ရဲတွေက စပွန်ဆာပေးမယ်လို့ သိရပါတယ် ............
ဦးရဲနိုင် MCPA က ခန်းမ၊ ဦးရဲမြတ်သူ Alpha က ဝေငှရန် နည်းပညာ CD၊ ဦးရဲထွန်းဦး service + က သတင်းစာကြော်ငြာနဲ့စာရွက်စာတမ်းများအတွက် တာဝန်ယူမယ်လို့သိရပါတယ် .....
NTG, Future Sky, Azure အစရှိတဲ့ ကုပ္မဏီများကလည်း အစားအသောက်ကျွေးမွေးရေး၊ အထိမ်းအမှတ်လက်ဆောင် Ball Pen များဝေငှရေး၊ Quiz အမေးအဖြေမှန်သူများအတွက် ဆုလက်ဆောင်များ ပေးဖို့ တာစူနေတယ်လို့သိရပါတယ် ..........
i-way, xeon, spy mandalay အစရှိတဲ့ အင်တာနက်စင်တာများကလည်း အင်တာနက်အသုံးပြုခွင့်ကဒ်များကို ဝေငှပေးနိုင်ဖို့ အကူအညီတောင်းကြမယ်လို့ သိရပါတယ် ......
ကူညီပံ့ပိုးပေးတဲ့သူတွေတော့ ရှိနေပါပြီ .......
Blogger များဖက်ကလည်း ဘာတွေကူညီပေးကြမလဲ .......
Blogger များဖက်ကလည်း ဘာတွေလုပ်ဖို့ စဉ်းစားထားကြသလဲ ......
Blogger များဖက်က ဒီပွဲကနေ လာရောက်တဲ့ ပရိတ်သတ်အတွက် ဘာတွေများပေးနိုင်မလဲ ............... (အသိပညာ၊ အတတ်ပညာ)
Blogger အားလုံးတက်ရောက်ဖို့လည်း ဒီကနေဖိတ်ခေါ်လိုက်ပါရစေ .........
မန္တလေးမှာ ကျင်းပမယ့် World Blog Day 2007 (Mandalay) ကို ကြိုဆိုနိုင်ဖို့ မိမိ Blog များမှာ Logo လေးတစ်ခုထည့်ပေးစေချင်ပါတယ် ..........
Logo လေးကို တတ်သလောက် မှတ်သလောက် ဆွဲပေးထားပါတယ် ..........
ဒီထက်ပိုကောင်းမယ့် Logo ဆွဲပေးနိုင်မယ်ဆိုရင်လည်း ကြိုဆိုပါတယ် ..........
ကဲ ... World Blog Day (Mandalay) ကို ကြိုဆိုတဲ့အနေနဲ့ Logo လေးကို မိမိ Blog မှာ ထည့်ကြရအောင်ဗျာ .........


No comments:
Post a Comment