Saturday, September 1, 2007

Blog for All - Seminar အောင်မြင်စွာကျင်းပပြီးစီး

မနေ့က (၃၁-၈-၂၀၀၇) မွန်းလွဲ ၁နာရီမှာ ရတနာပုံဆိုက်ဘာကော်ပိုရေးခန်းမအတွင်း Blog for All ခေါင်းစဉ်ဖြင့် Seminar တစ်ရပ်ကို Blog Day 2007 အထိမ်းအမှတ် အဖြစ် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ် ......
အခမ်းအနားကို မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်တာဝန်ရှိသူများ၊ ဘလော့ကာများ၊ စိတ်ပါဝင်စားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာနယ်ဇင်းဆရာ၊ဆရာမများ စုစုပေါင်း ၄၀၀ကျော် တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာ မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးညီညီလင်းက အမှာစကားပြောကြားတယ်။
အဲဒီနောက်နောက် မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌဦးရဲနိုင်က Live Blog အဖြစ် mdyblogshow.blogspot.com တွင် ပို့စ်တင်ပေးပါတယ်။
ဆက်လက်ပြီး Alpha Info-Tech Co.,Ltd. မှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမြတ်သူက ဗီဒီယိုဖိုင်ဖြင့် အမှာစကားပြောကြားတယ်။ Service+ Co.,Ltd. မှ ဦးရဲထွန်းအောင်၏ အမှာစကားအား ကိုကျော်ကျော်ဝင်းမိုးက ဖတ်ကြားတယ်။
မရတနာချိုမှ Blog အကြောင်းတစေ့တစောင်းပြောကြားပါတယ်။
ထို့နောက် ဘလော့ကာ ကိုဆန်းဦး၊ ကိုအောင်ချမ်းလင်း၊ ကိုဘဦးတို့က ဘလော့အကြောင်း အသီးသီးဟောပြောကြတယ်။
ယင်းနောက် ဘလော့ကာများအား မဲနှိုက်ကာ မိတ်ဆက်ပေးကာ မေးခွန်လွှာအား အဖြေများပြန်လည်ရှင်းလင်းတယ်။ ဆက်လက်ပြီး http://www.mysuboo.com/ အား မိတ်ဆက်တယ်။
ထို့နောက် မေးခွန်လွှာ ဖြေဆိုမှုတွင် ရမှတ်အများဆုံးဖြေဆိုနိုင်သူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်တယ်။
ဆက်လက်ပြီး ဘလော့ကာဦးထိပ်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့တယ်။
အခမ်းအနားအတွက် မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း၊ Alpha Info-Tech၊ Service+၊ http://www.mysuboo.com/ ၊ Future's Sky၊ Azure၊ ivilla၊ kkwinmoe၊ Compu-Care၊ mam၊ AIT၊ မဆွေ၊Heaven's Net၊ iWAY၊ Imagine၊ Nice၊ pantra၊ ဦးကျော်ဇင်(ဗီနိုင်း)၊ NTG၊ Lucky Birds၊ CEM၊ Active Media(CD)၊ ဦးဆန်းဦး-MCC၊ ဦးလှကောင်း၊ မချောအိမာန်၊ Nanologic တို့က ကူညီပံ့ပိုးပေးကာ မန္တလေးဘလော့ကာများက ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်ဗျာ။

No comments: