Monday, March 17, 2008

ICT Quarter

25-2-2008 နေ့က ရတနာပုံဈေးမီးကြောင့် MICT Park လည်းမီးလောင်ခံခဲ့ရတယ် ...
ကံကောင်းတယ်လို့ပဲ ပြောရမလား ... အခန်းအားလုံး မီးထဲပါသွားတာမဟုတ်ပဲ
တစ်ချို့သာ မီးထဲပါသွားတယ် .....
မီးလောင်ခံရတာပဲ ဖြစ်ဖြစ် မီးအလောင်မခံရတာပဲဖြစ်ဖြစ် MICT Park တစ်ခုလုံး
ဘုံပျောက်ခဲ့ရပါတယ် ....
အိုင်တီနဲ့ စီးပွားရှာနေတဲ့အထဲက ငွေကြေးတတ်နိုင်သူတွေအများစုက
မီးလောင်ပြီးပြီးချင်း ချက်ချင်းဆိုသလိုပဲ နေရာအတွက် လိုက်ရှာကြတယ် ....
ငှားရမ်းကြတယ် .....
အများစု ငှားရမ်းခဲ့ကြတဲ့နေရာလေးက ၇၇x၇၈ လမ်းကြား ၃၁x၃၃ လမ်းကြားထဲမှာ
ဖြစ်နေကြတယ် .....
တိုင်ပင်ထားကြသလားတောင် အောင်းမေ့ရပါတယ် .....
အခုတော့ အဲဒီနေရာလေး ပြင်ဆင်မှုတွေ စတင်မှုတွေနဲ့ စည်ကားစပြုနေပါပြီ ....
မကြာခင် အဲဒီနေရာလေးဟာ အိုင်တီရပ်ကွက် တစ်ခုဖြစ်လာတော့မှာ ဖြစ်ပါတယ် ............

No comments: