Friday, July 27, 2007

ဝင်းသန်းလက်ဖက်

အသီးမှာသရက်
အသားမှာဝက်
အရွက်မှာ လက်ဖက်
အဲဒီလိုအဆိုလေးရှိပါတယ် .....
တကယ် စားလို့ကောင်းတဲ့ အရာတွေပါ ....
စားကောင်းလို့လည်း ဒီလို အဆိုလေး ပေါ်ထွက်လာတာပေါ့ဗျာ ....

လက်ဖက်ဆိုလို့ မန္တလေးမှာ လက်ဖက်ကောင်းကောင်းရောင်းတဲ့ဆိုင်တွေ တော်တော်များများရှိပါတယ် ....
အဲဒီအထဲက တစ်ခေတ်တစ်ခါကထဲက ပွဲတော်တည် လက်ဖက်ဆိုင်ဖြစ်ခဲ့တဲ့ ၀င်းသန်း-လက်ဖက်ဆိုင်ဟာလည်း တစ်ဆိုင်ပါပဲ .......
ထူးခြား ဆန်းသစ်မှုတွေနဲ့ ဆက်လက်ချီတက်နေတဲ့ ၀င်းသန်း-လက်ဖက်ဆိုင်ဟာ ၈၅လမ်း၊ ၂၉x၃၀ လမ်းကြားမှာ တည်ရှိပါတယ် .......
သန့်ရှင်းခြင်း၊ အရသာကောင်းမွန်ခြင်း၊ ဈေးနှုန်းမှန်ကန်ခြင်းနဲ့အတူ ထူးခြားဆန်းသစ်တဲ့ အတွေးအခေါ်တွေပေါင်းစပ်ပြီး ထုတ်လုပ် ရောင်းချပေးနေတာပါ ......
မင်္ဂလာဆောင်၊ အလှူတွေမှာလည်း ၀င်းသန်း-လက်ဖက်က သန့်ရှင်းသပ်ရပ်သော ၀န်ဆောင်မှုများနဲ့ ဆောင်ရွက်ပေးလျှက်ရှိပါတယ် ......
ဧည့်ခံပွဲတွေအတွက် တာဝန်ယူဝန်ဆောင်မှုပေးတဲ့နေရာမှာ တစ်ပွဲချင်းစီအပေါ်မှာ တွက်ချက်ယူတာမဟုတ်ပဲ လက်ဖက်အချိန်၊ ပဲအချိန်တွေနဲ့ပဲ တွက်ချက်ပေးတာမို့ ကာယကံရှင်တွေအနေနဲ့ အလေအလွင့်မရှိပဲ ကုန်ကျစရိတ် သက်သာစေပါတယ် .....
လက်ဖက် အညွန့်၊ ရိုးရိုးလက်ဖက်၊ လက်ဖက်နှပ်၊ ချဉ်စပ် အမျိုးမျိုးရရှိနိုင်သလိုပဲ ဂျင်း၊ ပဲကြီး၊ ပဲပူး၊ ပဲရေပွ၊ ပဲကြီးလှော်၊ ပဲကြားလှော်၊ ပဲစဥ၊ ဆားလှော်ဆိုပြီး လက်ဖက်၊ ဂျင်းနဲ့ တွဲဖက်တဲ့ အစာပလာတွေကိုလည်း ရရှိနိုင်ပါတယ် .........
တကယ်ကို စားကောင်းလို့ မှတ်တမ်းတင်ခဲ့ပါတယ် .......
မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် ..........





No comments: