Saturday, June 30, 2007

မိုးရာသီ ကင်မရာရောင်းပွဲတော်

မြန်မာနိုင်ငံဓာတ်ပုံအသင်းရဲ့ ၆-ကြိမ်မြောက်ကင်မရာနှင့်ဆက်စပ်ပစ္စည်းများ မိုးရာသီဈေးရောင်းပွဲတော်ကို ဇူလိုင် ၂-၃ ရက်တွေမှာ နံနက် (၉)နာရီကနေ ညနေ(၅)နာရီအထိ အသင်းတိုက်တည်ရှိရာ အမှတ်(၂၇/၂၉)၊ ၃၅-လမ်း(အောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ မှာ ကျင်းပမှာဖြစ်ပါတယ်။ Canon, Nikon, Sony စတဲ့ ကုပ္မဏီများက အထူးဈေးနှုန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။ ဓာတ်ပုံဆရာများကလည်း မိမိတို့ အသုံးမပြုတော့တဲ့ ကင်မရာများ၊ ကင်မရာအပိုပစ္စည်းများကို ရောင်းချပေးဦးမှာဖြစ်ပါတယ်။ ဓာတ်ပုံဆရာများစွာရဲ့ အကြံဥာဏ်တွေကို ရယူရင်း ဈေးသက်သက်သာသာနဲ့ ကင်မရာတစ်လုံးလောက်ဝယ်လိုသူတွေအတွက် အကောင်းဆုံးဈေးရောင်းပွဲတော်လေးပါ။

No comments: