Wednesday, May 28, 2008
လူရွှင်တော်များကလည်း နာဂစ်အတွက် အလှူခံထွက်ဦးမယ်
မိမိတို့တတ်နိုင်တာလေးနဲ့ မြို့ခံပြည်သူတွေထည့်ဝင်ငွေနဲ့
ပစ္စည်းတွေပေါင်းပြီး လေဘေးသင့်ခံ ပြည်သူများကို
သွားရောက်ကူညီပေးဖို့အတွက် အလှူခံထွက်တာဖြစ်ပါတယ် ....
ဇာတ်မင်းသားများ နာဂစ်အတွက် အလှူခံထွက်
မန္တလေးအချစ်တော် မင်းသားလေးများဖြင့် ဖွဲ့စည်းထားသော
မြန်မာ့သဘင်အလှဆင်သူအဖွဲ့က ဦးဆောင်ပြီး မန္တလေးမြို့ လေးပြင် လေးရပ်သို့
ဖျော်ဖြေရေးကားများဖြင့် လှည့်လည် ဖျော်ဖြေကာ အလှူခံကြမည်ဖြစ်ကြောင်း
ဇာတ်မင်းသားလေး လှိုင်ဘွားအောင်မှ ပြောကြားပါတယ်။ ဦးရွှေနန်းတင်၊
ကိုဝင်းနောင်နဲ့ လှိုင်ဘွားအောင်တို့က စတင်လှုံဆော်ခဲ့တာဖြစ်ပြီး
လေဘေးသင့်သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများကို ငွေ၊ သင်္ကန်း၊
ပစ္စည်း၊ အ၀တ်အထည်၊ ဆန်အစရှိသည် များကို
ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မေလ(၂၆)ရက်နေ့မှာ မဟာမုနိဘုရားကြီးမှ
မြို့သစ်၊ မေလ(၂၇)ရက်နေ့မှာ ဘုရားကြီးတောင်ဖက်မှ တမ္ပ၀တီ၊
မေလ(၂၈)ရက်နေ့မှာ ၈၄လမ်း၊ ၃၅ လမ်းမှ စိန်းပန်းလမ်း၊ မေလ(၂၉)ရက်နေ့မှာ
ဈေးချိုနှင့်မြောက်ပြင်၊ မေလ(၃၀)ရက်နေ့မှာ ဘူတာကြီး အရှေ့ဖက်ခြမ်းမှ
နန်းရှေ့သို့ ညနေ ၃ နာရီမှ ည ၉ နာရီထိ လှည့်လည်ကာ အနုပညာချစ်သူပြည်သူ
အပေါင်းထံသို့ အလှူခံထွက်ကြမှာဖြစ်ပါတယ်။ ဧည့်ခံ ဖျော်ဖြေပေးမယ့်
တေးဂီတအဖွဲ့များကတော့ အရှေ့တိုင်းရွှေမင်းသားများ၊ ၀င်းနောင်နဲ့
လှိုင်ဘွားအောင် ဇာတ်အဖွဲ့ များမှ တေးဂီတဖန်တီးသူများက
ပူးပေါင်းတင်ဆက်ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။ အော်ဂင်-ကျော်သူမြင့်ရဲ့
ကသောလက်များဖြင့်ကူညီမည်၊ ကိုဝင်းနောင်၊ ဦးဘုန်းကျော်
နှင့်ဂီတစာဆိုများရေးစပ်တဲ့ သူစိမ်းတွေလိုမနေပါနဲ့၊ မဲနော
(ရွှေမင်းသားလေးများဇာတ်ပွဲ)ရေးစပ်တဲ့ ဒုက္ခငြိမ်းစေ မေတ္တာဝေ ဆိုတဲ့
သီချင်းသစ်များဖြင့် ခံစားသီဆိုကြရင်း
မန္တလေးမြို့တစ်ခွင်လှည့်လည်အလှူခံကြပါတယ်။
မြန်မာပြည်အထက်ပိုင်းက စာပေမိသားစု နာဂစ်အတွက် အလှူခံပြီ
တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ကြောင့် အတိဒုက္ခရောက်နေရသော
ပြည်သူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ရိုင်းပင်းကူညီပေးရန်
တတ်အားသ၍ လှူဒါန်းသွားနိုင်ရေးအတွက် အလှူငွေများကို မေလ ၂၅ ရက်နေ့မှ
စတင်ပြီး ကောက်ခံလျက်ရှိပါတယ်။ ရုပ်ဝတ္တုအရ ပမာဏမများတဲ့တိုင် စိတ်ဓာတ်အရ
တစ်သားတည်း ရပ်တည်၊ နားလည် စာနာ ဖေးမမှုကို ဖော်ပြနိုင်ဖို့ ရည်ရွယ်ကာ
ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။ မန္တလေးနဲ့ အထက်မြန်မာပြည် အခြေစိုက်
ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ အနုပညာရှင်များ၊ စာပေမိတ်ဆွေ၊
စေတနာရှင်များ၊ စာအုပ်ဆိုင်များ အနေနဲ့ ဇွန်လ ၇ ရက်နေ့နောက်ဆုံးထားကာ
နီးစပ်ရာ စာပေအနုပညာရှင်များထံ ငွေကြေး၊ အစားအသောက်၊ အ၀တ်အထည်၊ စောင်၊
မိုးကာ၊ အိုးခွက်ပန်းကန်စသဖြင့် တစ်တပ်တစ်အား ပါဝင် ကူညီနိုင်ပြီး
အလှူငွေနဲ့ ပစ္စည်းများကို မုန်တိုင်းဒဏ်သင့်ပြည်သူများထံအရောက်
ပေးပို့ဖြန့်ဝေ ကူညီပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Sunday, May 25, 2008
ဆိုင်ဂလုံးနာဂစ်ကြောင့် ဒုက္ခရောက်နေတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်နေတာ .....
သေတဲ့သူ၊ ဒဏ်ရာရတဲ့သူ၊ အိုးမဲ့အိမ်မဲ့ဖြစ်ရသူတွေ တော်တော်ကိုများတယ် ....
ဘ၀ပျက်ကုန်ကြတယ် ......
ကိုယ်တစ်ယောက်တည်းနဲ့ ဘာမှ မတတ်နိုင်ဘူး ....
အားလုံးဝိုင်းဝန်းကြမှဖြစ်မယ် ......
Wednesday, May 7, 2008
စိတ္တသုခပရဟိတလူငယ်များ၏ နာဂစ်မုန်တိုင်းဒဏ်ခံစားရသူများအတွက် လှူဒါန်းမှုအစီအစဉ်များ
စိတ္တသုခပရဟိတလူငယ်များ၏ နာဂစ်မုန်တိုင်းဒဏ်ခံစားရသူများအတွက်
လှူဒါန်းမှုအစီအစဉ်များ
စိတ္တသုခပရဟိတလူငယ်များအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ခံစားရသည့်ဒေသများသို့
လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
မုန်တိုင်းဒဏ်ခံစားရသော ဒေသများမှာ များစွာကျယ်ဝန်းလှသည့်အတွက်
မိမိတို့ တစ်နိုင်တစ်ပိုင် လှူဒါန်းမှုပြုနိုင်ရေးကိုသာ ရည်ရွယ်စီစဉ်လျက်ရှိပါသည်။
ပထမဦးစွာ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ လှူဒါန်းနိုင်ရေး စီစဉ်လျက်ရှိပါသည်။
မော်လမြိုင်ကျွန်းမြို့ရှိ အများနှင့်သက်ဆိုင်သည့် အဆောက်အအုံများ ပြန်လည်ထူထောင်ရေး
လုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ရန် ရည်ရွယ်ပါသည်။
အများနှင့်ဆိုင်သော (ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ ဘုန်းတော်ကြီးကျောင်း)နေရာများကို
ကိုယ်တိုင်သွားရောက်ကြည့်ရှုကာ ပြန်လည် တည်ဆောက်နိုင်ရေး အလှူငွေပေးအပ်ခြင်း၊ ဆောက်လုပ်ရန်
စီစဉ်ပေးခြင်း၊ လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။
ရရှိသည့်အလှူငွေ ပမာဏပေါ်မူတည်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ရေးဆောင်ရွက်မည်ဖြစ်ပါသည်။
မုန်တိုင်းဒဏ်ခံစားရသည့်သူများအား တိုက်ရိုက် လှူဒါန်းမှု ပြုလုပ်ရန် အစီအစဉ်ရှိသော်လည်း
မေလ တတိယပတ်လောက် အစောဆုံး သွားရောက်လှူဒါန်းနိုင်မည်ဖြစ်သောကြောင့်
ပါဝင်လှူဒါန်းလိုသူများအား ဖိတ်ခေါ်ပါကြောင်း . . . .
Monday, April 7, 2008
Wednesday, April 2, 2008
စိတ္တသုခ - မီးဘေးအလှူ
စိတ္တသုခပရဟိတလူငယ်များအနေနဲ့ မီးဘေးကယ်ဆယ်ရေးအလှူအဖြစ်
ယနေ့ မွန်းလွဲ ၁နာရီက ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရှိ မီးဘေးကယ်ဆယ်ရေးစခန်းမှာ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
ယနေ့လှူဒါန်းဖို့အတွက် အစီအစဉ်အနေနဲ့ ဆန်၊ ဆား၊ ဆပ်ပြာစတဲ့ နေ့စဉ်အသုံးအဆောင်များ လှူဒါန်းဖို့ပါ။
ကျွန်တော်တို့ဆီကို ဥရောပ-အာရှ မှ ဆက်သွယ်မှုဖြင့် ဆန်အိတ်များပါဝင်လှူဒါန်းမယ်လို့ သိရပါတယ်။
ဒါကြောင့် မီးဘေးကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ကိုယ်တိုင်ကိုယ်ကျခွဲဝေလှူဒါန်းခွင့်ရရှိရေး
ဆွေးနွေးခဲ့ပါတယ်
နှစ်ကြိမ်ဆွေးနွေးပြီး စခန်းသိမ်းမည့်ရက်ကို နောက်ဆုတ်ကာ တနင်္လာနေ့ မွန်းလွဲ ၁နာရီမှာ မီးဘေးသင့်ခံရသူများထံ တိုက်ရိုက်လှူဒါန်းခွင့်ရရှိခဲ့ပါတယ်။
ဒါကြောင့် ယနေ့ မွန်းလွဲ ၁နာရီမှာ
စိတ္တသုခပရဟိတလူငယ်များမှ ဆန် ၇အိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်ထုပ်၊ အ၀တ်အထည်များစသော တန်ဖိုးငွေကျပ် ၇သိန်းကျော်
ကရုဏာကောင်းကင် အဖွဲ့မှ ပဲအိတ် ၄အိတ် တန်ဖိုး ကျပ်တစ်သိန်းကျော်
ဥရောပအာရှမှ ငွေကျပ် ၁၀သိန်းခန့် တန်ဖိုးရှိသော ဆန်အိတ်များ
ကို စိတ္တသုခပရဟိတလူငယ်များက တာဝန်ယူပြီး မီးဘေးသင့်ခံရသူများလက်ဝယ် တစ်အိမ်ထောင်စုချင်း ဝေငှပေးနိုင်ခဲ့ပါတယ်။
ထို့အတူ စွမ်းအားလျှပ်စစ်မှ ဦးအောင်ဇော်ဝင်းနှင့်ရောင်းရင်းများက ငွေကျပ် ၃၅သိန်းနှစ်သောင်းကို တစ်အိမ်ထောင်စုလျှင် ၈ထောင်ကျပ်နှုန်းဖြင့် ဝေငှပေးလှူဒါန်းခဲ့ပါတယ်။
စိတ္တသုခပရဟိတလူငယ်များနဲ့အတူ ကရုဏာကောင်းကင် အဖွဲ့သားများလည်း ချွေးတလုံးလုံးဖြင့် ပါဝင်လို့ ဆောင်ရွက်ကြတာ ပျော်စရာပါပဲ။
ချွေးစက်များထက် ပီတိက ပိုနေကြပါတယ်။
ဆန်သုံးပြည်စီနဲ့အတူ လှူဒါန်းတဲ့ပစ္စည်းများကို အိတ်များနဲ့ခွဲထုတ်ရတာပါ
အထုပ်ပေါင်း ၄၄၀ထုပ်ရတာဆိုတော့
ဆန်က ထွက်တဲ့ အမှုန်းများနဲ့ လူတွေလဲ ဖွေး၊ နေကလည်းပူ၊ ချွေးကလည်းထွက်နဲ့
အားလုံး ပျော်ပျော်ပါးပါး လုပ်ကြ ကိုင်ကြ ၀ိုင်းကြ သိုင်းကြတာ
ကျေနပ်သလို
လှူဒါန်းခွင့်ရရေး ပါဝင်ဆောင်ရွက်ပေးတဲ့ ဒေသခံ အဖွဲ့အစည်းများ၊ တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိရပါတယ်။
မီးဘေးကယ်ဆယ်ရေးအတွက် ထိန်ကုန်းကအပြန် နတ်ဝင်းမီးလောင်မှုအတွက်လည်း ၀င်ရောက်လှူဒါန်းခဲ့ကြရတဲ့အတွက်
၁ရက်မှာ နှစ်နေရာ လှူဒါန်းနိုင်ခဲ့တဲ့အတွက် ကျေနပ်အားရမိခဲ့ပါကြောင်း ။ ။ ။
ကိုယ်တိုင်ပါဝင်ခဲ့ပေမယ့် သတင်းကိုတော့ ဦးထိပ် အတွေးနဲ့အရေး http://uhteik.blogspot.com မှ ကူးထည့်လိုက်ပါတယ် ..........
မန္တလေး MICT Park နေရာရပြီ
ဘူတာကြီးရဲ့ အပေါ်ဆုံး ၃ ထပ်မှာဖြစ်ပါတယ် .... နှစ်ထပ်စာနေရာရမှာဖြစ်ပါတယ် ......
အရင်လိုပဲ အင်တာနက် ၊ ဖုန်းအစရှိတဲ့ ဆက်သွယ်ရေးလွယ်ကူစေဖို့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ် ..........
Tuesday, March 25, 2008
မီးဘေးကူညီမယ် ....
မေဇင်သိန်းလမ်းအတွင်းမှ ကျေးရွာလုံးကျွတ်နီးပါး မီးလောင်မှုအား
အကူအညီပေးနိုင်ရေး အတွက်
သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။ရွာတစ်ရွာလုံးနီးပါး
လက်လုပ်လက်စားများနေကြပြီး နံကပ်တိုက်အိမ် ၃လုံးခန့်သာရှိပြီးအားလုံး
မီးလောင်ပြင်မှာ ရှင်းလင်းနေပါတယ်။အိမ်ကြီးအိမ်ကောင်းများ မပါတာ ကို
သက်သေပြနေတာဖြစ်ပါတယ်။ အိမ်ထောင်စု၄၆၀ ကျော် လူဦးရေ ၂၁၀၀ကျော်
အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။လိုအပ်ချက်ကတော့ အဓိက
စား၊၀တ်၊နေရေးပါစားရေးအတွက် ဆန် ၊ ဆီ လိုအပ်ပြီးအ၀တ်အထည်များလည်း
လိုအပ်နေတယ်လို့ တာဝန်ရှိသူတွေ ထံက သိရပါတယ်။ နေရေးကိုတော့
တာဝန်ရှိလူကြီးများက စီစဉ်ပေးဖို့ လုပ်နေကြပါတယ်။ဒါကြောင့်
စားရေးနဲ့ဝတ်ရေးကို ၀ိုင်းဝန်းကူညီကြဖို့ မျှော်လင့်နေကြပါတယ်။ အားလုံးက
တစ်နေ့လုပ်တစ်နေ့စား လက်လုပ်လက်စားတွေဆိုတော့လိုအပ်ချက်က ကြီးမားပါတယ်။
ကျွန်တော်တို့လဲ ပါဝင် ကူညီကြဖို့ စီစဉ်နေသလို သင်လည်း ကူညီမယ်ဆို
ကျွန်တော်တို့နဲ့ ဆက်သွယ်နိုင်ပါတယ်။နည်းများမဆို ကူညီကြဖို့
မျှော်လင့်ပါတယ်ဗျာ သာဓုခေါ်စရာကတော့ ယနေ့ မနက်က စပြီး ညနေအထိ
မီးလောင်ပြင်နားက အိမ်တစ်အိမ်က အဒေါ်ကြီးက ဆယ်သိန်းဖိုး ထမင်းချက်လို့
စတုဒီသာကျွေးနေတာကိုပါပဲ ။ ကျွန်တော်တို့တောင် စားချင်မိပါတယ်။
ခေါ်လဲကျွေးသော်လည်း သွားစရာရှိလို့ မစားခဲ့ရပါဘူး။
စားချင်စဖွယ်ချက်ထားပြီး အိုးကြီးများနဲ့ အများကြီးပါ . . . အဲလို
အလှူတွေ အတွက် သာဓုခေါ်ရင်း ကိုယ်လဲ တတ်နိုင်သမျှ ပါဝင်လှူဒါန်းရအောင်
ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ . . .
Saturday, March 22, 2008
တပေါင်းလပြည့်နေ့ မနက်မှ မီးလောင်
ဓာတ်နန်းရပ်ထဲမှာ မီးလောင်တယ် ....
ကလေးတစ်ယောက် သေဆုံးခဲ့ရပြီး လူကြီးတစ်ယောက်
ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ကြားသိရပါတယ် ....
ဆေးလိပ်သောက်ရင်း ဓာတ်ဆီထည့်ရာမှ မီးလောင်တယ်လို့ ပြောပါတယ် ....
Friday, March 21, 2008
Mr Brown Bakery & Drinks
မတ်လ(၂၁)ရက် တပေါင်းလပြည့်နေ့မှာ စပြီး လမ်း(၈၀)၊ ၂၈x၂၉ ကြားမှာ
ဖွင့်လိုက်ပါပြီ ......
Wednesday, March 19, 2008
၂၀၀၈ မန္တလေး သင်္ကြန် မှာ သူတို့တွေ မန္တလေးမှာရှိမယ် .....
နှစ်စဉ်ကျင်းပမြဲပုံစံများအတိုင်း မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီ ၀န်ထမ်း လှပျိုဖြူများ၏ သင်္ကြန်ယိမ်းအက၊ အလှများဖြင့် ဧည့်ခံ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။
ယခုနှစ်မှာ သင်္ကြန်မင်းသားကြီး ဇော်ဝမ်း၊ သန်းမြတ်စိုး၊ အကယ်ဒမီနေအောင်၊ ကြည်သာ(ပွဲကြိုက်ခင်)၊ ရင်ဂို၊ ဂရေဟမ်၊ L လွန်းဝါ၊ wall လျှံ၊ ရာဇာနေ၀င်း၊
ကင်းကောင်၊ ကုသိုလ်၊ ကျော်ထူး(ကသုံးလုံးအဖွဲ့)၊
ဖြူဖြူကျော်သိန်း၊ ရေပက္ကာဝင်း၊ ခင်ဖုဏ်း၊ ရွှေထိုက်၊ ချစ်သုဝေ၊ စန္ဒီမြင့်လွင်၊ ပုလဲဝင်း၊ နန်းဆုရတီစိုးနှင့်အဖွဲ့ စသော တေးသံရှင်များ၊
သရုပ်ဆောင်များအား မန္တလေးသင်္ကြန်မှာ ဖျော်ဖြေရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။
နှစ်စဉ် မန္တလေးသင်္ကြန်သို့လာနေကြတဲ့ သင်္ကြန်မင်းသားတစ်ဦးဖြစ်သူ စိုင်းထီးဆိုင်အား ဖိတ်ခေါ်ထားသော်လည်း ရုတ်တရက်ကွယ်လွန်သွားသည့်အတွက် ယခုနှစ်တွင် လာရောက်နိုင်ခြင်းမရှိသည့်အတွက် ၀မ်းနည်းမိပါတယ်။
သို့သော် စိုင်းထီးဆိုင်၏ The Wild One တေးဂီတအဖွဲ့မှာ လာရောက်ဖျော်ဖြေပေးမှာဖြစ်ပါတယ်။
၂၀၀၈ မန္တလေး သင်္ကြန် မှာ သူတို့တွေ မန္တလေးမှာရှိမယ် .....
နှစ်စဉ်ကျင်းပမြဲပုံစံများအတိုင်း မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီ ၀န်ထမ်း လှပျိုဖြူများ၏ သင်္ကြန်ယိမ်းအက၊ အလှများဖြင့် ဧည့်ခံ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။
ယခုနှစ်မှာ သင်္ကြန်မင်းသားကြီး ဇော်ဝမ်း၊ သန်းမြတ်စိုး၊ အကယ်ဒမီနေအောင်၊ ကြည်သာ(ပွဲကြိုက်ခင်)၊ ရင်ဂို၊ ဂရေဟမ်၊ L လွန်းဝါ၊ wall လျှံ၊ ရာဇာနေ၀င်း၊
ကင်းကောင်၊ ကုသိုလ်၊ ကျော်ထူး(ကသုံးလုံးအဖွဲ့)၊
ဖြူဖြူကျော်သိန်း၊ ရေပက္ကာဝင်း၊ ခင်ဖုဏ်း၊ ရွှေထိုက်၊ ချစ်သုဝေ၊ စန္ဒီမြင့်လွင်၊ ပုလဲဝင်း၊ နန်းဆုရတီစိုးနှင့်အဖွဲ့ စသော တေးသံရှင်များ၊
သရုပ်ဆောင်များအား မန္တလေးသင်္ကြန်မှာ ဖျော်ဖြေရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။
နှစ်စဉ် မန္တလေးသင်္ကြန်သို့လာနေကြတဲ့ သင်္ကြန်မင်းသားတစ်ဦးဖြစ်သူ စိုင်းထီးဆိုင်အား ဖိတ်ခေါ်ထားသော်လည်း ရုတ်တရက်ကွယ်လွန်သွားသည့်အတွက် ယခုနှစ်တွင် လာရောက်နိုင်ခြင်းမရှိသည့်အတွက် ၀မ်းနည်းမိပါတယ်။
သို့သော် စိုင်းထီးဆိုင်၏ The Wild One တေးဂီတအဖွဲ့မှာ လာရောက်ဖျော်ဖြေပေးမှာဖြစ်ပါတယ်။
Tuesday, March 18, 2008
Mandalay FM Radio
ဧပြီလ(၃)ရက်နေ့မှာ စပြီး စမ်းသပ်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ် ....
91.9 MHz နဲ့ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ် ....
ပုံမှန်ထုတ်လွှင့်မှုကိုတော့ သင်္ကြန်ပြီး နှစ်ဆန်း(၁)ရက်နေ့မှာ စတင်မှာပါ ....
ဘယ်လိုလာမလဲဆိုတာ စောင့်နားထောင်ရအောင်ဗျာ .....
မေဆွိ သေပြီ
လန်ဒန်မှာ ကားတိုက်သေဆုံးတယ်လို့ ပြောကြတယ် ....
ကောလဟသလို့ပဲ ထင်လိုက်ပါတယ် ...
ဒီနေ့မနက် http://www.mizzimaburmese.com/ မှာ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ် ...
သတင်းခေါင်းစဉ်က " မေဆွိ သေဆုံးသည် ဆိုသော သတင်းမှားကြောင်း
မိသားစုဝင်တဦးပြော " ... တဲ့ .. ဆက်ဖတ်ကြည့်တော့ ....
အဆိုတော် မေဆွိ၏ မိသားစုများက မေဆွိနှင့် ပတ်သက်သော ကောလာဟလသတင်းကို
မဖြစ်နိုင်ကြောင်း ပြောဆိုလိုက်သည်။
မေဆွိနှင့် ယနေ့နံနက်က တယ်လီဖုံးမှတဆင့် စကားပြောဖြစ်ကြောင်းနှင့် သူမ
ကျန်းမာရေးကောင်းမွန်ပါသည်ဟု မိသားစုဝင်တဦးက ရန်ကုန်မှ မဇ္ဈိမသို့
ပြောပြသည်။
နိုင်ငံကျော် အဆိုတော်သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ကားတိုက်မှု
ဖြစ်၍ ကွယ်လွန်သွားခဲ့သည် ဆိုသော အင်တာနက် စာမျက်နှာတခုသည် ပြည်တွင်း
ပြည်ပ အင်တာနက်သုံး မြန်မာများအကြား ပျံ့သွားခဲ့သည်။
--------------
ဒီလိုပဲ ထင်ခဲ့တာပါ .........
လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း ဟေမာနေ၀င်း နိုင်ငံခြားမှာ
ကားတိုက်သေတာတို့ ... လုပ်ကြံခံရတာတို့ ... နောက်ပြီး မေဆွိ သေတာတို့
ကြားခဲ့ရဖူးပါတယ် ... အခုလည်းဒီလိုပဲ ကြားနေရတာပဲ .......
ကိုယ်တွေ့မဟုတ်လေတော့ ဘယ်လိုပြောရမလဲ .....
မသေချာတော့လည်း ကောလဟသပေါ့ ................
Monday, March 17, 2008
ICT Quarter
ကံကောင်းတယ်လို့ပဲ ပြောရမလား ... အခန်းအားလုံး မီးထဲပါသွားတာမဟုတ်ပဲ
တစ်ချို့သာ မီးထဲပါသွားတယ် .....
မီးလောင်ခံရတာပဲ ဖြစ်ဖြစ် မီးအလောင်မခံရတာပဲဖြစ်ဖြစ် MICT Park တစ်ခုလုံး
ဘုံပျောက်ခဲ့ရပါတယ် ....
အိုင်တီနဲ့ စီးပွားရှာနေတဲ့အထဲက ငွေကြေးတတ်နိုင်သူတွေအများစုက
မီးလောင်ပြီးပြီးချင်း ချက်ချင်းဆိုသလိုပဲ နေရာအတွက် လိုက်ရှာကြတယ် ....
ငှားရမ်းကြတယ် .....
အများစု ငှားရမ်းခဲ့ကြတဲ့နေရာလေးက ၇၇x၇၈ လမ်းကြား ၃၁x၃၃ လမ်းကြားထဲမှာ
ဖြစ်နေကြတယ် .....
တိုင်ပင်ထားကြသလားတောင် အောင်းမေ့ရပါတယ် .....
အခုတော့ အဲဒီနေရာလေး ပြင်ဆင်မှုတွေ စတင်မှုတွေနဲ့ စည်ကားစပြုနေပါပြီ ....
မကြာခင် အဲဒီနေရာလေးဟာ အိုင်တီရပ်ကွက် တစ်ခုဖြစ်လာတော့မှာ ဖြစ်ပါတယ် ............
Thinking Thingyan 2008
မန္တလေးမှာ မဏ္ဍာပ်တွေတောင် ဆောက်နေပြီ ....
ဗဟိုမဏ္ဍာပ်နဲ့ ၇၃လမ်းx၂၆ လမ်းဒေါင့်က မဏ္ဍာပ်ဆောက်နေကြပြီ ....
ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးလာရပြန်ပြီ .....
ဒီနှစ်သင်္ကြန်မှာ ဘာလုပ်ရရင် ကောင်းမလဲစဉ်းစားနေတာ ...
သင်္ဃန်းကြီးနဲ့ အကုသိုလ်လည်း အဖြစ်မခံနိုင်ဘူး ....
ခရီးတော့ ထွက်ချင်ရဲ့ .... ပိုက်ပိုက်ကမရှိ ....
စပွန်ဆာရှိရင်တော့ ကောင်းမှာပဲ ....
Sunday, March 16, 2008
Mandalay Summer
မန္တလေးရဲ့ နွေသင်္ကေတတစ်ခုဖြစ်တဲ့ မီးလောင်တာလည်း ရတနာပုံဈေးမီးက ပြောပြခဲ့ပြီ ....
ဒီနေ့တော်တော်ကိုပူတယ် ......
ညပိုင်းမှာ အိပ်လို့မရအောင် ပူလာပါပြီ ....
ညနေခင်းက လမ်းပေါ်မှာလူတွေများနေလို့ ဘာဖြစ်တာလဲလို့ ကြည့်လိုက်တော့ ....
အော် .... အိမ်ထဲမှာပူလို့ အပြင်ကိုထွက်နေကြတာလေ ...
ဆယ်တန်းရဲ့ သိပ္ပံတွဲကလည်း ဒီနေ့ပြီးတယ်လေ ......
နွေဦးရွက်သစ်တွေတောင်ထွက်နေပြီ .....
အရိုးပြိုင်းပြိုင်းနဲ့ ရွက်သစ်တွေက ပွင့်လင်းရာသီဆိုတာကိုများ
ရည်ညွန်းသလားမသိပါဘူး .....
နွေကျောင်းပိတ်ရက်မို့ ခရီးသွားလုပ်ငန်းတွေလည်းအပြိုင်အဆိုင် ကြေငြာနေကြတယ် ....
ခရီးလေးတစ်ခုတော့ ထွက်ချင်ပါရဲ့ ......
Friday, March 14, 2008
Essentials for Software Engineer (Programming Seminar)
သွားရောက်လုပ်ကြမယ့် Programmer များနဲ့ Programming
ကိုစိတ်ဝင်စားတဲ့သူတွေအတွက် ရည်ရွယ်ပြီး Programming နဲ့ပတ်သတ်တဲ့
seminar ကို ဒီနေ့ ၁၄ ရက် မွန်းလွဲ ၁-နာရီမှာ ၃၁-လမ်းနဲ့ လမ်း-၇၀
ထောင့်မှာ တည်ရှိတဲ့ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) မှာ
ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ဖိတ်ကြားလာပါတယ်။
ဦးဇော်မိုး (MIT)၊ ဦးထွန်းခိုင် (iNTEGRA)၊ ဦးဝင်းထိန်ဝင်း (Gustro)၊
ဝဏ္ဏကို (မြန်မာပြက္ခဒိန်)နှင့် Alpha Computer မှ ပညာရှင်များ
ဟောပြောကြမှာ ဖြစ်ပါတယ်။
Alpha Computer က ကျင်းပပြုလုပ်တာဖြစ်ပြီး အသေးစိတ်ကို
http://www.alpha.com.mm/programmer/
မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
Monday, October 29, 2007
သီတင်းကျွတ်လပြည့်
စိတ္တသုခ- ပရဟိတလူငယ် ငါးဆယ် ပတ်ဝန်းကျင်နဲ့အတူ အောင်တော်မှုဘုရားဝင်းထဲက
နှစ်ကျိတ်ရှစ်ဆူဘုရားတန်ဆောင်းရှေ့မှာ ဆီမီးထွန်းညှိ ပူဇော်ကြတာပါ .....
နှစ်စဉ် အဲဒီနေရာမှာပဲ ဆီမီးထွန်းခဲ့ကြတာ ဆယ်နှစ်တာကာလကို ရောက်ရှိနေပါပြီ ......
Monday, October 22, 2007
အတွေး-၂
လိမ်လည်လှည့်စားပြီး ကိုယ့်အတွက်ပဲ ကြံဆောင်နေတတ်တဲ့ လူတွေတစ်ချို့လုပ်ချက်ကတော့ တကယ့်ကို ကမ်းကုန်ပါပဲ ..... ဈေးကွက်စီးပွားရေးစနစ် ဆိုတာ ဒါမျိုးများလား ........ မတော်လောဘတွေနဲ့ ကြီးပွားနေတဲ့ခေတ်ကြီးကို ရောက်နေတာပါလားလို့ တွေးမိတယ် .....
အ ရင် ခံပေါ့လို့ ပြောကြမှာပဲ ......
--------------------------------
| ရန်ကုန်မြို့လယ်ရုပ်ရှင်ရုံများ အော်စကာဆုဗန်းပြပြီး လိမ်ညာပြသမှုများရှိနေ 09 Oct 2007 | 10:35 AM |
| |
|
|
အတွေး
တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ် .....
ဒီလိုမျိုး ကိုယ့်အတွက်သာကြည့်ပြီး စည်းမရှိ ကမ်းမရှိလူတွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့သူတွေ ရှိနေရတယ် ....
ကိုယ့်အတွက် ပြေလည်ရေးကိုပဲ ကြည့်နေရင် ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး ......
တစ်ယောက်ချင်းဆီမှာ စည်းကမ်းတကျ ရှိနေမယ်ဆိုရင် တိုးတက်ဖို့ဆိုတာ မဖြစ်နိုင်စရာ မရှိဘူး .....
မရှိလို့ ခိုးရပါတယ်လို့ ပြောတတ်ကြတယ် ...... မရှိလို့ ခိုးရင် ရှိလာနိုင်မလား .......
မသိလို့ လုပ်မိပါတယ်လို့ ပြောတတ်ကြတယ် .... မသိလို့ လုပ်တိုင်း ခွင့်လွတ်သင့်သလား ......
............................
.........................
ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ပါဘူး ................
မိမိကိုယ်တိုင် ကောင်းအောင် ကြိုးစားကြည့်လိုက် ....... အားလုံးကောင်းသွားမယ်ဆိုတာ မလွဲပါဘူး ...
-----------------------------------------
| မတော်လောဘနှင့် မသမာသူလူတစ်စုကြောင့် အဘွားအိုမျက်စိခွဲစိတ်ရန်အစီအစဉ်ပျက်ပြား 18 Oct 2007 | 5:55 AM |
| |
| ရန်ကုန်နှင့် တိုက်ကြီးမြို့တို့ကို လွန်းပျံပြေးဆွဲပေးနေသော ယာဉ်လိုင်းတစ်ခု၏ တိုက်ကြီးဂိတ်မှ ဂိတ်မှူးနှင့်ယာဉ်မောင်များ လက်ဝါးရိုက်၍ လက်မှတ်များကို ထင်သလိုရောင်းချနေခြင်းကြောင့်၊ ခရီးသည်များအချိန်နှောင့်နှေး ယင်းသို့ပြုလုပ်ခြင်းကြောင့် ရင်းတိုင်ကွင်းရွာမှ ရန်ကုန်သို့ မျက်စိ ခွဲစိတ်မှုပြုရန် လာရောက်ခဲ့သော အသက် ၇၀ ကျော်ခန့်ရှိသော အဘွားကြီးတစ်ဦး မျက်စိခွဲစိတ်မှုပျက်ကွက်ခဲ့ရသည်။ “အဘွားကြီးက ငွေကြေး ချို့တဲ့လို့ အများကပေးလှူတဲ့ငွေနဲ့ ရန်ကုန်လာပြီးကုရတယ်။ ဆရာဝန်ကလည်း ဆေးဖိုးသာယူပြီး ကုသခမယူဘဲ ကုသပေးမယ်ဆိုပြီး အဲဒီနေ့က ချိန်းထားခဲ့တယ်။ သူ့ကိုခွဲစိတ်ပေးပြီး ညနေမှာ ဆရာဝန်က နိုင်ငံခြားကိုသွားမှာမို့ အချိန်မီရောက်ရမှာ အဲဒါတွေပြောပြပြီး လက်မှတ်ဝယ်ခဲ့ပေမယ့် ဂိတ်မှူးတွေက နောက်ကားနဲ့ထည့်ပေးလို့ အဘွားကြီး မျက်စိမခွဲခဲ့ရဘူး”ဟု ကားမောင်းသူကပြောသည်။ ယင်းကားမောင်းသူကပင် ကားဝင်းအတွင်းတွင် အကြောင်းစုံကိုပြောပြပြီး အလှူငွေများ ကောက်ခံကာ အဘွားကိုတက္ကစီငှားပြီး ဆေးရုံသို့ပို့ပေးခဲ့သည်။ ဆေးရုံရောက်သောအခါ ဆရာဝန်မှာနိုင်ငံခြား သို့ ထွက်သွားပြီ ဖြစ်ကြောင်းဆေးရုံကေ |
Saturday, October 20, 2007
ကြာပြီ ....
အင်တာနက်မသုံးဖြစ်တော့ Blog လည်း မရေးဖြစ်ဘူး ........
လျှပ်စစ်မီးကလည်းမမှန်တော့ ကွန်ပျူတာတောင် ကောင်းကောင်းမသုံးဖြစ်ပါဘူးဗျာ .....
Wednesday, September 26, 2007
မင်းကွန်းဆရာတော်ကြီး၏ မေတ္တာပို့
တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဝိစိတ္တသာရာဘဝိဝံသ၏ မေတ္တာပို့
လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ကြောက်တတ်-မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
မြင်အပ်-မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ဝေးနေ-နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ဘဝဇတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ရှည်-တို-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ကြီး-ငယ်-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ဆူ-ကြုံ-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
ညမထွက်ရ
ငါးယောက်ထက်ပိုပြီး မစုရဘူးတဲ့ .... စီတန်းလှည့်လည်ခြင်းမလုပ်ရတဲ့ဗျာ ...........
ဒီနေ့မနက်တော့ ဘုန်းကြီးကျောင်းတွေမှာ လုံခြုံရေးအပြည့်ချထားပါတယ် .............
ှသံဆူးကြိုးတွေချထားတယ် .....
သံဆူးကြိုးနောက်မှာ လူ နှစ်တန်းရှိတယ် ...
လူတွေနောက်ကမှ ဒိုင်းကာနဲ့ လုံထိန်းတွေ ....
ဘေးပတ်ပတ်လည်မှာတော့ လက်နက်ကိုင် စစ်သားတွေ တွေ့ရတယ် .......
သံဃာတွေ ဆွမ်းခံနေတာလည်းတွေ့ရတယ် ..........
ရပ်ကွက် ဆွမ်းကြီးခံတွေလည်း ထွက်တာတွေ့ရတယ် ......
ဒီနေ့ ဥပုသ်နေ့ ....................
Sunday, September 23, 2007
မဆွေ - ဓာတ်ပုံနှင့်အလှပြင်ဆိုင်ဖွင့်ပွဲ

၈၂လမ်း၊ ၁၅လမ်းနှင့်၁၆လမ်းကြားက
မဆွေ - ဓာတ်ပုံနှင့်အလှပြင်ဆိုင် ဖွင့်ပွဲကို ရောက်ခဲ့တယ် .........
ဆိုင်ဖွင့်ပွဲက ၂၂ ရက်နေ့ကပါ ... ဒီနေ့မှပဲ တင်ဖြစ်ပါတယ် ........
မဆွေဆိုတာက ကျွန်တော်တို့ Blog Day အတွက် အင်တာနက်အသုံးပြုခွင့်ကတ် ၅၅ကတ် ပါဝင်ကူညီထားတဲ့ သူဖြစ်ပါတယ် . . .
မဆွေက လုပ်ငန်းအများအပြားကို လုပ်နေတဲ့သူဖြစ်ပါတယ် .......
သူရဲ့လုပ်ငန်းတွေကတော့ .......
အလှပြင်ဆိုင်၊ ဓာတ်ပုံ၊ အီးမေးလ်အင်တာနက်၊ အခြေခံသင်တန်းအမျိုးမျိုး၊ ပုံပြင်ဒီဇိုင်း၊ ဗင်နိုင်း၊ စာစီစာရိုက်၊ မိတ္တူ၊ လိပ်စာကတ်အမျိုးမျိုး၊ ဖိတ်စာအမျိုးမျိုး စတဲ့ လုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးနေပါတယ် . . .
စိတ်ဝင်စားတယ်ဆိုရင် ဆက်သွယ်လို့ရအောင်ပါ .........
သံဃာတော်များ စီတန်းလှည့်လည်
အဖွဲ့ ၅-ဖွဲ့ထက် မနည်းဘူးလို့ ယူဆရပါတယ် ......
ဈေးချိုမှာကိုပဲ သုံးဖွဲ့ ဖြတ်သွားပါတယ် ......
အိမ်တော်ရာဖက်ကထွက်လာတဲ့ အဖွဲ့က သံဃာ အပါး ၆၀၀ ကျော်ပါဝင်ပါတယ် ....
ရှေ့ဆုံးက သာသနာ့အလံကို ကိုင်ဆောင်ထားပြီး ဒုတိယတန်းက သံဃာက သပိတ်မှောက်ထားပါတယ် .....
အင်အားအများဆုံးအဖွဲ့က ၆၀၀ ကျော်ရှိပြီး .... အချို့အဖွဲ့ ၁၀၀ ကျော်ပဲ ရှိပါတယ် .......
မြတောင်တိုက်၊ မိုးကောင်းတိုက်၊ ဘုရားကြီးတိုက် အစရှိတဲ့ တိုက်တွေက သံဃာတော်တွေ ပါဝင်တယ်လို့ သိရပါတယ် .........
အမရပူရဖက်မှာလည်း စီတန်းလမ်းလျှောက်ကြတယ်လို့သိရပါတယ် ............
Friday, September 21, 2007
ဆုံးမစာ
ဘယ်အခါမှ
မလုပ်နှင့် မပြောနှင့် မကြံနှင့်
ကြမ်းတမ်းသော စကားကို မဆိုနှင့်
မေတ္တာနှင့်ယှဉ်သော စိတ်ကို
ဖြစ်စေရမည်
အကောင်းကြံ အမှန်လုပ်
အဟုတ်ပြော
ယခုလက်ရှိ အချိန်ထက်
ကောင်းသော အချိန်မရှိ
လက်ရှိ အချိန်ကို နိဗ္ဗာန်အထိ
အကျိုးရှိအောင် သုံးပါ။
မင်းကွန်းတိပိဋကဓရဆရာတော်
ဦးဝိစိတ္တသာရဘိဝံသ
Wednesday, September 19, 2007
ရွှေမန္တလေးရဲ့ရိုက်ချက်
တစ်စောင်ထဲမှာ မဟုတ်ပဲ တစ်ပတ်စီမှာ ပါတဲ့ သတင်းနှစ်ပုဒ်ပါ ..........
သတင်းနှစ်ပုဒ်က ဆိုင်ကယ်ပွဲစားတန်းနဲ့ ပတ်သက်တာလေးပါ ........
ဇွဲဆုအောင် ဆိုတဲ့ ကလောင်အမည်နဲ့ တစ်ယောက်ထဲကရေးထားတဲ့ သတင်းဖြစ်ပါတယ် ........
ပထမအပတ်မှာ သတင်းရှည်ပါလာတယ် .........
အဲဒီထဲက သုံးပိုဒ်လုံးကို နောက်တစ်ပတ်မှာ တည်နေရာလေးတစ်ခုသာ ပြောင်းပြီးထပ်ရေးပါတယ် .........
တူညီတဲ့ သတင်းနှစ်ပုဒ်ကို မတူအောင် မရေးတတ်တာလား .......
စာဖတ်ပရိသတ်ကို လှည့်စားတာလား မပြောတတ်ပါဘူး ........
စိတ်ထဲမှာတော့ အတွေးတွေ ကျန်နေခဲ့တယ် ...........
စာနယ်ဇင်းပညာဆိုတာ ဒါမျိုးလား ......................
အမှတ်(၂၂၄) ၂၀၀၇-ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့ထုတ် ရွှေမန္တလေးဂျာနယ်ပါ ဇွဲဆုအောင်ရဲ့သတင်း

အမှတ်(၂၂၅) ၂၀၀၇-ခုနှစ်၊ သြဂုတ်လ(၂၇)ရက်နေ့ထုတ် ရွှေမန္တလေးဂျာနယ်ပါ ဇွဲဆုအောင်ရဲ့သတင်း
မန္တလေးမှာ .........
တစ်နာရီခန့် ကြာအောင် လမ်းလျှောက်ခဲ့တာဖြစ်ပြီး ပရိတ်တရားတော်များ၊ မေတ္တာသုတ်များရွတ်ဖတ်ကြတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့သူက ဆိုပါတယ် ........
အဲဒီလို လမ်းလျှောက်တာဟာ ကံဆောင်သပိတ်မှောက် ဆန္ဒပြတယ်လို့ သိရပါတယ် .........
CD/DVD for Blog for All -Seminar
CD/DVD အခွေရနေပါပြီ .....
လိုချင်သူများ
အမှတ်တရ စီဒီဘူး၊ ကာဗာနှင့်အတူ
တစ်ခွေလျှင် ၂၀၀၀ နှုန်းဖြင့်
ရယူနိုင်ပါပြီဗျာ ...........
ရယူလိုသူများ comment တွင် ၀င်ရေးပေးပါ ....
အမှာစာအရသာ ကူးမည်ဖြစ်ပါသည်။
တက္ကသိုလ်စာမေးပွဲတွေစဖြေမည်
မန္တလေးမှာတော့ ဒီနေ့ လှုပ်လှုပ်နဲ့ သတင်းတွေထွက်နေတယ်ဗျာ ....
မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းချင်တယ်ဗျာ .........
စာမေးပွဲပြီးအောင်တော့ ဖြေစေချင်ပါတယ်ဗျာ ....
အောင်ပါစေလို့လည်း ဆုတောင်းပေးပါတယ် ......
တကယ်တော့ ကျွန်တော့်လို့ မဖြစ်စေချင်တာပါ ........
၈၇-၈၈-၉၆ တွေမှာ ကျောင်းအကြာကြီး ပိတ်ခဲ့တယ် .........
ယောင်တလည်လည်နဲ့ ဘာမှ မလုပ်ဖြစ်ခဲ့ဘူး ........
ပညာရေး ၊ စီးပွားရေးတွေလည်း ဘာမှ မဖြစ်ခဲ့ဘူး ..... မတိုးတက်ခဲ့ဘူး ........
အခုထိ ယောင်တလည်လည်နဲ့ပါပဲဗျာ ............
ဘာကြောင့်လဲဆိုတာမသိပေမယ့် ကျွန်တော့်လို မဖြစ်စေချင်တာတော့ အမှန်ပါ .......
Monday, September 17, 2007
မိဘမဲ့ကလေးများ 78 Shopping Centre အလည်သွား
ကလေးတွေက ပြည်လုံးချမ်းသာ ပရဟိတကျောင်းတိုက်ကဖြစ်ပါတယ် .......
နေ့လယ်(၁)နာရီလောက်က 78 Shopping Centre ကို ရောက်ရှိလာကြပြီး Happy World ကစားကွင်းမှာ ကစားကြပါတယ် ............
ကစားပြီးတဲ့နောက်မှာ အဟာရကျွေးမွေးပါတယ် .....
အဲဒီနောက်မှ ကလေးဖက်ရှင်ပြိုင်ပွဲကို လာကြည့်ကြတာပါ .....
အလှူငွေနဲ့ပစ္စည်းတွေကို အလှူရှင်များကိုယ်တိုင် ပြည်လုံးချမ်းသာ ပရဟိတကျောင်းကို လှူဒါန်းကြပါတယ် ....
ညနေ (၅)နာရီလောက်မှာ ပြန်သွားကြပါတယ် ................
အလှူခံရရှိတဲ့အလှူငွေ
၁၅-၉-၂၀၀၇ နေ့ပြိုင်ပွဲ ထိုင်ခုံရောင်းရငွေ( ၁၅၀၀၀၀-ကျပ်)
၁၆-၉-၂၀၀၇ နေ့ပြိုင်ပွဲ ထိုင်ခုံရောင်းရငွေ (၁၃၂၀၀၀-ကျပ်)
လျှောက်လွှာရောင်းရငွေ (၆၈၀၀၀-ကျပ်)
အလှူခံပုံးမှအလှူငွေ (၁၅၉၂၅၀-ကျပ်)
စုစုပေါင်း (၅၀၉၂၅၀-ကျပ်)
ပစ္စည်းအလှူ
ဒေါ်စီရုံးမေ (ပိတ်စ ၇၁-စ)
ဒေါ်စန်းစန်းမြင့် (ပုံနှိပ်စာအုပ် ၂၉-အုပ်)
For Baby (အ၀တ်အထည် ၄၃-ထည်)+ (အာရှအချိုရည် ၃-ဖာ)
ဇွဲရဲနိုင်-မွေးနေ့ အလှူ (အလှူခံပုံး ၁-ပုံး)
Happy World (ကလေးများအခမဲ့ကစားခွင့်)
City Mart (မုန့်ထုတ် ၇၇-ထုတ်)




ကလေးဖက်ရှင်ပြိုင်ပွဲ
ကလေးတွေရဲ့ ချစ်စရာကောင်းတဲ့ ဟန်မူရာတွေကို တွေ့ခဲ့ရတယ် ....
အချိန်တိုအတွင်း သင်ပေးလိုက်ပေမယ့် အားလုံးကို လုပ်တတ်ကြတယ် .....
တကယ့်ကို တော်ကြတယ် ....
ဆုကြေငြာတဲ့အထိတော့ မနေနိုင်တာနဲ့ ဘယ်သူတွေဆုရသွားတယ်ဆိုတာတော့ မသိလိုက်ရဘူး ....
ဓာတ်ပုံတစ်ချို့ကိုတော့ ခံစားကြည့်နိုင်ပါတယ် ..........



Saturday, September 15, 2007
MCIA က ဟောပြောပွဲ
Thursday, September 13, 2007
78 Shopping Centre ရဲ့ ကလေးဖက်ရှင်ပြိုင်ပွဲ
၁၅-၉-၂၀၀၇ နဲ့ ၁၆-၉-၂၀၀၇ ရက်နေ့တွေမှာ မွန်းလွဲ ၁၂း၃၀ မှာ ကျင်းပမှာ ဖြစ်ပါတယ် .........
ထူးခြားတာကတော့ .......
“ ပြည်လုံးချမ်းသာ ပရဟိတကျောင်းတိုက် ” မှ မိဘမဲ့ကလေး(၇၀) အား 78 Shopping Centre တွင် လေ့လာရေး အဖြစ် ခေါ်၍ ကလေးပြိုင်ပွဲ ကြည့်ရှုခွင့်ပြုခြင်း၊ ခေတ်မီကလေးကစားကွင်းတွင် ကစားခွင့်ပြုခြင်း၊ အဟာရကျွေးခြင်း တို့အပြင် ပြိုင်ပွဲဝင်လျှောက်လွှာ ရောင်းရငွေနှင့် ပြိုင်ပွဲထိုင်ခုံများ ရောင်းရငွေတို့ အား မိဘမဲ့ ကလေးကျောင်းသို့ လှူဒါန်းခြင်း၊ 78 Shopping Centre တွင် အလှူခံ ကောင်တာဖွင့်လှစ်၍ အခြားလှူဒါန်းလိုသူများ၏ လှူဖွယ်ပစ္စည်းများကိုလည်း လက်ခံ၍ မိဘမဲ့ကလေးကျောင်းသို့ လှူဒါန်းသွားပါမည်။ Happy World ခေတ်မီကလေးကစားကွင်းမှ မိဘမဲ့ကလေးများကို အခမဲ့ကစားခွင့်အား ပါဝင်ကူညီပေးထားပါသည်။
Wednesday, September 12, 2007
သင် စိတ်ဓာတ်ကျနေပြီလား
သင်စိတ်ဓာတ်ကျနေပြီလား ??????
ဒါလေးကို download လုပ်ပြီး ဖတ်ကြည့်ပါ .......
---------------------------
Tuesday, September 11, 2007
ဇော်ဂျီအသုံးပြုသူများသို့ ပန်ကြားလွှာ
ဇော်ဂျီအသုံးပြုသူများသို့ ပန်ကြားလွှာ
Blog Day အထိမ်းအမှတ် အဖြစ် ထုတ်ဝေခဲ့သော စီဒီတွင် ကျွန်တော်တို့၏ ဆန္ဒစောမှုကြောင့် ဇော်ဂျီဖောင့် အဟောင်းနှင့် ပါသွားပါသည်။ ထို့အတွက် ကျွန်တော်တို့မှ အနူးအညွတ် တောင်းပန်အပ်ပါသည်။ ၄င်းအမှားအား ယခု ပြန်လည်ပြင်ဆင်ပြီး ဖြစ်ပါ၍ Download ပြုလုပ်ပြီး သုံးစွဲနိုင်ပါသည်။
အထက်ကစာပိုဒ်က www.alpha.com.mm/blogday မှာ ကြေငြာထားတာပါ........
၃၁-၈-၂၀၀၇ နေ့က ကျင်းပခဲ့တဲ့ မန္တလေး Blog Day နေ့မှာ ဝေခဲ့တဲ့ စီဒီထဲက မှားယွင်းနေတာကို ပြန်လည် ပြင်ဆင်ပြီးကြောင်း အကြောင်းကြားတာပါ။ ပြန်လည် download လုပ်ပြီး အသုံးပြုနိုင်ကြောင်း သတင်းကောင်းပါလိုက်ပါတယ် ။ စီဒီများကို ကိုရဲမြတ်သူ Alpha Computer ကနေ Sponsor လုပ်ပေးတာ ဖြစ်ပါတယ်။
Certificate Course for Social Entrepreneurship

Myanmar Egress ကနေ သင်ကြားပို့ချမယ့် Certificate Course for Social Entrepreneurship
သင်တန်းကို စက်တင်ဘာလ-၂၄ ရက်နေ့မှာ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ် ........... အသေးစိပ်အချက်အလက်ကို သင်တန်းရဲ့ website မှာ သွားရောက်ကြည့်ရှုစေလိုပါတယ် .......
မန္တလေးက ကိုရဲမြတ်သူ (Alpha) က Director of Technology အဖြစ်ပါဝင်ပါတယ် ....
အလုပ်အကိုင် အခွင့်အလမ်းများ မည်မျှပင် ရှားပါးစေကာမူ Employability ရှိသော လူသားအရင်းအမြစ်များအတွက် အခွင့်အလမ်းရှိနေစမြဲ ဖြစ်ပါသည် လို့ ဆိုထားပါတယ် .......
Monday, September 10, 2007
ွှအိုင်တီမောင်မောင်ရဲ့ ပလော့
http://www.itmgmg.com/myblog.aspx
AAT က ကိုဇင်မင်းလုပ်ထားတာပါ .....

MCPA က SIG Blog
ဟောပြောပွဲကို မတက်နိုင်ခဲ့ပေမယ့် Blog ကနေ လေ့လာနိုင်မလား ၀င်ဖတ်ကြည့်တာပါ ......
၂၀၀၆ အောက်တိုဘာလ၊ နိုင်ဝင်ဘာလကစပြီး Blog က ဘာမှ active မဖြစ်ဘူးဖြစ်နေတယ် ....
Linux ဆိုရင် ဘာမှ ကို ရေးမထားတာ ............
ဟောပြောပွဲ အကြောင်းလေးတွေကို ရေးတင်ပေးရင် သိပ်ကောင်းမှာပဲ ........
PowerPoint တွေကအစ တင်ပေးထားရင်ပိုကောင်းတာပေါ့ဗျာ ......
MCPA ကတင်ထားတဲ့ ကျွန်တော်သိတဲ့ Blog သုံးခုက
http://sig-linux.blogspot.com/
http://sig-hardware.blogspot.com/
http://sig-graphic.blogspot.com


SIG-Hardware (Downing-Time Troubleshooting)

ယခုလို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျင်းပတဲ့ ဟောပြောပွဲဟာ SIG - Special Interest Group ဖွဲ့စည်းဖို့ ဖြစ်ကြောင်း၊ တက်ရောက်လာသူများနဲ့ ဖွဲ့စည်းရန် ဖြစ်သော်လည်း အပတ်စဉ် ပုံမှန်တက်ရောက်လာသူမရှိတဲ့ အတွက် ဖွဲ့စည်းလို့ မရနိုင်သေးကြောင်း အဖွင့်အမှာစကားကို ပြောကြားပါတယ် .......
Downing-time Troubleshooting ဟာ စက်ပိတ်ဖြစ်စဉ်အကြောင်းကို ပြောတာဖြစ်ကြောင်း၊ shutdown process ဖြစ်ကြောင်း၊ စက်ပိတ်ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အကြောင်းကို အကျယ်တ၀ံ့ ပြောကြားခဲ့တဲ့ အပြင် စက်ပိတ်တဲ့အချိန်မှာ ဖြစ်တတ်တဲ့ ပြသနာများအကြောင်းကို ပြောကြားပြီး ဖြေရှင်းနည်းများကိုပါ ပြောကြားခဲ့ပါတယ် ......
Blogger များသိစေရန်
Blogger Status
Monday, September 10, 2007
Blogger and Blog*Spot will be unavailable Monday (9/10) at 11:00PM PDT for about 10 minutes for maintenance.Posted by Jessica at 10:31 PDT
Friday, September 7, 2007
စိတ္တသုခ ပရဟိတလူငယ်

စိတ္တသုခ ပရဟိတလူငယ်က ဒီလို ဖိတ်ခေါ်ထားပါတယ် .........
- ကျွန်တော်တို့က ၀န်ထမ်းတွေ များပါတယ် . . . အလုပ်သမားပဲ ပြောရမလားပဲ လခစားတွေပေါ့ . . . ဒီတော့ တစ်လ တစ်လ ရတဲ့လခကို သုံးကြစွဲကြ မလောက်မငှကြားထဲက အလှူလုပ်ချင်ကြတယ်လေ . . တစ်ယောက်တည်းလုပ်ဆိုတော့လည်း မဖြစ်နိုင်ဘူး . . ဒီတော့ သူငယ်ချင်းတွေစုပြီး ခြောက်လ တစ်ခါလှူမယ်ဆိုပြီး တစ်လကို တစ်ယောက် တစ်ထောင်စီစုကြတယ် နောက် ဘယ်နေရာလှူကြမလဲတိုင်ပင်ကြတယ်ဗျာ . . လှူစရာနေရာတွေ့တော့ လှူကြတာပေါ့ . . ဖြူစင်ရိုးသားပြီး အရောင်မပါသူ လူငယ်များပါ . . မည်သူမဆို ဖြူဖြူစင်စင် အရောင်မဆိုးဘဲ ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်ပါတယ်
မိဘမဲ့ ခိုကိုးရာမဲ့ ကလေးသူငယ်များကို စောင့်ရှောက်ထားသော ပရဟိတကျောင်းများ၊ ဌာနများ။ ခိုကိုးရာမဲ့ အဘိုး၊ အဘွားများအား စောင့်ရှောက်ထားသည့် ဘိုးဘွားရိပ်သာများ။ ကိုယ်လက်အင်္ဂါ ချို့တဲ့ ချို့ယွင်းသူများ။ မသန်စွမ်းသူများ၊ ကျန်းမာရေးချို့တဲ့သူများအား ထိန်းသိမ်းစောင့်ရှောက်သည့်ဌာနများ။ မျက်မမြင်ကျောင်းများ၊ နားမကြားသောကလေးများကျောင်း၊ ကျန်းမာရေးဌာနများ၊ မသန်စွမ်းသူများ စောင့်ရှောက်ရေးဌာနများ၊ ပြန်လည်ထူထောင်ရေးဌာနများ၊ သဘာဝဘေးဒဏ်ခံစားရသူများ သို့ ဘာသာ၊ လူမျိုးမရွေး ကုသိုလ်ပြုပါမယ်။
အလှူငွေကတော့ ဒီလို ကောက်ခံပါတယ် ................
(က) လစဉ်ကြေးအလှူငွေ လစဉ်ကြေးအလှူငွေကို တစ်လလျှင် ၁၀၀၀ိ/- ကျပ် (ကျပ်တစ်ထောင်) သတ်မှတ်ပါတယ်။ ခြောက်လ တစ်ကြိမ် လှူဒါန်းခြင်းဖြစ်လို့ ခြောက်လစာ ခြောက်ထောင်ကျပ်ကို အလှူ မလှူဒါန်းမီ တစ်ပေါင်းတည်း တစ်ကြိမ်တည်းလည်း ပေးသွင်းလှူဒါန်းနိုင်ပါတယ်
(ခ) သီးသန့်အလှူငွေ စေတနာရှင်များ၏ဆန္ဒအလျောက် အလှူငွေ(ပစ္စည်း)များကိုလည်း လှူဒါန်းနိုင်ပါတယ်။
လှူမယ့်နေရာ ရွေးချယ်ပုံကတော့ ..............
(က) စေတနာရှင်များက မည်သည့်အရပ်ဒေသရှိ မည်သို့သော ဌာနတွင် လှူဒါန်းလိုကြောင်း ဆန္ဒပြုနိုင်ပါတယ်
(ခ) နေရာကို စိတ္တသုခ ပရဟိတလူငယ်များ၊ စေတနာရှင်များ အများစုက အတည်ပြု ရွေးချယ်ကြပါမယ်
(ဂ) စေတနာရှင်များက သီးခြားနေရာတွင် လှူဒါန်းလိုပါက စိတ္တသုခ ပရဟိတလူငယ်များက အလှူဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးပါတယ်။
ဒီလိုလှူကြပါတယ် ...........
(က) ခြောက်လ တစ်ကြိမ် ပင်မ အလှူကို လှူဒါန်းခြင်း
(ခ) နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်း အောင်တော်မူမြတ်စွာဘုရားတွင် ဆီမီးပူဇော်ခြင်း၊
(ဂ) သီးသန့်အလှူရှင်များ၏ အလှူများဖြစ်မြောက်ရေး အကျိုးဆောင်ပေးခြင်း၊
(ဃ) သဘာဝဘေးအန္တရာယ်ကျရောက်ပါက လှူဒါန်းခြင်း၊
(င) လိုအပ်ပါက လုပ်အားဒါန လှူဒါန်းခြင်း။
စိတ္တသုခ ပရဟိတလူငယ်လေးများက ကဗျာလေးတစ်ပုဒ်ရေးဖွဲ့ထားပါတယ် .........
ကူသောလက်ဖြင့်
လိုအပ်နေရာ
အလင်းပေးကာ
စိတ်ချမ်းသာဖို့
ဆောင်ရွက်နေတာ
စိတ္တသုခ
ပရဟိတ
လူငယ်လေးတွေပါ .....
အခွန်အခ
အရင်ဆောင်နေကြ ရေခွန် ၂၀၀၀ ကျပ် ပတ်ဝန်းကျင်က အခု ၇၀၀၀ ကျော် ဆောင်လိုက်ရပါတယ် ......
လျှပ်စစ်မီးခွန်ကတော့ အရင်လတွေကထဲက တိုးသွားတာပါ ..........
Thursday, September 6, 2007
မန္တလေးသားတွေမရိုင်းပါ .............
မှာ မန္တလေးသားနာမည်နဲ့ ဆဲရေးတိုင်ထွာမှုတွေလုပ်နေပါတယ် .....
ကျွန်တော်တို့ မဟုတ်ကြောင်း အသိပေးပါရစေ ........
အဲဒီလိုလုပ်နေတာကိုလည်း ရှုတ်ချပါတယ်ဗျာ ...........
မန္တလေးသားတွေမရိုင်းပါ ......................
Upper Myanmar Journal and Blog Day
Wednesday, September 5, 2007
Myanmar Photo Gallery website မိတ်ဆက်
http://www.myanmarphotogallery.com/
Myanmar Photo Gallery တစ်ခုပါ ............
ဓာတ်ပုံပညာရှင် ညောင်ဦးသန်းဌေး ရဲ့ လက်စွမ်းပြ ဓာတ်ပုံတွေကို ခံစားနိုင်ပါတယ် .........
Silverlight.1.0 ဆိုတဲ့ software တော့ သုံးဖို့လိုပါတယ် ......
Silverlight.1.0 ကိုဒေါင်းလုပ်လုပ်ပြီး သုံးကြည့်နိုင်ပါတယ် .........
Myanmar Blog Directory မိတ်ဆက်

Blog Directory တစ်ခုကို မိတ်ဆက်ပေးတာပါ ...
http://www.sharbar.net/
Myanmar Blog Directory တဲ့ဗျာ ........
မြန်မာပလော့တွေကို လွယ်လွယ်ကူကူ ရှာဖွေနိုင်မယ့်နေရလေးပါ .........
အခုမှပဲ ပလော့တွေကို မြန်မြန်ဆန်ဆန်နဲ့ ရှာနိုင်ပါတော့တယ် .......
တစ်ခါမှ မဖတ်ဘူးသေးတဲ့ အသုံးဝင်တဲ့ ကောင်းတဲ့ ပလော့တွေကို တွေ့ရတယ် .....
ကျွန်တော့်အတွက်တော့ တန်ဖိုးရှိပါတယ် ............
Monday, September 3, 2007
အင်တာဗျူး
gtalk ကို အသုံးပြုပြီး အင်တာနက်ကနေတဆင့် လျှောက်ထားပြီး စင်ကာပူမှာ ကျောင်းတက်ခွင့်ရနေတဲ့သူနဲ့ အင်တာဗျူးနေတာဖြစ်ပါတယ် ......
နေရာကတော့ မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်းရုံးမှာပါ .............
နန်းစု ဟာ စာနယ်ဇင်းပညာသင်တန်းရဲ့ သင်တန်းသူတစ်ဦးလည်းဖြစ်ပါတယ် ..............

Sunday, September 2, 2007
မန္တလေးက Blog Day
World Blog Day 2007 အထိမ်းအမှတ်
Blog for All - Seminar
အခမ်းအနားပုံရိပ်များကို
mdyblogshow.blogspot.com တွင်
တစုတစည်းတည်း တင်ထားပေးပါကြောင်း
အသိပေးအပ်ပါသည်။
Saturday, September 1, 2007
ရန်ကုန်က Blog Day
အောက်ပါလင့်မှာ လှုပ်ရှားမှုပုံရိပ်တွေကို ကြည့်နိုင်ပါတယ် ....
http://why-do-we-blog.blogspot.com/
Blog Day - Seminar (Blog for All) မှာ ပြောခဲ့တာတွေပါ ...
အားလုံးမင်္ဂလာပါခင်ဗျာ
ကျွန်တော်တင်ပြချင်တဲ့ ခေါင်းစဉ်ကတော့ ကျွန်တော်နဲ့ဘလော့ ဖြစ်ပါတယ် ............
အရှေ့မှာ ဘလော့အကြောင်းသိကောင်းစရာနဲ့ ပတ်သက်ပြီး မရတနာချိုက တော်တော်ပြည့်စုံအောင် ပြောခဲ့ ပါတယ် .... နောက်ပြီး ဘလော့နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေကို ဆရာကိုဆန်းဦးနဲ့ ကိုအောင်ချမ်းလင်းတို့ကလည်း ပြည့်ပြည့်စုံစုံ တင်ပြသွားတာကို တွေ့ရပါတယ် ...... ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်သိတဲ့ ဘလော့ တစ်ချို့အကြောင်းကို တင်ပြသွားပါ့မယ် .....
ပထမဆုံးအနေနဲ့ကတော့ ကျွန်တော်ရေးနေတဲ့ ဘလော့ကို အရင်ဆုံး တင်ပြပါရစေ ..... ကျွန်တော်က ဓာတ်ပုံ ၀ါသနာပါတယ် ...... ဓာတ်ပုံရိုက်တယ် ... ဓာတ်ပုံဆရာပေါ့ဗျာ ..... ကျွန်တော်ရိုက်ခဲ့တဲ့ဓာတ်ပုံတစ်ချို့ကို ပလော့ပေါ်မှာတင်တယ် ... စိတ်ဝင်စားတဲ့ ဘယ်သူမဆို လာပြီး ကြည့်လို့ရတယ် .... မိမိရဲ့ အမြင်တွေကို comment မှာ ၀င်ရေးလို့ရတယ် .... အဲဒီလို comment တွေ ၀င်ရေးကြတဲ့ အတွက် အမြင်ချင်းဖလှယ်လို့ရတယ် .... မသိတာတွေ မေးလို့ ရသလို ကိုယ်သိထားတာတွေကိုလည်း ပြန်ပြောပြလို့ရပါတယ် ..... ဒီလိုနဲ့ ပညာတွေ ဖလှယ်ရင်း အပေါင်းအသင်းတွေ ရလာနိုင်ပါတယ် .... community တစ်ခု တည်ဆောက်ပြီး ဖြစ်သွားပါ တယ် ...
ကျွန်တော့်ရဲ့ ဓာတ်ပုံပလော့မှာ ကျွန်တော်ကိုယ်တိုင် ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုပဲ တင်ပါတယ် ....
အနယ်နယ် အရပ်ရပ်မှာ ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေကို မျှဝေခံစားလို့ရအောင် တင်ပေးတာပါ ..... ဓာတ်ပုံတွေကို ကြည့်ပြီး မရောက်ဖူးသေးတဲ့ ဒေသကို ရောက်သွားသလို ခံစားရမယ် .... ဓာတ်ပုံပညာရပ်အနေနဲ့ လေ့လာချင်တယ်ဆိုရင်လည်း လေ့လာလို့ရမယ် ...... လေ့လာပြီးရင် ဝေဖန်ဆန်းစစ်နိုင်မယ် .... ဒါတွေဟာ Blog ပေါ်မှာ ရနိုင်တဲ့ အခွင့်အရေး တစ်ခုပါပဲ .....
တစ်ရက်မှာ .... ၀ါသနာတူတဲ့သူတွေ စုပြီး ဓာတ်ပုံတွေ ၀ိုင်းတင်ကြမယ်လို့ စိတ်ကူးရတယ် .... တိုက်ဆိုင်ချင်တော့ ဓာတ်ပုံပညာကို ဂုဏ်ပြုတဲ့ ဓာတ်ပုံပညာနေ့နဲ့လည်း အချိန်ကိုက် ဖြစ်သွားတယ် ... ဒါနဲ့ ဓာတ်ပုံတွေကို ၀ိုင်းပြီးတင်ကြဖို့အတွက် team blog (gourp blog) လေးတစ်ခု လုပ်ဖြစ် သွားတယ် ..... wpd-mm.blogspot.com ဆိုပြီး နာမည်ပေးခဲ့ပါတယ် ..... အဲဒီပလော့မှာ ဓာတ်ပုံဝါသနာပါတဲ့သူတွေရဲ့ လက်စွမ်းပြဓာတ်ပုံအများအပြားကို တွေ့ရမှာ ဖြစ်ပါတယ် .... ဒီလို team blog (group blog) တွေမှာ အပြိုင်အဆိုင်လေးတွေ မသိမသာ ပါလာတော့ ပိုပြီး မြိုင်ဆိုင်ပါတယ် ..... ကိုယ်ပိုင် ပလော့တစ်ခုပေါ်မှာ ကိုယ့်တစ်ယောက်ထဲ ရေးနေတာထက်စာရင် အုပ်စုလိုက်ဝိုင်းရေးတဲ့အခါမှာ ပိုပြီးတော့ ဂရုစိုက်လာရတယ် ..... ကိုယ့်တင်လိုက်တဲ့ ပို့စ်အတွက် ကိုယ်က တာဝန် အပြည့်ရှိနေပြီဆိုတာ သိလာတာနဲ့အမျှ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေ ပိုကောင်းလာတယ် .... ပိုပြီး အလုပ်လုပ်ဖြစ်သွားပါတယ် ..... ဒါဟာ team blog (group blog) တစ်ခုမှာ ပါလာတဲ့ ကောင်းတဲ့အချက်လေးပါ ....
team blog အနေနဲ့ ရေးခဲ့တဲ့ ပလော့ထဲမှာ့ သင်္ကြန်ပလော့ဟာ အဲဒီအချိန်က active အဖြစ်ဆုံး popular အဖြစ်ဆုံး ဖြစ်ခဲ့ပါတယ် ..... အနယ်နယ် အရပ်ရပ်က သင်္ကြန်အကြောင်းတွေကို တင်ထားကြတော့ စိတ်ဝင်စားစရာ တော်တော်ကောင်းခဲ့ပါတယ် .......
------- ပို့စ်တစ်ချို့ကို ဆလိုက်ပေါ်မှာ လေ့လာကြည့်နိုင်ပါတယ် .....
ကျွန်တော့်ရဲ့ နောက်ထပ် ဘလော့တစ်ခုကို မိတ်ဆက်ရမယ်ဆိုရင်တော့ ဆြာဘ ဆိုတဲ့ ကလောင် နာမည်နဲ့ ရေးထားတဲ့ ဂျာနယ်ပုံစံ ပလော့လေးပါ .... Blogger တစ်ယောက်ဖြစ်တဲ့ ဦးထိပ်နဲ့အတူ ဆရာကိုရိုးကွန့် ဖွင့်လှစ်သင်ကြားနေတဲ့ စာနယ်ဇင်းသင်တန်းကို တက်ရောက်ခဲ့ကြပါတယ် .... အဲဒီသင်တန်းမှာ ရခဲ့တဲ့ ဆြာဘ ဆိုတဲ့ ကလောင် နာမည်ကို နှစ်သက်သဘောကျမိတာနဲ့ ဘလော့ နာမည်ကို ဆြာဘ ဆိုပြီး ပေးခဲ့တာ ဖြစ်ပါတယ် .... စာနယ်ဇင်းသင်တန်းမှာ သင်ကြားလေ့ကျင့် ပေးခဲ့တဲ့ စာရေးနည်းတွေကို အသုံးချပြီး ပလော့မှာ စာတွေရေးဖြစ်ပါတယ် .... ဂျာနယ်တွေ ပေါများနေတဲ့ ခေတ်ကြီးမှာ ဘာလို့ ၀င်မရေးတာလည်းလို့ မေးကြပါတယ် ..... တကယ်တော့ ကျွန်တော် စာတွေ အရမ်းရေးချင်ပါတယ် .... စာနယ်ဇင်းက ပုဂ္ဂိုလ်တွေကိုလည်း လေးစား ပါတယ် ... ကျွန်တော်ရေးတဲ့စာက သိပ်မကောင်းတော့ ပွဲမတိုးရဲဘူးပေါ့ဗျာ .... ဂျာနယ်တိုက်ကို ပို့လိုက်ရင် ပယ်ခံရမှာ သေချာတယ် .... ဒါကြောင့် ကိုယ့်ရဲ့ ပလော့ထဲမှာပဲ စိတ်ကြိုက် ရေးဖြစ်ပါတယ် .... အယ်ဒီတာလည်း ကျွန်တော် .... စာရေးဆရာ (ပလော့ရေးသူ) လည်း ကျွန်တော်ပဲ ပေါ့ဗျာ ..... အပယ်ခံရမှာလည်း ကြောက်စရာမလိုတော့ဘူး .... ကိုယ်ရေးတဲ့ပို့စ်တွေ ကို အားလုံးက ဖတ်နိုင်တယ်ဆိုတော့ သိက္ခရှိရှိရေးဖို့တော့ လိုပါတယ် ..... ကိုယ်ရေးချင်တာ ရေးမယ်ဆိုတာတော့ မရပါဘူး .... ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင်တော့ ရေးဖို့လိုပါတယ် .......
ပလော့တစ်ချို့ကို တင်ပြချင်ပါတယ် ....
ပလော့တွေ များပြားလာနဲ့အမျှ အကြောင်းအရာတွေ ပိုမိုပြည့်စုံလာပါတယ် .... လိုချင်တာမှန်သမျှ ကို ပလော့တွေမှာ ရှာလို့ရနိုင်နေပါပြီ .... ပလော့ရဲ့ တစ်ခုတည်းသော ဆွဲဆောင်မှုဟာ အလကား ရနိုင်တာပါပဲ .... Resourse တော်တော်များများကို အလကားရနိုင်ပါတယ် ... နောက်ပြီး လွယ်လွယ်ကူကူ တည်ဆောက်နိုင်ပါတယ် ...... တစ်ခုရှိတာက ကိုယ်ပိုင် domain နဲ့ မဟုတ်တာ ပါပဲ .... သူများအိမ်မှာ ငှားပြီးနေရတယ်ပေါ့ ..... ပလော့တစ်ခုကောင်းပြီဆိုရင်လည်း website ထက်သာပါတယ် ..... ပလော့ကောင်းရင် website လို့တောင် ပြောလို့ရပါတယ် ........ website ပိုင်တဲ့သူက အိမ်ရှင်ပေါ့ဗျာ ... ကျုပ်တို့ ပလော့တွေကတော့ အိမ်ငှားပါ .... တစ်နေ့တော့ အိမ်ရှင်ဖြစ်အောင် ကြိုးစားဦးမယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါရစေ .............
Blog Day - Seminar တက်ရောက်လာသော Blogger များ
Blog for All - Seminar့ ပုံရိပ်များ (၁)
မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးညီညီလင်းက အမှာစကားပြောကြား
Service+ Co.,Ltd. မှ ဦးရဲထွန်းအောင်၏ အမှာစကားအား ကိုကျော်ကျော်ဝင်းမိုးက ဖတ်ကြား

မရတနာချိုမှ Blog အကြောင်းတစေ့တစောင်းပြောကြား

Blogger ကိုဆန်းဦးမှ Blog အကြောင်းဟောပြော

Blogger ကိုအောင်ချမ်းလင်းမှ Blog အတွေ့အကြုံအကြောင်း ဟောပြော

Blogger ကိုဘဦးမှ ကျွန်တော်နှင့် ဘလော့ ခေါင်းစဉ်ဖြင့် ဟောပြော
Blogger ဦးထိပ်မှာ ကျေးဇူးတင်စကားပြောကြား
တက်ရောက်လာကြသူများ
Blog for All - Seminar အောင်မြင်စွာကျင်းပပြီးစီး
အခမ်းအနားကို မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်တာဝန်ရှိသူများ၊ ဘလော့ကာများ၊ စိတ်ပါဝင်စားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာနယ်ဇင်းဆရာ၊ဆရာမများ စုစုပေါင်း ၄၀၀ကျော် တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာ မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးညီညီလင်းက အမှာစကားပြောကြားတယ်။
အဲဒီနောက်နောက် မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌဦးရဲနိုင်က Live Blog အဖြစ် mdyblogshow.blogspot.com တွင် ပို့စ်တင်ပေးပါတယ်။
ဆက်လက်ပြီး Alpha Info-Tech Co.,Ltd. မှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမြတ်သူက ဗီဒီယိုဖိုင်ဖြင့် အမှာစကားပြောကြားတယ်။ Service+ Co.,Ltd. မှ ဦးရဲထွန်းအောင်၏ အမှာစကားအား ကိုကျော်ကျော်ဝင်းမိုးက ဖတ်ကြားတယ်။
မရတနာချိုမှ Blog အကြောင်းတစေ့တစောင်းပြောကြားပါတယ်။
ထို့နောက် ဘလော့ကာ ကိုဆန်းဦး၊ ကိုအောင်ချမ်းလင်း၊ ကိုဘဦးတို့က ဘလော့အကြောင်း အသီးသီးဟောပြောကြတယ်။
ယင်းနောက် ဘလော့ကာများအား မဲနှိုက်ကာ မိတ်ဆက်ပေးကာ မေးခွန်လွှာအား အဖြေများပြန်လည်ရှင်းလင်းတယ်။ ဆက်လက်ပြီး http://www.mysuboo.com/ အား မိတ်ဆက်တယ်။
ထို့နောက် မေးခွန်လွှာ ဖြေဆိုမှုတွင် ရမှတ်အများဆုံးဖြေဆိုနိုင်သူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်တယ်။
ဆက်လက်ပြီး ဘလော့ကာဦးထိပ်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့တယ်။
အခမ်းအနားအတွက် မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း၊ Alpha Info-Tech၊ Service+၊ http://www.mysuboo.com/ ၊ Future's Sky၊ Azure၊ ivilla၊ kkwinmoe၊ Compu-Care၊ mam၊ AIT၊ မဆွေ၊Heaven's Net၊ iWAY၊ Imagine၊ Nice၊ pantra၊ ဦးကျော်ဇင်(ဗီနိုင်း)၊ NTG၊ Lucky Birds၊ CEM၊ Active Media(CD)၊ ဦးဆန်းဦး-MCC၊ ဦးလှကောင်း၊ မချောအိမာန်၊ Nanologic တို့က ကူညီပံ့ပိုးပေးကာ မန္တလေးဘလော့ကာများက ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်ဗျာ။








ရန်ကုန်မြို့တွင်း ရုပ်ရှင်ရုံများ၌ပြသနေသော အိန္ဒိယရုပ်ရှင်ဇာတ်ကား အချို့မှာ ဘောဘိဝုဒ်အော်စကာဆု အမှန်တကယ်ရရှိ ခြင်းမရှိဘဲ ရုပ်ရှင်ပိုစတာဆိုင်းဘုတ်များတ




