Tuesday, February 10, 2015

သမီးအတွက် အမည်ပေးခဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

သားဦးအရူးဆိုတော့လည်း အမည်ပေးဖို့ ရူးရပါတယ်။
သမီးအတွက် အမည်ပေးကြမယ်ဆိုတော့ မိတ်ဆွေတွေက သမီးရှေ့ရေးအတွက် ရှေးရှုပြီး အမည်တွေ အမျိုးမျိုးပေးကြတယ်။
ကိုယ်တိုင်က အဲဒါတွေနားမလည်။
နာမည်မလှမှာလည်းစိုးရိမ်။
ဘာပေးရမှန်းကိုမသိဖြစ်ရပါတယ်။
မိတ်ဆွေတွေကပေးတဲ့အမည်တွေကလည်း အမျိုးမျိုး။
 အဓိပ္ပာယ်အမျိုးမျိုး၊ နည်းအမျိုးမျိုးနဲ့ ပေးကြတာပေါ့။
ရွေးချယ်ရခက်နေချိန်မှာ အမည်ပေးဖို့ တတ်ကျွမ်းသူကို အားကိုးရပြီပေါ့။
ဗေဒင် နက္ခတ်ပညာရှင်ဆိုသူတွေကို အားကိုးရပြီ။
အမည်ပေးခဲ့တဲ့ မိတ်ဆွေတွေကို အားနာရပြီ။
သမီးအတွက် စဉ်းစားပေးကြတာကို ကျေးဇူးတင်ပါတယ်။

သမီးရဲ့ အမည်ကို အိမ့်အိမ့်အောင် လို့ပေးဖြစ်ပါတယ်။

No comments: