Saturday, July 28, 2007

ဝါဆိုခြင်းအလှခတ်ပွဲ

မန္တလေး မဟာမုနိဘုရားကြီး (၇၉)ကြိမ်မြောက် ၀ါဆိုခြင်းအလှခတ်ပွဲတော်ကြီးကို ၂၀-၆-၂၀၀၇ ရက်နေ့ ကနေ ၃၀-၇-၂၀၀၇ ရက်နေ့ထိ ရက်ပေါင်း (၄၁)ရက်ကြာ ခတ်ကစားခဲ့ကြပါတယ် ......

မြန်မာနိုင်ငံ တနံတလျားက ခြင်းအသင်းစုစုပေါင်း ၁၀၆၆ သင်း ပါဝင် ခတ်ကစားတာ ဖြစ်ပါတယ် ....
ခြင်းအသင်းများဟာ တစ်သင်းကို (၁၂၀၀)ကျပ် ပေးလှူခတ်ကစားရတာဖြစ်ပါတယ် ....
ရရှိတဲ့ အလှူငွေများကို ဘုရားကြီးမှာ ရွှေသင်္ကန်း ကပ်လှူပူဇော်ကြပါတယ် ....
ခြင်းဝါသနာရှင်များက မိမိရဲ့ ပညာနဲ့ ဘုရားကြီးမှာ ပူဇော်ကြတာဖြစ်ပါတယ် .....
ဝါဆိုလပြည့်နေ့မှာ သက်ကြီးပူဇော်ပွဲကို ကျင်းပလေ့ရှိပါတယ် ......
နိုင်ငံခြားသား ခြင်းဝါသနာရှင်များလည်း ပါဝင်ခတ်ကစားကြတာကို တွေ့ရပါတယ် .....

ယခုလက်ရှိ ခတ်ကစားနေတဲ့ နေရာအနီးက ရွှင်ပျော်ပျော် လက်ဖက်ရည်ဆိုင်အနားမှာ လာရောက်ခတ်ကစားခဲ့တဲ့ ခြင်းဝါသနာရှင် ငါးဦးမှ စတင်ခဲ့တယ်လို့ သိရပါတယ် ..........
စတင်ခတ်ကစားစဉ်က ငါးပြား၊ ဆယ်ပြား စုပြီး လှူခဲ့တာဖြစ်ပါတယ် ..........


မန္တလေးသားခြင်းသင်းမှ ခတ်ကစားစဉ်



အသက်(၈၀)ရှိပြီဖြစ်တဲ့ ခြင်းဝါသနာရှင်ကြီး ဦးမြဟန်ရဲ့ ခတ်ကစားဟန်

No comments: