Tuesday, August 28, 2007

TO Blogger and Cyber Cafe

ဘလော့ကာများ၊ ဆိုက်ဘာကဖေးများကို အကူအညီတောင်းပါရစေ ........

Blog for All Seminar ကို ကျွန်တော်တို့ ဘလော့ကာများစုစည်းပြီး
မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း၊ ကိုရဲမြတ်သူ Alpha ကွန်ပျူတာ၊ Service+ ၊ Future Sky Cybercafe. . . စတဲ့ ကူညီသူများရဲ့ အကူအညီနဲ့ အောင်မြင်စွာ ကျင်းပဖို့ ဆောင်ရွက်နေပါတယ် . . .

ဒါကြောင့် အဆိုပါ Blog for All Seminar ကို ဘလော့ကာများ အားလုံး တက်ရောက်ပေးကြဖို့နဲ့ လုပ်ဆောင်စရာများကို ပါဝင်ဆောင်ရွက်ပေးကြဖို့ ဖိတ်ခေါ် အကူအညီတောင်းချင်ပါတယ်။

နောက် ဘလော့ကာများအနေဖြင့် မိမိအသုံးပြုတဲ့ ဆိုက်ဘာကဖေးကို ဒီပို့စ်လေး ဖတ်ဖြစ်ရင် ပြပြီး အောက်က အကြောင်းလေးကို ပြောပေးကြပါဗျာ ...

ကျွန်တော်တို့ Blog for All Seminar မှာ တက်ရောက်သူအားလုံးကို အင်တာနက် အခမဲ့၂ နာရီ အသုံးပြုခွင့် ကတ်လေးတွေ ပေးဝေချင်ပါတယ်။
ဒါကြောင့် ဆိုင်ဘာကဖေးများက ကူညီဆောင်ရွက်ပေးစေချင်ပါတယ်ခင်ဗျာ။

အခု လောလောဆယ်ဆယ် အင်တာနက်ကဖေး ၂ခုဖြစ်တဲ့ iWay နဲ့ Heaven Net တို့က အင်တာနက်၂နာရီအသုံးပြုခွင့် ၂၀ကတ်စီ ရရှိထားပြီးပါပြီ။ Imagine ဆိုက်ဘာကဖေးက ၂နာရီအသုံးပြုခွင့်ကတ် ၁၀ခု ရရှိထားပါတယ်။

ကျွန်တော်တို့ ဘလော့ရေးသူများဟာ များသောအားဖြင့် ဆိုက်ဘာများက အသုံးပြုရတာပါ။
အသုံးပြုရင်လည်း နာရီရှည် သုံးကြပါတယ်။
ဒီလို အင်တာနက်အသုံးပြုသူများ ကိုယ့်ရဲ့ ဆိုက်ဘာကဖေးကို သိခွင့် ဒီ Seminar မှာ ကြေညာပြီး ဖြစ်ပါလိမ့်မယ်။

ကိုယ့်ရဲ့ ဆိုက်ဘာကဖေးကို အင်တာနက် တကယ်အသုံးပြုသူများ သိရှိစေဖို့ တကယ့်အခွင့်အရေးကောင်းပါ။

ဒါကြောင့် ဒီအခွင့်အရေးကောင်းကို အသုံးမိစေဖို့ ဆိုက်ဘာကဖေးများ အားလုံးကို ဖိတ်ခေါ်ပါတယ်။

တကယ်လို့များ အခမဲ့ အသုံးပြုခွင့်ပြုမယ်ဆိုပါက ကတ်များကို ကျွှန်တော်တို့က ဆောင်ရွက်ပေးပါ့မယ်
အောက်က မေးလ်များကို ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။

sayaba.mdy@ဂျီမေးလ်း.com
uhteik@ဂျီမေးလ်း.com

No comments: