Friday, June 1, 2007

ကျောင်းဖွင့်ပြီ .....

ကျောင်းတွေဖွင့်ပါပြီ ...... နွေရာသီကျောင်းပိတ်ရက်တွေ ကုန်ဆုံးသွားပြီး ၂၀၀၇-၂၀၀၈ ပညာသင်နှစ်ရဲ့ နှစ်သစ်အစ ကျောင်းဖွင့်ရက်ကို ရောက်ပြန်ပါပြီ ...........

နှစ်စဉ် ဇွန်လ(၁)ရက်နေ့ဟာ `အပြည်ပြည်ဆိုင်ရာကလေးများနေ့´ ကို ကျင်းပလေ့ရှိပါတယ် ........

ကျွန်တော်တို့ဆီမှာလည်း ဒီနေ့ ကျောင်းတွေ စဖွင့်ပါတယ် .............

ကျောင်းစဖွင့်တဲ့ရက်မြင်ကွင်းလေးကို မနက်အစောကြီးကထဲက တွေ့ရပါတယ် ..... ကျောင်းပုံမှန်တက်ချိန်ဟာ မနက်(၉)နာရီက ညနေ(၃း၃၀)နာရီပါ ....... ဒီနေ့မနက်(၆)နာရီလောက်ကထဲက အဖြူအစိမ်း ၀တ်စုံလေးတွေနဲ့ တွေ့နေရပါပြီ ..... စာရေးကိရိယာဆိုင်တွေမှာလည်း စည်ကားနေပါတယ် ..... မနက်စာစားသောက်နေကြတာကိုလည်း တွေ့ရပါတယ် .....

ကျောင်းဝတ်စုံအသစ်လေးတွေနဲ့ ပြုံးပျော်နေကြပြီး ကျောင်းတက်ချိန်မတိုင်ခင် စောစီးစွာ ကျောင်းကို ၀ိရိယရှိရှိသွားနေကြပါတယ် ..... ဘာအတွက်လဲ ????

ခုံဦးရမယ်တဲ့လေ ..........


((( အဖြူအစိမ်းဝတ်ကျောင်းသားဘ၀ကို သတိရလျှက် )))


1 comment:

Chan Mya Soe said...

မူလတန်းကနေ အထက်တန်းတန်းအထိ နေခဲ့ရတဲ့ ကျောင်းသားဘ၀ကို အလွမ်းဆုံးပဲဗျာ