Monday, August 31, 2015

Blog Day 2015


Blog Day 2015

Happy Blog Day 2015 !!!!!

Happy Blog Day 2015 !!!!!

Sunday, August 30, 2015

Blog Day 2015 ကိုသွားကြတယ်

မန္တလေးက Blogger တွေ
ရန်ကုန်မှာကျင်းပမယ် Blog Days 2015 ကို သွားကြတယ်

Friday, August 28, 2015

Mandalay Investment Fair ကျင်းပမည်

Mandalay Investment Fair ကို စက်တင်ဘာလ ၃၀ ရက် Mandalay Hill Resort မှာ ကျင်းပမည်

Tuesday, August 25, 2015

Blog Day 2015 "Building Online Content Community" ပွဲဖိတ်ထားတယ်

Blog Day ကလည်း နီးလာတော့ ဘလော့ရေးဖို့ သတိရမိပြန်တယ် ...
အဲဒီအချိန်မှာပဲ Myanmar Blog Society က ဖိတ်စာ ဖိတ်လာတယ် ....
မတွေ့တာကြာပြီဖြစ်တဲ့သူတွေ၊ မတွေ့ဖူးသေးတဲ့သူတွေ၊ တွေ့နေပေမယ့် မနှုတ်ဆက်ဖြစ်တဲ့သူတွေ ပြန်လည်ဆုံတွေ့ရမယ်လို့ မျှော်လင့်ပါတယ်။


MBS (Myanmar Blogger Society) မှ ကြီးမှုးပြီး Telenor မှ Host လုပ်သော Blog Day 2015 "Building Online Content Community" - အွန်လိုင်းအချက်အလက် အသိုက်အမြုံတည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် သြဂုတ်လ ၃၀ ရက်နေ့တွင် Sule Shangri-La ဟိုတယ် Bago Room Level 1ဆွေးနွေးမည်ဖြစ်ပါသဖြင့် တတ်ရောက်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
မန္တလေးမှ Bloggers များအတွက် Aug 29 ရက် စနေ့နေ့တွင် ရန်ကုန်သို့ လာရန်ကား စီစဉ်ပေးထားမှာဖြစ်ပါသည် ။

Monday, August 24, 2015

Better Future Better Myanmar 2015 စီးပွားရေးဆိုင်ရာအခမဲ့ ဟောပြောပွဲ ကျင်းပမည်

မြို့ကြီး ၈ မြို့တွင် ကျင်းပနေသည့် Better Future Better Myanmar 2015 စီးပွားရေးဆိုင်ရာ အခမဲ့ဟောပြောပွဲများ၏ (၁၀) ကြိမ်မြောက်ဟောပြောပွဲကို သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီမှ စတင်ကာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်မန္တလေးတွင်  “Transforming Teams” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါဟောပြောပွဲများကို Hub Myanmar Company Limited မှ တိုးတက်လာသော ခေတ်နှင့်အညီစီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးကိုစိတ်ဝင်စားသော လူငယ်လူရွယ်များ စီးပွားရေးအသိပညာ ပိုမိုတိုးပွားစေရန် ရည်ရွယ်ကာ စီစဉ်ကျင်းပနေခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ၏ စီပွားရေးအကြံပေး ပါမောက္ခဒေါက်တာအောင်ထွန်းသက် နှင့် Device Business Management Academy ၏ Principal ဦးတင်ဇံကျော်တို့ မှ ဟောပြောပို့ ချသွားမည်ဖြစ်သည်။ 

စိတ်ပါဝင်စားသူမည်သူမဆို ဖုန်းနံပါတ် (၀၁-၂၃၉၉၄၀၀) သို့ အမည်၊ အလုပ်အကိုင်ရာထူး၊ အီးမေလ် နှင့် ဖုန်းနံပါတ်တို့ကို ပေးပို့ပြီး Register ပြုလုပ်ပြီး အခမဲ့ တက်ရောက်နိုင်ပါတယ်။ စိတ်ပါဝင်စားသူ မည်သူမဆို ဟောပြောပွဲတက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် (၀၁-၂၃၉၉၄၀၀) သို့ အမည်၊ အလုပ်အကိုင်ရာထူး၊ အီးမေလ် နှင့် ဖုန်းနံပါတ်တို့ကို ပေးပို့ပြီး Register ပြုလုပ်ပြီး အခမဲ့ တက်ရောက်နိုင်မည်ဖြစ်သည်။  

Better Future Better Myanmar 2015 စီးပွားရေးဆိုင်ရာ အခမဲ့ဟောပြောပွဲများ၏ ကျင်းပမည့်  (၈)ကြိမ်မြောက်ဟောပြောပွဲကို One in All ခေါင်းစဉ်ဖြင့် မန္တလေးမြို့တွင် ဇူလိုင်လ (၅)ရက်နေ့က ကျင်းပခဲ့ကြောင်းသိရသည်။

Facebook မှာပဲ အချိန်တွေကုန်နေခဲ့တယ်

Social Media ခေတ်ကောင်းချိန်ဆိုတော့လည်း ခေတ်နဲ့အမှီလိုက် ခေတ်အကြိုက်လိုက်ပြီး ပြောင်းသုံးလာလိုက်တာ ဒီကနေ့တော့ Facebook ကိုပဲ နေ့စဉ်သုံးဖြစ်နေတော့တယ်။
Blog ရေးဖို့လည်း သတိမရဘူး။
သတိရပြန်တော့လည်း ၀င်မရေးဖြစ်ဘူး။
ဒီလိုနဲ့ပဲ Blog မရေးဖြစ်တော့ဘူး။
အမှန်က Blogger ထဲကို မ၀င်ဖြစ်တော့ဘူးဆိုတာပိုမှန်မှာပေါ့။
အရောက်တော့လာဦးမယ်။
ဒီလိုနဲ့ပဲ ပြန်ပစ်ထားမိလိုက်ပြန်တယ် ...
ဘာပဲဖြစ်ဖြစ် အရောက်တော့ လာဦးမယ် .......... ;-)