ရက် ၁၀၀ ပြည့်မွေးနေ့ လုပ်ပေးမယ်။
ခက်နေတာက အမည်ပေးကင်ပွန်းတပ်ပါ လုပ်ရမယ်။
ရွေးရခက်ပြီ။ နာမည်လှလှပေးရမလား။ မွေးနေ့မွေးနံအရပေးရမလား။
ကိုယ်တိုင်ကလည်း တွေဝေနေတော့ သမီးလေးရှေ့ရေးအတွက် ဗေဒင်မေးရပြီပေါ့။
အကောင်းဆုံးက တနင်္ဂနွေအပြီးပေးပါဆိုတဲ့အဖြေတစ်ခုရလာတယ်။
ဒါနဲ့ပဲ သမီးလေးကို အိမ့်အိမ့်အောင် လို့ အမည်ပေးလိုက်တယ်။
သမီးလေးကြီးလာရင် အဲဒီနာမည်ကြိုက်ပါ့မလားမသိဘူး။
မိဘဖြစ်တဲ့ ကျွန်တော်ကတော့ အဲဒီနာမည်အတွက် ကျေနပ်တယ်။

No comments:
Post a Comment