ဒီဇိုင်းတွေဆွဲပေးရင်း လုပ်ငန်းနဲ့ပါဆက်စပ်မှုတွေရှိလာခဲ့တယ် .......
ဦးမောင်လွင်+မနန်ဝေတို့ရဲ့ သားသမီးနှစ်ယောက်နဲ့လည်း သံယောဇဉ်တွေရှိလာခဲ့တယ်လေ .....

အခုတော့ ..................................

အသက်မကြီးသေးပဲ ကွယ်လွန်ခဲ့တာကြောင့် အားလုံးက နှမြောတသဖြစ်နေကြပါတယ် .....
ရေချိုးမှားတာကြောင့်ကွယ်လွန်ခဲ့တယ်လို့သိရပါတယ် .......
ဒီလို ပူပြင်းတဲ့ နွေရာသီမှာ အပူဒဏ်ကို အံတုမနေနိုင်တာကြောင့် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ခဏတာလေးဖြစ်ဖြစ် အေးမြဖို့အတွက် လုပ်နေကြရပါတယ် ......
အခန့်မသင့်တဲ့အခါမှာတော့ အခုလို ဘ၀တစ်ပါးပြောင်းလဲတဲ့အဖြစ်ကို ကြုံကြရပါတယ် .....

မနန်းဝေ .... ကောင်းရာသုဂတိလားပါစေဗျာ ........................

Tuesday, May 29, 2007

ဓာတ်ပုံဆရာများအတွက် PhotoShop စာအုပ်


Advance PhotoShop Technique တွေလို့ ပြောလို့ရမယ့် စာအုပ်လေးတစ်အုပ်ထွက်လာပါတယ် .... ဓာတ်ပုံဆရာ၊ ကွန်ပျူတာဆရာ ဦးခင်မောင်လေး (Picture man)ရဲ့ Retouching portraits ဆိုတဲ့ စာအုပ်ပါ ..... ဓာတ်ပုံဆိုင်ရာပြုပြင်ခြင်းတွေကို အဓိကထားပြီး ရေးသားထားတာတွေ့ရပါတယ် ...... ဓာတ်ပုံဆရာများအတွက် PhotoShop လို့ ဆိုရင် ပိုမှန်မယ်ပေါ့ဗျာ ...... တန်ဖိုးကတော့ ကျပ်သုံးထောင်ပါတဲ့ဗျာ .........

Monday, May 28, 2007

Sai Pie & Kim ရဲ့ သီချင်းခွေသစ် မိတ်ဆက်

ဒီနေ့ သီချင်းခွေ (Tape and CD) စာနယ်ဇင်းတွေ့ဆုံပွဲလေးတစ်ခု တက်ခဲ့တယ် ....
SUN STAR Studio , အမှတ်(၄၄၄)၊ စတုတ္ထထပ်၊ ရတနာပုံဈေးအပေါ်ဆုံးထပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ် .......

ှSai Pie & Kim ဆိုတဲ့ အဆိုတော်သစ် နှစ်ယောက်ရဲ့ နှစ်ယောက်တွဲ အခွေလေးရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲလေးပါ .....

``သက်ဆုံးတိုင်´´ လို့ အမည်ရတဲ့ သီချင်းခွေဖြစ်ပါတယ် .......





အခမ်းအနားမှာ မန္တလေးမှ စာနယ်ဇင်းဆရာများ စုံစုံလင်လင် တက်ရောက်လာကြတာကို တွေ့ရပါတယ် .....

စာရေးဆရာ သင့်နော်မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးပါတယ် .......
အဆိုတော်များနဲ့ စာနယ်ဇင်းဆရာ၊ ဆရာမများကို မိတ်ဆက်ပေးပါတယ် ......
အဆိုတော် Sai Pie & Kim တို့မှ ခွေဖြစ်မြောက်ရေးအတွက် ဖြတ်သန်းလာခဲ့ရတဲ့ အကြောင်းတွေကို တစ်ယောက်ချင်းစီက မိတ်ဆက်ပြောကြားပါတယ် .....

သီချင်းများဖြင့် ဧည့်ခံဖျော်ဖြေတဲ့အစီအစဉ်လေးက အရမ်းကို ကြည်နှုးစရာကောင်းပါတယ် .....

အဲဒီနောက်မှာ စာနယ်ဇင်းလူမှုကူညီရေးအတွက် ရန်ပုံငွေ ကျပ်တစ်သောင်း တိတိကို လှူဒါန်းခဲ့ပါတယ် .....
တက်ရောက်လာတဲ့ စာနယ်ဇင်းဆရာ၊ ဆရာမ အားလုံးကို မူရင်း စီဒီ တစ်ခွေစီလက်ဆောင်ပေးအပ်ပါတယ် .....

အဆိုတော် Sai Pie & Kim ဟာ ၀ါသနာကိုအရင်းခံပြီး ခိုးကူးခွေတွေကြားထဲမှာ ရဲရဲဝံ့ဝံ့ ချီတက်ရဲတာကိုတော့ဖြင့် အားလုံးက ချီးကျူးကြပါတယ် ........

မန္တလေးတီးဝိုင်း၊ မန္တလေးအဆိုတော်၊ မန္တလေးကထုတ်လုပ်သူနဲ့ မန္တလေးကသီချင်းရေးဆရာတို့ရဲ့ ကြိုးပမ်းမှုလေးကို အားပေးကြပါလို့ တိုက်တွန်းလိုပါတယ် ...........




ထုတ်လုပ်သူ - ဦးငမ်လွမ်းကိုယ်စား သမီး မငယ် မှမိတ်ဆက်စကားပြောကြားစဉ်


အဆိုတော် Kim မှမိတ်ဆက်စကားပြောကြားစဉ်



စာနယ်ဇင်းဆရာများနှင့် ရင်းရင်းနှီးနှီးနုတ်ဆက်စဉ်


အဆိုတော် Sai Pie & Kim တို့မှ သီချင်းများဖြင့် ဧည့်ခံစဉ်


စာနယ်ဇင်းလူမှုကူညီရေးသို့ အလှူငွေ ကျပ်တစ်သောင်းလှူဒါန်းစဉ်

ဓာတ်ပုံသင်တန်းဖွင့်မည် ..

မြန်မာနိုင်ငံဓာတ်ပုံအသင်းရဲ့ နှစ်စဉ် ဖွင့်လှစ်သင်ကြားလျှက်ရှိတဲ့ ဓာတ်ပုံသင်တန်း အမှတ်စဉ်(၃၆)ကို (၁၀-၆-၂၀၀၇) နေ့မှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ် .....

ဓာတ်ပုံပညာစိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါတယ် .....

သင်တန်းသား (၇၅)ဦးသာ ကန့်သတ်လက်ခံပေးမှာ ဖြစ်ပါတယ် ...

(၁၄-၅-၂၀၀၇) မှ (၃၁-၅-၂၀၀၇) ရက်နေ့အတွင်း အသင်းရုံးခန်းမှာ ရုံးခန်းဖွင့်ချိန်အတွင်း လာရောက်စာရင်းပေးသွင်းနိုင်ပါတယ် ......

သင်တန်းကြေးကတော့ (၅၀၀၀၀)ကျပ် ငါးသောင်းပါတဲ့ခင်ဗျာ ........

မြန်မာနိုင်ငံဓာတ်ပုံအသင်းရဲ့ ဓာတ်ပုံသင်တန်းကို တစ်နှစ်မှာ တစ်ကြိမ်သာ ဖွင့်လှစ်သာဖြစ်ပါတယ် ... နိုင်ငံကျော် ဓာတ်ပုံပညာရှင်ကြီးများရဲ့ ဟော ပြောပို့ချချက်တွေ ပါဝင်မှာ ဖြစ်ပါတယ် ......

အသင်းလိပ်စာကတော့
မြန်မာနိုင်ငံဓာတ်ပုံအသင်း
အမှတ် (၂၇/၂၉)၊ ပထမထပ်၊ (၃၅)လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၃၇၃၁၆၇

ဓာတ်ပုံဟောပြောပွဲ

မန္တလေးဓာတ်ပုံအသင်းရဲ့ ဓာတ်ပုံပညာပြန့်ပွားရေး အစီအစဉ်အရ ဓာတ်ပုံပညာရပ်ဆိုင်ရာ ဟောပြောပွဲတစ်ခုကို ၃-၆-၂၀၀၇ မွန်းလွဲ(၁)နာရီအချိန်မှာ ပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။ ဓာတ်ပုံပညာရှင် ညောင်ဦးသန်းဌေးမှ ဟောပြောမှာဖြစ်ပါတယ်။ဓာတ်ပုံဝါသနာရှင် မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရပါတယ်ဗျာ။

ပြိုင်ပွဲဓာတ်ပုံရွေးချယ်

မန္တလေးဓာတ်ပုံအသင်းရဲ့ ၂၀၀၇-၂၀၀၈-ခုနှစ် လပတ်တံခွန်စိုက်ဓာတ်ပုံပြိုင်ပွဲ အမှတ်စဉ်(၅)
ဆုရွေးချယ်ပွဲကို ကနေ့ ညနေ (၁)နာရီက မန္တလေးဓာတ်ပုံအသင်းရုံးခန်းမှာ ပြုလုပ်ခဲ့ပါတယ် . . .

ရွေးချယ်ပုံစနစ်ကတော့ ပုံတွေကို ကောင်း၊ သင့်၊ ညံ့ပုံစံမျိုးနဲ့ အကဲဖြတ်အဖွဲ့ဝင်(၅)ဦးပါဝင် ရွေးချယ်ခဲ့တာပါ .....
ပထမဦးဆုံး ပြင်ပအလင်းရောင်နဲ့ ပြိုင်ပွဲဝင်ပုံတွေအားလုံးကို လေ့လာစိစစ်ပါတယ် ......
အဲဒီနောက်မှာ ပြိုင်ပွဲဝင်ပုံတွေကို သတ်မှတ်ထားတဲ့ light box ထဲမှာ တစ်ပုံချင်းစီကို ပြန်လည် ပြသ စိစစ်ပါတယ် ........
အကြမ်းပြသစိစစ်ပြီးတဲ့နောက်မှာ ၀-၁ ဆိုပြီး ပုံတွေကို ကြိုက်တယ်၊ မကြိုက်ဘူးဆိုပြီး စတင် ရွေးချယ်ပါတယ် ......
ဝ-၁ အမှတ်ပေးစနစ်နဲ့ ပုံတွေကို သန့်ပြီးတဲ့နောက် ကျန်တဲ့ပုံတွေကို ၃-၅-၇ အမှတ်ပေးပုံစံ (ကောင်း၊ သင့်၊ ညံ့) ဆိုပြီး အမှတ်ပေးကာ ထပ်မံရွေးချယ်ပါတယ် ..........
ဒီ ၃-၅-၇ ပုံစံနဲ့ပဲ ပုံအရေအတွက်ပေါ်မူတည်ပြီး အဆင့်ဆင့် ရွေးချယ်ကာ နောက်ဆုံး ဆုရရှိတဲ့ ပုံတွေ ထွက်လာပါတော့တယ် .....................








ဒီနေ့ ရွေးချယ်မှုက အကြီးတန်းပြိုင်ပွဲ အတွက် အရင်ရွေးချယ်ပါတယ် . . .
အကြီးတန်းပြိုင်ပွဲ မှာ ဆုရသူများက
ပထမဆု - ကိုအောင်မြင့်(မဉ္ဖူသင်း)
ဒုတိယဆု - ကိုမြင့်သိန်း(အလယ်ဘောင်)
တတိယဆု - ခင်မောင်တင့်(သဲသစ္စာ)
နှစ်သိမ့်ဆု(၁) - ကိုအောင်မြင့်(မဉ္ဖူသင်း)
နှစ်သိမ့်ဆု(၂) - ညီညီမောင်(လျှပ်စစ်)
နှစ်သိမ့်ဆု(၃) - ခင်မောင်တင့်(သဲသစ္စာ)

အကဲဖြတ်အဖွဲ့ဝင်များ
- ဦးထွန်းမြင့် (နာယက)
- ဦးကျော်အောင်(ပေါက်ခေါင်း)
- ဦးသိန်းဌေးမောင် (ဆွေလှသိန်း)
- ဦးစောအောင်မင်း (နယူးအာရှ)
- ဦးမောင်မောင်ဦး (မန်းတက္ကသိုလ်)


အငယ်တန်းပြိုင်ပွဲဆုရစာရင်းကတော့

ပထမဆု - အောင်မျိုးကျော်(ရွှေဂူ)
ဒုတိယဆု - အောင်ဇော်လင်း(ရွှေလောင်းသား)
တတိယဆု - ကိုအောင်ကျော်ဝင်း(မဉ္ဖူသင်း)
နှစ်သိမ့်ဆု(၁) - အောင်မျိုးကျော်(ရွှေဂူ)
နှစ်သိမ့်ဆု(၂) - အောင်မျိုးကျော်(ရွှေဂူ)
နှစ်သိမ့်ဆု(၃) - ကိုအောင်ကျော်ဝင်း(မဉ္ဖူသင်း)

အကဲဖြတ်အဖွဲ့ဝင်များ
- ဦးဘဦး(မန္တလေး)
- ဦးကျော်အောင်(ပေါက်ခေါင်း)
- ဦးသိန်းဌေးမောင် (ဆွေလှသိန်း)
- ဦးသက်နိုင်
- ဦးတင်ဝင်း(ဘူမိ)


ရွေးချယ်ပွဲကို မော်ဒယ်အဖြစ် ကူညီသူ မနန်းသဉ္ဖာသိမ့် (ဈေးချိုတော်အလှမယ်)လည်း လာရောက်ကြည့်ရှုအားပေးတာကို တွေ့ခဲ့ရပါတယ်. . .


Friday, May 25, 2007

ဈေးကွက်ဝေစုရအောင်လို့ ...

ဒီနေ့စဖွင့်တဲ့ မန်းမြန်မာ ဈေးချိုပလာဇာ အထူးဈေးရောင်းပွဲကြီးမှာ ထူးခြားစွာ ပါဝင်ပြသ ဈေးကွက် လာရှာကြတဲ့ ကွန်ပျူတာစင်တာ တစ်ချို့ကို တွေ့ခဲ့ရပါတယ် ..... ကွန်ပျူတာပြပွဲ၊ ဈေးရောင်းပွဲတွေအကြိမ်ကြိမ်လုပ်ခဲ့တဲ့ စင်တာကြီးဖြစ်တဲ့ KMD, DCD, MRS နဲ့ NTG တို့ ပါဝင် ပြသပြီး ဈေးကွက်ဝေစုပိုမိုရရှိအောင် လုပ်နေကြတာ တွေ့ရပါတယ် ........









မန်းမြန်မာဈေးချိုပလာဇာအထူးဈေးရောင်းပွဲ

မန်းမြန်မာဈေးချိုပလာဇာအထူးဈေးရောင်းပွဲကြီးကို မေလ(၂၅)ရက် ဒီနေ့ကစပြီး ဖွင့်လှစ်ရောင်းချနေပြီဖြစ်ပါတယ် ... (၂၉)ရက်နေ့ထိ ဖွင့်လှစ်ရောင်းချကြမှာပါ ..... ဈေးပွဲတော်တို့ရဲ့ ထုံးစံအတိုင်း လျော့ဈေးတွေနဲ့ အပြိုင်အဆိုင် ရောင်းချနေတာကိုတွေ့ရပါတယ် ..... ပလာဇာကြီးပေါ်မှာ ဆိုင်သစ်တွေ စဖွင့်တဲ့အထိမ်းအမှတ်နဲ့ ဧည့်ခံကြပါတယ် .....






အေးဆေး...သူငယ်ချင်း .....


ဘာရယ်တော့မဟုတ်ပါဘူး ........
အရင်ရက်တွေက မိုးတွေနေ့စဉ်ရွာပြီး အခုတော့လည်း နေနဲနဲပြန်ပူလာတော့ အေးအေးလူလူ နေချင်တယ်လို့ စိတ်ကူးမိလို့ပါ ........
အရိပ်ကောင်းကောင်းနေရာလေးမှာ ရှာပြီး ဇိမ်နဲ့နေရရင် ကောင်းမှာပါပဲ ......
ဒီနေရာလေးကတော့ ........................................


20 MB attachment

G-mail : Increased attachment limit-- 20 MB!

Now you can start sharing more of those home videos, large presentations and files you just can't seem to get smaller. G-mail have doubled the allowable attachment size to 20 MB to make your Gmail space even more useful.

Wednesday, May 23, 2007

္ထရိုက်ကုန်ကြပြီ .....

မန္တလေးဓာတ်ပုံအသင်းရဲ့ လပတ်တံခွန်စိုက်ဓာတ်ပုံပြိုင်ပွဲ ကုသိုလ်တော်ဘုရားတောင်ဖက်တွင် ယနေ့ရိုက်ကူးကြပါသည်။ သရုပ်ဆောင် မော်ဒယ်- မနန်းသဉ္ဖာသိမ့် ကသရုပ်ဆောင်ပေးပါသည်။



















ရုပ်ရှင်ရုံမီးလောင်

မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံမီးလောင်တယ်လို့ကြားမိတယ် ..........

Tuesday, May 22, 2007

ဖတ်မိတဲ့ ဟာသတစ်ပုဒ်

ကံချွန်ရဲ့ဟာသလေးတစ်ပုဒ်ပါ .....

- ရေကပိုတယ် -

`ရေက အရက်ထက် လူကိုပိုပြီး ဒုက္ခပေးတာကွ´

`ဟုတ်လို့လား´

`မင်းတို့စဉ်းစားကြည့်လေ
ရေနစ်သေတယ်ဆိုတာတွေ
နည်းတာမှတ်လို့၊
ရေးကြီးလို့ အိမ်တွေပျက်တဲ့သတင်းတွေလည်း
ဂြိုလ်တုကသတင်းမှာ ပါနေတာပဲ´

` အေး .. ဟုတ်သားဟ ..
ရေချိုးမှားလို့ ဒုက္ခရောက်တာတွေလည်း ရှိတာပဲ´

Sunday, May 20, 2007

မန္တလေးဓာတ်ပုံအသင်းရဲ့ လပတ်ဓာတ်ပုံပြိုင်ပွဲ-၅

"ဓာတ်ပုံပညာဖြင့် မြန်မာကို ကမ္ဘာကသိစေရမည်" ဆိုတဲ့ ဆောင်ပုဒ်နဲ့ ချီတက်နေတဲ့ မန္တလေးဓာတ်ပုံအသင်းရဲ့ ၂၀၀၇-ခုနှစ် လပတ်တံခွန်စိုက်ဓာတ်ပုံပြိုင်ပွဲ အမှတ်စဉ်(၅)ကို ၂၃-၅-၂၀၀၇ (ဗုဒ္ဓဟူးနေ့)မှာ ကုသိုလ်တော်ဘုရား (တောင်ဖက်ပေါက်)မှာ ရိုက်ကူးကြမယ်လို့ ကြေညာထားပါတယ်။ Model မနန်းသဉ္ဖာသိမ့် (ဈေးချိုတော်အလှမယ်) က သရုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ စတင်ရိုက်ကူးမယ့်အချိန်ကတော့ နံနက်(၉)နာရီ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကြေး (၁၀၀၀)ပေးဆောင် ရိုက်ကူးရမှာဖြစ်ပါတယ်။ အကြီးတန်းနဲ့ အငယ်တန်းဆိုပြီး နှစ်တန်းခွဲခြားပြီး ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဓာတ်ပုံအနေနဲ့ အကြီးတန်းအတွက် (၁၀x၁၂)လက်မ ကနေ (၁၀x၁၄)လက်မအတွင်း၊ အငယ်တန်းအတွက် (၈x၁၀)လက်မ ကနေ (၈x၁၂)လက်မအတွင်းကူးပြီး ယှဉ်ပြိုင်နိုင်ပါတယ်။
အဆိုပါပြိုင်ပွဲဓာတ်ပုံများကို ၂၇-၅-၂၀၀၇ (တနင်္ဂနွေနေ့) မွန်းလွဲ (၁း၃၀)နာရီ နောက်ဆုံးထားပြီး ရတနာပုံဈေး ဒုတိယထပ်မှာရှိတဲ့ ဓာတ်ပုံအသင်းကို ပေးပို့ရမှာ ဖြစ်ပါတယ်။

မန္တလေးဓာတ်ပုံအသင်းဟာ ၁၉၈၈-ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး (၁၈)နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အသင်းဝင်ပေါင်း ၁၀၀၀-ကျော်ရှိပါတယ်။ တစ်နှစ်တာကာအတွင်း လပတ်ဓာတ်ပုံပြိုင်ပွဲပေါင်း(၁၀)ပွဲ ကျင်းပပေးပြီး အမှတ်အများဆုံးရရှိသူကို တံခွန်စိုက်ဆုကြီး ချီးမြှင့်ပါတယ်။ နှစ်စဉ် မြန်မာတစ်နိုင်ငံလုံးကို ဖိတ်ခေါ်ပြီး နှစ်ပတ်လည်ဓာတ်ပုံပြိုင်ပွဲကြီးကို ကဏ္ဍ(၄)ရပ်ခွဲပြီး ကျင်းပလေ့ရှိပါတယ်။

ဓာတ်ပုံပညာပြန့်ပွားရေး၊ ဓာတ်ပုံပညာတိုးတက်ရေးအတွက် ဓာတ်ပုံပြိုင်ပွဲများ ကျင်းပပေးသလို ဓာတ်ပုံသင်တန်းကိုလည်း အခါအားလျော်စွာဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါတယ်။

Friday, May 18, 2007

မန္တလေးမှာရွာတဲ့မိုး

မနေ့ညနေက အပြင်ထွက်ပြီးလမ်းလျှောက်တယ် ..... မိုးတိတ်ခါစဆိုတော့ လမ်းတွေမှာ ရေတွေလျှံနေတယ် ..... လမ်းလျှောက်လို့မကောင်းဘူး .... ရန်ကုန်မှာ ရေတွေဝင်ထားတာကို သတိရမိတယ် ..... ငါတို့ မန္တလေးမှာ မိုးလေး နဲနဲပဲ ရွာသေးတယ် .... လမ်းတွေမှာ ရေလျှံနေတယ် ..... မိုးများလာရင်တော့ မတွေးရဲစရာပဲ .....

မန္တလေးမိုးက လမ်းပေါ်မှာထွက်ပြီး လမ်းလျှောက်ဖို့နေရာမရှိလောက်ဖြစ်နေတယ်ဗျာ ..... လမ်းပေါ်ကရေလျှံနေတော့ ပလပ်ဖောင်းပေါ်တက်လျှောက်ဖို့ကြိုးစားတယ် ..... ပလပ်ဖောင်းက လူလျှောက်ဖို့ မဟုတ်ဘူးနဲ့တူပါတယ် ..... စတိုးဆိုင်ရှေ့တွေမှာ စက်ဘီးရပ်ထားတယ် ..... မီးစက်ပိတ်ထားတယ် ...... ၈၄x၃၁ လမ်းဒေါင့်က အနုပညာ-စင်တင်ဘီယာဆိုင်ဆိုရင် ကောင်တာကိုတောင် ပလပ်ဖောင်းမှာထားတာဗျာ .... လမ်းပေါ်မှာလည်း ခုံတွေခင်းထားတယ် .... တကယ်ကို မပြောချင်ပါဘူး ...... ပြောမယ့်သူမရှိတာလား ..... မပြောရဲကြတာလား ..... မသိလို့လား ........ မပြောတတ်တော့ပါဘူး ...............

မိုးတွေနေ့တိုင်းရွာနေတယ် ..... မိုးရွာတာကောင်းပါတယ် ...... သဲကြီးမဲကြီးတော့ မရွာလိုက်ပါနဲ့ မိုးရယ် ......................................

Wednesday, May 16, 2007

အလှူ .....

  • အလှူတစ်ခု လှူကြရအောင်

    Posted: 2007-05-15 11:08
    သတ္တ၀ါအပေါင်း စိတ်ချမ်းသာဖို့ ကူညီကြပါစို့
    ဒီဆောင်ပုဒ်နဲ့အညီ မန္တလေးသားတစ်ချို့စုစည်းထားတဲ့ စိတ္တသုခဆိုတဲ့ ပရဟိတအဖွဲ့ . . .
    မကြာခင်မှာ ခြောက်လတစ်ကြိမ် လှူနေကြအလှူတစ်ခု လုပ်ကြရတော့မယ် . .

    အကြမ်းဆုံးဖြတ်ထားကြတာကတော့

    စစ်ကိုင်းမြို့၊ မြရနာရပ်ကွက်က အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်းမှာ လှူမယ်လို့ ဆုံးဖြတ်ထားပါတယ် . .
    အဲဒီကျောင်းက ကျောင်းသား၊ကျောင်းသူများရဲ့ ဘ၀က သနားစရာပါဗျာ . .

    လူချင်းတူတူ အခွင့်အရေး တန်းတူမရခဲ့တဲ့ သူတွေပါ . . .
    တစ်ချိန်က လူတွေရဲ့ အပစ်ပယ်ခံ လူတွေပေါ့ . .

    သူတို့ဘ၀ ကို ကယ်တင်အလင်းရောင်ပေးခဲ့ကြပေမယ့် မပြည့်မစုံနဲ့အခုအချိန်အထိ လူတွေကြားမှာ
    လူတိုင်းနဲ့ ပုခုံးချင်းယှဉ်မနေနိုင်ကြဘူးလေ . .

    သူတို့ကလေးတွေရဲ့ မိဘတွေမှာ ရှိခဲ့တဲ့ ပြစ်ချက်က သူတို့အတွက် ပိတ်ပင်မှုကြီး ဖြစ်နေကြတယ်.
    သူတို့ ကျောင်းနေမယ်ဆိုတော့ ကျောင်းကလက်မခံချင်ကြဘူးလေ . .
    ကလေးငယ်တွေရဲ့ ဘ၀ကို အရိပ်မည်းကြီးက အုပ်မိုးနေတာလေ . . .
    ဒါနဲ့ပဲ ဒီမူလတန်းကျောင်းလေး ဖြစ်လာခဲ့ရတာ . .
    ကျောင်းသား၊ ကျောင်းသူ ၂၅၀ ခန့်ရှိပါတယ် . .
    အားလုံးက တစ်ရွာထဲက ပါ . .

    စာနာမှုမရှိတဲ့ လူတွေက ပစ်ပယ်ထားကြတယ် . . .
    စာနာတတ်သူတွေက ကူညီကယ်တင်တယ် . .

    သူတို့ဘ၀လေးတွေ အရောင်ပြောင်းပြီး ဘ၀ကို တည်ငြိမ်စွာ တည်ဆောက်နိုင်ဖို့က စာနာနားလည်သူတွေ အများကြီးလိုအပ်နေပါတယ် . . .

    ခင်ဗျားရော သူတို့အပေါ် စာနာနိုင်မလား . . .

    သူတို့က သန့်စင်တဲ့ ပန်းလေးတွေပါ . .
    သူတို့ ရဲ့ မိဘ အဘိုးအဘွား များရဲ့ အရိပ်မည်းက သူတို့ကို ညှိုးနွမ်းစေခဲ့တယ်လေ . . .

    သူတို့က အနာကြီးရောဂါဆိုတဲ့ တစ်ချိန်က ကြောက်ကြတဲ့ ရောဂါသည်တို့ရဲ့ သား၊သမီးတွေပေါ့ . .
    အခုတော့ ပျောက်ကင်းသွားတဲ့ ရောဂါဆိုး
    ဒါပေမယ့် အရိပ်မည်းက ကျန်နေဆဲပါ . .

    အဲဒီအရိပ်မည်းကြီးကို ကျွန်တော်တို့ ၊ ခင်ဗျားတို့ရဲ့ စေတနာ မေတ္တာနဲ့ ဖယ်ရှားကြရအောင်လားဗျာ . .
    ကျွန်တော်တို့နဲ့ အတူ ပါဝင်ပြီး ကိုယ်စွမ်း၊ ဥာဏ်စွမ်း၊ ငွေအား၊ လူအား အကြင်နာ မေတ္တာတွေကို ပြသပြီး
    ကလေးငယ်တွေပေါ် ဖုံးလွှမ်းနေတဲ့ အရိပ်မည်းကြီးကို မေတ္တာတရားဆိုတဲ့ အလင်းရောင်ခြည်ပေးရအောင်ဗျာ . . .

    ပါဝင်လှူဒါန်းမယ်ဆိုရင် ကျွန်တော့် ဘလော့မှာ ၀င်ရေးခဲ့လည်းရပါတယ်၊ နောက်မေးလ်ပို့လည်းရပါတယ်ဗျာ . .
    အပြင်မှာ သိတဲ့သူလည်း ဆက်သွယ်ပေးပါ . . .
    ကျွန်တော်တင်မကပါဘူး ကိုဘဦး(မန္တလေး)နဲ့လည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ဗျာ . . .

    သြော်
    ကျွန်တော်တို့ ဇွန်လ ၁၄ရက်နေ့လောက်သွားလှူမယ်ဗျာ . .
    ကိုယ်တိုင် လိုက်ခဲ့လို့ရတယ်နော် . .
    လိုအပ်နေတာက မေတ္တာတရားပါ . . .

    လူသားချင်းတူပေမယ့် လူတွေက လက်မခံသော ကလေးငယ်များအတွက် . . .
    မေတ္တာရောင်ခြည် ပေးကြရအောင်ဗျာ . . .
source : uhteik.blogspot.com

Tuesday, May 15, 2007

International Day of Families

ဒီနေ့ဟာ မိသားစုနေ့ တဲ့ ......

မိသားစုတိုင်း သောကကင်းဝေးပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေဗျာ .......

May 15 is celebrated as the International Day of the Family.


Monday, May 14, 2007

မန်းတောင်ရိပ်


မန်းတောင်ရိပ်- ဂျာနယ် ထွက်ဦးမယ် ဆိုလားပဲ .........

မန်းတောင်ရိပ်ခိုမယ့် မန်းတောင်ရိပ်


ယာဉ်ကြီးယာဉ်ငယ်ယဉ်ကျေးမှု

ယာဉ်ကြီးယာဉ်ငယ်ယဉ်ကျေးမှုဆိုတာ မန္တလေးရဲ့အစဉ်အလာ ယဉ်ကျေးမှုတစ်ခုပါ .... ယာဉ်တိုက်ပြီဟေ့ဆိုရင် ယာဉ်ကြီးယဉ်ငယ်ကပါလာပါတယ် .... နေ့စဉ်နဲ့အမျှတိုက်နေကြတော့ ယဉ်ကျေးမှုတစ်ခုလိုဖြစ်လာတာပေါ့ဗျာ .... အစဉ်အလာအရ ကြီးတဲ့ကောင်အရှုံးပဲ .... ကြီးနိုင်ငယ်ညင်းတော့ မဟုတ် ..... အငယ်ကို အရှုံးပေးရတဲ့ အစဉ်အလာပါ ........

တစ်နေ့က မိတ်ဆွေတစ်ယောက် ဆိုင်ကယ်နဲ့ စက်ဘီး တိုက်ကြတယ်တဲ့ ... တစ်လမ်းမောင်းကို မှန်မှန်ကန်ကန် စီးခဲ့တဲ့ မိတ်ဆွေဆိုင်ကယ်သမားက တစ်လမ်းမောင်းကို လမ်းထိပ်ကနေ ပြောင်းပြန်ပုံစံဝင်မယ့်စက်ဘီးသမားနဲ့  တိုက်ကြရော .... ဆိုင်ကယ်သမားကလည်း မန္တလေးသားမို့ ချက်ခြင်းပဲ လျော်ကြေးပေးပါတယ် .... အမှုမဖြစ်အောင်ပေါ့ဗျာ .... စက်ဘီးသမားက မယူဘူးဗျ .. ခဏနေတော့ ရပ်ကွက်လူကြီးရောက်လာပြီး ပြေလည်အောင်ဆောင်ရွက်ပေးပါတယ် ... လျော်ကြေးကို ပိုပေးဖို့တောင်းဆိုပါတယ် .... ပိုပေးတော့လည်း စက်ဘီးသမားကလက်မခံဘူး .... ဒီလိုနဲ့ မပြေလည်တော့ ယဉ်ထိန်းရဲကို သွားခေါ်ကြတာပေါ့လေ .... ဘေးလူတွေကလည်း တစ်ယောက်တစ်မျိုးနဲ့ အမျိုးမျိုးပြောနေကြတာပေါ့ .... စက်ဘီးသမားကလည်း အတိုက်ခံရတော့ လဲတာပေါ့ ... လဲတော့ ထိတာပေါ့ .... နဲနဲပါးပါးပါ ...... အရှိန်နဲ့တိုက်တာမဟုတ်လေတော့ မဖြစ်စလောက်ပါပဲ ..... ဒါကို သေတော့မလောက် ဟန်ဆောင်ကောင်းတာနဲ့ ဘေးလူတွေက ပြောကြတာနဲ့ဆိုတော့ မပြေလည်ကြဘူး .... ဒါနဲ့ ဆေးရုံကြီးကိုရောက်ရတယ် .... ဆေးစစ်ခံရတယ် .... ဓာတ်မှန်ရိုက်ရတယ် .... မှုခင်းစစ်ရဲအရာရှိရဲ့ စစ်ဆေးခြင်းခံရတယ် .... စက်ဘီးသမားလည်း ဒီတော့မှ တော်တော်ကြီးကို စိတ်ပျက်သွားတယ် ..... ဆေးရုံနဲ့တင်မပြီးသေးဘူး ... ယာဉ်ထိန်းရဲစခန်းကိုသွားရပြန်ရော ......

လမ်းမှာ ဆိုင်ကယ်သမားက စိတ်ပျက်နေပြီဖြစ်တဲ့ စက်ဘီးသမားကို အမှုဖွင့်ရင် နှစ်ယောက်လုံးအလုပ်ပျက်မယ် ... ဘာဖြစ်မယ် ... ညာဖြစ်မယ်ဆိုပြီး ပြောသွားတယ် .... ရဲစခန်းရောက်တော့ အမှုစစ်တယ် .... ဒီတော့မှ စက်ဘီးသမားခမျာမှာလည်း အမှုဆက်မရှည်ချင်တော့တာနဲ့ ပြေလည်ကြောင်းလက်မှတ်ထိုးပြီး အမှုပိတ်ခဲ့တယ် .........

တကယ်တော့ အစကထဲက ပြေလည်အောင် ဖြေရှင်းလိုက်ရင် ပြီးတာကို .... အရှည်အရှည်ဖြစ်အောင်သွားလုပ်တာကို .... ကိုယ်ကလည်းမှားနေသေးတယ် .... အမှုဖြစ်အောင်လည်းလုပ်တယ် ..... ယာဉ်ကြီးယာဉ်ငယ်ဆိုတဲ့ ယဉ်ကျေးမှုက လွမ်းမိုးနေလေတော့ စိတ်ထဲက ဘယ်လိုယူဆထားသလဲမသိပါဘူး ....

တကယ်တော့လည်း ................................................................................................


အော် ... မီးရယ် .........

၁၂-၅-၂၀၀၇
မီးလောင်နေတယ်တဲ့ .......
ဘယ်နားမှာလဲလို့မေးကြည့်တော့ ....
၈၄-လမ်းက မန်းမြို့တော့ လက်ဖက်ရည်ဆိုင်အနောက်ကပ်လျှက်တဲ့ဗျာ .......

၁၃-၅-၂၀၀၇
မီးလောင်နေတယ်တဲ့ .......
ဘယ်နားလဲ .....
၈၄-လမ်းx ၃၁ လမ်းဒေါင့်က အနုပညာ-စားသောက်ဆိုင်ပါတဲ့ ......

Friday, May 11, 2007

InDesign CS2


ဆရာဦးအောင်မြင့်ရဲ့ InDesign CS2 မြန်မာဘာသာနဲ့ရေးထားတဲ့စာအုပ်တစ်အုပ်ကို ထွန်းဦးစာပေကနေ ၂၂၀၀ ကျပ်နဲ့ဝယ်ခဲ့တယ်။ စိတ်ဝင်စားနေတာလည်းကြာပါပြီ။ Adobe က PageMaker 7 နောက်ပိုင်း PageMaker ကိုဆက်မထုတ်တော့ပဲ Publishing အပိုင်းမှာ InDesign ကို မိတ်ဆက်ပေးခဲ့တယ်။ PageMaker နဲ့ PhotoShop ကို ပေါင်းစပ်ပေးလိုက်တဲ့ ဆော့ဝဲလ်လို့ ပြောနိုင်ပါတယ်။ Publishing အပိုင်းမှာ တော်တော်ပြည့်စုံအောင်လုပ်ပေးထားတာပါ။ All in one စတိုင်ကို သွားနေတဲ့အချိန်မှာ ဒီလိုတီထွင်မှုတွေနဲ့ပဲ မလွေမသွေတွေ့ရမှာပါ။ တစ်ခုချင်းဆီကို ပေါင်းစပ်သုံးတာထက် အားလုံးကို တစ်နေရာထဲမှာ ရနိုင်တော့ အချိန်ကုန်သက်သာတာပေါ့။ ကျွန်တော်တို့ဆီမှာ သိပ်မသုံးဖြစ်ကြဘူး။ အရိုးစွဲနေပြီဖြစ်တဲ့ PageMaker ကိုလည်း မလွတ်နိုင်သေးဘူး။ တကယ်တော့ InDesign ကို ပြောင်းသုံးသင့်ဖို့ အချိန်တန်နေပါပြီ။

Thursday, May 10, 2007

၂၀၀၇ မလေးရှားပညာရေးပြပွဲ

၂၀၀၇ မလေးရှားပညာရေးပြပွဲကြီး သို့ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ဆိုတဲ့ ဖိတ်စာတစ်စောင် ရောက်လာတယ် ..... မလေးရှားနိုင်ငံပညာရေးဝန်ကြီးဌာနနဲ့ မလေးရှားနိုင်ငံ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနက ကမကထပြုပြီး မလေးရှားနိုင်ငံမှ Winning Magnitude Sdn. Bhd. နဲ့ မြန်မာနိုင်ငံက Jenko - Shwe Myin Educare Services တို့ ပူးပေါင်းကျင်းပတဲ့ပွဲ ပါတဲ့ ........ မလေးရှားနိုင်ငံမှာတော့ နှစ်စဉ် ကျင်းပပြီး ရန်ကုန်မှာ(၂)ရက်၊ မန္တလေးမှာ (၁)ရက် ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

၂၀၀၇-ခုနှစ် မလေးရှားပညာရေးပြပွဲကြီးမှာ မလေးရှားနိုင်ငံက Private University, College, International School အစရှိတဲ့ ကျောင်းပေါင်းစုံပါဝင်မှာ ဖြစ်ပါတယ်။

ရန်ကုန်မှာ (၁၇-၅-၂၀၀၇)နဲ့ (၁၈-၅-၂၀၀၇) နေ့တွေမှာ Park Royal Hotel မင်္ဂလာခန်းမ၊ အလံပြဘုရားမှာ ကျင်းပမှာဖြစ်ပြီး မန္တလေးမှာတော့ (၂၀-၅-၂၀၀၇)နေ့မှာ ရတနာပုံဆိုက်ဘာခန်းမ (MICT Park) မှာ ကျင်းပမှာဖြစ်ပါတယ်။

Wednesday, May 9, 2007

Road to Mandalay Beer



မန္တေလးဘီယာကြော်ငြာပါတဲ့ လမ်းညွှန်ဆိုင်းဘုတ်အသစ်များကို ၂၆-ဘီလမ်း၊ လမ်း-၈၀ တစ်လျှောက်မှာ စိုက်ထူထားတာတွေ့ရပါတယ်။ မန္တေလးဘီယာစက်ရုံကို ခေါ်ဆောင်သွားမယ့် လမ်းညွှန်ဆိုင်းဘုတ်များဆိုလည်း မမှားပါဘူး။ လမ်းညွှန်ဆိုင်းဘုတ်တိုင်းမှာ မန္တေလးဘီယာစက်ရုံ ဆိုပြီးပါနေပါတယ်။ ဆိုင်ဘုတ်အရောင်အသွေးက အရောင်နုကိုသုံးထားတဲ့အတွက် ရုတ်တရက် လမ်းကြည့်မယ်ဆိုရင် ဘယ်ကို လမ်းညွှန်ထားမှန်းမသိသာပါဘူး။ အပြာနုပေါ်မှာ အဖြူရောင်စာလုံးတွေပါ။ စာလုံးရဲ့အရွယ်ကလည်းသေးပါတယ်။ မန္တေလးဘီယာကြော်ငြာအကွက်လေးကတော့ အထင်သားပါပဲ။

Lucky Drinking Water Photo Contest




8-5-2007 ည(၇)နာရီ ရွှေဘဲ စားသောက်ဆိုင်မှာ လပ်ကီးသောက်ရေသန့်ဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပပါသည်။

မန္တလေးဓာတ်ပုံအသင်းမှ ဦးဆောင်ကျင်းပသော လပ်ကီးသောက်ရေသန့် အထူးဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲအား ဖိတ်ခေါ်ယှဉ်ပြိုင်စေခဲ့ရာ ဓာတ်ပုံလက်ရာပေါင်း (၂၀၀)ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲဝင်လက်ရာများကို (၂၉-၄-၂၀၀၇)ရက်နေ့က မန္တလေးမြို့၊ ၇၇-လမ်း၊ ၃၃x၃၄ လမ်းကြား၊ ရတနာပုံဈေး ဒုတိယထပ်ရှိ မန္တလေးဓာတ်ပုံအသင်းတိုက်တွင် အကဲဖြတ်အဖွဲ့ဝင်(၇)ဦးဖြင့် ရွေးချယ်ခဲ့ရာ ပထမ-အောင်သန်းဦး(ဟေမာန်)၊ ဒုတိယ-ထင်အောင်(အင်းစိန်)၊ တတိယ-ဇော်(မန်းတကသိုလ်)၊ နှစ်သိမ့်ဆုများကို အောင်သန်းဦး(ဟေမာန်)၊ အောင်ကျော်ထွန်း(ပုသိမ်ကြီး)၊ ထက်သူ(ရွှေကျောင်းကြီး)၊ ထွန်းရွှေ(လှသရဖူ)၊ ရွှေသွေး(ဘောဂဗလ)၊ အောင်သန်းဦး(ဟေမာန်)၊ ကိုကိုလေး(ကိုခန့်စံ) တို့ အသီးသီးရရှိကြပါသည်။ ထို့အပြင် အထူးဆု(၂၅)ဆုကိုလည်း ရွေးချယ်ပေးခဲ့ကြပါသည်။

Tuesday, May 8, 2007



ဆရာ ဦးလှကောင်းရဲ့ စာအုပ်ကောင်းတစ်အုပ် ထပ်မံထုတ်ဝေခဲ့ပါတယ် .... 64 bit Processing Technology 10+ ၆၄ဘစ် ကွန်ပျူတာနည်းပညာ တစ်ဆယ်+ ဆိုတဲ့စာအုပ်ပါ ..... ၆၄-ဘစ်နည်းပညာတွေကို ရှာရှာဖွေဖွေ နှိက်နှိက်ချွတ်ချွတ် တင်ပြထားပါတယ် ...... မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ ကွန်ပျူတာနည်းပညာစာအုပ်များထဲက နောက်ဆုံးပေါ်နည်းပညာကို တင်ပြထားတာကြောင့် ကျွန်တော်တို့အတွက် အင်မတန်မှ အသုံးဝင်လှပါတယ် .... အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့စာအုပ်တွေကို ကောင်းကောင်းဖတ်နိုင်တဲ့သူတွေအတွက်တော့ မြန်မာဘာသာနဲ့ရေးထားတဲ့စာအုပ်တွေကို သိပ်ပြီးကြိုက်လှမယ်မထင်ဘူး .... သိပ်ရောင်းမကောင်းလှတဲ့ အဆင့်မြင့်နည်းပညာစာအုပ်များကို ၀ါသနာအရင်းခံပြီး ထုတ်ဝေတဲ့ ဆရာဦးလှကောင်းကို ကျေးဇူးတင်ပါတယ် ..... နောက်ထပ်လည်း ဒီလိုနည်းပညာစာအုပ်တွေ အများအပြားထုတ်ဝေနိုင်ပါစေဗျာ .............

ID


မြို့နယ်အသီးသီးမှာ နိုင်ငံသားစိစစ်ရေးကဒ်တွေလုပ်ပေးနေတယ် ..... (၁၀)နှစ်ပြည့်ရင် လျှောက်ထားလို့ရပြီတဲ့ .... (၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့်၊ (၃၀)နှစ်ပြည့်ဆိုပြီး နိုင်ငံသားစိစစ်ရေးကဒ်တွေကို အသက်အပိုင်းအခြားအလိုက် ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ် .... (၁၀)နှစ်ပြည့်ကလုပ်ထားရင် (၁၈)နှစ်ပြည့်တဲ့အခါ ပြန်လဲရပါတယ် .... ပြန်မလဲပဲ ဆက်လက်သုံးပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ် .... ´သားကြီး(၁၈)နှစ်ပြည့်လို့ နိုင်ငံသားစိစစ်ရေးကဒ်ကို ရုံးမှာ သွားလဲတာ ဖောင်တွေတစ်ပြုံကြီး ဖြည့်ရတယ် .... အချိန်အတော်ကြာအောင်စောင့်ခဲ့ပေမယ့် မရဘူး .... ကျွန်တော်တို့ကလည်း အလုပ်လုပ်ရသေးတော့ အချိန်ပြည့် ရုံးမသွားနိုင်ဘူးဗျာ .... တစ်လလည်းမဟုတ် .... နှစ်လလည်းမဟုတ် .... ဘာအတွက်ကြနေမှန်းကိုမသိပါဘူး ..... အခုတော့ ရပ်ကွက်ထဲလာပြီးလုပ်ပေးမယ်ဆိုတော့ ကောင်းတာပေါ့ဗျာ ...... ငွေလည်းသိပ်မကုန်၊ အချိန်လည်းသိပ်မကုန်တော့ဘူးပေါ့ ......´ လို့ ရပ်ကွက်ထဲကမိတ်ဆွေတစ်ယောက်က ဒီလိုပြောပါတယ် ..... ဆက်ပြီးဒီလိုပြောပါသေးတယ် ´နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပျောက်မသွားနဲ့ .... တော်တော်နဲ့ ပြန်ရဖို့မလွယ်ဘူးတဲ့ .......

Monday, May 7, 2007

Computer Magazine


ကွန်ပျူတာခေတ်လို့ ဆိုရမယ့် ဒီခေတ်ကြီးထဲမှာ ခေတ်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် ကွန်ပျူတာဂျာနယ်တစ်စောင် ထွက်လာပါတယ် ...... Computer Magazine လို့ နာမည်ပေးထားပါတယ် ..... ကွန်ပျူတာနည်းပညာတွေကို မြန်မာမှုပြုပြီး လူတိုင်းအလွယ်တကူ နားလည်လွယ်အောင် ရေးသားနေတဲ့စာအုပ်တွေထဲမှာ ဂျာနယ်တွေဟာ နည်းပညာအသစ်တွေကို အရင်ဆုံးပေးနိုင်တဲ့ စာအုပ်တွေပါ ..... မ၀ယ်နိုင်ပေမယ့် သွားရည်ကျစရာတွေ အများအပြားလေ့လာနိုင်ပါတယ် ..... သင်ခန်းစာ တစ်ပိုင်းတစ်စတွေကိုလည်း လေ့လာနိုင်တယ် .... ကြော်ငြာတွေလည်းကြည့်နိုင်တယ် ...... အားထားစရာကောင်းပါတယ် ......

2007 Art House Myanmar Font


မနေ့က 2007 Art House Myanmar Fonts ဆိုတဲ့ စီဒီတစ်ချပ်ဝယ်ခဲ့တယ် .... ၃၅၀၀ ကျပ်ပေးခဲ့ရပါတယ် ..... မြန်မာစာလက်ကွက်ပုံစံ ၂၀ ပါဝင်ပါတယ် ...... ကျွန်တော့်အတွက် အသုံးကျပါတယ် ..... ၃၅၀၀ ကျပ် ပေးရတာ တန်ပါတယ် ..... သူများအားထုတ်ကြိုးပမ်းထားတာကို ငွေနဲ့ အလွယ်တကူဝယ်ယူအသုံးချနိုင်တာကိုက အဆင်ပြေပါတယ် ..... ကိုယ်တိုင်မှ မတီထွင်နိုင်တာကိုး .... ကျေးဇူးတင်ပါတယ် ..... ဦးဇော်ဝင်းမြတ် (အနုပညာအိမ်)အုပ်စုက တီထွင်ဖန်တီးထားတာ ဒီစီဒီနဲ့ပါဆိုရင် (၃)ချပ်ရှိသွားပါပြီ ..... အရင်နှစ်ချပ်တုန်းကလည်း ၀ယ်ဖြစ်တယ် ..... CopyRight ပေါ့ဗျာ .... ဒါတောင် ကွန်ပျူတာတစ်လုံး တစ်ချပ်ဆိုတဲ့ပုံစံမျိုးတော့မ၀ယ်နိုင်သေးပါဘူး ..... ကျွန်တော့်မှာ လက်ရှိရှိတဲ့ ကွန်ပျူတာ ခုနှစ်လုံးလုံးကို ၀ယ်လာတဲ့စီဒီတစ်ချပ်ထဲကနေပဲ အားလုံးကို ထည့်ခဲ့တာပါ ..... ဒီအတွက်တော့ စိတ်မကောင်းပါဘူး ..... စီဒီထဲမှာလည်း ကွန်ပျူတာတစ်လုံး စီဒီတစ်ချပ်လို့တော့ ရေးမထားပါဘူး ...... တခြားတော်တော်များများက ၀ယ်တောင် မသုံးကြဘူး ..... ခိုးကူးကြတယ် ..... ကိုယ့်အတွက် အသုံးကျတဲ့ ဒီလိုစီဒီမျိုးကိုတော့ ၀ယ်သုံးသင့်ပါတယ်ဗျာ ..... ကျွန်တော်မနေ့က၀ယ်ခဲ့တယ် .... Install လုပ်တယ် .... ဒီနေ့ပဲ ဒီဇိုင်းတစ်ခုမှာသုံးလိုက်တယ် ..... စီဒီဖိုးက ကျေသွားပြီ ..... ဒါကြောင့် ခိုးကူးတဲ့သူတွေ ခိုးမကူးကြပါနဲ့ .... တီထွင်တဲ့သူတွေကို လေးစားကြပါလို့ ..............................................

Tuesday, May 1, 2007

Blog

Blog တော်တော်များများရေးလာကြတယ် ..... ကျွန်တော်လည်းရေးကြည့်တယ် .... မှတ်စုသဘောပေါ့ဗျာ .... Blog ဆိုတာဘာလဲ .... အလကားပေးထားပြီး ရေးချင်ရာရေးနိုင်တဲ့ web page လေးတစ်ခုပဲမဟုတ်လား .... ကိုယ်ပိုင်စာမျက်နှာတော့ မဟုတ်ပါဘူး ..... ကိုယ်ပိုင်သဘောမျိုးရေးချင်တာရေးနိုင်တယ် .... ပုံတွေတင်လို့ရမယ် .... ဗီဒီယိုအပိုင်းအစလေးတွေတင်ကြတယ် ..... Blog ရေးသူတွေကလည်း တစ်နေ့တစ်နေ့များပြားလာတယ် ..... ကိုယ်ရည်သွေးတဲ့သူတွေလည်းရှိတယ် ..... ရေးချင်ရာလျှောက်ရေးနေတဲ့သူတွေလည်းရှိတယ် ..... အမျိုးမျိုးပါပဲ ...... ကျွန်တော်လည်း သူများ Blog ဆိုလို့ လိုက်ပြီး Blog ကြည့်တာပါ ..... သတင်းတွေလည်းရေးမယ် .... အတင်းတွေလည်းဖြစ်ချင်ဖြစ်မယ် ...... ကိုယ့်အကြောင်းလည်းပါမယ် .... သူများအကြောင်းလည်းရေးမယ် ...... Blog တင်တဲ့အခါ ရေးချင်တဲ့စိတ်ရှိရာကို ရေးမှာပဲ .... သူများလိုတော့ ကူးမရေးပါဘူး .... ကူးခဲ့ရင်တောင် ဘယ်ကကူးလည်းဆိုတာ ထည့်ရေးမှာပါ ..... အများအားဖြင့်တော့ ကိုယ်ပိုင်ပေါ့ဗျာ .......