Wednesday, March 19, 2008

၂၀၀၈ မန္တလေး သင်္ကြန် မှာ သူတို့တွေ မန္တလေးမှာရှိမယ် .....

၂၀၀၈-ခုနှစ် သင်္ကြန်အတွက် မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍာပ်မှာ မန်းစည်ပင် ခေတ်ပေါ်တေးဂီတ၊ မန်းစည်ပင် မြန်မာ့ဆိုင်းဝိုင်း တော်ကြီး နှင့်အတူ Metal Zone တေးဂီတ၊ The Wild One တေးဂီတတို့ပါဝင်အားဖြည့်ထားကြောင်း  သိရပါတယ်။
နှစ်စဉ်ကျင်းပမြဲပုံစံများအတိုင်း မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီ ၀န်ထမ်း လှပျိုဖြူများ၏ သင်္ကြန်ယိမ်းအက၊ အလှများဖြင့် ဧည့်ခံ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။
ယခုနှစ်မှာ သင်္ကြန်မင်းသားကြီး ဇော်ဝမ်း၊ သန်းမြတ်စိုး၊ အကယ်ဒမီနေအောင်၊ ကြည်သာ(ပွဲကြိုက်ခင်)၊ ရင်ဂို၊ ဂရေဟမ်၊ L လွန်းဝါ၊ wall လျှံ၊ ရာဇာနေ၀င်း၊
ကင်းကောင်၊ ကုသိုလ်၊ ကျော်ထူး(ကသုံးလုံးအဖွဲ့)၊
ဖြူဖြူကျော်သိန်း၊ ရေပက္ကာဝင်း၊ ခင်ဖုဏ်း၊ ရွှေထိုက်၊ ချစ်သုဝေ၊ စန္ဒီမြင့်လွင်၊ ပုလဲဝင်း၊ နန်းဆုရတီစိုးနှင့်အဖွဲ့ စသော တေးသံရှင်များ၊
သရုပ်ဆောင်များအား မန္တလေးသင်္ကြန်မှာ ဖျော်ဖြေရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။
နှစ်စဉ် မန္တလေးသင်္ကြန်သို့လာနေကြတဲ့ သင်္ကြန်မင်းသားတစ်ဦးဖြစ်သူ စိုင်းထီးဆိုင်အား ဖိတ်ခေါ်ထားသော်လည်း ရုတ်တရက်ကွယ်လွန်သွားသည့်အတွက် ယခုနှစ်တွင် လာရောက်နိုင်ခြင်းမရှိသည့်အတွက် ၀မ်းနည်းမိပါတယ်။
သို့သော် စိုင်းထီးဆိုင်၏ The Wild One တေးဂီတအဖွဲ့မှာ လာရောက်ဖျော်ဖြေပေးမှာဖြစ်ပါတယ်။

No comments: