ဒီရက်ပိုင်း မော်ဒယ်တွေနဲ့ ဓာတ်ပုံဆရာတွေ တော်တော်လေး လှုပ်ရှားနေကြတယ် .... ဓာတ်ပုံဆရာတွေက ၀ါတွင်းကာလ အလုပ်ပါးလေတော့ ရိုက်စရာမရှိ ကြံဖန်ပြီး မော်ဒယ်တွေကို ခေါ်ပြီး ရိုက်ကြတယ် ...... အလကားရိုက်ရတယ်လို့တော့ မထင်နဲ့ .... ရိုက်ချင်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ကို ၃၀၀၀-ကျပ်ကောက်ခံပါတယ် ....... မော်ဒယ်ကို မော်ဒယ်ကြေးပေးရတယ် .....
ဒီတစ်ခေါက် ခေါ်ရိုက်တဲ့ မော်ဒယ်- ခိုင်ပွင့် ကို သရုပ်ဆောင်ကြေး တစ်သိန်းပေးရတယ်တဲ့ဗျာ ......... ခရီးစရိတ်၊ စားစရိတ်တွေလည်းကူညီထောက်ပံ့ပေးရသေးတယ်လို့ သိရပါတယ် ..... မော်ဒယ်ခေါ်ဖို့အတွက် ရီမြင့်-ရုပ်ရှင်ထုတ်လုပ်ရေးက ကူညီပေးတယ်လို့သိရပါတယ် ......
ဓာတ်ပုံအသင်းက ခေါ်ရိုက်ရင် ဘယ်လောက်ပဲ နာမည်ကြီးနေပါစေ .... မေတ္တာနဲ့ လာရောက် သရုပ်ဆောင်ပေးလေ့ရှိပါတယ် ..... အဲဒီလို အစဉ်အလာလည်း ရှိပါတယ် ...... ဓာတ်ပုံဆရာနဲ့ မော်ဒယ်ဆိုတာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုပါပဲ .... တစ်ဦးနဲ့တစ်ဦး ငွေကြေးအမြတ်အစွန်းမပါခဲ့ရင် မေတ္တာစေတနာဆိုတာ ရှိကြစမြဲပါ ..... အခုတော့ ခေတ်ရေစီးကြောင်းပြောင်းသွားပြီ ...... မေတ္တာ စေတနာဆိုတာကို ငွေကြေးနဲ့ လဲလှယ်ခဲ့ကြပြီ ....... ပရောဖက်ရှင်နယ်ဆိုတာလားပဲ .................
မှတ်ချက် ။ ။ မန္တလေးဓာတ်ပုံအသင်းဆိုတာ ၀ါသနာရှင်တွေ စုစည်းထားပြီး ပညာဖလှယ်ရေး၊ မိတ်ဆွေတိုးပွားရေး၊ ပညာပြန့်ပွားရေးဆိုတဲ့ ရည်ရွယ်ချက်တွေ ဖွဲ့စည်းထားတာဖြစ်ပြီး ငွေကြေးအမြတ်အစွန်းရဖို့ တည်ထောင်ထားတဲ့ အသင်းမဟုတ်ပါဘူး .......









No comments:
Post a Comment