Wednesday, May 28, 2008

ဇာတ်မင်းသားများ နာဂစ်အတွက် အလှူခံထွက်

မန္တလေးသဘင်အစည်းအရုံးမှ လေဘေးသင့်ပြည်သူများအတွက် မျှဝေခံစားကူညီရန်အတွက်
မန္တလေးအချစ်တော် မင်းသားလေးများဖြင့် ဖွဲ့စည်းထားသော
မြန်မာ့သဘင်အလှဆင်သူအဖွဲ့က ဦးဆောင်ပြီး မန္တလေးမြို့ လေးပြင် လေးရပ်သို့
ဖျော်ဖြေရေးကားများဖြင့် လှည့်လည် ဖျော်ဖြေကာ အလှူခံကြမည်ဖြစ်ကြောင်း
ဇာတ်မင်းသားလေး လှိုင်ဘွားအောင်မှ ပြောကြားပါတယ်။ ဦးရွှေနန်းတင်၊
ကိုဝင်းနောင်နဲ့ လှိုင်ဘွားအောင်တို့က စတင်လှုံဆော်ခဲ့တာဖြစ်ပြီး
လေဘေးသင့်သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများကို ငွေ၊ သင်္ကန်း၊
ပစ္စည်း၊ အ၀တ်အထည်၊ ဆန်အစရှိသည် များကို
ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မေလ(၂၆)ရက်နေ့မှာ မဟာမုနိဘုရားကြီးမှ
မြို့သစ်၊ မေလ(၂၇)ရက်နေ့မှာ ဘုရားကြီးတောင်ဖက်မှ တမ္ပ၀တီ၊
မေလ(၂၈)ရက်နေ့မှာ ၈၄လမ်း၊ ၃၅ လမ်းမှ စိန်းပန်းလမ်း၊ မေလ(၂၉)ရက်နေ့မှာ
ဈေးချိုနှင့်မြောက်ပြင်၊ မေလ(၃၀)ရက်နေ့မှာ ဘူတာကြီး အရှေ့ဖက်ခြမ်းမှ
နန်းရှေ့သို့ ညနေ ၃ နာရီမှ ည ၉ နာရီထိ လှည့်လည်ကာ အနုပညာချစ်သူပြည်သူ
အပေါင်းထံသို့ အလှူခံထွက်ကြမှာဖြစ်ပါတယ်။ ဧည့်ခံ ဖျော်ဖြေပေးမယ့်
တေးဂီတအဖွဲ့များကတော့ အရှေ့တိုင်းရွှေမင်းသားများ၊ ၀င်းနောင်နဲ့
လှိုင်ဘွားအောင် ဇာတ်အဖွဲ့ များမှ တေးဂီတဖန်တီးသူများက
ပူးပေါင်းတင်ဆက်ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။ အော်ဂင်-ကျော်သူမြင့်ရဲ့
ကသောလက်များဖြင့်ကူညီမည်၊ ကိုဝင်းနောင်၊ ဦးဘုန်းကျော်
နှင့်ဂီတစာဆိုများရေးစပ်တဲ့ သူစိမ်းတွေလိုမနေပါနဲ့၊ မဲနော
(ရွှေမင်းသားလေးများဇာတ်ပွဲ)ရေးစပ်တဲ့ ဒုက္ခငြိမ်းစေ မေတ္တာဝေ ဆိုတဲ့
သီချင်းသစ်များဖြင့် ခံစားသီဆိုကြရင်း
မန္တလေးမြို့တစ်ခွင်လှည့်လည်အလှူခံကြပါတယ်။

No comments: