Monday, September 17, 2007

မိဘမဲ့ကလေးများ 78 Shopping Centre အလည်သွား

မနေ့က (၁၆-၉-၂၀၀၇) 78 Shopping Centre မှာ ကျင်းပတဲ့ ကလေးဖက်ရှင်ပြိုင်ပွဲမှာ မိဘမဲ့ကလေး-၇၀ လာရောက်ကြည့်ရှုတာကို တွေ့ခဲ့ရပါတယ် .......
ကလေးတွေက ပြည်လုံးချမ်းသာ ပရဟိတကျောင်းတိုက်ကဖြစ်ပါတယ် .......
နေ့လယ်(၁)နာရီလောက်က 78 Shopping Centre ကို ရောက်ရှိလာကြပြီး Happy World ကစားကွင်းမှာ ကစားကြပါတယ် ............
ကစားပြီးတဲ့နောက်မှာ အဟာရကျွေးမွေးပါတယ် .....
အဲဒီနောက်မှ ကလေးဖက်ရှင်ပြိုင်ပွဲကို လာကြည့်ကြတာပါ .....
အလှူငွေနဲ့ပစ္စည်းတွေကို အလှူရှင်များကိုယ်တိုင် ပြည်လုံးချမ်းသာ ပရဟိတကျောင်းကို လှူဒါန်းကြပါတယ် ....
ညနေ (၅)နာရီလောက်မှာ ပြန်သွားကြပါတယ် ................

အလှူခံရရှိတဲ့အလှူငွေ

၁၅-၉-၂၀၀၇ နေ့ပြိုင်ပွဲ ထိုင်ခုံရောင်းရငွေ( ၁၅၀၀၀၀-ကျပ်)
၁၆-၉-၂၀၀၇ နေ့ပြိုင်ပွဲ ထိုင်ခုံရောင်းရငွေ (၁၃၂၀၀၀-ကျပ်)
လျှောက်လွှာရောင်းရငွေ (၆၈၀၀၀-ကျပ်)
အလှူခံပုံးမှအလှူငွေ (၁၅၉၂၅၀-ကျပ်)

စုစုပေါင်း (၅၀၉၂၅၀-ကျပ်)



ပစ္စည်းအလှူ

ဒေါ်စီရုံးမေ (ပိတ်စ ၇၁-စ)
ဒေါ်စန်းစန်းမြင့် (ပုံနှိပ်စာအုပ် ၂၉-အုပ်)
For Baby (အ၀တ်အထည် ၄၃-ထည်)+ (အာရှအချိုရည် ၃-ဖာ)
ဇွဲရဲနိုင်-မွေးနေ့ အလှူ (အလှူခံပုံး ၁-ပုံး)
Happy World (ကလေးများအခမဲ့ကစားခွင့်)
City Mart (မုန့်ထုတ် ၇၇-ထုတ်)






No comments: