Wednesday, May 28, 2008

မြန်မာပြည်အထက်ပိုင်းက စာပေမိသားစု နာဂစ်အတွက် အလှူခံပြီ

မြန်မာပြည်အထက်ပိုင်း စာပေအနုပညာမိသားစုမှ မေလ ၂-၃ ရက်နေ့က
တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ကြောင့် အတိဒုက္ခရောက်နေရသော
ပြည်သူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ရိုင်းပင်းကူညီပေးရန်
တတ်အားသ၍ လှူဒါန်းသွားနိုင်ရေးအတွက် အလှူငွေများကို မေလ ၂၅ ရက်နေ့မှ
စတင်ပြီး ကောက်ခံလျက်ရှိပါတယ်။ ရုပ်ဝတ္တုအရ ပမာဏမများတဲ့တိုင် စိတ်ဓာတ်အရ
တစ်သားတည်း ရပ်တည်၊ နားလည် စာနာ ဖေးမမှုကို ဖော်ပြနိုင်ဖို့ ရည်ရွယ်ကာ
ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။ မန္တလေးနဲ့ အထက်မြန်မာပြည် အခြေစိုက်
ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ အနုပညာရှင်များ၊ စာပေမိတ်ဆွေ၊
စေတနာရှင်များ၊ စာအုပ်ဆိုင်များ အနေနဲ့ ဇွန်လ ၇ ရက်နေ့နောက်ဆုံးထားကာ
နီးစပ်ရာ စာပေအနုပညာရှင်များထံ ငွေကြေး၊ အစားအသောက်၊ အ၀တ်အထည်၊ စောင်၊
မိုးကာ၊ အိုးခွက်ပန်းကန်စသဖြင့် တစ်တပ်တစ်အား ပါဝင် ကူညီနိုင်ပြီး
အလှူငွေနဲ့ ပစ္စည်းများကို မုန်တိုင်းဒဏ်သင့်ပြည်သူများထံအရောက်
ပေးပို့ဖြန့်ဝေ ကူညီပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

No comments: