Friday, August 22, 2008

မင်းကွန်းခေါင်းလောင်းပြုတ်ကျတယ်တဲ့ ...

မင်းကွန်းခေါင်းလောင်းပြုတ်ကျတယ်တဲ့ ..
ဟုတ်ရဲ့လားဗျာ ဆိုတော့ ဓာတ်ပုံတွေပြတယ်လေ ...
အဲ ဟုတ်တယ်ဗျ .... ဓာတ်ပုံထဲမှာ ၀ုန်းဒိုင်းကျဲနေတာပဲလေ .....
နောက်ပုံတွေကြည့်လိုက်မှ .... ခေါင်းလောင်းပြုတ်ကျတာမဟုတ်ပဲ မျက်နှာကျက်ပြုတ်ကျတာဖြစ်ပါတယ် .....
မျက်နှာကျက်မှာ အကောင်ပလောင်တွေရဲ့ အညစ်အကြေးတွေနဲ့ ပြည့်နေတာ ....
အလုပ်သမားတွေတက်ပြီး အပြင်ပိုင်း မွန်းမံနေတုန်းဖြစ်တာ ......
အင်း ... ဓာတ်ပုံသာကြည့်ပါတော့ဗျာ .............

Monday, August 18, 2008

Fwd: World Photography Day 2008 (( august 19 ))

နက်နဲသိမ်မွေ့သောပညာ ဒစ်ဂျစ်တယ်ဓာတ်ပုံပညာ မွေးဖွားရာမြေ

ကျွန်တော်ဟာ နေ့တဓူဝတွေ့ကြုံနေရတဲ့ သဘာဝအလှတွေကို ဓာတ်ပုံတွေရိုက်ရင်း ကြီးပြင်းလာခဲ့ပါတယ်။ အလင်းရဲ့ စွမ်းပကားကြောင့် အရောင်မျိုးစုံကွန့်မြူးတဲ့ သဘာဝအလှတရားကို ရှာဖွေလေ့လာရင်း ဓာတ်ပုံပညာကို မွေ့လျောခဲ့ ရပါတယ်။ ဓာတ်ပုံပညာဟာ ပုံရိပ်ဖြစ်ပေါ်လာဖို့ အလင်းအပေါ်မှာ အခြေခံပါတယ်။ Photography ကို ဂရိဘာသာ စကားနဲ့ Photo (light) နဲ့ graphein (to draw) ဆိုတာက ဆင်းသက်လာပြီး Drawing with light အလင်းဖြင့် ရေးဆွဲခြင်း လို့ အဓိပ္ပာယ် ရပါတယ်။ ၁၈၃၉ ခုနှစ်မှာ သိပ္ပွံပညာရှင် Sir John F.W.Herschel က စတင်အသုံးပြုခဲ့ ပါတယ်။ ၁၈၂၇ ခုနှစ်က Joseph Nicephore Niepce ရဲ့ ၈ နာရီကြာအချိန်ပေးပြီးရိုက်ကူးရတဲ့ နည်းပညာကို မိနစ် ၃၀ အောက်ရောက်တဲ့အထိ တီထွင်နိုင်ခဲ့ပြီး ယနေ့ခေတ်သုံးဓာတ်ပုံပညာကို အစပျိုးနိုင်ခဲ့ပါတယ်။ Louis Jacques Mande Dafuerre ရုပ်ပုံဖမ်းယူခြင်းနဲ့ ပုံဖော်ခြင်းနည်းပညာကို အပတ်တကုတ်ကြိုးစားခဲ့ရာက Daguerreotype ဆိုတဲ့ ယနေ့ခေတ်သုံးဓာတ်ပုံပညာနဲ့ အနီးစပ်ဆုံးဖြစ်အောင်တီထွင်အောင်မြင်ခဲ့ပါတယ်။ Daguerreotype နည်းပညာကို ပြင်သစ်အစိုးရကို ရောင်းချခဲ့ပြီးနောက် ဓာတ်ပုံပညာရဲ့လုပ်ငန်းစဉ်များအား ကမ္ဘာတစ်ခွင်ရှိ ပြည်သူများသို့ ၁၈၃၉ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ ကြေငြာခဲ့ကာ ယနေ့ဓာတ်ပုံပညာရဲ့ ခရီးလမ်းကို စတင် ပါတော့တယ်။

၁၈၃၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က အများပြည်သူကိုစတင်ကြေငြာခဲ့တဲ့ ယနေ့ခေတ်သုံးဓာတ်ပုံပညာဟာ ယခုဆိုရင် သက်တမ်း နှစ်ပေါင်း ၁၇၀ နှစ် ရှိပြီဖြစ်ပါတယ်။ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့အလျောက် ခေတ်အဆက်ဆက် ကို ဖြတ်သန်းလာခဲ့ပြီး ယခုအခါမှာ လူတိုင်း အသုံးချနိုင်တဲ့ ပညာရပ်တစ်ခုဖြစ်နေပါပြီ။ ဓာတ်ပုံတစ်ပုံဖြစ်ဖို့ ကင်မရာ ဆိုင်ရာ ပစ္စည်းပေါင်းများစွာ ကို သယ်ဆောင်သွားကာ ရိုက်ကူးခဲ့ကြရာက အင်္ကျီအိတ်ကပ်ထဲမှာ ထည့်သွားလို့ရတဲ့ ကင်မရာလေးတွေ ဖြစ်လို့လာပါ ပြီ။ ခေတ်တွေပြောင်းလာတာနဲ့အညီ အခုလို အီလက်ထရောနစ်ခေတ် သတင်းခေတ် ကြီးမှာ ဒစ်ဂျစ်တယ်စနစ်သုံး ခေတ်မီကင်မရာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါပြီ။ ဒစ်ဂျစ်ခေတ်မှာ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးကို အိမ်တိုင်းမှာ ရှိနေပြီလို့ ပြောနိုင်တဲ့အချိန်မှာ ကျွန်တော်လည်း ဒစ်ဂျစ်တယ်ကင်မရာ တွေကြား ဗျာများခဲ့ရပါတယ်။ ဗျာများခဲ့ရတာကတော့ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးကို ဘယ်လိုရွေးချယ် ရမယ်ဆိုတာ ပါပဲ။ အဲဒီလို ဦးဏှောက်ခြောက် ပြီး ဗျာများခဲ့ရတဲ့ ကင်မရာတစ်လုံးရွေးချယ်မှုကို အလွယ်တကူရွေးချယ်နိုင်ဖို့ အနည်း ငယ်တင်ပြချင်ပါတယ်။

လွယ်လွယ်ပြောကြမယ်ဆိုရင် ဒစ်ဂျစ်တယ်ကင်မရာတွေကို အိမ်သုံးကင်မရာအသေး(End User)၊ အပျော်တမ်း ကင်မရာသမားများ သုံး ကင်မရာအလတ် (Consumer) နဲ့ စီးပွားဖြစ်သုံးကင်မရာအကြီး (Professional) ဆိုပြီး သုံးပိုင်းခွဲခြားနိုင်ပါတယ်။ အရွယ်အစားအားဖြင့် သေး၊ လတ်၊ ကြီး ဆိုပေမယ့် အပျော်တမ်းသမားသုံးကင်မရာအလတ် နဲ့ စီးပွားဖြစ်သုံးကင်မရာအကြီးတွေဟာ အရွယ်အားဖြင့် မတိမ်းမယိမ်းတွေပါ။ အရွယ်ငယ်ပေမယ့်လည်း အစွမ်းထက် တဲ့ကင်မရာတွေလည်းရှိပါတယ်။

ဓာတ်ပုံရဲ့ အရည်အသွေးကို အကြမ်းအားဖြင့် ကင်မရာမှာပါတဲ့ Resolution က ဆုံးဖြတ်ပေးပါတယ်။ အရည်အသွေး မြင့်တဲ့ ဓာတ်ပုံကို လိုချင်ရင် Resolution များဖို့လိုပါတယ်။ Resolution ကို 5 Megapixel, 8 MegaPixel, 10 MegaPixel အစရှိသဖြင့် MegaPixel အရေအတွက်နဲ့ သတ်မှတ်ပါတယ်။ MegaPixel တူမယ်ဆိုရင်  Sensor အရွယ်အစားအကြီးကိုသုံးတဲ့ Professional ကင်မရာတွေက အရည်အသွေးပိုကောင်းပါတယ်။

ဒစ်ဂျစ်တယ်ကင်မရာတွေမှာ မှန်ဘီလူးကနေတဆင့် ရုပ်ပုံဆွဲယူရိုက်နိုင်တဲ့ zoom နှစ်မျိုးရှိပါတယ်။ Optical နဲ့ Digital zoom ပါ။ Optical zoom ဆိုတာက မှန်ဘီလူးကနေ အမှန်တကယ်လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပြီး Digital zoom ဆိုတာကတော့ ကင်မရာမှာပါတဲ့ ကွန်ပျူတာကနေ ချဲ့ပေးတာဖြစ်ပါတယ်။ ဒါကြောင့် အမှန်တကယ်ချဲ့ယူနိုင်တဲ့ Optical zoom ကသာလျှင် ဓာတ်ပုံရဲ့ အရည်အသွေးကို ကောင်းမွန်စေမှာဖြစ်ပါတယ်။ အသုံးပြုတဲ့ မှန်ဘီလူးဟာ အရည်အသွေးကောင်းမွန်တဲ့ Leica, Carl Zeiss, Nikkor, Canon, Fujinon အစရှိတဲ့ မှန်ဘီလူးကို အသုံးပြုထားမယ် ဆိုရင် ဓာတ်ပုံဟာ ပိုမိုကြည်လင်ပြတ်သားပြီး အရောင်အသွေးမှန်ကန်စေမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ကင်မရာတွေရဲ့နောက်ဖက်မှာ ရိုက်ပြီး ပြန်ကြည့်နိုင်မယ့် LCD Monitor တွေပါလေ့ရှိပါတယ်။ ရိုက်ပြီး ပြန်ကြည့်နိုင်တော့ ရိုက်ထားတာမကောင်းရင် ချက်ချင်းပြန်ရိုက်နိုင်တဲ့ အခွင့်အရေး ရှိတာပေါ့။ သို့သော်လည်း Snap Shoot ရိုက်ရတဲ့ အားကစားပြိုင်ပွဲမျိုး၊ သတင်းဓာတ်ပုံမျိုးကိုတော့ ပြန်ရိုက်နိုင်တဲ့ အခွင့်အရေးကနည်းတော့ ပုံကောင်း ရအောင် ရိုက်နိုင်အောင် လေ့ကျင့်ထားဖို့တော့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြန်ရိုက်လို့ရတယ် ဆိုတဲ့ အချက် ကလေးတစ်ချက်ထဲနဲ့ ဓာတ်ပုံရိုက်ကြတဲ့အခါ အာရုံထားပြီး ရိုက်ကူးမှုတွေ လျော့နည်းလာလို့ ဖြစ်ပါတယ်။

ကင်မရာတစ်လုံးကို ရွေးချယ်တဲ့နေရာမှာ ကင်မရာရဲ့အရွယ်အစား၊ ပုံထွက်အရည်အသွေး(Resolution)၊ မှန်ဘီလူး တို့ဟာ အဓိကရွေးချယ်စရာဖြစ်ပြီး LCD Monitor အရွယ်အစား၊ ညအမှောင်မှာ ရိုက်နိုင်စွမ်း၊ လက်တုန်ခြင်းကြောင့် ပုံရိပ်ဝါးခြင်းမှ ကာကွယ်ပေးနိုင်တဲ့စနစ် အစရှိတဲ့ ရွေးချယ်စရာ Function တွေ တပုံတပင် ရှိပါသေးတယ်။ Smile Shutter လို့ခေါ်တဲ့ မျက်နှာက ရီမှ ရိုက်တဲ့စနစ်ဆိုတာမျိုးလည်းရှိနေပါပြီ။ ရီမှ လှတယ်လို့ ယူဆသူတွေ အတွက် အဲဒီ Smile Shutter ပါတဲ့ကင်မရာက မရီမခြင်း စောင့်ပြီး ရိုက်ပေးပါလိမ့်မယ်။ မျက်နှာဝါးနေတယ်လို့ ယူဆ နေသူများအတွက်တော့ Face Dectection လို့ ခေါ်တဲ့ Function က မျက်နှာတွေကို အသားပေးပြီး ပြတ်သား အောင် ဆောင်ရွက်ကာ ရိုက်လို့ရမှာ ဖြစ်ပါတယ်။ လက်တုန်တတ်တဲ့သူတွေ၊ ဓာတ်ပုံရိုက်ကူးစဉ် စိတ်လှုပ်ရှား တတ်တဲ့သူတွေအနေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ ပုံတွေဟာ ၀ါးသွားတတ်ပါတယ်။ အဲဒီလို ပုံရိပ်တွေ မ၀ါးရအောင် Image Stabilization က ပုံရိပ်ကို မ၀ါးအောင် ဆောင်ရွက်ပေးနိုင်ပါသတဲ့ဗျာ။

ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ မျက်စိတမှိတ်လျှပ်တပြတ်အတွင်း ပုံရိပ်ရဲ့ အဆုံးအဖြတ်ပေးတဒင်္ဂဟာ အရမ်းကို အရေးကြီးပါတယ်။ လျှပ်တပြတ်အချိန်တိုလေးအတွင်းမှာ အလင်းအမှောင်နဲ့ ပုံရိပ်ရဲ့လှုပ်ရှားမှုနဲ့ ဓာတ်ပုံ ဖွဲ့စည်းမှု (Composition)ကို အမိ အရရိုက်ယူရတဲ့ပညာရပ်ဖြစ်တဲ့အတွက် လွယ်မယောင်နဲ့ နက်နဲသိမ်မွေ့လှ ပါတယ်။ အချိန်ကိုက် အဆုံးအဖြတ်ပေး၊ အချိနိကိုက်ပုံရိပ်ဖမ်းယူရတဲ့ ဓာတ်ပုံပညာဟာ အရင်ရှိနှင့်နေပြီဖြစ်တဲ့ ဓာတ်ပုံပညာရပ်နဲ့ ယနေ့ ပြောဆိုနေကြတဲ့ ဒစ်ဂျစ်တယ်ဓာတ်ပုံပညာဟာ အတူတူပဲ ဖြစ်ပါတယ်။ ဓာတ်ပုံရဲ့ အခြေခံ သဘာတရားတွေဟာ ပြောင်းလဲမသွားပဲ အသုံးပြုတဲ့ ကိရိယာ ကင်မရာကသာလျှင် ခေတ်နဲ့အညီ တိုးတက်လာပြီး ဒစ်ဂျစ်တယ်ကင်မရာခေတ်ကို ရောက်ခဲ့ရတာဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ကင်မရာခေတ်မှာ ဓာတ်ပုံပညာရပ်က အပြောင်းအလဲတွေရှိလာပါတယ်။ အဓိကအကျဆုံး အပြောင်းအ လဲကတော့ ရိုက်ကူးရတဲ့စနစ်ဟာ ပိုမိုလွယ်ကူလာတာပဲ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးကို အခုဝယ် အခုရိုက်နိုင်တဲ့ အဆင့် ဖြစ်နေပါပြီ။ လူတိုင်းလူတိုင်း ကင်မရာနဲ့ မစိမ်းတော့ပါဘူး။ ဓာတ်ပုံဆိုင်တွေ တိုးလာတာက လည်း ဒစ်ဂျစ်တယ်ကင်မရာရဲ့ လွယ်ကူစွာရိုက်ကူးနိုင်တဲ့ စွမ်းပကားကြောင့်ဆိုရင် မှားမယ်မထင်ပါဘူး။ VISUAL ART ဖြစ်တဲ့ ဓာတ်ပုံပညာဟာ မြင်တာနဲ့ အလွယ်တကူတတ်မြောက်နိုင်တဲ့ ပညာရပ်တစ်ခုလိုဖြစ်နေတော့လည်း အခြေခံဖြစ်တဲ့ သီအိုရိကို နားလည်းသဘောပေါက်အောင် လေ့လာသင်ယူထားသင့်ပါတယ်။ သီအိုရိဟာ အမြဲတမ်း မှန်ကန်နေတဲ့ သဘောတရားတွေဖြစ်ပါတယ်။ ကျွမ်းကျင်ပိုင်နိုင်ပြီး  မိမိကိုယ်တိုင် တီထွင်ဖန်တီး ရိုက်ကူးတဲ့အခါ မှာတော့ သီအိုရိမှသွေဖယ်ပြီးရိုက်ကူးနိုင်ပါတယ်။ သီအိုရိကို တသွေမတိမ်းလိုက်နာရမယ်လို့တော့ ဆိုလိုတာ မဟုတ်ပေမယ့် တိကျသေချာတဲ့အခြေခံမရှိဘူးဆိုရင် တိုးတက်ဖို့ဆိုတာလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ပုံကောင်း တစ်ပုံရဖို့အတွက် သီအိုရိကို အခြေခံပြီး မိမိရဲ့ စိတ်ကူစိတ်သန်းတွေ ပေါင်းစပ်ကာ ရိုက်ကူးရမှာဖြစ်ပြီး အဲဒီလို ရိုက်ကူးမှသာလျှင် အနုပညာမြောက်တဲ့ ဓာတ်ပုံ ကောင်းတစ်ပုံဖြစ်လာမယ်ဆိုတာ ဧကန်မလွဲ ဖြစ်ပါလိမ့်မယ်။

ဓာတ်ပုံရိုက်ကူးဖို့အတွက် ၀ါသနာပါသူအများအပြားကို တွေ့ကြုံခဲ့ရဖူးပါတယ်။ ကင်မရာရှိသူတွေရှိသလို ကင်မရာ တစ်လုံးတစ်လေမှ မပိုင်ဆိုင်သေးသူတွေလည်းတွေ့ရပါတယ်။ ဓာတ်ပုံဝါသနာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အပျော်တမ်းဓာတ်ပုံအသင်းနှစ်ခု မန္တလေးမှာရှိပါတယ်။ သက်တမ်းနှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်တဲ့ အထက်မြန်မာ ပြည်ဓာတ်ပုံအသင်းနဲ့ သက်တမ်းနှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်တဲ့ မန္တလေးဓာတ်ပုံအသင်းဆိုပြီးရှိပါတယ်။

ဓာတ်ပုံအသင်းနှစ်ခုစလုံးမှာ အသင်းဝင်အရေအတွက်က ၁၀၀၀ ကျော်စီရှိပါတယ်။ လပတ်စဉ်ဓာတ်ပုံပြိုင်ပွဲ၊ နှစ်ပတ် လည်ဓာတ်ပုံပြိုင်ပွဲ၊ အထူးဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲများကို ကျင်းပပေးပြီး ဓာတ်ပုံဝါသနာရှင် ဓာတ်ပုံအသင်းသားတွေကို လက်ရည်သွေးစေကာ ဓာတ်ပုံပညာကို မြှင့်တင်ပေးပါတယ်။ ဓာတ်ပုံပညာပြန့်ပွားရေးလုပ်ငန်းအနေနဲ့ ဓာတ်ပုံသင်တန်း များကိုလည်း သင်ကြားပို့ချပေးလျက်ရှိပါတယ်။ ဓာတ်ပုံပြပွဲများကျင်းပခြင်း၊ နိုင်ငံတော်မှကျင်းပသော ဓာတ်ပုံပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ခြင်း၊ နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲများဝင်ရောက်စေခြင်းများအတွက်လည်း ဓာတ်ပုံအသင်းများက ဦးဆောင်ကာ ဆောင်ရွက်ပေးပါတယ်။ လပတ်စဉ်ဓာတ်ပုံပြိုင်ပွဲများအဖြင့် တစ်နှစ်လျှင် ၁၀ ပွဲကျင်းပပေးပြီး ၅ ပွဲကို မော်ဒယ်အလှမယ်နဲ့ ကျန် ၅ ပွဲကို ရှုမျှော်ခင်းဓာတ်ပုံပြိုင်ပွဲများဖြစ်ပါတယ်။ တစ်နှစ်လုံးယှဉ်ပြိုင်ပြီး အမှတ်အများဆုံး ရရှိသူကိုတော့ အသင်းရဲ့ တံခွန်စိုက်ဆုကြီးကို ပေးအပ်ချီးမြှင့်ပါတယ်။ မန္တလေးမြို့တော်စည်ပင်သာရေးကော်မတီက ကျင်းပပေးတဲ့ သင်္ကြန်ဓာတ်ပုံပြိုင်ပွဲ၊ မန္တလေးတောင် နွေမိုးဆောင်းအလှဓာတ်ပုံပြိုင်ပွဲ၊ ဂေါက်ကွင်းဖွင့်ပွဲဓာတ်ပုံပြိုင်ပွဲ အစရှိတဲ့ ဓာတ်ပုံပြိုင်ပွဲတွေမှာလည်း မန္တလေးဓာတ်ပုံအသင်းနဲ့ အထက်မြန်မာပြည်ဓာတ်ပုံအသင်းမှ အသင်းဝင် ဓာတ်ပုံ ၀ါသနာရှင်များဟာ အားတက်သရော ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။



ဓာတ်ပုံဝါသနာပါသူတွေများပြားလာသလို ဓာတ်ပုံပညာမှာ ကွန်ပျူတာတွဲဖက်လာပြီး ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို တွေ့မြင်လာရတာဟာဖြင့် အလွန်အင်မတန်မှ အားရစရာကောင်းလှပါတယ်။ ဓာတ်ပုံပညာရပ်မှ Darkroom Technique ဟာ Light room အဖြစ်သို့ ပြောင်းလဲသွားပြီး အမှောင်ခွင်းကာ အလင်းဆောင်သကဲ့သို့ ဖြစ်လာပါပြီ။ မမြင် မစမ်းနဲ့ အမှောင်ထဲမှာ ပုံကောင်းတွေရအောင် ခက်ခက်ခဲခဲလုပ်ခဲ့ရတဲ့ အချိန်ကနေ ယနေ့ ကွန်ပျူတာပေါ်မှာပဲ လိုတာ ထည့်၊ မလိုတာဖြုတ်၊ ဟိုရွေ့ဒီပြောင်းလုပ်လို့ရနေပြီဖြစ်ပါတယ်။ ဘီစီ ၄ ရာစုကထဲက တရုတ်နဲ့ ဂရိ အတွေးအခေါ် ပညာရှင်များဟာ မှန်ဘီလူးနဲ့ ကင်မရာရဲ့ သဘောတရားကို ဖော်ပြနိုင်ခဲ့ပြီး ၁၆ ရာစုကထဲကစတင်ခဲ့တဲ့ ဓာတ်ပုံပညာ ဟာ အရင်က နဲ့ ဘာမှ မဆိုင်အောင်ပြောင်းလဲတိုးတက်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ လောက်က အများပြည်သူအသုံးပြုဖို့ ကြေငြာခဲ့တဲ့ ၁၈၃၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ကို ယခုအခါ ဓာတ်ပုံပညာနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုနေကြပြီဖြစ်ပါ တယ်။ ဓာတ်ပုံဝါသနာရှင်၊ ဓာတ်ပုံပညာရှင်များအနေနဲ့ ဓာတ်ပုံပညာနေ့မှာ ဓာတ်ပုံရိုက်ကူးခြင်း၊ ဓာတ်ပုံပြပွဲပြသခြင်း၊ ဓာတ်ပုံပညာရပ်ဆိုင်ရာ ဟောပြောပွဲများပြုလုပ်ခြင်းဖြင့် ကမ္ဘာတစ်လွှားမှာ ဂုဏ်ပြုကြိုဆိုနေကြပါပြီ။ ၂၀၀၈ ခုနှစ်မှာ တော့ မန္တလေးဓာတ်ပုံအသင်းကလည်း သြဂုတ်လ ၁၉ ရက်နေ့မှာပဲ မန္တလေး ကန်တော်ကြီး ပန်းခြံမှာ မော်ဒယ်အလှမယ် ဓာတ်ပုံပြိုင်ပွဲအတွက် ဓာတ်ပုံရိုက်ကူးခြင်းဖြင့် ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ကြိုဆိုကြမှာဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ မစိမ်းတဲ့ သင်လည်း ကျွန်တော်တို့နဲ့အတူ ပါဝင်ရိုက်ကူးရင်း ကြိုဆိုလိုက်ကြရအောင် လားဗျာ။



Wednesday, August 13, 2008

PAC အများပြည်သူသုံးအင်တာနက်စင်တာ စည်းကမ်းများပြင်ဆင်မည်





Monday, 11 August 2008
ရန်ကုန်၊ သြဂုတ် ၇
မြန်မာအင်ဖိုတက်မှ အများပြည်သူသုံးအင်တာနက်စင်တာ PAC (Public Access Center)  ဖွင့်လှစ်ထားသူများကို လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ချမှတ်ထားပေးပြီးဖြစ်ရာ ၎င်းစည်းကမ်းချက်များအား ယနေ့ခေတ် အင်တာနက် အသုံးပြုသူများ အဆင်ပြေစေရန်အတွက် အသုံးပြုသူတောင်းဆိုချက်နှင့် လိုအပ်ချက်များကို ပြင်ဆင်မှုပြု လုပ်သွားမည်ဟု သိရှိရသည်။
PAC စင်တာများ ဖွင့်လှစ်နိုင်ရန် ၂၀၀၅မှစတင်ဆောင်ရွက်ခဲ့သလို  PAC  စင်တာများ အတွက်စည်းကမ်းချက်(၁၉)ချက်ကို ချမှတ်ပေး ထားပြီးဖြစ်ရာ ၎င်းစည်းကမ်းချက် များအားလိုက်နာသောဆိုင်များ အနည်းငယ်သာ ရှိနေကြောင်းသိရသည်။
''PACအတွက်ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာတာ တော်တော်ရှားပါတယ်။ ဆိုင်ရှင်တွေအနေနဲ့ကလည်း ဆိုင်ကိုလာသုံးစွဲတဲ့ သူတွေ စိတ်အနှောက်အယှက်ဖြစ်မှာကို အရမ်းစိုးရိမ်ကြတယ်။ ခေတ်ကလည်း တဖြည်းဖြည်းပြောင်းလဲလာ ပြီဆိုတော့ စည်းကမ်းတွေကလည်း ပြောင်းလဲဖို့လိုနေပြီ ပြန်ပြင်မဲ့စည်းကမ်းချက်တွေကို လိုတဲ့စည်းကမ်းချက် တွေကိုထပ်တိုးပြီးတော့ မလိုအပ်ဘူး ထင်တဲ့စည်းကမ်းချက်တွေကို လျှော့ချသွားမှုတွေ လုပ်ဆောင်သွားမှာ ဖြစ် ပါတယ်"" ဟု မြန်မာအင်ဖိုတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာအင်ဖိုတက်မှ PAC  စင် တာများအတွက် စည်းကမ်းချက်များ ပြင်ဆင်ပြီးပါက တစ်နှစ်လျှင်တစ်ကြိမ် PAC  ဖွင့်ထားသူများနှင့် တွေ့ဆုံ ကာစင်တာဖွင့်သူ၏ လိုအပ်ချက်နှင့် သုံးစွဲသူ၏လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Sunday, August 10, 2008

သမီး ... ကျောင်းက ပြန်လာပါပြီ ....

သမီး ... ကျောင်းက ပြန်လာပါပြီ ....

World Photography Day 2008

ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေးဓာတ်ပုံအသင်းက သြဂုတ်လ ၁၉ ရက်နေ့ (ကမ္ဘာ့ဓာတ်ပုံပညာနေ့) မှာ ကန်တော်ကြီးပန်းခြံမှာ အလှမယ် Model ဓာတ်ပုံရိုက်ကြဖို့ရှိပါတယ်။ အလှမယ် Model မစုလာဘ်တင်နဲ့ မခိုင်မာ တို့က သရုပ်ပြပေးမှာဖြစ်ပါတယ်။ နေ့လယ်စာကို ကိုအောင်မြင့်နဲ့ ကိုအောင်ကျော်ဝင်းတို့က ကျွေးမွေးမှာပါ။ ညနေပိုင်းမှာတော့ ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ဂုဏ်ပြုပြီး ညစာစားပွဲလေးတစ်ခုလုပ်မှာပါ။ ညစာစားပွဲကိုတော့ တစ်ယောက်ကို ၃၀၀၀ ကျပ်နှုံးထည့်ဝင်ပြီး စားသောက်ဆိုင်တစ်ခုမှာ စုပေါင်းစားသောက်ကြမှာဖြစ်ပါကြောင်း ။

Blog Day 2008


Blog Day 2008 ကို သြဂုတ်လ ၃၁ ရက်နေ့မှာ နိုင်ငံတကာက လုပ်ကြတော့မယ် ...
လေးကြိမ်မြောက်ကျင်းပကြခြင်းဖြစ်ပါတယ် ....
ကျွန်တော်တို့ဆီမှာ မနှစ်ကတော့ ပျော်ပျော်ပါးပါးကြီးလုပ်ခဲ့ပါတယ် .... အောက်မေ့မိတယ်ပေါ့နော် .....
ဒီနှစ်လည်း ကြိုးစားနေကြပါပြီ .....
ဟောပြောပွဲတော့ မလုပ်နိုင်ကြတော့ပဲ တွေ့ဆုံ-စားပွဲ-ကစားပွဲလေးတော့ လုပ်ဖြစ်ကြတော့မှာပါ ...
တိုင်ပင်ကြတာပေါ့ဗျာ ................

Wednesday, August 6, 2008

World Photography Day

သြဂုတ်လ ၁၉ ရက်နေ့ဟာ ကမ္ဘာ့ဓာတ်ပုံပညာနေ့ World Photography Day ဖြစ်ပါတယ် ....
ဓာတ်ပုံဝါသနာပါသူတိုင်း အတွက် ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ဂုဏ်ပြုပြီး လုပ်ထားတဲ့ ဘလော့လေးတစ်ခုရှိပါတယ် ...
ကိုယ်တိုင်ဓာတ်ပုံလေးတွေကိုတင်ပြီး ဝေမျှခံစားနိုင်ပါတယ် ....
အဲဒီလိပ်စာလေးကတော့ www.wdp-mm.blosgpot.com ပဲ ဖြစ်ပါတယ် .....

Friday, August 1, 2008

ဆရာကြီးမင်းသိင်္ခ ကွယ်လွန်အနိစ္စရောက်

နာမည်ကျော် စာရေးဆရာနှင့် ဗေဒင်ဆရာကြီး မင်းသိင်္ခ ဒီနေ့မနက် ၆ နာရီက သုခကမ္ဘာဆေးခန်းမှာ ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်းသိရှိရပါတယ် ..... ဆရာကြီးမင်းသိင်္ခရဲ့ အသက် ၇၀ ပြည့်မွေးနေ့ကို ၂၀၀၈ ဇွန်လ ၂၅ ရက်နေ့က မရမ်းတလင်းအယူတော်မင်္ဂလာ ခြံတွင် ကျင်းပခဲ့ပါတယ် ...
အလုပ်တွေအများကြီးလုပ်ခဲ့တဲ့ ဆရာကြီးကွယ်လွန်သွားတာ အလွန်ပဲ ၀မ်းနည်းမိပါတယ် ...

Tuesday, July 29, 2008

မန္တလေးမိသားစုစကားဝိုင်း

နေရာဒေသအသီးသီးကို ရောက်ရှိနေတဲ့ မန္တလေးသားတွေ ၀ိုင်းဖွဲ့စကားပြောနိုင်ဖို့ မန္တလေးမိသားစုစကားဝိုင်း (Mandalay Family Forum) တစ်ခု  အင်တာနက်ပေါ်မှာ http://mandalaycity.biz/simple/index.php  ဆိုတဲ့ နာမည်နဲ့လွင့်တင်ထားပါတယ်။

Monday, July 28, 2008

မိဘကိုချစ်တဲ့သားသမီးဖြစ်နိုင်ကြပါစေ .....

ဘလော့တစ်ခုမှာတွေ့လို့ကူးယူထားတာပါ ....
ခံစားရတယ်ဗျာ ...
ကျွန်တော်လိုပဲ ခံစားနိုင်ကြပါစေ ....
မိဘကိုချစ်တဲ့သားသမီးတွေဖြစ်နိုင်ကြပါစေ ....

အချိန်လေးနည်းနည်းပေးပါ


အိမ်ထောင်သက် (၂၁)နှစ်အကြာမှာ ကျွန်တော့်မိန်းမက ကျွန်တော့်ကို
အမျိုးသမီးတစ်ယောက်နဲ့ ညစာအတူ ထွက်စားပြီး ရုပ်ရှင်အတူတူ
ကြည့်စေချင်ကြောင်း ပြောလာပါတယ်။ ကျွန်တော့်မိန်းမက ပြောပါတယ်။
သူကျွန်တော့်ကို ချစ်တယ်တဲ့။ ဒါပေမယ့် အဲဒီအမျိုးသမီးလည်း ကျွန်တော့်ကို
သိပ်ချစ်ပြီး ကျွန်တော်နဲ့ အတူတူ ရှိနေချင်တာ သူသိတယ်တဲ့။
ကျွန်တော့်မိန်းမပြောနေတဲ့ အမျိုးသမီးဆိုတာ မုဆိုးမအဖြစ်
ဘဝကိုဖြတ်သန်းနေတာ (၁၉)နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော့်အမေပါ။ ကျွန်တော့်ရဲ့
အလုပ်တွေနဲ့ သားသမီး(၃)ယောက်အတွက် တာဝန်တွေကြောင့် အမေ့ဆီကို
အကြောင်းထူးရှိတဲ့ တခါတရံကလွဲလို့ သိပ်မရောက်ဖြစ်ပါဘူး။
အဲဒီညကတော့ အမေ့ကိုဖုန်းဆက်ပြီး ကျွန်တော်နဲ့အတူ ညစာထွက်စားပြီး
ရုပ်ရှင်ကြည့်ဖို့ ပြောလိုက်ပါတယ်။
"သား... နေရောကောင်းရဲ့လား။ ဘာများဖြစ်နေလဲ?"
အမေဟာ ညည့်နက်မှဖုန်းလာရင်၊ ဆိုင်းမဆင့်ဗုံမဆင့် အပြင်ထွက်စားဖို့ခေါ်ရင်
သတင်းဆိုးတွေများ ရှိလို့လားလို့ သံသယဝင်တတ်တဲ့သူပါ။
"မဟုတ်ပါဘူး အမေရယ်။ အမေနဲ့ အေးအေးဆေးဆေးတွေ့ပြီး စကားလေးဘာလေး
ပြောချင်လို့ပါ။ ကျွန်တော်နဲ့ အမေနဲ့ နှစ်ယောက်ထဲလေ"
အမေက စဉ်းစားသလို ခဏငြိမ်သွားပြီးမှ "အရမ်းကောင်းတာပေါ့ သားရယ်" လို့
ပြန်ပြောပါတယ်။


အဲဒီအပတ် သောကြာနေ့မှာ ရုံးဆင်းတာနဲ့ အမေ့ကိုကားနဲ့ သွားကြိုပါတယ်။
ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလှုပ်ရှားနေမိတယ်။ အမေ့အိမ်ကို
ရောက်တဲ့အခါမှာ အမေလည်း ကျွန်တော့်လိုပဲ စိတ်လှုပ်ရှားပျော်ရွှင်နေတာ
တွေ့ရပါတယ်။ အမေက ကုတ်အကျီလေးဝတ်ပြီး တံခါးဝမှာ စောင့်နေပါတယ်။
ဆံပင်လေးတွေကို အခွေအလိပ်လေးတွေ လုပ်ထားပြီး အဖေနဲ့နောက်ဆုံးအကြိမ်
မင်္ဂလာနှစ်ပတ်လည် ပွဲတုန်းက ၀တ်ခဲ့တဲ့ အကျီလေးကိုပဲ ၀တ်ထားပါတယ်။
အမေ့မျက်နှာပေါ်က အပြုံးဟာ နတ်သမီးတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါလိုပဲ
လင်းလက်တောက်ပနေပါတယ်။
"အမေ့သူငယ်ချင်းတွေကို ငါ့သားလေးနဲ့ အပြင်ထွက်ပြီး ထမင်းစားမလို့
လို့ပြောလိုက်တော့ သူတို့တွေက အမေ့ကိုအထင်ကြီးနေကြတယ်။ သားနဲ့
ဘယ်တွေသွားတယ် ဘာတွေစားတယ်ဆိုတာ သူတို့ကိုပြန်ပြောပြရဦးမယ်။
သိပ်သိချင်နေကြတယ်..." ကားပေါ်တက်ရင်း အမေကပြောတယ်။
ဆိုင်အကောင်းစားကြီးမဟုတ်ပေမယ့် သပ်သပ်ရပ်ရပ်နဲ့ နွေးထွေးမှုရှိတဲ့
ဆိုင်လေးတစ်ဆိုင်ကို ကျွန်တော်တို့သွားလိုက်တယ်။ ထိပ်တန်းအမျိုးသမီးကြီး
တစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့ အမေက ကျွန်တော့်လက်မောင်းကို ကိုင်ထားပါတယ်။
စားပွဲမှာ ထိုင်ပြီးတော့ အစားအသောက်စာရင်းကို ကျွန်တော်က ဖတ်ပြရပါတယ်။
အမေက စာလုံးကြီးကြီးတွေကိုပဲ ဖတ်နိုင်တော့လို့ပါ။ ဖတ်ရင်းတန်းလန်းနဲ့
မော့ကြည့်မိတော့ ကျွန်တော့်ကို ထိုင်ပြီးစိုက်ကြည့်နေတဲ့အမေ့ကို
တွေ့ရပါတယ်။ အတိတ်ကို သတိရနေတဲ့ အပြုံးလေးနဲ့ အမေကပြောတယ်...
"သားငယ်ငယ်လေးတုန်းကတော့ အစားအသောက်စာရင်းကို ဖတ်ပြတဲ့သူက အမေပေါ့..."
"အခုတော့ အမေအနားယူပြီး ကျွန်တော့်ကို အလှည့်ပေးပေါ့... နော်အမေ..." လို့
ကျွန်တော် ပြန်ပြောလိုက်ပါတယ်။
ညစာစားရင်း ကျွန်တော်တို့နှစ်ယောက် စကားကောင်းကောင်း ပြောဖြစ်ခဲ့ပါတယ်။
ပြောဖြစ်တဲ့ အကြောင်းအရာတွေက ဘာမှထွေထွေထူးထူးတော့ မဟုတ်ပါဘူး။
အခုလတ်တလော ကိုယ်ဘာတွေလုပ်တယ် ဘာတွေဖြစ်တယ်ဆိုတာကို အပြန်အလှန်
ပြောဖြစ်ကြတာပါ။ စကားပြောတာ ဘယ်လောက်ကြာသွားသလဲဆိုရင် ရုပ်ရှင်တောင်
လွတ်သွားတဲ့အထိပါပဲ။
အမေ့ကို အိမ်ပြန်ပို့တော့ အမေက "အမေတို့ နောက်တစ်ခါလည်း အခုလိုပဲ
အပြင်ထွက်စားကြဦးမယ်လေ။ ဒါပေမယ့် ဒီတစ်ခါတော့ အမေက ကျွေးမှာနော်..."
လို့ပြောလို့ ကျွန်တော် သဘောတူလိုက်ရပါတယ်။
အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော့်မိန်းမက "ညစာထွက်စားတာ ပျော်ခဲ့လား" လို့
အပြုံးနဲ့ မေးပါတယ်။
"အရမ်းပျော်ဖို့ကောင်းတယ်။ ကိုယ်မျှော်လင့်ထားတာထက်တောင်
အများကြီးပိုပြီး ပျော်ဖို့ကောင်းပါတယ်..." လို့ ပြန်ဖြေမိပါတယ်။
ရက်အနည်းငယ်အတွင်းမှာပဲ ရုတ်တရက် ပြင်းထန်တဲ့ နှလုံးရောဂါခံစားရပြီး
အမေဆုံးရှာပါတယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းလို့ အမေ့ကို ကျွန်တော်
ဘာမှတောင် လုပ်မပေးလိုက်နိုင်ပါဘူး။ အမေဆုံးပြီး သိပ်မကြာခင်မှာ
အမေနဲ့ကျွန်တော် သွားခဲ့တဲ့ စားသောက်ဆိုင်က ငွေလက်ခံဖြတ်ပိုင်း
မိတ္တူတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ် ကျွန်တော့်ဆီကို ရောက်လာပါတယ်။
ဖြတ်ပိုင်းမိတ္တူနဲ့အတူ အမေရေးထားတဲ့ စာလေးတစ်စောင်ပါ ပါလာပါတယ်။
"သား... ဒီငွေတောင်းခံလွှာအတွက် အမေကြိုပြီး ပိုက်ဆံပေးခဲ့တယ်...
အဲဒီနေ့မှာ အမေသားတို့နဲ့ အတူရှိနေနိုင်ပါ့မလားဆိုတာတော့
သိပ်မသေချာဘူး...
ဘာပဲဖြစ်ဖြစ် အမေလူနှစ်ယောက်စာအတွက် ပိုက်ဆံပေးခဲ့တယ်။ အမေ့သားနဲ့
အမေ့ချွေးမ အတွက်ပါ...
သားနဲ့ညစာထွက်စားတဲ့ညဟာ အမေ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိတယ်ဆိုတာ
သားဘယ်တော့မှ သိမှာမဟုတ်ပါဘူး...
သားကို အမေသိပ်ချစ်တယ်..."
အမေ့စာကို ဖတ်ပြီးချိန်မှာ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း
အချိန်မီပြောဖို့၊ သူတို့ရသင့်တဲ့ တန်ဖိုးရှိတဲ့
ပျော်ရွှင်စရာအချိန်တွေကို အချိန်မီပေးဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ
ကျွန်တော်နားလည်လိုက်ပါတယ်။
ဘ၀မှာ ဘုရားနဲ့ မိသားစုထက်ပိုပြီး အရေးကြီးတဲ့အရာ မရှိပါဘူး။


တန်ဖိုးရှိတဲ့ ဇာတ်လမ်းလေးမို့လို့ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ အခုလို
မိဝေးဖဝေးနဲ့ တနယ်တကျေးရောက်နေတဲ့အချိန်မှာ လူကြီးမိဘတွေနဲ့ တစ်အိမ်ထဲမှာ
အတူတူနေခွင့် ပြုစုခွင့်ရနေတဲ့သူတွေကို အားကျမိပါတယ်။ ကျွန်မလည်း
မိဘနဲ့အတူတူနေတဲ့ အချိန်တွေတုန်းက (မိဘခိုင်းတာရှိရင်တော့ အကုန်လုံး
လုပ်ပေးခဲ့ပေမယ့်) မိဘနားသိပ်မနေခဲ့ပဲ အချိန်အားရင် ကိုယ်ဘာသာတစ်ယောက်ထဲ
နေတတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မိဘနဲ့နေရတဲ့ အချိန်တွေကို တမက်တမော
ပြန်လိုချင်နေခဲ့ပါပြီ။ ဘ၀မှာ ကိုယ့်ဘာသာရုန်းကန်ရင်း
လူတွေအကြောင်းပိုသိလာတဲ့ အခါကျမှ နောက်ဆုံးကိုယ့်ဘက်မှာ
အမြဲတမ်းရပ်တည်တဲ့ သူတွေဟာ မိသားစုပဲဆိုတာ ပိုပြီးနားလည်လာမိပါတယ်။
မိဘနဲ့ အတူနေနေဆဲဖြစ်တဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်း
အလုပ်တွေရှုပ်နေပေမယ့် မိဘအတွက် အချိန်သပ်သပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

မင်းသန်းထိုက်မောင်

Thursday, July 24, 2008

ပညာတတ်တဲ့လူ

ရွာစဉ်ထိုထို တက္ကသိုလ်
မြင်မြင်သမျှ ပါမောက္ခ
တွေ့သမျှလူ ပါရဂူ
B.A ဘွဲ့များ ဈေးရောင်းစား
B.Sc ပြီး Marketing
B.C.Sc အလုပ်ရှားသည်
B.C.Tech များ လတ်လျားလျား

ဘယ်သူရေးထားသလဲတော့မသိ .... သဘောကျလို့မှတ်စုထဲမှာ ရေးလိုက်တယ်ဗျာ .......

Tuesday, July 15, 2008

လူသားချင်းစာနာကူညီပေးပါ ...........................

နာဂစ်အတွက် လူတိုင်းမှာ တာဝန်ကိုယ်စီရှိတယ်လို့ ခံယူထားကြပါတယ် .....
တကယ်ကိုပဲ လူတိုင်းက နာဂစ်အတွက် လှူနေကြတယ် ....
တစ်ကြိမ်လှူလို့ အားမရလို့ နောက်ထပ် နောက်ထပ် လှူနေကြတာကို စာနယ်ဇင်းတွေမှာ တွေ့မြင်နေရတယ် ....
တစ်ဦးခြင်း၊ အုပ်စုလိုက်လှူဒါန်းနေကြတာ တကယ့်ကို အားရစရာကြီးပါ ....
အလှူရေစက်လက်နဲ့မကွာ ဆိုသလို မြန်မာလူမျိုးတွေ အလှူအတန်းမှာ ရက်ရောကြပါတယ် .....
ကိုယ်တိုင်ကတော့ အဝေးကနေပဲ တစ်ထောင့်တစ်နေရာကနေ အလှူအတွက် နှိုးဆော်ပေးတယ် .... လှူပေးတယ် ...
ကိုယ်တိုင်တော့ အဲဒီနေရာတွေကို မရောက်ဖြစ်ခဲ့ဘူး ....
သွားချင်တော့လည်း သွားဖို့ အခွင့်မသာဘူးဖြစ်နေတယ် .....
အခုဆိုရင် မုန်တိုင်းပြီးတာ နှစ်လကျော်ကြာသွားခဲ့ပြီ  .....
အလှူရှင်တွေလည်း အားလျော့လာခဲ့ပြီ ....
ဘယ်လိုပဲဖြစ်ဖြစ်ဗျာ ... အလှူအတွက် အားထုတ်ပေးတာကိုက တကယ့်စေတနာတွေပါ ....
ကိုယ့်စေတနာတွေ ဝေဒနာမဖြစ်ပါစေနဲ့ပေါ့ဗျာ ....
နောက်ပြီး လူမျိုးမရွေး ဘာသာမရွေး လူသားချင်းစာနာကူညီပေးကြပါလို့ တိုက်တွန်းပါရစေ .........
ဟုတ်ပါတယ် .....
လူသားချင်းစာနာပေးကြပါ ...
လူမျိုးမရွေး ဘာသာမရွေး ... လူမျိုးဘာသာမခွဲခြားပဲ လှူဒါန်းပေးနိုင်ကြပါစေဗျာ ........................

Monday, July 14, 2008

ကျုံးကလူစားသလား မှတ်တမ်းဓာတ်ပုံ

ကျုံးကလူစားသလား မှတ်တမ်းဓာတ်ပုံ

Sunday, July 13, 2008

ကျုံးကလူစားသလား

မနေ့နေ့လယ်က ၂၆ ဘီလမ်း ၇၆×၇၇ ကြား ကျုံးဘေးမှာ လူစည်ကားနေတာတွေ့လို့
ဝင်ကြည့်မိပါတယ် ... ထင်တဲ့အတိုင်းပဲ ကလေးတစ်ယောက် ရေနစ်သေသွားတယ် ...
အသက်က ၁၂ နှစ် ပတ်ဝန်းကျင်လောက်ပဲ ရှိဦးမယ် ....
ငါးဖမ်းရင်းရေထဲကျသွားတယ်လို့ ပြောကြတယ် .... ပြုတ်ကျသွားတာတွေ့လို့
လိုက်ဆယ်တယ်ဆိုပဲ .... မကြာသေးဘူးတဲ့ နာရီဝက်တောင်မရှိသေးဘူးလို့
ပြောသံကြားတယ် .... ဆယ်လို့ရတဲ့အချိန်မှာတော့ ကလေးဟာ
ဖြူဖတ်ဖြူရော်ဖြစ်နေပြီး နှာခေါင်းက သွေးအနည်ငယ်ထွက်နေပါတယ် ...
သေပြီလို့ ယူဆလိုက်ကြတယ် .... ဆေးရုံပို့ဖို့ က်ြခြေနီသူနာပြုနည်းနဲ့
ပြုစုဖို့မရှိကြပါဘူး .... walkie talkie တွေနဲ့ လူတွေတော့
တော်တော်များများရောက်လာကြတယ် ... ဟိုအော်ဒီအော်နဲ့ လူရှင်းနေသလိုလို
ကလေးကိုကူမလိုလိုနဲ့ ဘာလုပ်နေမှန်းတော့မသိ .... အေးလေ သူတို့က ဆရာဝန်တွေ
သူနာပြုတွေ ကြက်ခြေနီတွေမှ မဟုတ်တာ .... ဘာပဲပြောပြောကလေးကတော့
ကုန်းပေါ်ကိုရောက်ပြီး နောက်ထပ်နာရီဝက်လောက် ပစ်ထားခံနေရတာကိုကြည့်ပြီး
ကိုယ်လည်းဘာမှ မတတ်နိုင် ဆက်ပြီးလည်း မနေသင့်တော့တာနဲ့ လှည့်ပြန်ခဲ့ပါတယ်
......

Friday, July 11, 2008

မိခင်မေတ္တာ ဓာတ်ပုံပြိုင်ပွဲ

မေမေဂျယ်လီမှ  မိခင်မေတ္တာ ဓာတ်ပုံပြိုင်ပကျင်းပမယ်ဆိုတဲ့ အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မည်သူမဆိုပါဝင်ယှည်ပြိုင်နိုင်ပြီါ် ပုံအရေအတွက် အကန့်အသတ်မရှိတင်သွင်းနိုင်ပါတယ်။
၁၀ x ၁၄ လက်မ ထက်မငယ်စေရပဲ ၁၀ x ၁၅ လက်မထက် မကြီးစေရပါ။
ပြိုင်ပွဲကို ၃၀-၁၀-၂၀၀၈ ရက်နေ့မှ ပိတ်မှာဖြစ်ပါတယ်။
ပုံတွေကို ကိုလင်း(အောင်စည်သံ)
၈၄ လမ်း၊ ၂၉x၃၀ လမ်းကြား၊ မနလေးကို ပေးပို့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ွဲိ

Sunday, July 6, 2008

စာပေဆုရတဲ့ ပလော့ကာ

ဘလော့ကာတစ်ဦးဖြစ်သူ စာရေးဆရာမ ချောအိမာန် တစ်ယောက် မန္တလေးကို ပျံသွားသလား ၀တ္တုတိုနဲ့ ၂၀၀၈ ရွှေအမြုတေစာပေဆုရရှိသွားတဲ့အတွက် ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း .....

ဓာတ်ပုံ - ချောအိမာန် ကျွေးမွေးတဲ့ပွဲမှာ တွေ့ရတဲ့ ပလော့ကာ ရတနာချိုနဲ့ ချောအိမာန်

Wednesday, July 2, 2008

အမျိုးသမီးများနေ့ ပဒေသာကပွဲ

ဇူလိုင် ၁ ရက်နေ့ မန္တလေး အမျိုးသားကဇာတ်ရုံမှာ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပပါတယ် ....

Tuesday, July 1, 2008

ရုပ်ရှင်ပဒေသာကပွဲကြီး

ဝင်ခွင့် ၂၀၀၀၀ ကျပ် ၊ ဆိုင်ကယ်အပ်ခ ၁၀၀၀ ပေးရတဲ့
ရုပ်ရှင်ပဒေသာကပွဲကြီးရဲ့ မှတ်တမ်းဓာတ်ပုံပါ .......

Friday, June 27, 2008

Miss Ray World 2008 မှတ်တမ်းပုံများ

Miss Ray World 2008 မှတ်တမ်းပုံများ

Miss Ray World 2008 (Mandalay)


ထူးခြားဆန်းသစ်မှုတွေနဲ့အတူ မန္တလေး Ray World Co. Ltd ကကျင်းပတဲ့ ရောင်စဉ်ကမ္ဘာထဲက ချစ်စဖွယ်၊ သွက်လက် ဥာဏ်ပညာထက်မြက်သော အလှရှာပုံတော် Miss Ray World 2008 ပြိုင်ပွဲကို ဇွန်လ ၂၆ ရက်နေ့က မန္တလေးမြို့ ၇၇လမ်း နှင့် ၇၈လမ်း၊ ၃၂ လမ်းနှင့် ဇောတိကလမ်းကြားရှိ Ray World Complex မှာ ပြုလုပ်ကျင်းပ ပါတယ်။

ခမ်းနားစွာကျင်းပတဲ့ ဒီပြိုင်ပွဲမှာ အခမ်းအနားမှူးအဖြစ် မတင်မိုးလွင်က ဆောင်ရွက်ပါတယ်။ DENOBO တေးဂီတရဲ့ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ Talents & Models ရဲ့တင်ဆက်မှု အစီအစဉ်များ၊ ဒီဇိုင်နာ မရူပါရွှေရဲ့ ဖက်ရှင်ဒီဇိုင်းပြပွဲ၊ အောင်လွင်(အမရပူရ)ရဲ့ မိတ်ကပ်၊ ဆံပင် တီထွင်ဆန်းသစ် တီထွင်မှုများကို ဖျော်ဖြေ တင်ဆက်ပါတယ်။

တက်ရောက်လာကြတဲ့ ဧည့်ပရိတ်များမှ ပေါ်ပြူလာ အဖြစ်ဆုံးမော်ဒယ်တစ်ဦးကို မဲစနစ်နဲ့ ရွေးချယ်စေခဲ့ရာ ဇွန်ဖွေးဥက Popular Choice ဆုကို ရရှိပါတယ်။

ဆက်လက်ပြီး စပွန်ဆာ ကုမ္ပဏီများရဲ့ စိတ်ကြိုက်မော်ဒယ်များကို ရွေးချယ်ခဲ့ရာမှာ ရှိုင်းသူသူမောင် က The Best Choice of Sweety Home ၊ ထိုက်ဆုဝင်းက Primier Choice ၊ စုမွန်မွန်ကျော်က မင်းသီဟ Choice ၊ သျှားဝေက Golden Mountain Choice ၊  ရွှေစင်က Beautiful Face Choice ၊ မင်းမင်းဟန် က Special Girl Choice ၊ မင်းမင်းဟန် က Olympia Choice ၊ ဇွန်ပွင့်ဖြူက Idea Choice ၊ မြတ်ဇင်မာထွန်းက Desingner Choice အသီးသီးရရှိကြပါတယ်။

အစီအစဉ်ရဲ့ နောက်ဆုံးမှာတော့ Miss Ray World 2008 ကြေငြာပေးဖို့ မတင်မိုးလွင်က အိတ်ပိတ်ထားတဲ့ စာအိတ်ကို ဖွင့်ဖောက်ကြေ ငြာရာမှာ လင်းလက်အောင်ကျော်က Miss Ray World 2008 ကို ရရှိပါတယ်။

ကသောလက်ဖြင့်အလှူခံကြသူများ မှတ်တမ်းဓာတ်ပုံ - ၂

ကသောလက်ဖြင့်အလှူခံကြသူများ မှတ်တမ်းဓာတ်ပုံ - 2

ကသောလက်ဖြင့်အလှူခံကြသူများ မှတ်တမ်းဓာတ်ပုံ - ၁

ကသောလက်ဖြင့်အလှူခံကြသူများ မှတ်တမ်းဓာတ်ပုံ - ၁

Thursday, June 26, 2008

ဇာတ်သဘင်ပွဲကပြခြင်းဖြင့် နာဂစ်အတွက် အလှူခံ

မန္တလေးအမျိုးသားကဇာတ်ရုံကြီးမှာ ဇာတ်မင်းသားကြီးများ၊
ဇာတ်မင်းသားငယ်များစုပေါင်းပြီး ဇွန် ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ
ကပြဖျော်ဖြေရင်း အလှူခံကြမယ် .....

Sunday, June 22, 2008

ခြောက်လတစ်ကြိမ်ပုံမှန်အလှူကို 2008 June 8 နေ့က စဉ့်ကူးက အမက ၉၁ မှာ လှူဒါန်းကြတယ် ....

စိတ္တသုခ ပရဟိတလူငယ်များရဲ့
ပုံမှန် ၆လတစ်ကြိမ် ပုံမှန်အလှူအဖြစ် 
စဥ့်ကူးမြို့ အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းတွင် ဇွန်လ ၈ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

လျှပ်စစ်မီးရရှိရေးအတွက် မီတာ၊ လျှပ်စစ်တပ်ဆင်ခြင်းများ၊ ၀င်းထရံခတ်ခြင်း စသည်အတွက် ငွေကျပ် သုံးသိန်း
လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူ ၇၂ဦးအား စာရေးကိရိယာ၊ ကျောင်းသုံးပစ္စည်း ၇သိန်းကျော်ကို
ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။ စုစုပေါင်း ၁၀ သိန်းကျော်လှူဒါန်းနိုင်ခဲ့ပါတယ်။

စိတ္တသုခ ပရဟိတလူငယ်များ တစ်ယောက် ခရီးစရိတ် ၄၅၀၀ကျပ်ဖြင့်
ကားစုငှားကာ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
အားလုံး ၄၂ဦးလိုက်ပါ လှူဒါန်းခဲ့ပါတယ်ခင်ဗျာ . . .

Wednesday, June 18, 2008

သဘင်ပညာရှင်များရဲ့မုန်တိုင်းအတွက် စုပေါင်းအလှူ

မုန်တိုင်းဒဏ်သင့် ဘ၀တူ မန္တလေးသဘင်အပေါင်းအသင်းများအား
ဘ၀တူအပေါင်းအသင်းများမှ ကူညီလှူဒါန်းမှု အခမ်းအနားကို ၃၉ လမ်း၊ ၈၀ နှင့်
၈၁ လမ်းကြားရှိ စိန်ဓူဝံ ဆိုင်းအဖွဲ့တည်ရာဌာန၌ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၁
နာရီက ကျင်းပပြုလုပ်ပါတယ်။ အခန်းအနားမှူးအဖြစ် ကိုမောင်မော် (ဘိသိက်ဆရာ)က
ပြုလုပ်ပြီး လူရွှင်တော်ကြီးများ၊ အငြိမ့်၊ ဆိုင်း၊ ဇတ်၊
ဘိသိက်ပညာရှင်များ၊ မင်းသမီးများနှင့် စာနယ်ဇင်းဆရာများတက်ရောက်ပါတယ်။
အခမ်းအနားမှာ လူရွှင်တော်ဦးမြသာမှ အမှာစကားပြောကြားပါတယ်။ မန္တလေးမြို့မှ
လူရွှင်တော်များနှင့် အငြိမ့်၊ ဆိုင်း၊ ဇာတ်၊ ဘိသိက် ပညာရှင်များ၊
မင်းသမီးများစုပေါင်းကာ နာဂစ်မုန်တိုင်းခံခဲ့ရသော ခေတ်လူဇော်
ဇာတ်သဘင်အဖွဲ့မှ အဖွဲ့သားများကို ငွေကျပ်တစ်သောင်း၊ ဆန်နှစ်ပြည်၊
အ၀တ်အထည်နှင့် ပုဂံခွက်ယောက်များကို အဖွဲ့ဝင်တစ်ဦးစီလက်သို့ လက်ရောက်
ပေးအပ်ပါတယ်။ ဇာတ်ဆရာဦးတင်ဝင်းမှကျေးဇူးတင်စကားပြောကြားရာ
ခေတ်လူဇော်ဇာတ်သဘင်အဖွဲ့သည် နာဂစ် မုန်တိုင်းတိုက်ခတ်စဉ်က ဇာတ်ပွဲကပြရန်
လပ္ပတ္တာမြို့နယ်တွင် ရှိနေခဲ့ပြီး မုန်တိုင်းဒဏ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊
ရင်ခေါင်းလောက်ထိ ရေ၀င်လာသော်လည်း အဖွဲ့သားများ တစ်ယောက်မှာ
သေဆုံးခြင်းမရှိခဲ့ကြောင်း၊ သို့သော်လည်း ဇာတ်ပစ္စည်းများမှာ ရေနှင့်အတူ
မျောပါသွားပြီး ဆုံးရှုံးမှုများရှိကြောင်းနှင့် ယခုကဲ့သို့
ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။
မန္တလေးမြို့မှ လူရွှင်တော်များနှင့် အငြိမ့်၊ ဆိုင်း၊ ဇာတ်၊
ဘိသိက်ပညာရှင်များ၊ မင်းသမီးများစုပေါင်းကာ ဇွန်လဆန်းပိုင်းက
မန္တလေးမြို့တွင်း အနုပညာလုပ်အားဒါနဖြင့် လှည့်လည်အလှူခံရာ အလှူငွေ ၈၅
သိန်းလက်ခံရရှိခဲ့ပါတယ်။ ကျပ်သိန်း ၅၀ အား ဘိုကလေးမြို့နယ်၊ သကန်တောရ
ဆရာတော် ရှင်စန္ဒေဘာသအားလှူဒါန်းမည်ဖြစ်ပြီး ကျပ် ၁၅ သိန်းအားနှင့်
အ၀တ်အထည်(၆)တန်ကားနှစ်စီးတိုက်အား လှိုင်သာယာမြို့နယ်၊ အောင်ဇေယျာမင်း
ပရဟိတ မိဘမဲ့ကလေးများကျောင်းသို့ သွားရောက်လှူဒါန်းမည်ဖြစ်ပါတယ်။
အဆိုပါလှူဒါန်းမှုကို သွားရောက်လှူဒါန်းနိုင်ရေးအတွက်
ဂီတစာဆိုအကယ်ဒမီစိန်မိတ္တား၊ စိန်ဓူဝါး၊ ဦးမောင်မော်၊ ဦးကျော်ကြား၊
ဦးချစ်စရာ၊ ဦးဂွတ်ရှယ်၊ ဦးမင်းသူရ၊ ဦးမျိုးသန့်တို့မှ
ဇွန်လ(၁၈)ရက်နေ့ မီးရထားဖြင့် မန္တလေးထွက်ခွာကာ
လှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

Tuesday, June 17, 2008

Sedona Hotel ရဲ့လူသားခြင်းစာနာကူညီပေးမယ့် ညစာစားပွဲ

မေလ ၂ ရက်နေ့ညက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ် ခံရသူများနှင့် မေလ ၁၂
ရက်နေ့က ဖြစ်ပေါ်ခဲ့သော တရုတ်ငလျင်ဒဏ် ခံရသူများအား
လူသားခြင်းစာနာထောက်ထားသောအားဖြင့် အကူအညီ ပေးနိုင်ရေးအတွက် ရန်ပုံငွေ
ဘူဖေးညစာစားပွဲအခမ်းအနားကို မန္တလေးမြို့ Sedona Hotel က ဇွန်လ ၁၇ ရက်နေ့
ည ၇ နာရီမှ ၁၀ နာရီထိ ဟိုတယ်ရှိ ရေကူးကန်ဘေး မြက်ခင်းပြင်မှာ
ကျင်းပပြုလုပ်ပါတယ်။ အခမ်းအနားမှာ Operation Manager ဖြစ်သူ Mr Koichi
Tanaka မှ နှုတ်ခွန်းဆက်စကားပြောကြားပါတယ်။ ညစာစားပွဲမှာ Green House
တေးဂီတအဖွဲ့မှ သီဆို ဖျော်ဖြေကာ တီးဝိုင်းပစ္စည်းများကို
တိမ်လွှာအသံချဲ့စက်လုပ်ငန်းမှ ပံ့ပိုးကူညီပါတယ်။ ဘူးဖေးညစာစားပွဲလက်မှတ်
များကို လူကြီးတစ်ဦးလျှင် ကျပ် ၂၅၀၀၀၊ ကလေးတစ်ဦးလျှင် ကျပ် ၁၅၀၀၀
ဖြင့်ရောင်းချခဲ့ရာ လက်မှတ်ပေါင်း ၂၅၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း
Sedona Hotel မှ မ၀င်းလဲ့ကပြောကြားပါတယ်။ ဘီယာ၊ အချိုရည်၊ ရေသန့်ရောင်းချ
ရငွေများ အားလုံးကိုလည်း လှူဒါန်းမှာဖြစ်သလို လေလံစနစ်ဖြင့် Ambassador
Suite Room, Club Suite Room, Premier Suite Room, Deluxe Room
အခန်းခများ၊ အားကစားလေ့ကျင့်ခန်းမ အသင်းဝင်ကြေးများအား စိတ်ကြိုက်
ဈေးနှုံးများဖြင့် ယှဉ်ပြိုင်ရောင်းချပေးခဲ့ကာ ရရှိငွေများကို
လှူဒါန်းမှာဖြစ်ပါတယ်။ Green House တေးဂီတအဖွဲ့ရဲ့ တေးသံသာများနှင့်အတူ
သီဆိုကခုန်ရင်း ရန်ပုံငွေပွဲမှာ စည်ကားသိုက်မြိုက်ခဲ့ပါတယ်။
ကောက်ခံရရှိငွေများအားလုံးမှ တစ်ဝက်ကို နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက်
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့်လည်းကောင်း၊ ကျန်တစ်ဝက် ကို
ငလျင်ဒဏ်ခံရသူများအတွက်
မန္တလေးအခြေစိုက်တရုတ်ကောင်စစ်ဝန်ရုံးမှတဆင့်လည်းကောင်း
ပေးပို့လှူဒါန်းသွား မှာဖြစ်ပါတယ်။ သဘာဝဘေးအန္တာရယ်ဆိုးကြီးဖြစ်သော
မုန်တိုင်းဒဏ်နဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့သော၊ ဒဏ်ရာရခဲ့သေ၊
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သောသူများအားလုံးအတွက်ဝမ်းနည်းကြေကွဲရသလို
မန္တလေးမြို့သူမြို့သားများရဲ့ ဒါနအင်အားကိုတွေ့မြင်ရတာ အလွန်မှ
အားရစရာကောင်းလှပါတယ်လို့ လုပ်ငန်းရှင်တစ်ဦးဖြစ်သူက ပြောကြားပါတယ်

Monday, June 16, 2008

မြို့မတူရိယာအသင်းရဲ့ စာနာဂရုဏာလေဘေးရံပုံငွေအကူအညီပေးပွဲတော်

မေလအတွင်းက တစ်ညတာဝင်ရောက်တိုက်ခိုက်သွားတဲ့ မုန်တိုင်းဒဏ်ကြောင့်
လူသန်းပေါင်းများစွာ သေကြေကြ၊ ထိခိုက် ဒဏ်ရာရကြ၊
အတိဒုက္ခရောက်ကြရသူအပေါင်းကို စာနာသောအားဖြင့် မန္တလေးမြို့ ကျက်သရေဆောင်
မြို့မတူရိယာ အသင်းကြီးက စာနာဂရုဏာလေဘေးရံပုံငွေအကူအညီပေးပွဲတော်ကို
ဇွန်လ ၁၄ ရက်နေ့ ညပိုင်းတွင် မန္တလေးမြို့ ၈၆ လမ်းနှင့် ၂၁ လမ်းဒေါင့်ရှိ
အသင်းတိုက်ရှေ့မှာ ကျင်းပပြုလုပ်ပါတယ်။ မန္တလေးမြို့ မြို့မိမြို့ဖများအား
မြို့မအသင်းသူ အသင်းသားများက လူမူကူညီရေးတေးသီချင်းများနဲ့
ဧည်ခံဖျော်ဖြေသလို လူရွှင်တော် ချစ်စရာ၊ ဒီပါ တို့ကလည်း ဟာသများဖြင့်
စိတ်နှလုံးအေးချမ်း မှုကို ပေးစွမ်းကြပါတယ်။ မုန်တိုင်းနှင့်ပတ်သက်ပြီး
ခံစားသီကုံးရေးဖွဲ့ထားတဲ့ တေးသီချင်းများကတော့ တေးရေး မြို့မကိုပေါ၊
ကိုရွှန်းမြိုင်ရေးသားတဲ့ ဂရုဏာလှေယာဉ်၊ ကိုရွှန်းမြိုင်ရေးသားတဲ့
သောကတမ်းချမ်း မဖြစ်ကြနဲ့၊ သန်းမောင်ဝင်း ရေးသားတဲ့
ဒါနပန်းတို့လန်းရာမြေ၊ ထိပ်တင်ဆန်းရေးသားတဲ့ ယောနသံလူသား၊
မြဒါလီရေးသားတဲ့ ဆုတောင်းမေတ္တာ၊ လွင်ဦးရေးသားတဲ့ ကူညီကြပါစို့၊
မောင်မောင်စိန် ရေးသားတဲ့ ကူညီဖေးမယိုင်းပင်းပါ တေးသီချင်းတို့ဖြစ်ပြီး
မြို့မ ၀ိုင်းတော်သားများက သီဆို ဖျော်ဖြေကြပါတယ်။ အလှူငွေထည့်သူ၊
အလှူလက်ခံသူ၊ တေးဂီတပွဲဖျော်ဖြေသူ၊ တေးဂီတပွဲကြည့်သူများနဲ့
စည်ကားတဲ့ညမှာ နာဂစ်အတွက် ၀မ်းနည်းကြရသလို ကူညီလိုစိတ်ပြင်းပြတဲ့
မန္တလေးသားတွေရဲ့ စိတ်ကိုတွေ့မြင်ရပါတယ်။ မြို့မအဖွဲ့က
ပြန်လည်ထူထောင်ရေးအတွက် ပါဝင် လှူဒါန်းဆောင်ရွက်ကြမယ်ဆိုတော့ အလွန်ပဲ
ကျေနပ်မိပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ
ကိုယ်တိုင်ကိုယ်ကျပါဝင်ချင်ပေမယ့် အခွင့်အရေးမရလို့ မုန်တို်င်းဒဏ်သင့်
ဒေသကို သွားရောက်မယ့်အဖွဲ့အစည်းတွေတော်တော်များများပါ
များများမတတ်နိုင်ပေမယ့် တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးခဲ့ ပါတယ်လို့
အလှူငွေလာရောက်ထည့်ဝင်ရင်း တေးဂီတကို နားဆင်ခံစားနေသူတစ်ဦးက
ပြောကြားပါတယ်။

Thursday, June 12, 2008

စိတ္တသုခ ပရဟိတလူငယ်များရဲ့ ၆လတစ်ကြိမ် ပုံမှန် အလှူ

စိတ္တသုခ ပရဟိတလူငယ်များရဲ့ ၆လတစ်ကြိမ် ပုံမှန် အလှူကို စဥ့်ကူးမြို့
အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းမှာ ဇွန်လ ၈ ရက်နေ့က
သွားရောက်လှူဒါန်းခဲ့ပါတယ်။
လျှပ်စစ်မီးရရှိရေးအတွက် မီတာ၊ လျှပ်စစ်တပ်ဆင်ခြင်းများ၊ ၀င်းထရံခတ်ခြင်း
စသည်အတွက် ငွေကျပ် သုံးသိန်း
လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူ ၇၂ဦးအား စာရေးကိရိယာ၊
ကျောင်းသုံးပစ္စည်း ၇သိန်းကျော်ကို
ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။
စိတ္တသုခ ပရဟိတလူငယ်များ တစ်ယောက် ခရီးစရိတ် ၄၅၀၀ကျပ်ဖြင့်
ကားစုငှားကာ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
အားလုံး ၄၂ဦးလိုက်ပါလှူဒါန်းခဲ့ပါတယ်ခင်ဗျာ . . .

ဒီလ ၁၅ရက်ခန့်မှာတော့ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်အတွင်း
တည်ဆောက်မည့် မူလတန်းကျောင်း(ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)
အတွက် အလှူငွေ ပထမအကြိမ် ပေးပို့ရန် စီစဉ်နေကြပါတယ်။

အဲဒီနောက်မှတော့ အဆောက်အအုံ တည်ဆောက်ခြင်းများစတင်ပြီး
လကုန်ခန့်တွင် သွားရောက် လှူဒါန်းနိုင်ရေး
စီစဉ်မျှော်မှန်းလျက်ရှိပါတယ်။

သက်ဆိုင်ရာမှ ကျောင်းဆောက်လုပ်လှူဒါန်းရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါတယ်။
လှူဒါန်းမှုများအတွက် ကျေးဇူးတင်ရှိသကဲ့သို့
ထပ်မံလည်း လှူဒါန်းပေးကြပါဦးခင်ဗျာ . . .

သတ္တ၀ါအပေါင်း စိတ်ချမ်းသာဖို့ ကူညီကြပါစို့ . . . . .

Wednesday, June 11, 2008

ကရုဏာသံစဉ်ပွဲတော် မှတ်တမ်းဓာတ်ပုံ - ၃

ကရုဏာသံစဉ်ပွဲတော် မှတ်တမ်းဓာတ်ပုံ - ၂

ကရုဏာသံစဉ်ပွဲတော် မှတ်တမ်းဓာတ်ပုံ - ၁

လူမင်း၊ သက်မွန်မြင့်တို့ရဲ့ မင်္ဂလာဦးည

ပြင်ဦးလွင်မြို့မှာ လေဘေးရန်ပုံငွေအတွက် ဇာတ်ကား ၆ ကားရိုက်ကူးလျက်ရှိရာ
မင်္ဂလာဦးည ဇာတ်လမ်းရိုက်ကူးနေတဲ့ ရိုက်ကွင်းနေရာကို အရောက်သွားခဲ့ပါတယ်။
မနက်ခင်းစောစောအချိန်မှာ ရောက်သွားတာကြောင့် ရိုက်ကူးမှုအတွက်
ပြင်ဆင်နေဆဲဖြစ်ပါတယ်။ သက်လျာရှင်စောရဲ့ ၀တ္တု ကို ဇာတ်ညွန်း
ကိုရွှေမိုးသက်၊ ကျော်သိင်္ခတို့ရေးသားတဲ့ မင်္ဂလာဦးည ဇာတ်လမ်းရဲ့
ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့ပြင်ဆင်နေတဲ့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)
နဲ့ ခဏတာတွေ့ဆုံပြီး ရန်ကုန်ရှုတင်အခြေအနေ မေးမြန်းတဲ့အခါ
မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မှာဆိုရင် တစ်ချို့ ရှုတင်ရိုက်ကွင်းတွေက
ပျက်စီးတာတွေရှိတယ်။ ဒီကိုလာရိုက်တာက ရန်ကုန်ရှုတင်ကြောင့်တော့
မဟုတ်ပါဘူး။ လေဘေးရန်ပုံငွေအတွက် အခုလို သရုပ်ဆောင်တွေ ပြင်ဦးလွင်မှာ
အားလုံးလာရိုက်ကြတော့ စုစုစည်းစည်းလည်းဖြစ်တာပေါ့။
ရိုက်ကွင်းအနေအထားလည်းပိုကောင်းပါတယ် လို့ဖြေပါတယ်။ ဆက်လက်ပြီး
ရိုက်ကူးမယ့် ဇာတ်လမ်းအကျဉ်းကို ပြောပြတာကတော့ အခုရိုက်မယ့်
မင်္ဂလာဦးညဇာတ်ကားက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ ဒီကားမှာ လူမင်း၊
ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ ချောရတနာ၊ ချစ်စနိုးဦး၊ ခင်လေးနွယ်တို့
ပါဝင်ကြမှာဖြစ်ပါတယ်။ ဇာတ်လမ်းက သက်မွန်မြင့်နဲ့ လူမင်း အိမ်ထောင်ကျတယ်။
လူမင်းက ရှုတ်တယ်ပွေတယ်။ သူရှုတ်ထားတဲ့အထဲမှာ ခိုင်းသင်းကြည်ရဲ့
ညီမတစ်ယောက်ရှိတယ်။ အဲဒါကို မကျေနပ်လို့ ခိုင်သင်းကြည်က
လိုက်ပြီးကလဲ့စားချေတာကို အခြေခံပြီး ရိုက်မှာပါ လို့ဆိုပါတယ်။
မေးမြန်းပြီးလို့ ခဏအကြာမှာ ဒီကားမှာ သရုပ်ဆောင်ကြမယ့် လူမင်းနဲ့
သက်မွန်မြင့်တို့ ရောက်လာကြပြီး စတင်ရိုက်ကူးကြပါတယ်။
ဇာတ်လမ်းအဖွင့်အတွက် ရိုက်ကူးတာဖြစ်ကြောင်းသိရပါတယ်။ လူမင်းနဲ့
သက်မွန်မြင့် တို့ရဲ့ မင်္ဂလာဦးညဖြစ်ပြီး မင်္ဂလာဦးညရဲ့
စိတ်လှုပ်ရှားဖွယ်အခန်းလေးကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ချစ်စရာ့အသွင်နဲ့
မင်္ဂလာဦးညမှာ နေမထိ ထိုင်မသာဖြစ်နေတဲ့ သက်မွန်မြင့်ရဲ့
သရုပ်ဆောင်မှုနဲ့အတူ မင်္ဂလာဦးညကို ဖြတ်သန်းဖို့ စောင့်နေတဲ့စရိုက်ကို
ပီပီပြင်ပြင်လုပ်ပြသွားပါတယ်။ မင်္ဂလာဦးမှာပဲ
အိမ်ဖော်ခေါ်ဖို့တိုင်ပင်ကြပြီး ခိုင်သင်းကြည်ရောက်လာကာ
အိမ်ဖော်အဖြစ်ခေါ်ထားတဲ့ အခန်းကို ရိုက်ကူးနေတာကြည့်ရှုလေ့လာခဲ့ပါတယ်။

လူမင်း၊ သက်မွန်မြင့်တို့ရဲ့ မင်္ဂလာဦးည

ပြင်ဦးလွင်မြို့မှာ လေဘေးရန်ပုံငွေအတွက် ဇာတ်ကား ၆ ကားရိုက်ကူးလျက်ရှိရာ
မင်္ဂလာဦးည ဇာတ်လမ်းရိုက်ကူးနေတဲ့ ရိုက်ကွင်းနေရာကို အရောက်သွားခဲ့ပါတယ်။
မနက်ခင်းစောစောအချိန်မှာ ရောက်သွားတာကြောင့် ရိုက်ကူးမှုအတွက်
ပြင်ဆင်နေဆဲဖြစ်ပါတယ်။ သက်လျာရှင်စောရဲ့ ၀တ္တု ကို ဇာတ်ညွန်း
ကိုရွှေမိုးသက်၊ ကျော်သိင်္ခတို့ရေးသားတဲ့ မင်္ဂလာဦးည ဇာတ်လမ်းရဲ့
ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့ပြင်ဆင်နေတဲ့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)
နဲ့ ခဏတာတွေ့ဆုံပြီး ရန်ကုန်ရှုတင်အခြေအနေ မေးမြန်းတဲ့အခါ
မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မှာဆိုရင် တစ်ချို့ ရှုတင်ရိုက်ကွင်းတွေက
ပျက်စီးတာတွေရှိတယ်။ ဒီကိုလာရိုက်တာက ရန်ကုန်ရှုတင်ကြောင့်တော့
မဟုတ်ပါဘူး။ လေဘေးရန်ပုံငွေအတွက် အခုလို သရုပ်ဆောင်တွေ ပြင်ဦးလွင်မှာ
အားလုံးလာရိုက်ကြတော့ စုစုစည်းစည်းလည်းဖြစ်တာပေါ့။
ရိုက်ကွင်းအနေအထားလည်းပိုကောင်းပါတယ် လို့ဖြေပါတယ်။ ဆက်လက်ပြီး
ရိုက်ကူးမယ့် ဇာတ်လမ်းအကျဉ်းကို ပြောပြတာကတော့ အခုရိုက်မယ့်
မင်္ဂလာဦးညဇာတ်ကားက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ ဒီကားမှာ လူမင်း၊
ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ ချောရတနာ၊ ချစ်စနိုးဦး၊ ခင်လေးနွယ်တို့
ပါဝင်ကြမှာဖြစ်ပါတယ်။ ဇာတ်လမ်းက သက်မွန်မြင့်နဲ့ လူမင်း အိမ်ထောင်ကျတယ်။
လူမင်းက ရှုတ်တယ်ပွေတယ်။ သူရှုတ်ထားတဲ့အထဲမှာ ခိုင်းသင်းကြည်ရဲ့
ညီမတစ်ယောက်ရှိတယ်။ အဲဒါကို မကျေနပ်လို့ ခိုင်သင်းကြည်က
လိုက်ပြီးကလဲ့စားချေတာကို အခြေခံပြီး ရိုက်မှာပါ လို့ဆိုပါတယ်။
မေးမြန်းပြီးလို့ ခဏအကြာမှာ ဒီကားမှာ သရုပ်ဆောင်ကြမယ့် လူမင်းနဲ့
သက်မွန်မြင့်တို့ ရောက်လာကြပြီး စတင်ရိုက်ကူးကြပါတယ်။
ဇာတ်လမ်းအဖွင့်အတွက် ရိုက်ကူးတာဖြစ်ကြောင်းသိရပါတယ်။ လူမင်းနဲ့
သက်မွန်မြင့် တို့ရဲ့ မင်္ဂလာဦးညဖြစ်ပြီး မင်္ဂလာဦးညရဲ့
စိတ်လှုပ်ရှားဖွယ်အခန်းလေးကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ချစ်စရာ့အသွင်နဲ့
မင်္ဂလာဦးညမှာ နေမထိ ထိုင်မသာဖြစ်နေတဲ့ သက်မွန်မြင့်ရဲ့
သရုပ်ဆောင်မှုနဲ့အတူ မင်္ဂလာဦးညကို ဖြတ်သန်းဖို့ စောင့်နေတဲ့စရိုက်ကို
ပီပီပြင်ပြင်လုပ်ပြသွားပါတယ်။ မင်္ဂလာဦးမှာပဲ
အိမ်ဖော်ခေါ်ဖို့တိုင်ပင်ကြပြီး ခိုင်သင်းကြည်ရောက်လာကာ
အိမ်ဖော်အဖြစ်ခေါ်ထားတဲ့ အခန်းကို ရိုက်ကူးနေတာကြည့်ရှုလေ့လာခဲ့ပါတယ်။

Thursday, June 5, 2008

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၅

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၅

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၎

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၎

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၃

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၃

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၂

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၂

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၁

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၁

Wednesday, June 4, 2008

ဘ၀အမော ပြေစေလိုသူများ

မန္တလေးခရိုင် ၇ မြို့နယ်မှ ဆိုင်း၊ ဘိသိက်၊ အငြိမ့်လူရွှင်တော်၊
မင်းသမီးများစုပေါင်းကာ ဆိုင်ကလုန်းမုန်တိုင်းနာဂစ်
ဒဏ်ခံရသူပြည်သူများတို့အား ဘ၀အထောက်အကူပြုစေရန်ရည်သန်၍
အနုပညာလုပ်အားဒါနဖြင့် သီဆိုဖျော်ဖြေ ကပြကာ အလှူခံထွက်ကြပါတယ်။
မန္တလေးသဘင်ကြီးကြပ်မှုကော်မတီရဲ့ ဦးဆောင်မှုနဲ့ လှည့်လည်ဖျော်ဖြေကာ
အလှူခံကြတာဖြစ်ပြီး ရရှိလာတဲ့ အလှူငွေ၊ ပစ္စည်းအားလုံးကို
မုန်တိုင်းသင့်သူများထံအရောက် စစ်မှန်သော သဒ္ဓါဖြင့်
ကူညီပေးပို့မှာဖြစ်ပါတယ်။ အလှူခံမော်တော်ယာဉ်ဟာ ဇွန်လ ၄ ရက်နေ့မှာ
လောကနတ်ခန်းမ (သဘင်အစည်း အရုံး)မှ ဘုရားကြီးတောင်ဖက်ရေစင်ကွေ့၊
စိန်းပန်းရပ်ကွက်စုံ၊ ဇွန်လ ၅ ရက်နေ့မှာ လမ်း ၈၀၊ ၃၉ လမ်း၊ ၇၈ လမ်း
ရတနာပုံဈေး၊ ဘူတာကြီး၊ မင်္ဂလာဈေး၊ ဇွန်လ ၆ ရက်နေ့မှာ ဈေးချိုတော်၊
ညောင်ပင်ဈေး၊ အောင်တော်မူရေအိုးစင်၊ ဇွန်လ ၇ ရက်နေ့မှာ
ဘုရားကြီးအရှေ့ဖက်၊ မန္တလေးတက္ကသိုလ်မြောက်ပေါက်၊ ၇၃ လမ်း၊ ၂၇ လမ်း၊
၆၂လမ်း၊ နန်းရှေ့ဈေး၊ မြောက်ပြင်အရိပ်မထွက်ဘုရား၊ ဇွန်လ ၈ ရက်နေ့မှာ
တမ္မ၀တီကွက်သစ်၊ အမရပူရမြို့နယ်များသို့ သွားရောက်အလှူခံကြပါတယ်။
ကယ်တင်ခြင်းသည် မွန်မြတ်၏။ ကူညီခြင်းသည် နွေးထွေး၏။ စာနာခြင်းသည်
အရာရာကိုလှပစေ၏။ ဆိုတဲ့စာတမ်းလေးကို လက်ကမ်းကြော်ငြာမှာ
ထည့်သွင်းရိုက်ထားပါတယ်။ အနုပညာရှင်များ နှင့်အတူ ပြည်သူအပေါင်းမှ
ပါဝင်ကူညီနိုင်ရေးအတွက် နေ့ရောညပါ မနားမနေ မန္တလေးမြို့တစ်ခွင် လှည့်လည်
အလှူခံ ကြတာဖြစ်ပါတယ်။ ဟာသပညာဖြင့် ဖျော်ဖြေရင်း
အလှူငွေရဖို့ငိုသောမျက်လုံးကို အပြုံးဖုံးပြီး ငိုချင်သော်လည်း
ရယ်အောင်ပြုကာ ညစ်ညူးသည့်စိတ်များကို ပြေဖျောက်ပြီး အလှူငွေရဖို့
ကြိုးစားသွားကြမယ်လို့ လူရွှင်တော်တစ်ဦးမှပြောကြားပါတယ်။

နာဂစ် တစ်လပြည့် ဆုတောင်းပွဲ

နာဂစ်မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနဲ့ ဒက္ခအထွေထွေ
ရောက်နေကြရသူများအတွက် ရည်စူးကာ မန္တလေးမြို့ပေါ်ရှိ
ကိုးကွယ်မှုဘာသာတရားအသီးသီးမှ ဘာသာဝင်များ စုပေါင်းပြီး
မေတ္တာပို့ဆုတောင်းခြင်းအခမ်းအနား ကို မုန်တိုင်းဒဏ်ခံရပြီး
တစ်လပြည့်သောနေ့ဖြစ်သော ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီက မန္တလေးမြို့ ၈၂ လမ်း၊
၂၅ x ၂၆ လမ်းကြားရှိ ရွှေနှလုံးတော်ဘုရားရှိခိုးကျောင်းမှာ
ကျင်းပပြုလုပ်ပါတယ်။ အခမ်းအနားမှာ ကိုးကွယ်မှုဘာသာအသီးသီးမှ
ကိုယ်စားလှယ်များကို မိတ်ဆက်ပေးပြီး ဖာသာရ် မာကု ဦးတင်ဝင်းမှ
ကြိုဆိုနှုတ်ခွန်းဆက်စကား မိန့်ကြားပါတယ်။ ဆိုက်ဂလုံးမုန်တိုင်းကြောင့်
သေဆုံးသွားရသူများနှင့် လေဘေးသင့်ပြည်သူများအတွက်
ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် ၁ မိနစ်ငြိမ်ကာဆုတောင်းကြပါတယ်။
အဲဒီနောက် တက်ရောက်လာတဲ့ ကိုးကွယ်မှုဘာသာအသီးသီးမှ ကိုယ်စားလှယ်တစ်ဦးစီက
ဖယောင်းတိုင်မီးထွန်းညှိကြပါတယ်။ ဗုဒ္ဓဘာသာ၊ ရှီးယပ် အစ္စလာမ်သာသနာ၊ ဃရာနာ
အစ္စလာမ်သာသနာ၊ ဟိန္ဒူဘာသာ၊ ကက်သလစ်သာသနာနှင့် ခရစ်ယာန်အသင်းတော်များမှ
ကိုယ်စားလှယ်များနှင့် ပရိသတ်များစွာက မိမိတို့ကိုယ်ကွယ်ရာဘာသာအသီးသီးမှ
ဆုတောင်းမေတ္တာပို့သခြင်းကို ဆက်လက်ဆောင်ရွက် ကြပြီး အခမ်းအနားကို
ငြိမ်သက်စွာနဲ့ ပြီးဆုံးစေခဲ့ပါတယ်။

Monday, June 2, 2008

စိတ္တသုခပရဟိတလူငယ်များရဲ့အလှူ

စိတ္တသုခပရဟိတလူငယ်များက ပုံမှန်ခြောက်လတစ်ကြိမ်လှူဒါန်းကြဖို့
အစီအစဉ်များ ဆွဲထားကြပါတယ်။
ဒီတစ်ခေါက်အလှူအဖြစ် စဥ့်ကူးမြို့ အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းမှာ
သွားရောက်လှူဒါန်းကြပါတယ်။
၈ရက်နေ့ နံနက်ပိုင်းထွက်ခွာဖို့စီစဉ်ထားပါတယ်။
ကျောင်းက ကလေးများကို စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းဖို့ စီစဉ်ထားပါတယ်။

ကျောင်းအတွက်လျှပ်စစ်မီးရရှိရေး
မီတာလျှောက်ထားခြင်း၊ မီးသွယ်ခြင်း၊ မီးတပ်ဆင်ခြင်းအတွက်
ငွေကျပ်သုံးသိန်း လှူဒါန်းပြီးဖြစ်ပါတယ်။

သွားဖို့အတွက်လိုက်ပါလိုသူများက တစ်ယောက်လျှင် ၄၅၀၀ကျပ်စီ
ခရီးစရိတ်နှင့်စားသောက်စရိတ် ကျခံရမှာဖြစ်ပါတယ်။
မည်သူမဆိုလိုက်ပါနိုင်ပါတယ်။

ခြောက်လပတ်အလှူအပြီးမှာတော့ နာဂစ်မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်း၊
မော်လမြိုင်ကျွန်းမြို့နယ်၊ ပန်းဖူးမြစ်တန်းကျေးရွာသို့
သွားရောက်ပြီး မူလတန်းကျောင်းအဆောက်အအုံပြန်လည်ဆောက်လုပ်ပေးရန်
စီစဉ်လျက်ရှိပါတယ် . . .

ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ

လက်ဖက်ရည်ဈေးနှုန်း

အာကာမင်း လက်ဖက်ရည်ဆိုင်က ဈေးနှုန်းလေးပါ .....

Wednesday, May 28, 2008

လူရွှင်တော်များကလည်း နာဂစ်အတွက် အလှူခံထွက်ဦးမယ်

မန္တလေးက လူရွှင်တော်များကလည်း နာဂစ်အတွက် အလှူခံထွက်ဦးမယ် ...
မိမိတို့တတ်နိုင်တာလေးနဲ့ မြို့ခံပြည်သူတွေထည့်ဝင်ငွေနဲ့
ပစ္စည်းတွေပေါင်းပြီး လေဘေးသင့်ခံ ပြည်သူများကို
သွားရောက်ကူညီပေးဖို့အတွက် အလှူခံထွက်တာဖြစ်ပါတယ် ....

ဇာတ်မင်းသားများ နာဂစ်အတွက် အလှူခံထွက်

မန္တလေးသဘင်အစည်းအရုံးမှ လေဘေးသင့်ပြည်သူများအတွက် မျှဝေခံစားကူညီရန်အတွက်
မန္တလေးအချစ်တော် မင်းသားလေးများဖြင့် ဖွဲ့စည်းထားသော
မြန်မာ့သဘင်အလှဆင်သူအဖွဲ့က ဦးဆောင်ပြီး မန္တလေးမြို့ လေးပြင် လေးရပ်သို့
ဖျော်ဖြေရေးကားများဖြင့် လှည့်လည် ဖျော်ဖြေကာ အလှူခံကြမည်ဖြစ်ကြောင်း
ဇာတ်မင်းသားလေး လှိုင်ဘွားအောင်မှ ပြောကြားပါတယ်။ ဦးရွှေနန်းတင်၊
ကိုဝင်းနောင်နဲ့ လှိုင်ဘွားအောင်တို့က စတင်လှုံဆော်ခဲ့တာဖြစ်ပြီး
လေဘေးသင့်သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများကို ငွေ၊ သင်္ကန်း၊
ပစ္စည်း၊ အ၀တ်အထည်၊ ဆန်အစရှိသည် များကို
ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မေလ(၂၆)ရက်နေ့မှာ မဟာမုနိဘုရားကြီးမှ
မြို့သစ်၊ မေလ(၂၇)ရက်နေ့မှာ ဘုရားကြီးတောင်ဖက်မှ တမ္ပ၀တီ၊
မေလ(၂၈)ရက်နေ့မှာ ၈၄လမ်း၊ ၃၅ လမ်းမှ စိန်းပန်းလမ်း၊ မေလ(၂၉)ရက်နေ့မှာ
ဈေးချိုနှင့်မြောက်ပြင်၊ မေလ(၃၀)ရက်နေ့မှာ ဘူတာကြီး အရှေ့ဖက်ခြမ်းမှ
နန်းရှေ့သို့ ညနေ ၃ နာရီမှ ည ၉ နာရီထိ လှည့်လည်ကာ အနုပညာချစ်သူပြည်သူ
အပေါင်းထံသို့ အလှူခံထွက်ကြမှာဖြစ်ပါတယ်။ ဧည့်ခံ ဖျော်ဖြေပေးမယ့်
တေးဂီတအဖွဲ့များကတော့ အရှေ့တိုင်းရွှေမင်းသားများ၊ ၀င်းနောင်နဲ့
လှိုင်ဘွားအောင် ဇာတ်အဖွဲ့ များမှ တေးဂီတဖန်တီးသူများက
ပူးပေါင်းတင်ဆက်ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။ အော်ဂင်-ကျော်သူမြင့်ရဲ့
ကသောလက်များဖြင့်ကူညီမည်၊ ကိုဝင်းနောင်၊ ဦးဘုန်းကျော်
နှင့်ဂီတစာဆိုများရေးစပ်တဲ့ သူစိမ်းတွေလိုမနေပါနဲ့၊ မဲနော
(ရွှေမင်းသားလေးများဇာတ်ပွဲ)ရေးစပ်တဲ့ ဒုက္ခငြိမ်းစေ မေတ္တာဝေ ဆိုတဲ့
သီချင်းသစ်များဖြင့် ခံစားသီဆိုကြရင်း
မန္တလေးမြို့တစ်ခွင်လှည့်လည်အလှူခံကြပါတယ်။

မြန်မာပြည်အထက်ပိုင်းက စာပေမိသားစု နာဂစ်အတွက် အလှူခံပြီ

မြန်မာပြည်အထက်ပိုင်း စာပေအနုပညာမိသားစုမှ မေလ ၂-၃ ရက်နေ့က
တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ကြောင့် အတိဒုက္ခရောက်နေရသော
ပြည်သူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ရိုင်းပင်းကူညီပေးရန်
တတ်အားသ၍ လှူဒါန်းသွားနိုင်ရေးအတွက် အလှူငွေများကို မေလ ၂၅ ရက်နေ့မှ
စတင်ပြီး ကောက်ခံလျက်ရှိပါတယ်။ ရုပ်ဝတ္တုအရ ပမာဏမများတဲ့တိုင် စိတ်ဓာတ်အရ
တစ်သားတည်း ရပ်တည်၊ နားလည် စာနာ ဖေးမမှုကို ဖော်ပြနိုင်ဖို့ ရည်ရွယ်ကာ
ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။ မန္တလေးနဲ့ အထက်မြန်မာပြည် အခြေစိုက်
ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ အနုပညာရှင်များ၊ စာပေမိတ်ဆွေ၊
စေတနာရှင်များ၊ စာအုပ်ဆိုင်များ အနေနဲ့ ဇွန်လ ၇ ရက်နေ့နောက်ဆုံးထားကာ
နီးစပ်ရာ စာပေအနုပညာရှင်များထံ ငွေကြေး၊ အစားအသောက်၊ အ၀တ်အထည်၊ စောင်၊
မိုးကာ၊ အိုးခွက်ပန်းကန်စသဖြင့် တစ်တပ်တစ်အား ပါဝင် ကူညီနိုင်ပြီး
အလှူငွေနဲ့ ပစ္စည်းများကို မုန်တိုင်းဒဏ်သင့်ပြည်သူများထံအရောက်
ပေးပို့ဖြန့်ဝေ ကူညီပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Sunday, May 25, 2008

ဆိုင်ဂလုံးနာဂစ်ကြောင့် ဒုက္ခရောက်နေတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်နေတာ .....

ဆိုင်ဂလုံးနာဂစ်ကြောင့် ဒုက္ခရောက်နေတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်နေတာ .....
သေတဲ့သူ၊ ဒဏ်ရာရတဲ့သူ၊ အိုးမဲ့အိမ်မဲ့ဖြစ်ရသူတွေ တော်တော်ကိုများတယ် ....
ဘ၀ပျက်ကုန်ကြတယ် ......
ကိုယ်တစ်ယောက်တည်းနဲ့ ဘာမှ မတတ်နိုင်ဘူး ....
အားလုံးဝိုင်းဝန်းကြမှဖြစ်မယ် ......

Wednesday, May 7, 2008

စိတ္တသုခပရဟိတလူငယ်များ၏ နာဂစ်မုန်တိုင်းဒဏ်ခံစားရသူများအတွက် လှူဒါန်းမှုအစီအစဉ်များ

စိတ္တသုခပရဟိတလူငယ်များ၏ နာဂစ်မုန်တိုင်းဒဏ်ခံစားရသူများအတွက်

လှူဒါန်းမှုအစီအစဉ်များ

စိတ္တသုခပရဟိတလူငယ်များအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ခံစားရသည့်ဒေသများသို့

လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မုန်တိုင်းဒဏ်ခံစားရသော ဒေသများမှာ များစွာကျယ်ဝန်းလှသည့်အတွက်

မိမိတို့ တစ်နိုင်တစ်ပိုင် လှူဒါန်းမှုပြုနိုင်ရေးကိုသာ ရည်ရွယ်စီစဉ်လျက်ရှိပါသည်။

 

ပထမဦးစွာ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ လှူဒါန်းနိုင်ရေး စီစဉ်လျက်ရှိပါသည်။

မော်လမြိုင်ကျွန်းမြို့ရှိ အများနှင့်သက်ဆိုင်သည့် အဆောက်အအုံများ ပြန်လည်ထူထောင်ရေး

လုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

အများနှင့်ဆိုင်သော (ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ ဘုန်းတော်ကြီးကျောင်း)နေရာများကို

ကိုယ်တိုင်သွားရောက်ကြည့်ရှုကာ ပြန်လည် တည်ဆောက်နိုင်ရေး အလှူငွေပေးအပ်ခြင်း၊ ဆောက်လုပ်ရန်

စီစဉ်ပေးခြင်း၊ လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။

 

ရရှိသည့်အလှူငွေ ပမာဏပေါ်မူတည်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ရေးဆောင်ရွက်မည်ဖြစ်ပါသည်။

မုန်တိုင်းဒဏ်ခံစားရသည့်သူများအား တိုက်ရိုက် လှူဒါန်းမှု ပြုလုပ်ရန် အစီအစဉ်ရှိသော်လည်း

မေလ တတိယပတ်လောက် အစောဆုံး သွားရောက်လှူဒါန်းနိုင်မည်ဖြစ်သောကြောင့်

ပါဝင်လှူဒါန်းလိုသူများအား ဖိတ်ခေါ်ပါကြောင်း . . . .