Tuesday, January 27, 2015

ကြက်ဈေးကျ ကြက်ခြံပိတ်ရမယ့်ကိန်းစိုက်

ပြည်တွင်းဈေးကွက်သို့ ပြည်ပနိုင်ငံများမှ ကြက်သားနှင့်ကြက်ဥများ တရားမဝင်တင်သွင်းနေမှုများကြောင့် ပြည်တွင်းမှ ထွက်ရှိသောကြက်သားနှင့်ကြက်ဥဈေးကွက် ၀ယ်လိုအားကျဆင်းနေပြီး ကြက်ခြံများ ပိတ်ရတော့မည့်ကိန်းစိုက်နေကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်တွင် ကြက်သားနှင့်ဥဈေး နှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိရာ ခြံဖမ်းဈေးသည် ယခင်နှစ်က ကြက်တစ်ပိဿာလျှင် ကျပ် ၄၇၀၀ ခန့် နှင့် ကြက်ဥ ၃၀ပါတစ်ကဒ်လျှင် ကျပ်၃၀၀၀ ကျော် ဈေးရှိခဲ့ပြီး လက်ရှိအချိန် တွင် ကြက်တစ်ပိဿာလျှင် ကျပ်၂၅၀၀ ခန့် ဈေးရှိပြီး ကြက်ဥ ၃၀ပါတစ်ကဒ် ကျပ်၂၂၀၀ ခန့်အထိ ကျဆင်းသွားသည်ဟုသိရသည်။

No comments: