Saturday, June 30, 2007

၁၀-တန်းအောင်စာရင်းထွက်ပြီ

၃၀-၆-၂၀၀၇

ဒီနေ့မနက်က ၁၀-တန်းအောင်စာရင်းထွက်ပါတယ် ........

အိမ်ရှေ့မှာ ခါတိုင်းထက် အသွားအလာပိုများတယ် ..... အောင်စာရင်းသွားကြည့်ကြတာလေ .....

တစ်ချို့က နှစ်ခါပြန် သုံးခါပြန်သွားကြည့်ကြတယ် .........

တစ်ချို့က လှည့်ကြွားနေတယ် ......

တစ်ချို့က အိမ်မပြန်ရဲလို့ ဆိုင်ကယ်လျှောက်စီးနေတယ် .......

ပြုံးပျော်နေကြသူတွေကြား ၀မ်းနည်းငိုကြွေးတဲ့သူတွေလည်းတွေ့ရပါတယ် ......

စာမေးပွဲအောင်တာမယုံလို့ ညီအစ်ကိုမောင်နှမတွေ တစ်လှည့်စီလိုက်ကြည့်ရတဲ့သူကိုလည်း ကြုံလိုက်ရတယ် .....

ဆိုင်ကယ်ဟွန်းသံ ဆူဆူညံညံနဲ့ လှည့်ပတ်နေကြလေရဲ့ .... အောင်သလား .... ရှုံးသလားမသိ ........

အစဉ်အလာနဲ့ကျောင်းကြီး မန္တလေး အထက(၁၆)ကတော့ ဂုဏ်ထူးတွေနဲ့ ဒီလိုအောင်ကြတယ်တဲ့ဗျာ ........

ခြောက်ဘာသာဂုဏ်ထူးရှင် - ၁၁ ယောက်
ငါးဘာသာဂုဏ်ထူးရှင် - ၁၁ ယောက်
လေးဘာသာဂုဏ်ထူးရှင် - ၂၀ ယောက်
သုံးဘာသာဂုဏ်ထူးရှင် - ၃၇ ယောက်
နှစ်ဘာသာဂုဏ်ထူးရှင် - ၂၄ ယောက်
တစ်ဘာသာဂုဏ်ထူးရှင် - ၅၀ ယောက်

စုစုပေါင်းဂုဏ်ထူးရှင် -၁၅၃ ယောက်

2 comments:

Chan Mya Soe said...

၁၆ ကျောင်းက ဒီနှစ်နည်းတယ်ဗျာ။ whole burma ပါသေးလား မသိဘူး။ အရင်တုန်းကတော့ အနည်းဆုံးတစ်ယောက်လောက်ကတော့ ပါစမြဲပါပဲ။ ကျောင်းကြီးကို သတိရတယ်ဗျာ

Anonymous said...

Oi, achei teu blog pelo google tá bem interessante gostei desse post. Quando der dá uma passada pelo meu blog, é sobre camisetas personalizadas, mostra passo a passo como criar uma camiseta personalizada bem maneira. Até mais.