Tuesday, July 17, 2007

ကမ္ဘာ့ဓာတ်ပုံပညာနေ့

မန္တလေးဓာတ်ပုံအသင်းက ကြီးမှူးပြီး “ကမ္ဘာ့ဓာတ်ပုံပညာနေ့” ကျင်းပဖို့အတွက် ၁၅-၇-၂၀၀၇ ရက်နေ့ ညနေပိုင်းက အသင်းရုံးခန်းမှာ စည်းဝေးတိုင်ပင်ကြပါတယ်။ အသင်းနာယက ဦးထွန်းမြင့်၊ ဦးမောင်မောင်လတ်(ချစ်ညို)၊ ဥက္ကဌ ဦးကျော်အောင်(ပေါက်ခေါင်း)၊ အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့် အလုပ်အမှုဆောင်အဖွဲ့၊ အသင်းသားများနှင့် စာနယ်ဇင်းဆရာများတက်ရောက်ပါတယ်။



နာယက ဦးထွန်းမြင့်မှ ဆွေးနွေးတင်ပြစဉ်


ဥက္ကဌ ဦးကျော်အောင် (ပေါက်ခေါင်း) မှ ဆွေးနွေးတင်ပြစဉ်


တက်ရောက်ကြသော အသင်းသားများ


ဒုဥက္ကဌ ဦးသိန်းဌေးမောင်(ဆွေလှသိန်း) မှ ဆွေးနွေးတင်ပြစဉ်


သြဂုတ်(၁၉)ရက်နေ့ဟာ
ကမ္ဘာ့ဓာတ်ပုံပညာနေ့ လို့နိုင်ငံတကာကသတ်မှတ်ထားကြပါတယ်။ ၁၈၃၉-ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့မှာ ဓာတ်ပုံပညာ PHOTOGRAPHY ရယ်လို့ အများပြည်သူကို ချပြခဲ့တဲ့ နေ့တစ်နေ့ပါ။ ကမ္ဘာကိုကြေငြာခဲ့တဲ့ အဲဒီနေ့ကို ကမ္ဘာ့ဓာတ်ပုံပညာနေ့ လို့သတ်မှတ်ပြီး အခမ်းအနားတွေ ကျင်းပနေတာ ဆယ်စုနှစ်လောက်ပဲ ရှိပါသေးတယ်။

နိုင်ငံတကာမှာ ကျင်းပနေတဲ့
ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို မန္တလေးဓာတ်ပုံအသင်းက ပထမအကြိမ်အဖြစ် စတင်ကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ပထမဆုံးကျင်းပတာဖြစ်ပါတယ်။ ကမ္ဘာ့ဓာတ်ပုံပညာနေ့မှာ အသက်(၆၀)အထက် ဓာတ်ပုံပညာရှင်ကြီးများကို ဂုဏ်ပြုမှာဖြစ်ပါတယ်။ ဓာတ်ပုံဆရာများ မိတ်ဆုံစားပွဲကျင်းပမှာဖြစ်ပါတယ်။ အသင်းဝင်သည်ဖြစ်စေ၊ အသင်းမ၀င်သည်ဖြစ်စေ ဓာတ်ပုံဆရာမည်သူမဆို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ကမ္ဘာ့ဓာတ်ပုံပညာနေ့ကျင်းပနိုင်ရေးအတွက် မန္တလေးဓာတ်ပုံအသင်းက ဖြစ်မြောက်ရေး ဆပ်ကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းပေးခဲ့ပါတယ်။

မန္တလေးဓာတ်ပုံအသင်း
'
ကမ္ဘာ့ဓာတ်ပုံပညာနေ့'ဖြစ်မြောက်ရေးကော်မတီ

၁။ ဦးအောင်မြင့် (မဉ္ဇူသင်း) ဥက္ကဌ
၂။ ဦးဇော်လင်း (စကော်ပီယံ) ဒု-ဥက္ကဌ
၃။ ဦးဘဦး (မန္တလေး) အတွင်းရေးမှူး
၎။ ဦးသက်နိုင် တွဲဖက်- အတွင်းရေးမှူး
၅။ ဦးထွန်းထွန်းဦး ဘဏ္ဍာရေးမှူး
၆။ ဦးအောင်ကျော်ထွန်း (ပုသိမ်ကြီး) သတင်းနှင့်ပြန်ကြားရေး
၇။ ဦးနန္ဒာမင်းလွင် သတင်းနှင့်ပြန်ကြားရေး
၈။ ဦးအောင်မြင့်မြတ် (စစ်ကိုင်း) သတင်းနှင့်ပြန်ကြားရေး
၉။ ဦးကျော်ထူး (စစ်ကိုင်း) သတင်းနှင့်ပြန်ကြားရေး
၁၀။ ဦးငြိမ်းချမ်းစိမ်းလန်း အဖွဲ့ဝင်
၁၁။ ဦးဇော်မြင့်ဦး (စမ်းနန္ဒာ) အဖွဲ့ဝင်
၁၂။ ဒေါက်တာစန်းနိုင် အဖွဲ့ဝင်
၁၃။ ဦးဌေးလွင် (နှင်းဝတ်ရည်) အဖွဲ့ဝင်
၁၄။ ဦးအောင်ဇော်ဝင်း (ရွှေလောင်းသား) အဖွဲ့ဝင်
၁၅။ ဦးအောင်ကျော်ဝင်း (မဉ္ဇူသင်း) အဖွဲ့ဝင်
၁၆။ ဦးပေတိုး အဖွဲ့ဝင်
၁၇။ ဦးဂဲကြီး အဖွဲ့ဝင်
၁၈။ ဦးမျိုးသန့် (မြိုင်) အဖွဲ့ဝင်
၁၉။ ဦးဇော်လတ် အဖွဲ့ဝင်
၂၀။ ဦးညီညီမောင် (လျပ်စစ်) အဖွဲ့ဝင်
၂၁။ ဦးမြင့်သန်း အဖွဲ့ဝင်
၂၂။ ဦးအောင်ကျော်ဌေး စည်းရုံးရေးမှူး

ကမ္ဘာ့ဓာတ်ပုံပညာနေ့ဖြစ်မြောက်ရေးအတွက် အလှူငွေများလည်း ဓာတ်ပုံပညာချစ်သော မည်သူမဆို မန္တလေးဓာတ်ပုံအသင်းတိုက်မှာ ထည့်ဝင်နိုင်မှာဖြစ်ပါတယ်။


No comments: