Wednesday, February 11, 2015

မနက်ဖန် ပြည်ထောင်စုနေ့မှာ သမီး ရက် ၁၀၀ ပြည့်မွေးနေ့ပွဲလုပ်မယ်

မနက်ဖန် ပြည်ထောင်စုနေ့မှာ သမီးရဲ့ ရက် ၁၀၀ ပြည့်မွေးနေ့လုပ်မယ်။
မိတ်ဆွေတွေအားလုံးကို ဖိတ်ချင်ပါတယ်။
ဒါကြောင့် ဖိတ်စာလေးထုတ်ပြီး လိုက်ဖိတ်မယ်ဆိုတော့လည်း တစ်ယောက်ချင်းစီကို ဖိတ်ဖို့ အဆင်မပြေ။
ဒါနဲ့ Facebook, WeChat, Viber, LINE စတာတွေနဲ့ ဖိတ်စာပို့ဖြစ်ပါတယ်။
ခေတ်နဲ့အညီပေါ့ဗျာ ... အချိန်ကုန် လူသက်သာပေါ့ ...
တစ်ချို့တွေကတော့ ဒီလိုဖိတ်ကြားတာမျိုးကို သိပ်လက်မခံချင်ကြသေးဘူး ...
ဘာပဲဖြစ်ဖြစ်လေ .... ကိုယ်တိုင်သွားပြီးဖိတ်တာနဲ့စာရင် အားလုံးကို ချုံငုံပြီးဖိတ်နိုင်တယ်လို့ ထင်ပါတယ် ...
မလာနိုင်မှန်းသိရက်နဲ့ ဖိတ်ထားတဲ့ မိတ်ဆွေတွေလည်း ရှိပါတယ် ...
လက်လှမ်းမှီရာကိုလည်း ဖိတ်စာနဲ့ဖိတ်ဖြစ်ပါတယ် .......
အားလုံးကို ဖိတ်ပါတယ် ...... အစားအသောက်လေးစားရင် ဆုံချင်တာမို့ ဘာလက်ဆောင်မှ ယူလာစရာမလိုပါဘူး .... ကျွန်တော်တို့ပဲ ဧည့်ခံပါရစေ ။။။။။။။။။။။။။။။။။။။
မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးတွေကို တတ်နိုင်သလောက် ကျွေးမွေးမှာပါ။



No comments: