Thursday, June 12, 2008

စိတ္တသုခ ပရဟိတလူငယ်များရဲ့ ၆လတစ်ကြိမ် ပုံမှန် အလှူ

စိတ္တသုခ ပရဟိတလူငယ်များရဲ့ ၆လတစ်ကြိမ် ပုံမှန် အလှူကို စဥ့်ကူးမြို့
အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းမှာ ဇွန်လ ၈ ရက်နေ့က
သွားရောက်လှူဒါန်းခဲ့ပါတယ်။
လျှပ်စစ်မီးရရှိရေးအတွက် မီတာ၊ လျှပ်စစ်တပ်ဆင်ခြင်းများ၊ ၀င်းထရံခတ်ခြင်း
စသည်အတွက် ငွေကျပ် သုံးသိန်း
လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူ ၇၂ဦးအား စာရေးကိရိယာ၊
ကျောင်းသုံးပစ္စည်း ၇သိန်းကျော်ကို
ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။
စိတ္တသုခ ပရဟိတလူငယ်များ တစ်ယောက် ခရီးစရိတ် ၄၅၀၀ကျပ်ဖြင့်
ကားစုငှားကာ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
အားလုံး ၄၂ဦးလိုက်ပါလှူဒါန်းခဲ့ပါတယ်ခင်ဗျာ . . .

ဒီလ ၁၅ရက်ခန့်မှာတော့ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်အတွင်း
တည်ဆောက်မည့် မူလတန်းကျောင်း(ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)
အတွက် အလှူငွေ ပထမအကြိမ် ပေးပို့ရန် စီစဉ်နေကြပါတယ်။

အဲဒီနောက်မှတော့ အဆောက်အအုံ တည်ဆောက်ခြင်းများစတင်ပြီး
လကုန်ခန့်တွင် သွားရောက် လှူဒါန်းနိုင်ရေး
စီစဉ်မျှော်မှန်းလျက်ရှိပါတယ်။

သက်ဆိုင်ရာမှ ကျောင်းဆောက်လုပ်လှူဒါန်းရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါတယ်။
လှူဒါန်းမှုများအတွက် ကျေးဇူးတင်ရှိသကဲ့သို့
ထပ်မံလည်း လှူဒါန်းပေးကြပါဦးခင်ဗျာ . . .

သတ္တ၀ါအပေါင်း စိတ်ချမ်းသာဖို့ ကူညီကြပါစို့ . . . . .

No comments: