ဒီရက်ပိုင်း ရတနာပုံသတင်းစာနဲ့ မန္တလေးသတင်းစာတွေမှာ မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းတွေမှာ အလှူတွေလုပ်ကြတာကို နေ့စဉ်လိုလို ဖတ်နေရတယ် ....
မနေ့က(၁၁-၇-၂၀၀၇)ရက်နေ့ထုတ် ရတနာပုံသတင်းစာရဲ့ ကြော်ငြာအထူး(ဂ)စာမျက်နှာပါ “နှိုးဆော်လွှာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြော်ငြာလေးတစ်ခုက ဖတ်လိုက်ရတယ် ......“သူငယ်ချင်းများအဖွဲ့”က အလှူခံထားတဲ့ ကြော်ငြာပါ ..... မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်တမာတန်းအရှေ့ဖက် ရဲဘော်ကွက်သစ်ရပ်ကွက်မှာရှိတဲ့ ပြည်လုံးချမ်းသာပရဟိတမိဘမဲ့ တိုင်းရင်းသားကလေးများကျောင်းကို လစဉ်လကွယ်နေ့တိုင်းတစ်နေ့တာ ကျွေးမွေးဖို့ဖြစ်ပါတယ် ......
အမ်ဘီအိုအေမိဘမဲ့ကလေးများ ပညာသင်ကြားရေးကျောင်း၊ အေးရိပ်မွန်-မိဘမဲ့အမျိုးကလေးများ စောင့်ရှောက်ရေးကျောင်း၊ လူမူဝန်ထမ်းက စွန့်ပစ်ခံမိဘမဲ့ကလေးများကျောင်း၊ ပေတော-မိဘမဲ့ကျောင်း၊ အစရှိတဲ့ ကျောင်းတွေအများကြီးရှိပါတယ်။ မိဘမဲ့ကျောင်း၊ ပရဟိတကျောင်းတွေအများကြီးပါ။
အနယ်နယ်အရပ်ရပ်က မိဘမဲ့ကျောင်း၊ ပရဟိတကျောင်းတွေကို သိချင်ပါတယ်။ sayaba.mdy@gmail.com ကို အကြောင်းကြားပေးကြဖို့ တိုက်တွန်းပါတယ်။
Thursday, July 12, 2007
Wednesday, July 11, 2007
အမောင်ထိပ်မွေးနေ့

ရဲဘော်ကြီး အမောင်ထိပ် uhteik.blogspot.com ရဲ့ (၁၀-၇-၂၀၀၇) မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အသက်ရှင်နိုင်သရွေ့ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ ......
အရင်တစ်နေ့ကတော့ မွေးနေ့အတွက် ကျွေးတာ စားလိုက်သောက်လိုက်နဲ့ ပါပဲ ......
မူးသွားတာနဲ့ ... အင်တာနက်က အင်တာမနက်နိုင်တာနဲ့ ဒီနေ့မှာပဲ ဆုတောင်းပေးရတော့တယ် ......
အော် ... ဒါနဲ့ .....
လူပျိုကြီးဘ၀ကလည်း အမြန်ဆုံးကျွတ်နိုင်ပါစေဗျာ ...........
Wednesday, July 4, 2007
Raining Day
Monday, July 2, 2007
အမျိုးသမီးများနေ့
Saturday, June 30, 2007
၁၀-တန်းအောင်စာရင်းထွက်ပြီ
၃၀-၆-၂၀၀၇
ဒီနေ့မနက်က ၁၀-တန်းအောင်စာရင်းထွက်ပါတယ် ........
အိမ်ရှေ့မှာ ခါတိုင်းထက် အသွားအလာပိုများတယ် ..... အောင်စာရင်းသွားကြည့်ကြတာလေ .....
တစ်ချို့က နှစ်ခါပြန် သုံးခါပြန်သွားကြည့်ကြတယ် .........
တစ်ချို့က လှည့်ကြွားနေတယ် ......
တစ်ချို့က အိမ်မပြန်ရဲလို့ ဆိုင်ကယ်လျှောက်စီးနေတယ် .......
ပြုံးပျော်နေကြသူတွေကြား ၀မ်းနည်းငိုကြွေးတဲ့သူတွေလည်းတွေ့ရပါတယ် ......
စာမေးပွဲအောင်တာမယုံလို့ ညီအစ်ကိုမောင်နှမတွေ တစ်လှည့်စီလိုက်ကြည့်ရတဲ့သူကိုလည်း ကြုံလိုက်ရတယ် .....
ဆိုင်ကယ်ဟွန်းသံ ဆူဆူညံညံနဲ့ လှည့်ပတ်နေကြလေရဲ့ .... အောင်သလား .... ရှုံးသလားမသိ ........
အစဉ်အလာနဲ့ကျောင်းကြီး မန္တလေး အထက(၁၆)ကတော့ ဂုဏ်ထူးတွေနဲ့ ဒီလိုအောင်ကြတယ်တဲ့ဗျာ ........
ခြောက်ဘာသာဂုဏ်ထူးရှင် - ၁၁ ယောက်
ငါးဘာသာဂုဏ်ထူးရှင် - ၁၁ ယောက်
လေးဘာသာဂုဏ်ထူးရှင် - ၂၀ ယောက်
သုံးဘာသာဂုဏ်ထူးရှင် - ၃၇ ယောက်
နှစ်ဘာသာဂုဏ်ထူးရှင် - ၂၄ ယောက်
တစ်ဘာသာဂုဏ်ထူးရှင် - ၅၀ ယောက်
စုစုပေါင်းဂုဏ်ထူးရှင် -၁၅၃ ယောက်

မိုးရာသီ ကင်မရာရောင်းပွဲတော်
မြန်မာနိုင်ငံဓာတ်ပုံအသင်းရဲ့ ၆-ကြိမ်မြောက်ကင်မရာနှင့်ဆက်စပ်ပစ္စည်းများ မိုးရာသီဈေးရောင်းပွဲတော်ကို ဇူလိုင် ၂-၃ ရက်တွေမှာ နံနက် (၉)နာရီကနေ ညနေ(၅)နာရီအထိ အသင်းတိုက်တည်ရှိရာ အမှတ်(၂၇/၂၉)၊ ၃၅-လမ်း(အောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ မှာ ကျင်းပမှာဖြစ်ပါတယ်။ Canon, Nikon, Sony စတဲ့ ကုပ္မဏီများက အထူးဈေးနှုန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။ ဓာတ်ပုံဆရာများကလည်း မိမိတို့ အသုံးမပြုတော့တဲ့ ကင်မရာများ၊ ကင်မရာအပိုပစ္စည်းများကို ရောင်းချပေးဦးမှာဖြစ်ပါတယ်။ ဓာတ်ပုံဆရာများစွာရဲ့ အကြံဥာဏ်တွေကို ရယူရင်း ဈေးသက်သက်သာသာနဲ့ ကင်မရာတစ်လုံးလောက်ဝယ်လိုသူတွေအတွက် အကောင်းဆုံးဈေးရောင်းပွဲတော်လေးပါ။
Thursday, June 28, 2007
သက်ဝင်လှုပ်ရှား မီဒီယာပုံရိပ်များ
သက်ဝင်လှုပ်ရှား မီဒီယာပုံရိပ်များ ....
ဓာတ်ပုံပြပွဲတွေ ခေတ်စားနေတဲ့ ဒီဖက်ခေတ်ကြီးထဲမှာ မြန်မာမီဒီယာရဲ့ ပထမဦးဆုံးဓာတ်ပုံပြပွဲတစ်ခုဖြစ်တဲ့ သက်ဝင်လှုပ်ရှားမီဒီယာပုံရိပ်များ ဓာတ်ပုံပြပွဲဟာ တမူထူးခြားစွာ ပြသလာပါတယ် ......
ပထမဆုံး မီဒီယာသမားများဆီက ဓာတ်ပုံတွေကိုတောင်းခံပါတယ် ..... တစ်ပုံကို ၇၀၀-ကျပ်နှုန်းနဲ့ ပြန်လည်ချီးမြှင့်ပေးပါတယ် ..... တင်သွင်းလာတဲ့ပုံတွေထဲကနေ ပြိုင်ပွဲတစ်ရပ်ကျင်းပပြီး ဆုတွေချီးမြှင့်ပါတယ် .....
ဆုရဓာတ်ပုံတွေနဲ့အတူ ဓာတ်ပုံပြပွဲကို ၂၉-၆-၂၀၀၇ ကနေ ၁-၇-၂၀၀၇ ထိ ရတနာပုံဈေး အပေါ်ဆုံးထပ်က SUN STAR Gallery မှာ ပြသသွားမှာဖြစ်ပါတယ် ......

Monday, June 25, 2007
ဝိုင်းရိုက်ကြပြန်ပြီ ........
(၂၄-၆-၂၀၀၇)ရက်နေ့ မနေ့က သရုပ်ဆောင်မော်ဒယ် - ခိုင်ပွင့် ကို သရုပ်ဆောင်ခိုင်းပြီး ဓာတ်ပုံဆရာ ၅၂-ယောက်က ၀ိုင်းရိုက်ကြပါတယ် ...... မန္တလေးဓာတ်ပုံအသင်းက ကြီးမှူးကျင်းပတာပါ ..... အသင်းရဲ့ ပုံမှန် လစဉ်ပြိုင်ပွဲလို့ ကြေငြာထားပေမယ့် အထူးအစီအစဉ်ဆိုပြီး ငွေကြေးဆုတွေ ကြေငြာလာပြန်ပါတယ် ......
ဒီရက်ပိုင်း မော်ဒယ်တွေနဲ့ ဓာတ်ပုံဆရာတွေ တော်တော်လေး လှုပ်ရှားနေကြတယ် .... ဓာတ်ပုံဆရာတွေက ၀ါတွင်းကာလ အလုပ်ပါးလေတော့ ရိုက်စရာမရှိ ကြံဖန်ပြီး မော်ဒယ်တွေကို ခေါ်ပြီး ရိုက်ကြတယ် ...... အလကားရိုက်ရတယ်လို့တော့ မထင်နဲ့ .... ရိုက်ချင်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ကို ၃၀၀၀-ကျပ်ကောက်ခံပါတယ် ....... မော်ဒယ်ကို မော်ဒယ်ကြေးပေးရတယ် .....
ဒီတစ်ခေါက် ခေါ်ရိုက်တဲ့ မော်ဒယ်- ခိုင်ပွင့် ကို သရုပ်ဆောင်ကြေး တစ်သိန်းပေးရတယ်တဲ့ဗျာ ......... ခရီးစရိတ်၊ စားစရိတ်တွေလည်းကူညီထောက်ပံ့ပေးရသေးတယ်လို့ သိရပါတယ် ..... မော်ဒယ်ခေါ်ဖို့အတွက် ရီမြင့်-ရုပ်ရှင်ထုတ်လုပ်ရေးက ကူညီပေးတယ်လို့သိရပါတယ် ......
ဓာတ်ပုံအသင်းက ခေါ်ရိုက်ရင် ဘယ်လောက်ပဲ နာမည်ကြီးနေပါစေ .... မေတ္တာနဲ့ လာရောက် သရုပ်ဆောင်ပေးလေ့ရှိပါတယ် ..... အဲဒီလို အစဉ်အလာလည်း ရှိပါတယ် ...... ဓာတ်ပုံဆရာနဲ့ မော်ဒယ်ဆိုတာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုပါပဲ .... တစ်ဦးနဲ့တစ်ဦး ငွေကြေးအမြတ်အစွန်းမပါခဲ့ရင် မေတ္တာစေတနာဆိုတာ ရှိကြစမြဲပါ ..... အခုတော့ ခေတ်ရေစီးကြောင်းပြောင်းသွားပြီ ...... မေတ္တာ စေတနာဆိုတာကို ငွေကြေးနဲ့ လဲလှယ်ခဲ့ကြပြီ ....... ပရောဖက်ရှင်နယ်ဆိုတာလားပဲ .................
မှတ်ချက် ။ ။ မန္တလေးဓာတ်ပုံအသင်းဆိုတာ ၀ါသနာရှင်တွေ စုစည်းထားပြီး ပညာဖလှယ်ရေး၊ မိတ်ဆွေတိုးပွားရေး၊ ပညာပြန့်ပွားရေးဆိုတဲ့ ရည်ရွယ်ချက်တွေ ဖွဲ့စည်းထားတာဖြစ်ပြီး ငွေကြေးအမြတ်အစွန်းရဖို့ တည်ထောင်ထားတဲ့ အသင်းမဟုတ်ပါဘူး .......

Friday, June 22, 2007
ရန်ကုန်က မန္တလေးဓာတ်ပုံပြပွဲ
မော်ဒယ်ဓာတ်ပုံရိုက်ကူးကြ ...
Thursday, June 21, 2007
အေးရိပ်မွန်
အေးရိပ်မွန်-အမျိုးသမီးလေးများစောင့်ရှောက်ရေးကျောင်းရဲ့ ကွန်ပျူတာသင်တန်းလေးတစ်ခုကို ဇွန်လထဲမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ် ...... မိဘမဲ့၊ ခိုကိုးရာမဲ့၊ မိမဲ့၊ ဖမဲ့ အမျိုးသမီးလေးတွေကို စောင့်ရှောက်ပေးထားတဲ့ကျောင်းပါ ..... ကျောင်းသူ (၁၅၀)ကျော်ကို ကျွေးမွေးပြုစုထားပါတယ် .....
Wednesday, June 20, 2007
စံချိန်တင်တဲ့မိုး

မန္တလေးမှာ မိုးတွေတော်တော်ကြီးရွာတဲ့နေ့ကပေါ့ ...
မှတ်မှတ်ရရ ၁၃-၆-၂၀၀၇ ...
မိုးစရွာတဲ့အချိန်က မနက်(၁၀)နာရီ .....
မိုးကအဆက်မပြတ်ရွာလိုက်တာ ညနေပိုင်းအထိပဲ .....
ရေတော်တော်ပါတယ် .........
နေ့လယ်လောက်မှာ ကျွန်တော်နေတဲ့အိမ်ထဲကို ရေတွေဝင်ပါလေရော .....
တစ်ပေကျော်တယ် .......
နောက်နေ့သတင်းစာကြည့်တော့မှပဲ ဇွန်လအတွင်းမိုးရွာတဲ့စံချိန် အမြင့်ဆုံးပါတဲ့ ....
မိုးရေချိန် (၁၀)လက်မစံချိန်တင်ထားတာတဲ့ ...
၁၉၆၅-ခုနှစ်လောက်က အမြင့်ဆုံးစံချိန် (၆)လက်မနီးပါးကို ကျော်ခဲ့တဲ့ မိုးရေချိန်စံချိန်ကတော့ စံပါပဲ .....
မော်ဒယ်နဲ့ပြိုင်ကြရမယ့်အထူးဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲ
မန္တလေးဓာတ်ပုံအသင်းရဲ့ အထူးဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲ ကျင်းပဖို့ ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။
သရုပ်ဆောင်-ဆုမွန်ထက် က အလှမယ်အဖြစ်ပါဝင်ရိုက်ကူးခံမယ့်ပွဲပါ။ မန္တလေးကန်တော်ကြီး LakeView မှာ မည်သူမဆိုပါဝင်ရိုက်ကူး ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ရိုက်ကူးမယ့်ရက်နဲ့ အချိန်ကတော့ ၂၁-၆-၂၀၀၇ (ကြာသပတေးနေ့) နံနက်(၈း၃၀)နာရီ ဖြစ်ပါတယ်။ ငွေကျပ်(၂၀၀၀)ပေးသွင်းရိုက်ကူးရမယ်ဆိုတာတော့ အသိပေးပါရစေ။
ပြိုင်ပွဲဝင်ဓာတ်ပုံများကိုတော့ ၂၇-၆-၂၀၀၇ နေ့(၁)နာရီအရောက် ဓာတ်ပုံအသင်းတိုက်ကို ပေးပို့ရမှာဖြစ်ပါတယ်။ အကဲဖြတ်(၇)ဦးနဲ့ရွေးချယ်မယ့်ပွဲဖြစ်ပါတယ်။
ဆုကြေးငွေများအဖြစ် ပထမ-တစ်သိန်းခွဲ၊ ဒုတိယ-တစ်သိန်း၊ တတိယ-ငါးသောင်းနဲ့ နှစ်သိမ့်(၃)ဆု-သုံးသောင်းစီကို Lake View စားသောက်ဆိုင်က ချီးမြှင့်မယ့် အထူးဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲ ဖြစ်ပါတယ်။
ဆုရဓာတ်ပုံများကိုတော့ Lake View စားသောက်ဆိုင်က ကြိုက်သလို ကြိုက်တဲ့နေရာမှာ အသုံးပြုခွင့်ပေးရမယ်ဆိုတာတော့ စည်းကမ်းချက်ထဲမှာ ပါဝင်တယ်ဆိုတာတော့ သိထားရပါမယ်။

Monday, June 18, 2007
ပလော့နဲ့ဝေးတဲ့ရက်တွေ
မှတ်စုလေးတွေ နေ့တိုင်းရေးမယ်လို့ဆိုပြီး ပလော့တစ်ခု ဖန်တီးခဲ့ပါတယ် .....
မရေးနိုင်တာ တစ်လလောက်ရှိတော့မယ် .......
စပြီး မရေးဖြစ်တာက လမ်းထိပ်က ထရန်စဖော်မာ “၀ုန်း”ကနဲ့ ဖြစ်ပြီး ကထဲကလို့ ပြောရတော့မှာပဲ ....
နှစ်ပတ်လောက် လျှပ်စစ်မီးနဲ့ ဝေးခဲ့ရတယ် ....
မီးစက်သုံးပြန်တော့လည်း အင်တာနက်ကို မသုံးဖြစ် ......
အင်တာနက်သုံးမယ်ဆိုပြန်တော့လည်း စပီ့က နှေး .....
ဒီလိုနဲ့ပဲ အင်တာနက်နဲ့ ဝေးခဲ့ရတယ် ......
ပလော့နဲ့ ဝေးခဲ့ရတယ် .........

Saturday, June 2, 2007
သရဲခြောက်သောအိမ်ကြီး
သရဲခြောက်သောအိမ်ကြီးတဲ့ .........
78 Shopping Mall မှာ ရှိတာပါ .....
မနေ့ညက 78 Shopping Mall ကိုတစ်ခေါက်အလည်ရောက်ပြန်တယ် .....
နွေရာသီရဲ့ အပူဒဏ်ကို ခဏတာ အေးမြစေတဲ့ နေရာလေးတစ်ခုပါပဲ .....
ဈေးဝယ်တဲ့သူတွေအများအပြားရှိသလိုပဲ ကျွန်တော့်လို အပူဒဏ်က ခဏကင်းလွတ်ဖို့အတွက် လာတဲ့သူတွေလည်း အများအပြားပဲ ......
ဒီတစ်ခေါက်ရောက်တဲ့အချိန်မှာတော့ Happy World ကလေးအားကစားကွင်းတစ်ချို့ကို ဖွင့်ထားတာ တွေ့ရပါတယ် ......
ဖွင့်ပွဲမတိုင်မီ စမ်းသပ်ဖွင့်လှစ်ထားတာပါတဲ့ .......
သရဲခြောက်သောအိမ်ကြီးကို စတင်စမ်းသပ်ဖွင့်လှစ်ထားပါပြီ ....
ဝင်ကြေး တစ်ယောက်ကို (၅၀၀)ကျပ်နှုံး ကောက်ခံပါတယ် ........
သရဲခြောက်သောအိမ်ကြီးထဲကို ၀င်ပြီး ပြန်အထွက်မှာတော့ သရဲခြောက်သောအိမ်ကြီးနဲ့ပတ်သက်တဲ့ Survey တစ်ခုကို လုပ်ပါတယ် ......
ပျော်ရဲ့လား၊ ကြောက်ရဲ့လား၊ စိတ်လှုပ်ရှားဖို့ကောင်းလား၊ မှောင်လွန်းလား၊ အသံကကြောက်ဖို့ကောင်းလား အစရှိတဲ့ မေးခွန်း (၁၀)ခုကို ဖြေခိုင်းပါတယ် ..... နောက်ပြီး ဖြစ်စေချင်တဲ့ဆန္ဒကို ရေးခိုင်းပါတယ် ..........
Happy World ကလေးအားကစားကွင်းကိုတော့ ၅-၆-၂၀၀၇ မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ကြောင်းသိရပါတယ် .....
---

Friday, June 1, 2007
ကျောင်းဖွင့်ပြီ .....
ကျောင်းတွေဖွင့်ပါပြီ ...... နွေရာသီကျောင်းပိတ်ရက်တွေ ကုန်ဆုံးသွားပြီး ၂၀၀၇-၂၀၀၈ ပညာသင်နှစ်ရဲ့ နှစ်သစ်အစ ကျောင်းဖွင့်ရက်ကို ရောက်ပြန်ပါပြီ ...........
နှစ်စဉ် ဇွန်လ(၁)ရက်နေ့ဟာ `အပြည်ပြည်ဆိုင်ရာကလေးများနေ့´ ကို ကျင်းပလေ့ရှိပါတယ် ........
ကျွန်တော်တို့ဆီမှာလည်း ဒီနေ့ ကျောင်းတွေ စဖွင့်ပါတယ် .............
ကျောင်းစဖွင့်တဲ့ရက်မြင်ကွင်းလေးကို မနက်အစောကြီးကထဲက တွေ့ရပါတယ် ..... ကျောင်းပုံမှန်တက်ချိန်ဟာ မနက်(၉)နာရီက ညနေ(၃း၃၀)နာရီပါ ....... ဒီနေ့မနက်(၆)နာရီလောက်ကထဲက အဖြူအစိမ်း ၀တ်စုံလေးတွေနဲ့ တွေ့နေရပါပြီ ..... စာရေးကိရိယာဆိုင်တွေမှာလည်း စည်ကားနေပါတယ် ..... မနက်စာစားသောက်နေကြတာကိုလည်း တွေ့ရပါတယ် .....
ကျောင်းဝတ်စုံအသစ်လေးတွေနဲ့ ပြုံးပျော်နေကြပြီး ကျောင်းတက်ချိန်မတိုင်ခင် စောစီးစွာ ကျောင်းကို ၀ိရိယရှိရှိသွားနေကြပါတယ် ..... ဘာအတွက်လဲ ????
ခုံဦးရမယ်တဲ့လေ ..........
((( အဖြူအစိမ်းဝတ်ကျောင်းသားဘ၀ကို သတိရလျှက် )))

Thursday, May 31, 2007
World No Tobacco Day 2007
ဒီနေ့(၃၁-၅-၂၀၀၇)ဟာ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ပါ .....
ဒီနေ့တစ်နေ့တော့ ....
သင်သောက်နေတဲ့ စီးကရက်၊ ဆေးလိပ်ကို လျော့သောက်ခြင်း၊ မသောက်ဘဲ နေခြင်း၊ လူအများကြားမှာ မသောက်ကြပါနဲ့လို့ တောင်းပန်ချင်ပါတယ် . ..
World No Tobacco Day 2007
Tobacco is the second major cause of death in the world. It is well known that half the people who smoke regularly today – about 650 million people – will eventually be killed by tobacco. Equally alarming is the fact that hundreds of thousands of people who have never smoked die each year from diseases caused by breathing second-hand tobacco smoke.
http://www.who.int/tobacco/communications/events/wntd/2007/en/

Wednesday, May 30, 2007
ဝမ်းနည်းမှတ်တမ်း ....
ဒီနေ့နာရေးတစ်ခုကိုရောက်ခဲ့ပါတယ် ....
ဒီနေ့မှ မဟုတ်ပါဘူး .... စပြီး ဆုံးတဲ့ ၂၈-၅-၂၀၀၇ နေ့ကစပြီး သုံးရက်တိတိနေ့တိုင်းရောက်ခဲ့တာပါ ..... UNISON TEA SHOP ပိုင်ရှင်ဦးမောင်မောင်လွင်ရဲ့ ဇနီး မနန်းဝေ (၃၈-နှစ်) ရုတ်တရက် ကွယ်လွန်သွားတာကြောင့်ပါ ....
ဒီနေ့ မနက်(၉)နာရီကပဲ ကြာနီကန်သုဿန်ကို ပို့ကြတယ်လေ ......
ယူနီစန်ဆိုင်ပေါင်း(၁၆)ဆိုင်အားလုံးပိတ်ထားပြီး လိုက်ပို့ကြတယ် ..........
ရင်းနှီးမှု အကြောင်းခံတွေရှိနေတော့ နာရေးကို နေ့တိုင်းရောက်နေခဲ့ရတယ် .......
ဒီဖက်နှစ်တွေမှာ ယူနီစန်ကို နေ့တိုင်းနီးပါးကို ရောက်ခဲ့ပါတယ် ....
ဒီဇိုင်းတွေဆွဲပေးရင်း လုပ်ငန်းနဲ့ပါဆက်စပ်မှုတွေရှိလာခဲ့တယ် .......
ဦးမောင်လွင်+မနန်ဝေတို့ရဲ့ သားသမီးနှစ်ယောက်နဲ့လည်း သံယောဇဉ်တွေရှိလာခဲ့တယ်လေ .....
အခုတော့ ..................................
အသက်မကြီးသေးပဲ ကွယ်လွန်ခဲ့တာကြောင့် အားလုံးက နှမြောတသဖြစ်နေကြပါတယ် .....
ရေချိုးမှားတာကြောင့်ကွယ်လွန်ခဲ့တယ်လို့သိရပါတယ် .......
ဒီလို ပူပြင်းတဲ့ နွေရာသီမှာ အပူဒဏ်ကို အံတုမနေနိုင်တာကြောင့် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ခဏတာလေးဖြစ်ဖြစ် အေးမြဖို့အတွက် လုပ်နေကြရပါတယ် ......
အခန့်မသင့်တဲ့အခါမှာတော့ အခုလို ဘ၀တစ်ပါးပြောင်းလဲတဲ့အဖြစ်ကို ကြုံကြရပါတယ် .....
မနန်းဝေ .... ကောင်းရာသုဂတိလားပါစေဗျာ ........................

Tuesday, May 29, 2007
ဓာတ်ပုံဆရာများအတွက် PhotoShop စာအုပ်

Advance PhotoShop Technique တွေလို့ ပြောလို့ရမယ့် စာအုပ်လေးတစ်အုပ်ထွက်လာပါတယ် .... ဓာတ်ပုံဆရာ၊ ကွန်ပျူတာဆရာ ဦးခင်မောင်လေး (Picture man)ရဲ့ Retouching portraits ဆိုတဲ့ စာအုပ်ပါ ..... ဓာတ်ပုံဆိုင်ရာပြုပြင်ခြင်းတွေကို အဓိကထားပြီး ရေးသားထားတာတွေ့ရပါတယ် ...... ဓာတ်ပုံဆရာများအတွက် PhotoShop လို့ ဆိုရင် ပိုမှန်မယ်ပေါ့ဗျာ ...... တန်ဖိုးကတော့ ကျပ်သုံးထောင်ပါတဲ့ဗျာ .........
Monday, May 28, 2007
Sai Pie & Kim ရဲ့ သီချင်းခွေသစ် မိတ်ဆက်
ဒီနေ့ သီချင်းခွေ (Tape and CD) စာနယ်ဇင်းတွေ့ဆုံပွဲလေးတစ်ခု တက်ခဲ့တယ် ....
SUN STAR Studio , အမှတ်(၄၄၄)၊ စတုတ္ထထပ်၊ ရတနာပုံဈေးအပေါ်ဆုံးထပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ် .......
ှSai Pie & Kim ဆိုတဲ့ အဆိုတော်သစ် နှစ်ယောက်ရဲ့ နှစ်ယောက်တွဲ အခွေလေးရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲလေးပါ .....
``သက်ဆုံးတိုင်´´ လို့ အမည်ရတဲ့ သီချင်းခွေဖြစ်ပါတယ် .......

အခမ်းအနားမှာ မန္တလေးမှ စာနယ်ဇင်းဆရာများ စုံစုံလင်လင် တက်ရောက်လာကြတာကို တွေ့ရပါတယ် .....
စာရေးဆရာ သင့်နော်မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးပါတယ် .......
အဆိုတော်များနဲ့ စာနယ်ဇင်းဆရာ၊ ဆရာမများကို မိတ်ဆက်ပေးပါတယ် ......
အဆိုတော် Sai Pie & Kim တို့မှ ခွေဖြစ်မြောက်ရေးအတွက် ဖြတ်သန်းလာခဲ့ရတဲ့ အကြောင်းတွေကို တစ်ယောက်ချင်းစီက မိတ်ဆက်ပြောကြားပါတယ် .....
သီချင်းများဖြင့် ဧည့်ခံဖျော်ဖြေတဲ့အစီအစဉ်လေးက အရမ်းကို ကြည်နှုးစရာကောင်းပါတယ် .....
အဲဒီနောက်မှာ စာနယ်ဇင်းလူမှုကူညီရေးအတွက် ရန်ပုံငွေ ကျပ်တစ်သောင်း တိတိကို လှူဒါန်းခဲ့ပါတယ် .....
တက်ရောက်လာတဲ့ စာနယ်ဇင်းဆရာ၊ ဆရာမ အားလုံးကို မူရင်း စီဒီ တစ်ခွေစီလက်ဆောင်ပေးအပ်ပါတယ် .....
အဆိုတော် Sai Pie & Kim ဟာ ၀ါသနာကိုအရင်းခံပြီး ခိုးကူးခွေတွေကြားထဲမှာ ရဲရဲဝံ့ဝံ့ ချီတက်ရဲတာကိုတော့ဖြင့် အားလုံးက ချီးကျူးကြပါတယ် ........
မန္တလေးတီးဝိုင်း၊ မန္တလေးအဆိုတော်၊ မန္တလေးကထုတ်လုပ်သူနဲ့ မန္တလေးကသီချင်းရေးဆရာတို့ရဲ့ ကြိုးပမ်းမှုလေးကို အားပေးကြပါလို့ တိုက်တွန်းလိုပါတယ် ...........

ထုတ်လုပ်သူ - ဦးငမ်လွမ်းကိုယ်စား သမီး မငယ် မှမိတ်ဆက်စကားပြောကြားစဉ်

အဆိုတော် Kim မှမိတ်ဆက်စကားပြောကြားစဉ်

အဆိုတော် Kim မှမိတ်ဆက်စကားပြောကြားစဉ်

စာနယ်ဇင်းဆရာများနှင့် ရင်းရင်းနှီးနှီးနုတ်ဆက်စဉ်

အဆိုတော် Sai Pie & Kim တို့မှ သီချင်းများဖြင့် ဧည့်ခံစဉ်

စာနယ်ဇင်းလူမှုကူညီရေးသို့ အလှူငွေ ကျပ်တစ်သောင်းလှူဒါန်းစဉ်
Subscribe to:
Posts (Atom)