Saturday, January 24, 2015

မန္တလေး တရုတ် ကောင်စစ်ဝန်ရုံးရှေ့ တကိုယ်တော်ဆန္ဒပြ

23.1.2015 ညနေ 4:15 က လက်ပန်းတောင်းအရေးနဲ့ ပတ်သက်ပြီး မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ တစ်ကိုယ်တော်ဆန္ဒပြပါတယ်။

ဆန္ဒပြသူ ကိုရာဇာ (နိုင်/ကျဉ်း)က မုံရွာကနေ မနက်ပိုင်းက ဆိုင်ကယ်နဲ့ မန္တလေးကို ရောက်ရှိလာပြီး ညနေပိုင်းမှာ ကောင်စစ်ဝန်ရုံးရှေ့ ဆိုင်းဘုတ်ကိုင် ဆန္ဒပြပါတယ်။

လက်ထဲမှာ  အထွေထွေနိုင်ငံရေး ဖြေရှင်းပေး၊ ပြည်တရုတ်အစိုးရနှင့်  ပုဆိန်ရိုးဦးပိုင်အား ဆန့်ကျင် ၊ အစိုးရထွက် ၊ လွှတ်တော်ဖျက် စာသားပါ   ဆိုင်းဘုတ်ကိုင်ဆောင်ပြီး
လူသတ်အစိုးအလိုမရှိ၊ ဦးပိုင်၊၀မ်ပေါင် အလိုမရှိ ဆိုပြီး အော်ဟစ်ဆန္ဒပြပါတယ်။

ဆန္ဒပြချိန်က ၁၀ မိနစ်ခန့်ပဲ ကြာပါတယ်

No comments: