Wednesday, January 28, 2015

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ဖုန်းတွီးကျေးရွာတွင် တည်ဆောက်မည့် ကြိုးတံတားအတွက် One More အဖွဲ့မှ ငွေကျပ်သိန်း ၄၀ လှူဒါန်း



လူတစ်ဦး တစ်လ တစ်ထောင်ကျပ်နှုန်းလှူဒါန်းငွေတွေနဲ့ တည်ထောင်ထားတဲ့ One More အဖွဲ့က ဆိုင်ကယ်/လူကူး ကြိုးတံတား တည်ဆောက်ဖို့ အလှူငွေ သိန်း ၄၀ ကို ဇန်န၀ါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၄ နာရီက မန္တလေးမြို့ ၇၃ လမ်း၊ မင်္ဂလာမန္တလေး အနုပညာလမ်းက သီရိ ပန်းချီအနုပညာ ပြခန်းမှာ ကျင်းပပါတယ်။
ဒီအလှူငွေကို One More အဖွဲ့ကိုယ်စား စာရေးဆရာသင့်နော်နှင့် ဦးပုညဆွေ (ရာပြည့်မန္တလေး-စာအုပ်ဆိုင်)တို့က ဆက်ကပ်လှူဒါန်းတာဖြစ်ပြီး ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ဖုန်းတွီးကျင်းကျေးရွာမှ ကျောင်းထိုင်ဆရာတော် အရှင်အာလောက လက်ခံပါတယ်။

ဆိုင်ကယ်နှင့် လူကူးကြိုးတံတား တည်ဆောက်မှာက ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ဖုန်းတွီးကျင်းကျေးရွာနှင့် ဟုတ်ဖုံကျင်းကျေးရွာ ဆက်သွယ်မည့် မုန်းချောင်းဖြတ် ကြိုးတံတားဖြစ်ပြီး ပေ ၅၀၀ ခန့် အရှည်ရှိပါမယ်။ ကုန်ကျစရိတ်မှာ ၁၂၈ သိန်းခန့် ခန့်မှန်းထားတာဖြစ်ပြီး အလှူငွေတွေ မပြည့်စုံသေးပေမယ့် ဖေဖော်ဝါရီလ ပထမပတ်မှာ လုပ်ငန်းစတင်မှာဖြစ်ပါတယ်။

No comments: