Wednesday, February 4, 2015

ယူနိုက်တက်အမရဘဏ်ခွဲ မန္တလေးမြို့တွင် ၃ ဘဏ်ဆက်တိုက်ဖွင့်လှစ်


ယူနိုက်တက်အမရဘဏ်ရဲ့ ၃၈ ဘဏ်မြောက်ဘဏ်ခွဲ မင်္ဂလာဈေးဘဏ်ခွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်းနဲ့ ၃၁ လမ်းထောင့်မှာ ဖေဖော်ဝါရီလ ၎
ရက်နေ့က စတင်ဖွင့်လှစ်ပါတယ်။


ယူနိုက်တက်အမရဘဏ် (မင်္ဂလာဈေး)ဘဏ်ခွဲဟာ မန္တလေးမြို့မှာ ၈ ဘဏ်မြောက်ဘဏ်ခွဲအဖြစ် ဖွင့်လှစ်တာဖြစ်ပါတယ်။  ယူနိုက်တက်အမရဘဏ်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်းမှာ ဘဏ်ခွဲပေါင်း ၄၃ ဘဏ်ထိ
ဖွင့်လှစ်သွားမှာလို့ ကြေငြာထားပါတယ်။ မန္တလေးမြို့မှာ ဘဏ်ခွဲ ၃ ခု တစ်ရက် တစ်ဘဏ်နှုန်းနဲ့ ၃ ရက်ဆက်တိုက်ဖွင့်လှစ်ပါတယ်။ ဒီကနေ့ မင်္ဂလာဈေးဘဏ်ခွဲ အပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့က မန္တလေးမြို့ ၃၅ လမ်း၊ လမ်း၇၀ နဲ့ ၇၁ လမ်းကြားမှာ ယူနိုက်တက်အမရဘဏ် (၃၅ လမ်း
ဘဏ်ခွဲ)ကိုဖွင့်လှစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြည်ကြီးမင်္ဂလာ
ကားရပ်နားစခန်းတမှာ ပြည်ကြီးမင်္ဂလာဘဏ်ခွဲဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

No comments: