
Blog Day အထိမ်းအမှတ်အဖြစ် ပြုလုပ်သော Blog for All - Seminar ကို ကြိုဆို ဂုဏ်ပြုပါတယ် .......
အောင်မြင်စွာ ကျင်းပနိုင်ဖို့ ဆုတောင်းလိုက်ပါတယ်........................
Friday, August 31, 2007
Blog Day - Seminar (Blog for All)
မှတ်စု ဆြာဘ at 1:59 AM 0 comments
Tuesday, August 28, 2007
Blog for All
Seminar ကို
၂၀၀၇ခုနှစ် သြဂုတ် ၃၁ရက် (World Blog Day)
မွန်းလွဲ ၁နာရီတွင်
မန္တလေးမြို့ ရတနာပုံဆိုက်ဘာကော်ပိုရေးရှင်း(အမ်အိုင်စီတီ) ခန်းမတွင်
ကျင်းပမည် ဖြစ်ပါသည်။
ဘလော့ကာများ၊ အင်တာနက်အသုံးပြုသူများ၊
စိတ်ပါဝင်စားသူများမည်သူမဆို
အခမဲ့ တက်ရောက်နိုင်ပါသည်။
မှတ်စု ဆြာဘ at 7:52 AM 0 comments
TO Blogger and Cyber Cafe
ဘလော့ကာများ၊ ဆိုက်ဘာကဖေးများကို အကူအညီတောင်းပါရစေ ........
Blog for All Seminar ကို ကျွန်တော်တို့ ဘလော့ကာများစုစည်းပြီး
မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း၊ ကိုရဲမြတ်သူ Alpha ကွန်ပျူတာ၊ Service+ ၊ Future Sky Cybercafe. . . စတဲ့ ကူညီသူများရဲ့ အကူအညီနဲ့ အောင်မြင်စွာ ကျင်းပဖို့ ဆောင်ရွက်နေပါတယ် . . .
ဒါကြောင့် အဆိုပါ Blog for All Seminar ကို ဘလော့ကာများ အားလုံး တက်ရောက်ပေးကြဖို့နဲ့ လုပ်ဆောင်စရာများကို ပါဝင်ဆောင်ရွက်ပေးကြဖို့ ဖိတ်ခေါ် အကူအညီတောင်းချင်ပါတယ်။
နောက် ဘလော့ကာများအနေဖြင့် မိမိအသုံးပြုတဲ့ ဆိုက်ဘာကဖေးကို ဒီပို့စ်လေး ဖတ်ဖြစ်ရင် ပြပြီး အောက်က အကြောင်းလေးကို ပြောပေးကြပါဗျာ ...
ကျွန်တော်တို့ Blog for All Seminar မှာ တက်ရောက်သူအားလုံးကို အင်တာနက် အခမဲ့၂ နာရီ အသုံးပြုခွင့် ကတ်လေးတွေ ပေးဝေချင်ပါတယ်။
ဒါကြောင့် ဆိုင်ဘာကဖေးများက ကူညီဆောင်ရွက်ပေးစေချင်ပါတယ်ခင်ဗျာ။
အခု လောလောဆယ်ဆယ် အင်တာနက်ကဖေး ၂ခုဖြစ်တဲ့ iWay နဲ့ Heaven Net တို့က အင်တာနက်၂နာရီအသုံးပြုခွင့် ၂၀ကတ်စီ ရရှိထားပြီးပါပြီ။ Imagine ဆိုက်ဘာကဖေးက ၂နာရီအသုံးပြုခွင့်ကတ် ၁၀ခု ရရှိထားပါတယ်။
ကျွန်တော်တို့ ဘလော့ရေးသူများဟာ များသောအားဖြင့် ဆိုက်ဘာများက အသုံးပြုရတာပါ။
အသုံးပြုရင်လည်း နာရီရှည် သုံးကြပါတယ်။
ဒီလို အင်တာနက်အသုံးပြုသူများ ကိုယ့်ရဲ့ ဆိုက်ဘာကဖေးကို သိခွင့် ဒီ Seminar မှာ ကြေညာပြီး ဖြစ်ပါလိမ့်မယ်။
ကိုယ့်ရဲ့ ဆိုက်ဘာကဖေးကို အင်တာနက် တကယ်အသုံးပြုသူများ သိရှိစေဖို့ တကယ့်အခွင့်အရေးကောင်းပါ။
ဒါကြောင့် ဒီအခွင့်အရေးကောင်းကို အသုံးမိစေဖို့ ဆိုက်ဘာကဖေးများ အားလုံးကို ဖိတ်ခေါ်ပါတယ်။
တကယ်လို့များ အခမဲ့ အသုံးပြုခွင့်ပြုမယ်ဆိုပါက ကတ်များကို ကျွှန်တော်တို့က ဆောင်ရွက်ပေးပါ့မယ်
အောက်က မေးလ်များကို ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။
sayaba.mdy@ဂျီမေးလ်း.com
uhteik@ဂျီမေးလ်း.com
မှတ်စု ဆြာဘ at 7:47 AM 0 comments
Labels: blog day
Sunday, August 26, 2007
Blogger တစ်ဖြစ်လဲ ရွေမန်းမယ် ...
ရွှေမန်းမောင် ရွှေမန်းမယ် ပြိုင်ပွဲ ကို ဦးထိပ်နဲ့ ရောက်ခဲ့တယ် ......
Blogger တစ်ယောက်ပါမယ်ဆိုတော့ အားပေးတဲ့အနေနဲ့ပေါ့ဗျာ ......
ပြီးအောင်တောင်မကြည့်လိုက်ရပါဘူး .....
အိမ်က သံပတ်ပေးပြီးလွတ်လိုက်တာဆိုတော့ သံပတ်ကုန်တာနဲ့ ပြန်ရတာ ......
ပြိုင်ပွဲအပြီးမှာ သိရတာကတော့ ကျွန်တော်တို့ရဲ့ Blogger က တတိယရပါတယ်တဲ့ .....
သူလေးကတော့ မရတနာချို ပါတဲ့ဗျာ .....
မရတနာချိုရဲ့ ပြိုင်ပွဲဝင် ပုံရိပ်လေးတွေကို ဂုဏ်ပြု တင်ပြလိုက်ပါတယ်ဗျာ .......









မှတ်စု ဆြာဘ at 8:26 PM 0 comments
Friday, August 24, 2007
Blogger (Mandalay) Meeting for Blog Day 2007
Blog Day အတွက် ဆွေးနွေးတိုင်ပင်ရန်
၂၅-၈-၂၀၀၇ (စနေနေ့) မွန်းလွဲ (၁)နာရီ
ရတနာပုံဈေး တတိယထပ်ရှိ Myanmar Info Tech (ယခင် MICT) Canteen သို့
ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ် .............
ကျေးဇူးပြုပြီး Blogger (Mandalay) အားလုံးတက်ရောက်ပါရန် အားလုံးကိုယ်စား ဖိတ်ကြားပါတယ် .....
မှတ်စု ဆြာဘ at 11:27 AM 0 comments
Thursday, August 23, 2007
တောင်ပြုံးပွဲ
ဒီနေ့ တောင်ပြုံးပွဲကို ရောက်ခဲ့တယ် .......
တောင်ပြုံးပွဲမှာ တွေ့သမျှမြင်သမျှကို မှတ်တမ်းတင်မိတယ် ....
အဲဒီထဲက တစ်ချို့က ...........




မှတ်စု ဆြာဘ at 7:20 PM 0 comments
Wednesday, August 22, 2007
အကြိုက်ဆုံးအဟောင်း-၅
ပုဂံသားတို့ကတော့ လုပ်ချလိုက်ပြန်ပြီ .....
အကြိုက်ဆုံး အဟောင်း -၅ ဆိုလားပဲ ......
အဲဒါ tag လုပ်ထားတယ် ....
အဟောင်းဆိုတာ အဟောင်းပါပဲ ....
အဟောင်းထဲမှာ ကောင်းတာတော့ရှိတာပေါ့ ...........
သို့သော်လည်း ဘာတွေ ဘယ်လောက်ရေးမိမှန်းမသိတော့ဘူး .......
အဟောင်းထဲက အကြိုက်ဆုံး ၅-ခု ရွေးပေးမယ်ဗျာ .....
(၁) အလှူ
(၂) 2007 Art House Myanmar Font
(၃) တောင်သမန်ကန်ရေပြည့်ပြီ
(၄) ၀ါဆိုခြင်းအလှခတ်ပွဲ
(၅) ကာတွန်းနှင့်စိတ်ခွန်အား
ဘာကြောင့်ရွေးရသလဲလို့တော့ မပြောတော့ပါဘူး ........
တစ်ခုခြင်းဆီမှာ အတွေးတစ်ခုဆီတော့ ရှိနေတာအမှန်ပဲ ...............
မှတ်စု ဆြာဘ at 10:56 AM 0 comments
Monday, August 20, 2007
မှတ်သားဖွယ်
၁၉-၈-၂၀၀၇ရက်နေ့က ကျင်းပမယ့် မန္တလေးဓာတ်ပုံအသင်းက ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့ဓာတ်ပုံပညာနေ့ အခမ်းအနား အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်လိုက်ဘူးဗျာ ...
မှတ်စု ဆြာဘ at 2:26 PM 0 comments
Sunday, August 19, 2007
World Blog Day 2007 (Mandalay)
သြဂုတ်လ(၃၁)ရက်နေ့မှာ World Blog Day 2007 အတွက် မန္တလေး Blogger များမှ Activities တစ်ခုလုပ်ဖို့ ၁၂-၈-၂၀၀၇ နေ့ကတစ်ကြိမ်၊ ၁၈-၈-၂၀၀၇ နေ့ကတစ်ကြိမ် တိုင်ပင် စည်းဝေးကြပါတယ် .......
ရဲတွေက စပွန်ဆာပေးမယ်လို့ သိရပါတယ် ............
ဦးရဲနိုင် MCPA က ခန်းမ၊ ဦးရဲမြတ်သူ Alpha က ဝေငှရန် နည်းပညာ CD၊ ဦးရဲထွန်းဦး service + က သတင်းစာကြော်ငြာနဲ့စာရွက်စာတမ်းများအတွက် တာဝန်ယူမယ်လို့သိရပါတယ် .....
NTG, Future Sky, Azure အစရှိတဲ့ ကုပ္မဏီများကလည်း အစားအသောက်ကျွေးမွေးရေး၊ အထိမ်းအမှတ်လက်ဆောင် Ball Pen များဝေငှရေး၊ Quiz အမေးအဖြေမှန်သူများအတွက် ဆုလက်ဆောင်များ ပေးဖို့ တာစူနေတယ်လို့သိရပါတယ် ..........
i-way, xeon, spy mandalay အစရှိတဲ့ အင်တာနက်စင်တာများကလည်း အင်တာနက်အသုံးပြုခွင့်ကဒ်များကို ဝေငှပေးနိုင်ဖို့ အကူအညီတောင်းကြမယ်လို့ သိရပါတယ် ......
ကူညီပံ့ပိုးပေးတဲ့သူတွေတော့ ရှိနေပါပြီ .......
Blogger များဖက်ကလည်း ဘာတွေကူညီပေးကြမလဲ .......
Blogger များဖက်ကလည်း ဘာတွေလုပ်ဖို့ စဉ်းစားထားကြသလဲ ......
Blogger များဖက်က ဒီပွဲကနေ လာရောက်တဲ့ ပရိတ်သတ်အတွက် ဘာတွေများပေးနိုင်မလဲ ............... (အသိပညာ၊ အတတ်ပညာ)
Blogger အားလုံးတက်ရောက်ဖို့လည်း ဒီကနေဖိတ်ခေါ်လိုက်ပါရစေ .........
မန္တလေးမှာ ကျင်းပမယ့် World Blog Day 2007 (Mandalay) ကို ကြိုဆိုနိုင်ဖို့ မိမိ Blog များမှာ Logo လေးတစ်ခုထည့်ပေးစေချင်ပါတယ် ..........
Logo လေးကို တတ်သလောက် မှတ်သလောက် ဆွဲပေးထားပါတယ် ..........
ဒီထက်ပိုကောင်းမယ့် Logo ဆွဲပေးနိုင်မယ်ဆိုရင်လည်း ကြိုဆိုပါတယ် ..........
ကဲ ... World Blog Day (Mandalay) ကို ကြိုဆိုတဲ့အနေနဲ့ Logo လေးကို မိမိ Blog မှာ ထည့်ကြရအောင်ဗျာ .........

မှတ်စု ဆြာဘ at 2:03 PM 0 comments
Labels: World Blog Day 2007 (Mandalay)
Friday, August 17, 2007
World Photography Day (Myanmar)
၁၉-၈-၂၀၀၇ ရက်နေ့ဟာ ကမ္ဘာ့ဓာတ်ပုံပညာနေ့ ဖြစ်ပါတယ် .......
ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ဂုဏ်ပြုဆင်နွဲနိုင်ဖို့အတွက်
ဓာတ်ပုံချစ်မြတ်နိုးသူတိုင်း
အပျော်တမ်းရိုက်တာပဲ ဖြစ်ဖြစ်
စီးပွားဖြစ်ရိုက်တာပဲဖြစ်ဖြစ်
ဝါသနာပါလို့ ရိုက်တာပဲဖြစ်ဖြစ်
ဘယ်သူမဆို မိမိရဲ့ လက်စွမ်းပြဓာတ်ပုံများကို
တင်ပေးနိုင်ဖို့ Team (Group) Blog တစ်ခုလုပ်ထားပါတယ် .......
wpd-mm.blogspot.com သို့ ၀င်ရောက်လေ့လာနိုင်ပါတယ် .........
မိမိရဲ့ လက်စွမ်းပြဓာတ်ပုံများကို တင်ပေးခြင်းဖြင့် ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ကြိုဆိုဂုဏ်ပြု ဆင်နွဲကြရအောင်ဗျာ ........
မှတ်ချက် ။ ။ ဓာတ်ပုံ Post လုပ်လိုသူများ Comment တွင် မိမိ၏ email address ၀င်ရေးပေးပါ ....
ဒါမှမဟုတ် email ပို့ပါ ..........
မှတ်စု ဆြာဘ at 7:30 AM 1 comments
Thursday, August 16, 2007
ညဉ်းချင်း
နေ့စဉ်နဲ့အမျှ ထမင်းစားဖို့ပဲ အလုပ်လုပ်နေရတယ် ....
တကယ်တော့
အလုပ်လုပ်ဖို့ပဲ ထမင်းစားချင်တာပါ .............
မှတ်စု ဆြာဘ at 9:52 AM 0 comments
Wednesday, August 15, 2007
ယနေ့ဓာတ်ဆီဈေးနှုန်း
ဓာတ်ဆီ ၁-ဂါလန် ၂၅၀၀-ကျပ်
ဒီဇယ် ၁-ဂါလန် ၃၀၀၀-ကျပ်
တရားဝင်ထုတ်ဈေးပါ ......
ဒီနေ့မနက်ဆီသွားထုတ်တော့ ဒီလိုဖြစ်သွားပါပြီ ...........
မှတ်စု ဆြာဘ at 8:26 AM 2 comments
Tuesday, August 14, 2007
Mandalay Blog Day 2007



မန္တလေးရဲ့ Blog Day ကျင်းပနိုင်ဖို့အတွက် အစည်းအဝေး ၁၂-၈-၂၀၀၇ နေ့မှာ MCPA ရုံးခန်းမှာ ကျင်းပဖို့ မရတနာချိုက အီးမေးလ်နဲ့ ဖိတ်စာပို့ပါတယ် .... အဲဒီနေ့က မရောက်ဖြစ်လိုက်ဘူးဗျာ ......... ဦးထိပ်ရဲ့ ပို့စ်တက်လာတော့လည်း အသေးစိပ်ကို ကိုဇော်မျိုးအောင်၊ မရတနာချို၊ မြလွှာ တို့ Blog မှာ ဖတ်ဖို့ ညွန်းထားပြန်တယ် ..... ဘာလုပ်ကြမယ်ဆိုတာလေး ပို့စ်တင်ပေးကြပါလား ...... သိရတာပေါ့ ........
မှတ်စု ဆြာဘ at 1:48 PM 0 comments
Labels: blog day
Monday, August 13, 2007
သိပ္ပံနည်းစနစ်ကျကျ ဖရဲသီးစားသုံးခြင်း
အရည်ရွှမ်း၍ ချိုမြမြရှိသော ဖရဲသီးသည် နွေခေါင်ခေါင်ကာလများ၌ လူအများ နေ့စဉ်စားသုံးသည့် သစ်သီးဝလံ ဖြစ်သည်။ သို့ရာတွင် ဖရဲသီးသည် လူတိုင်းလည်း စားသုံးရန်မသင့်ပါ။ စားသုံးသည် ဖြစ်စေကာမူ သိပ္ပံနည်း စနစ်ကျကျ ဂရုတစိုက် စားသုံးရမည်။ အချို့သော ဝေဒနာရှင်များ (သို့မဟုတ်) တစ်စုံတစ်ခုသော အခြေအနေ၌ မစားသုံးလျှင် အကောင်းဆုံးဖြစ်သည်။
ဆီးချိုရောဂါဝေဒနာရှင်များ
ဖရဲသီးတွင် သကြားဓာတ် (၅%)၊ အဓိကမှာ ဂလူးကို့(စ)ဓာတ်၊ ကြံသကြားဓာတ်နှင့် သစ်သီးသကြားဓာတ်အချို့ ပါဝင်ခြင်းကြောင့် ဖရဲသီးစားပြီးနောက် သွေးသကြားဓာတ် တိုးတက်စေတတ်သည်။ ဆီးချိုရောဂါ ဝေဒနာရှင်များသည် အချိန်တိုတိုအတွက် ဖရဲသီး အလွန်အကျွံ စားသုံးမိလျှင် သွေးသကြားဓာတ် မြင့်တက်ရုံမျှမက ၄င်းအခြေအနေကြောင့် ရောဂါအခြေအနေများ ပိုမိုပြင်းထန်၍ ရောဂါသစ်များ အစားထိုးဝင်ရောက် ပြောင်းလဲလာနိုင်ကာ အချဉ်ဓာတ်ပေါက်ပြီး အဆိပ်သင့် စေနိုင်ပါသည်။
ကျောက်ကပ်၏လုပ်ဆောင်နိုင်မှုအားနည်းသူများ
ကျောက်ကပ်၏ လုပ်ဆောင်နိုင်မှု အားနည်းသူများ အနေဖြင့် ဖရဲသီး အလွန်အကျွံ စားမိလျှင် ၄င်းအခြေအနေကြောင့် ရေဓာတ်အများအပြား လက်ခံရရှိကာ ရေကိုအချိန်မှီ မစွန့်ပစ်နိုင်ဖြစ်ပြီး၊ ခန္ဓာကိုယ်တွင်း၌ ရေဓာတ်များ စုဆောင်းသိုလှောင်မှု ပမာဏ ကျော်လွန်၍ သွေးဆံ့ဝင်မှုပမာဏ များပြားလာစေနိုင်ပါသည်။ ထို့ကြောင့် ရေဖျဉ်းစွဲနာအဖြစ် ပိုမိုပြင်းထန် လာရုံမျှမကပဲ နှလုံးစွမ်းအား လုံးဝကုန်ခန်းသွားပြီး ရောဂါများ အလွယ်တကူ ဖြစ်ပွားလာစေနိုင်သည်။ ယင်းကြောင့် ၄င်းရောဂါရှင်များ အနေဖြင့် ဖရဲသီးကို လျှော့စားခြင်း (သို့မဟုတ်) ဖြစ်နိုင်လျှင် မစားသုံးသင့်ပေ။
အအေးမိစအချိန်ကာလ
တရုတ်တိုင်းရင်းဆေးပညာအနေဖြင့် အအေးမိစအချိန်သည် အပေါ်ယံရောဂါအဖြစ် မှတ်ယူ၍ ရောဂါဘယကို အပေါ်ယံ ပျံ့လွင့် ကုထုံးနည်းဖြင့် ကုသကြသည်။ ထို့အပြင် ၄င်းကုထုံး မပြီးဆုံးခင်တွင် ခုခံကာကွယ်ခြင်းသည် ရောဂါအခြေအနေကို ပိုမိုပြင်းထန်စေသည်ဟု ယူဆကြသည်။ ဖရဲသီးသည် အတွင်းအပူကို ငြိမ်းအေးစေသည့် အာနိသင်ရှိခြင်းကြောင့် ထိုအချိန်၌ ဖရဲသီးစားသုံးခြင်းသည် အအေးမိခြင်းကို ပိုမိုပြင်းထန်စေနိုင်သည် သို့မဟုတ် ရောဂါကို ရှည်ကြာစေနိုင်သည်။
ထမင်းမသုံးဆောင်မီနှင့်သုံးဆောင်ပြီးစချိန်၌ စားသုံးရန်မသင့်
ဖရဲသီးအတွင်းရှိ ရေဓာတ် အမြောက်အများသည် အစာအိမ်အတွင်းရှိ အစာခြေဓာတ်ရည်များကို စုပ်ယူစေတတ်ခြင်းကြောင့် ထမင်းမသုံးဆောင်မီနှင့် သုံးဆောင်ပြီးစအချိန်၌ စားသုံးပါက အစားအစာများ၏ အစာချေဖျက်စုပ်ယူမှုကို ထိခိုက်စေသည်။ ထို့ပြင် ထမင်းမသုံးဆောင်မီ ဖရဲသီး အများအပြားစားသုံးပါက အစာအိမ်၏ မျက်နှာပြင်ထုထည်ကို နေရာယူသကဲ့သို့ဖြစ်ကာ ထမင်းစားသုံးစဉ် အာဟာရဓာတ်များ လက်ခံရရှိနိုင်မှုအား လျော့ပါးစေပါသည်။
ရေခဲစိမ်ဖရဲသီးလျှော့စားရန်
ပူအိုက်သည့် နေ့ရက်များ၌ ရေခဲစိမ် ဖရဲသီးစားသုံးခြင်းသည် အပူဒဏ်ဖြေလျော့မှု အာနိသင်ရှိသော်လည်း အစာအိမ်ကို လွန်စွာ ထိခိုက်စေခြင်းကြောင့် အလွယ်တကူ ပျက်စီးမှု ဖြစ်စေသည်။ ဖရဲသီးကို အပူချိန် ၈ ဒီဂရီ မှ ၁၀ ဒီဂရီစင်တီဂရိတ်ခန့်ရှိသည့် အအေးခန်းအတွင်း ထားလျှင် အသင့်တော်ဆုံးဖြစ်ပြီး၊ နေ့စဉ်စားသုံးမှု ပမာဏမှာ ၅၀၀ ဂရမ်ထက် မကျော်လွန်စေပဲ ဖြေးဖြေးခြင်း စားသုံးရန်ဖြစ်သည်။
မှတ်စု ဆြာဘ at 12:37 PM 0 comments
Wednesday, August 8, 2007
88 (2)
၈၈ ရဲ့ နောက်အဓိပ္ပာယ် ပြောပါဦးလို့ မေကိုကို (maykoko.blogspot.com) က စီဘောက်ထဲမှာ လာပြီးအော်ထားတယ် ......
ပြောပြရမှာပေါ့ ..............
၈၈ ကြမှပဲ တိုက်ဆိုင်နိုင်လွန်းတယ် .................
chatting ထဲမှာ နောက်ဆုံး နုတ်ဆက်တဲ့အခါ ထိုင်ဝမ်က ညီငယ်နဲ့ ညီမငယ်က 88 ဆိုပြီး နုတ်ဆက်တယ်ဗျ .....
အစပိုင်းကတော့ ညမှာ chat တာဆိုတော့ အိပ်အိပ်ဆိုပြီး အိပ်ခိုင်းတာလို့ ထင်နေခဲ့တာ ......
နောက်ပိုင်းမှပဲ 88 ဆိုတာ တရုတ်လို အတိုကောက်စာလုံး တစ်လုံးပါတဲ့ .........
Bye Bye တဲ့ ဗျာ ....................
၈၈ ရဲ့ နောက်အဓိပ္ပာယ်ကို ကျေနပ်တော့နော် .........
နောက်ထပ် နောက်ထပ် အဓိပ္ပာယ်ကိုတော့ မသိတော့ပါ ...................
တိုက်ဆိုင်မှုတစ်ခုကတော့ ဒီနေ့ထိ ပို့စ်တင်တာ ၈၈-ပို့စ်မြောက်ကို ရောက်သွားတာပါပဲ ဗျာ ..................
မှတ်စု ဆြာဘ at 7:15 PM 0 comments
၃၈ ဖြာ မင်္ဂလာ (သို့) မင်္ဂလာတရားသည် ကြီးပွားခြင်း ၏ အကြောင်းဖြစ်၏
CMS က tag လုပ်ထားတာတော့ ကြာပါပြီ .............
မရေးတတ်တာနဲ့ မသိချင်ယောင်ဆောင်နေတာပါ ...........
ခေါင်းစဉ်က ၃၈ ဖြာ မင်္ဂလာ (သို့) မင်္ဂလာတရားသည် ကြီးပွားခြင်း ၏ အကြောင်းဖြစ်၏ တဲ့ ......
ဒီလို heavy ဖြစ်တဲ့ဟာမျိုးရေးဖို့ လက်တွန့်မိတယ် ........
မရေးတတ်ဘူးပေါ့ဗျာ ............
ဖတ်မိတဲ့ထဲက ကျော်ဗဟိန်းရေးထားတဲ့ သိသူနှင့်မသိသူ ဆိုတဲ့ဆောင်းပါးလေးကို တင်ပြလိုက်ပါရစေဗျာ ....
၂၀၀၇ သြဂုတ်လထုတ် The VOICE ဂျာနယ်၊ vol 3 / No 43 ပါ ဆောင်းပါးလေးပါ .......
ကိုယ့်မှတ်စုထဲမှာပဲ ကိုယ်မှတ်သားထားလေတော့ ခွင့်ပြုချက်တောင်းစရာ မလိုဘူးလို့ထင်ပါတယ် ..........
နောက်တစ်ခုက ခေါင်းစဉ်နဲ့ ကိုက်မကိုက်ဆိုတာတော့ မသိဘူး .............
ရေးဖို့ကြိုးစားရင်း ဖတ်မိတဲ့ ဆောင်းပါးလေးကို တင်လိုက်တာပဲ .........................
-----------------------------------------------------------------------------------------------
သိသူနှင့် မသိသူ
ကျော်ဗဟိန်း
အလုပ်သဘောအရ မိတ်ဆွေများထံ သွားရောက်လည်ပတ်ရန် အခွင့်အလမ်းနည်းသောကြောင့် ကျွန်ုပ်ထံ လာလည်သော မိတ်ဆွေများကိုမူ အလုပ်အားလျှင်အားသလို လက်ဖက်ရည်၊ ကော်ဖီသောက်ရင်း စကားပြောရခြင်းကို ကျွန်တော်နှစ်သက်သည်။ ထို့ကြောင့်ပင် ထိုနေ့က မိမိထံလာလည်သော မိတ်ဆွေကို အနီးအနားရှိ ကော်ဖီဆိုင်တစ်ခုသို့ ခေါ်ဆောင်ကာ ကော်ဖီသောက်ရင်း စကားပြောဖြစ်သည်။ ဟိုအကြောင်း သည်အကြောင်း စကားပြော၍ မိနစ်အတန်ကြာသောအခါ မိတ်ဆွေဖြစ်သူ အဓိက ဦးတည်လာလည်သော မီဒီယာ၏ အကြီးအကဲဟောင်းထံမှ ၀န်ထမ်းတစ်ဦး ရောက်လာကာ မိတ်ဆွေဖြစ်သူကို လာတွေ့နိုင်ပြီ ဖြစ်ကြောင်း ပြောသည်။ ထိုအခါ မိမိနှင့်ပြောနေသော စကားကို ရုတ်ခြည်းဖြတ်၍ “နောက်မှတွေ့ကြရအောင်ဗျာ” ဟုဆိုကာ သောက်လက်စ ကော်ဖီကိုပင် ကုန်အောင်မသောက်ဘဲ မိတ်ဆွေဖြစ်သူ ထပြေးသွားသည်။ ကျွန်တော့်မှာ သောက်လက်စ ကော်ဖီပန်းကန်နှစ်ခွက်ဖြင့် ကြောင်စီစီ ကျန်ရစ်ခဲ့သည်။
မိတ်ဆွေဖြစ်သူမှာ လတ်တလော အလုပ်လက်မဲ့ ဖြစ်နေသည်။ အလုပ်အကိုင် အခွင့်အလမ်းရလိုရငြား သူ့အကြီးအကဲဟောင်းထံ လာရောက်ခြင်းဖြစ်၍ ဤမျှ အလျင်စလို ဒရောသောပါး ထွက်သွားခြင်း ဖြစ်ပုံရသည်။ ယင်းကို ကျွန်တော်သဘောပေါက်သည်။ သို့သော် ကျွန်တော်သည်လည်း အားချိန် သိပ်ရှိလှသူ မဟုတ်။ အလုပ်များသည့်ကြားက မိတ်ဆွေကို တကူးတကလိုက်၍ ဧည့်ဝတ်ပြုခြင်း ဖြစ်သည်။ မိတ်ဆွေကမူ ကျွန်တော်၏ ဧည့်ဝတ်ပြုမူနှင့် မိတ်ဆွေသဘောခင်မင်မှုကို ပေါ့တန်စွာ သဘောထားကာ ကော်ဖီခွက်ကိုပင် ကုန်အောင်မသောက်နိုင်ပဲ ကျွန်တော်တစ်ယောက်တည်းထားခဲ့သည်။ တကယ်ဆိုရလျှင် ယဉ်ကျေးမှုသဘောနှင့် လူ့ကျင့်ဝတ်နီတိသဘောအရ အချိန်မိနစ် အနည်းငယ်ခန့် ကျွန်တော်နှင့်ထိုင်ကာ ကော်ဖီကုန်အောင်သောက်၍ အတူသွားလျှင်ရပါလျက် အားနာစကားပင် မပြောဘဲ ၀ုန်းဆိုထွက်သွားခြင်းမှာ ဧည့်ဝတ်ပြုနေသော မိတ်ဆွေတစ်ဦးအပေါ် မယဉ်ကျေးရာရောက်သည်။
စင်စစ် မိတ်ဆွေဖြစ်သူ ဘာ့ကြောင့် ဤသို့ ပြုမူသွားခြင်းကို ကျွန်တော်နားလည်ပေးနိုင်သည်။ အကြောင်းမှာ သူ ယခင်အလုပ်လုပ်ခဲ့ဖူးသည့် မီဒီယာ၏ အကြီးအကဲအပေါ် လိုအပ်သည်ထက်ပို၍ လေးစားကြောက်ရွံ့နေခြင်းနှင့် သူ့အတွက် လက်ရှိအချိန်သည် အလုပ်သစ်တစ်ခု အမြန်ရရေးဖြစ်နေသောကြောင့်ပင်။
အကြီးအကဲဟောင်းတစ်ဦးကို ရိုသေလေးစားခြင်းမှာ မြန်မာ့ယဉ်ကျေးမှုအရ ကောင်းသော လက္ခဏာတစ်ရပ် ဖြစ်သည်။ သို့သော် ကြောက်ရွံ့ခြင်းမှာမူ ကောင်းသောလက္ခဏာတစ်ရပ် မဟုတ်ပါ။ မိတ်ဆွေဖြစ်သူ ထိုမီဒီယာအကြီးအကဲလက်အောက်တွင် အလုပ်လုပ်စဉ်က မည်သို့သော အကြောင်းတရားများရှိနေသနည်း။ မိမိကို ဧည့်ဝတ်ပြုနေသည့် မိတ်ဆွေတစ်ဦးအပေါ် အလေးထားမူမရှိဘဲ ဤမျှ ဒရောသောပါးထွက်သွားရပါသနည်း။ ထိုသို့ ပြူးပြူးပြာပြာ ဖြစ်လောက်အောင် အရေးကြီးပါလျက်ဘာ့ကြောင့် ကော်ဖီဆိုင်ကို ကျွန်တော်နှင့် အေးအေးဆေးဆေး လိုက်ပါလာရသနည်း။ စသည် စသည်ဖြင့် ကျွန်တော့်ထံတွင် မေးခွန်းများစွာ ရှိနေသော်လည်း သေချာစဉ်းစားကြည့်သောအခါ အဖြေမှာ တစ်ခုသာရှိသည်။ ယင်းမှာ မြန်မာလူမှု ပတ်ဝန်းကျင်တွင် ခေါက်ရိုးကျိုးနေသော အထက်အောက်ဆက်ဆံရေးပင် ဖြစ်သည်။ တစ်ခေတ် တစ်ခါက ဗဟိုဦးစီးစနစ်ကျင့်သုံးခဲ့သော ကာလတစ်ခုတွင် နှစ်ပေါင်းအတန်ကြာ ကျင်လည်ကြီးပြင်းခဲ့ကြရသည့် နိုင်ငံသား အများစုတွင် ကြောက်စိတ် ကြီးစိုးနေတတ်ကြသည်။
ကြောက်စိတ်သည် လူသားတစ်ဦး၏ ဘ၀ အစွမ်းရှိသရွေ့တိုးတက်ခွင့်ကို ပိတ်ဖုံးစေသောအရာဖြစ်သည်။ ဤသို့ ဆိုခြင်းကြောင့် ဘယ်အရာကိုမှ ကြောက်စရာမလိုဟု သဘောမရောက်၊ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း၊ သမ္မာအာဇီဝမကျသော အသက်မွေးဝမ်းကျောင်းပြုခြင်း၊ မရထိုက် မယူသင့်သော အခွင့်အရေးများကို ယူခြင်း၊ မျက်မှောက်ဘ၀တွင် သံသရာတင်မည့် အကြွေးယူခြင်း စသည့် မင်္ဂလာတရားနှင့် မညီသောမှုကိစ္စတို့ ပြုမှုခြင်းတို့ကိုသာ အကြောက်တရားရှိရမည်ဖြစ်သည်။
ထိုနေ့က ကျွန်တော့်အပေါ် မယဉ်မကျေးပြုမူသွားသော မိတ်ဆွေကို ကျွန်တော် စိတ်မဆိုးပါ။ ဘယ်အရာကို ကြောက်ရမည်။ ဘယ်အရာကို ရှက်ရမည်ဆိုသော ဟီရိသြတ္တပတရား ကောင်းစွာ မသိသေးသူတစ်ယောက် အဖြစ်သာ သနားစိတ်ဖြစ်မိသည်။
-----------------------------------------------------------------------------------------------
မှတ်စု ဆြာဘ at 12:45 PM 1 comments
၈၈
ဒီနေ့ ၈ ရက် ၈ လ ပါ ...........
၈၈ ပေါ့ဗျာ ...
၈၈ ကို တရုတ်လို ပါ့ပါ့ (八八)လို့ အသံထွက်ပါတယ် .....
ဖေဖေ ဆိုတာကိုလည်း တရုတ်လို ပါ့ပါ (爸爸) လို့ အသံထွက်ပါတယ် .....
သံတူကြောင်းကွဲပေါ့ဗျာ ......
အဲဒါ တရုတ်စကားပြောတဲ့ တိုင်းပြည်တွေမှာ ဒီနေ့ကို ဖေဖေနေ့ လို့ ပြောကြပါတယ် ......
ဖေဖေနေ့မှာ ဖေဖေ ခါတိုင်းထက် ပိုပြီး ကျန်းမာပျော်ရွှင်ပါစေဗျာ .......................
စာကြွင်းးးးး
တိုက်တိုက်ဆိုင်ဆိုင်ဗျာ ....
ဖေဖေ ဖြစ်နေတဲ့ ကိုမောင်လှ ရဲ့ သမီးလေး မွေးနေ့တဲ့ ......
၆၂x၃၀ လမ်းဒေါင့်က MBOA မိဘမဲ့ကျောင်းမှာ အလှူလုပ်တယ်ဗျာ ....
သမီးလေး မွေးနေ့ အလှူပေါ့ ....
မနက် ၉-နာရီ ကနေ ၁၁-နာရီ တဲ့ ဗျို့ .........................
မှတ်စု ဆြာဘ at 9:23 AM 1 comments
Tuesday, August 7, 2007
တကယ်အကျိုးရှိသော ရေသောက်နည်း
ကျွန်ုပ်တို့ နေ့စဉ်နေ့တိုင်း ရေကို သောက်သုံးကြသည်။ သို့သော်လည်း ဤသောက်သမျှရေတိုင်း တကယ့်ကို အကျိုးရှိပါသလား။ ဒီဆောင်းပါးမှာ သင့်ကို တကယ် အကျိုးရှိစေသာ ရေသောက်နည်းကို မိတ်ဆက်တင်ပြမည် ဖြစ်သည်။
အကျိုးရှိအောင် ရေသောက်မည်ဆိုပါက တတ်နိုင်ဆုံး ပေါင်းခံရေကို သောက်သုံးခြင်းမှ ရှောင်သင့်သည်။ သာမန်အားဖြင့် ပေါင်းခံရေသည် အက်စစ်အနည်းငယ်ပါပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါသည်။ အရည်အသွေးကောင်းမွန် ပြည့်စုံသော သောက်ရေသန့်ကိုသာ ရွေးချယ်သင့်သည်။ အယ်ကာလီလိုင်ဓာတ် ပါသော ရေမှသာလျှင် လူခန္ဓာကိုယ်အတွက် အသင့်တော်ဆုံးဖြစ်သည်။ နွေရာသီတွင် လူအများစုမှာ ရေခဲရေကိုသာ ရွေးချယ်သောက်သုံးကြသည်။ ရေခဲရေမှာ အစာချေ အင်္ဂါအစိတ်အပိုင်းများ အတွက် မသင့်တော်ပေ။ ရေကျက်အေး နွေးနွေးကသာ ခန္ဓာကိုယ်၏ စုပ်ယူမှုကို အထောက်အကူပြုပေးသည်။ ရေကို အချိန်မရွေး သောက်သုံးနိုင်သော်လည်း ရေငတ်မှသာ သောက်သုံးပါက အာသာပြေမှုကိုသာ ဖြစ်စေပြီး မထိရောက်ပေ။ တကယ်အကျိုးရှိသော ရေသောက်နည်းမှာ ဗိုက်ထဲ အစာမရှိချိန်တွင် သောက်ခြင်းဖြစ်သည်။ ရေမှာ အစာချေ အင်္ဂါအစိတ်အပိုင်းများမှ တောက်လျှောက်ဝင်လာနိုင်သည်။ ခန္ဓာကိုယ်မှ တိုက်ရိုက် စုပ်ယူနိုင်သည်။ ရုံးဝန်ထမ်းများသည် အလုပ်များသောကြောင့် မကြာခဏ ရေသောက်ရန် ပျက်ကွက်လေ့ရှိတတ်သည်။ ရေရှည်ဖြစ်ပါက ဆီးနှင့်ကျောက်ကပ်ကို ထိခိုက်စေနိုင်သည်။ ခါးနာ၊ ကျောနာခြင်းများ အလွယ်တကူ ဖြစ်စေနိုင်သည်။
အလှဗေဒပညာရှင်များမှ တိုက်တွန်းသောရေသောက်ချိန်ဇယား
၆း၃၀ ။ ။ တညတာ အိပ်စက်ထားမှုကြောင့် ခန္ဓာကိုယ်အတွက် ရေနည်းပါးနေမည်။ အိပ်ရာထထချင်း ၂၅၀ စီစီ ရေကို အရင်သောက်ခြင်းဖြင့် ကျောက်ကပ်နှင့် အသည်းမှ အဆိပ်ဓာတ်များကို ဖယ်ရှားပေးနိုင်သည်။
၈း၃၀ ။ ။ နံနက်ပိုင်း အိမ်မှ ရုံးခန်းသို့ ရောက်ချိန်တွင် အလွန် အရေးတကြီး အလောကြီး နေတတ်ကာ စိတ်ဓာတ်ရေးရာ အနည်းငယ် ပျာယာခတ်နေ၍ ခန္ဓာကိုယ်မှ မသိမသာ ရေဓာတ်လျော့သော အခြေအနေ ရှိတတ်သည်။ ထို့ကြောင့်ရုံးခန်းတွင်းသို့ ရောက်သည်နှင့် အနည်းဆုံး ရေတစ်ခွက် ၂၅၀ စီစီ ကိုသောက်သုံးသင့်သည်။
၁၁း၀၀ ။ ။ အလုပ် ခဏလုပ်ပြီးနောက် တတိယခွက်ရေကို ထပ်သောက်သင့်သည်။ ကုန်းဆုံးသွားသည့် ရေဓာတ် ပြန်ဖြည့်ပေးသည့်ပြင် အလုပ်၌ တင်းကျပ်နေသော စိတ်ဓာတ်လျှော့ချရန်လည်း အထောက်အကူ ပြုနိုင်သည်။
၁၂း၅၀ ။ ။ နေ့လယ် အစာစားပြီး နာရီဝက်ကြာပြီးနောက် ရေအနည်းငယ် သောက်ခြင်းဖြင့် ခန္ဓာကိုယ်၏ အစာချေစွမ်းအားများ တိုးတက်စေသည်။
၁၅း၀၀ ။ ။ ရေသန့်တစ်ခွက် သောက်ခြင်းဖြင့် နေ့လယ်လက်ဖက်ရည်နှင့် ကော်ဖီ စသော ဓာတ်ကြွစေသော အရည်များနေရာတွင် အစားထိုးစေနိုင်သည်။ ရေသည် ဦးနှောက် နိုးကြားစေရန် ပြုလုပ်ပေးနိုင်သည်။
၁၇း၃၀ ။ ။ အလုပ်ဆင်းချိန် ရုံးခန်းမှ မထွက်မီ ရေတစ်ခွက် ထပ်သောက်ပါ။ ဗိုက်နည်းနည်း ၀စေပြီး၊ ညစာအလွန် အကျွံ စားသုံးမှုမှ ရှောင်ရှားစေနိုင်သည်။
၂၂း၀၀ ။ ။ ညအိပ်ခါနီး၊ ၁နာရီ မှနာရီဝက်အတွင်း ရေတစ်ခွက် ထပ်သောက်ပါ။ သို့သော် ညပိုင်း မကြာခဏ ထရ၍ အိပ်ရေးပျက် နိုင်သောကြောင့် အများကြီး မသောက်ပါနှင့်။
မင်္ဂလာမဂ္ဂဇင်း (၂၀၀၆/၂) မှ ကူးယူဖော်ပြပါသည်။
မှတ်စု ဆြာဘ at 9:57 AM 3 comments
Monday, August 6, 2007
ဦးပိန်သို့ ဒုတိယအကြိမ်
တောင်သမန်ကန်ကို ဒုတိယအကြိမ် ရောက်ခဲ့ပါတယ် ....
အရင်ရက်ကထက် ရေပိုများလာပါတယ် .....
တံတားကြမ်းခင်းပေါ်ကိုရေတွေလာပြီးရိုက်ခတ်နေပါပြီ ........
ဓာတ်ပုံတွေ ရိုက်ထားပါတယ် .....
လာမည်ကြာမည် ............
မှတ်စု ဆြာဘ at 2:24 PM 0 comments
စစ်ကိုင်း-မန္တလေးလမ်း
အမရပူရအကျော် စစ်ကိုင်းတံတားမရောက်ခင်ကြားမှာ ရေတွေက လမ်းပေါ်ကို ကျော်နေပါတယ် ......
လမ်းဟောင်းကကျော်နေတာပါ ....
အနီးအနားက အိမ်တွေလည်း ရေ၀င်ကုန်တာပေါ့ ....
တစ်ချို့ဆို တစ်ထပ်အိမ်မြုပ်နေတယ် ...
ဓာတ်ပုံတွေတော့ ညကျမှပဲ တင်တော့မယ် ................
မှတ်စု ဆြာဘ at 2:01 PM 0 comments
Thursday, August 2, 2007
လှုပ်တဲ့ငလျင်
ည (၁၀)နာရီကျော်လောက်က ငလျင် နှစ်ကြိမ်လှုပ်ပါတယ် ....
ပထမအကြိမ်က သိပ်မသိသာပဲ ဒုတိယအကြိမ်မှာတော့ သိသာပါတယ် .......
သန်းခေါင်(၁၂)နာရီအချိန်လောက်မှာပဲ တတိယအကြိမ် သိသိသာသာ လှုပ်ပါတယ် .....
မှတ်စု ဆြာဘ at 7:32 AM 0 comments
Wednesday, August 1, 2007
တောင်သမန်ကန်ရေပြည့်ပြီ ....
တောင်သမန်မှာလည်း ရေတွေ ပြည့်နေပါပြီ .....
ဦးပိန်တံတားကြီးကလည်း တောင်သမန်ကန်ရေနဲ့ လှပလို့နေပါတယ် ......
မှတ်စု ဆြာဘ at 2:27 PM 1 comments
ဓာတ်ပုံပညာနေ့ကျင်းပရေး စည်းဝေး
မန္တလေးဓာတ်ပုံအသင်းမှ ကြီးမှူးကျင်းပမည့် ပထမအကြိမ် ကမ္ဘာ့ဓာတ်ပုံပညာနေ့ အခမ်းအနားကျင်းပရေး ညိုနှိုင်းအစည်းအဝေးပွဲကို ၃၁-၇-၂၀၀၇ ညနေ (၅)နာရီအချိန်တွင် စမ်းနန္ဒာ-ဓာတ်ပုံတိုက်တွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ အခမ်းအနားကျင်းပရေးဆပ်ကော်မတီ ဒုတိယဥက္ကဌ ဦးဇော်လင်း၊ အတွင်းရေးမှူး ဦးဘဦးနှင့် ကော်မတီဝင်များတက်ရောက်ကြပါသည်။
၁၉-၈-၂၀၀၇ ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့ဓာတ်ပုံပညာနေ့ အခမ်းအနား ခမ်းနားစွာကျင်းပနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ညိုနှိုင်းဆွေးနွေးကြပါသည်။ အသက်(၆၀)နှင့်အထက် ဓာတ်ပုံဆရာကြီးများအား ဂုဏ်ပြုခြင်း၊ အလှူငွေများကောက်ခံခြင်း၊ ညစာစားပွဲလက်မှတ်ရောင်းချခြင်း၊ အခမ်းအနားအစီအစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို စည်းဝေးဆုံးဖြတ်ခဲ့ကြပါသည်။ အလှူငွေများကောက်ခံလျှက်ရှိရာ ပါဝင်ထည့်ဝင်လိုသူများအနေဖြင့် ကော်မတီ ဥက္ကဌ ဦးအောင်မြင့် (၀၉-၅၁၈၂၃၃၅)၊ အတွင်းရေးမှူး ဦးဘဦး (၀၂-၇၁၇၆၉) သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသိရှိရပါသည်။
မှတ်စု ဆြာဘ at 7:18 AM 0 comments






