Saturday, June 2, 2007

သရဲခြောက်သောအိမ်ကြီး

သရဲခြောက်သောအိမ်ကြီးတဲ့ .........
78 Shopping Mall မှာ ရှိတာပါ .....

မနေ့ညက 78 Shopping Mall ကိုတစ်ခေါက်အလည်ရောက်ပြန်တယ် .....
နွေရာသီရဲ့ အပူဒဏ်ကို ခဏတာ အေးမြစေတဲ့ နေရာလေးတစ်ခုပါပဲ .....
ဈေးဝယ်တဲ့သူတွေအများအပြားရှိသလိုပဲ ကျွန်တော့်လို အပူဒဏ်က ခဏကင်းလွတ်ဖို့အတွက် လာတဲ့သူတွေလည်း အများအပြားပဲ ......

ဒီတစ်ခေါက်ရောက်တဲ့အချိန်မှာတော့ Happy World ကလေးအားကစားကွင်းတစ်ချို့ကို ဖွင့်ထားတာ တွေ့ရပါတယ် ......
ဖွင့်ပွဲမတိုင်မီ စမ်းသပ်ဖွင့်လှစ်ထားတာပါတဲ့ .......
သရဲခြောက်သောအိမ်ကြီးကို စတင်စမ်းသပ်ဖွင့်လှစ်ထားပါပြီ ....
ဝင်ကြေး တစ်ယောက်ကို (၅၀၀)ကျပ်နှုံး ကောက်ခံပါတယ် ........
သရဲခြောက်သောအိမ်ကြီးထဲကို ၀င်ပြီး ပြန်အထွက်မှာတော့ သရဲခြောက်သောအိမ်ကြီးနဲ့ပတ်သက်တဲ့ Survey တစ်ခုကို လုပ်ပါတယ် ......
ပျော်ရဲ့လား၊ ကြောက်ရဲ့လား၊ စိတ်လှုပ်ရှားဖို့ကောင်းလား၊ မှောင်လွန်းလား၊ အသံကကြောက်ဖို့ကောင်းလား အစရှိတဲ့ မေးခွန်း (၁၀)ခုကို ဖြေခိုင်းပါတယ် ..... နောက်ပြီး ဖြစ်စေချင်တဲ့ဆန္ဒကို ရေးခိုင်းပါတယ် ..........

Happy World ကလေးအားကစားကွင်းကိုတော့ ၅-၆-၂၀၀၇ မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ကြောင်းသိရပါတယ် .....
---

No comments: