Wednesday, August 1, 2007

ဓာတ်ပုံပညာနေ့ကျင်းပရေး စည်းဝေး

မန္တလေးဓာတ်ပုံအသင်းမှ ကြီးမှူးကျင်းပမည့် ပထမအကြိမ် ကမ္ဘာ့ဓာတ်ပုံပညာနေ့ အခမ်းအနားကျင်းပရေး ညိုနှိုင်းအစည်းအဝေးပွဲကို ၃၁-၇-၂၀၀၇ ညနေ (၅)နာရီအချိန်တွင် စမ်းနန္ဒာ-ဓာတ်ပုံတိုက်တွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ အခမ်းအနားကျင်းပရေးဆပ်ကော်မတီ ဒုတိယဥက္ကဌ ဦးဇော်လင်း၊ အတွင်းရေးမှူး ဦးဘဦးနှင့် ကော်မတီဝင်များတက်ရောက်ကြပါသည်။


၁၉-၈-၂၀၀၇ ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့ဓာတ်ပုံပညာနေ့ အခမ်းအနား ခမ်းနားစွာကျင်းပနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ညိုနှိုင်းဆွေးနွေးကြပါသည်။ အသက်(၆၀)နှင့်အထက် ဓာတ်ပုံဆရာကြီးများအား ဂုဏ်ပြုခြင်း၊ အလှူငွေများကောက်ခံခြင်း၊ ညစာစားပွဲလက်မှတ်ရောင်းချခြင်း၊ အခမ်းအနားအစီအစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို စည်းဝေးဆုံးဖြတ်ခဲ့ကြပါသည်။ အလှူငွေများကောက်ခံလျှက်ရှိရာ ပါဝင်ထည့်ဝင်လိုသူများအနေဖြင့် ကော်မတီ ဥက္ကဌ ဦးအောင်မြင့် (၀၉-၅၁၈၂၃၃၅)၊ အတွင်းရေးမှူး ဦးဘဦး (၀၂-၇၁၇၆၉) သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသိရှိရပါသည်။

No comments: