Saturday, May 10, 2014

ASEAN Community knowledge Networks for the Economy, Society, Culture and Environmental Stability

ASEAN Community knowledge Networks for the Economy, Society, Culture and Environmental Stability  ခေါင်းစဉ်ဖြင့်ကျင်းပသော ၁၀ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာညီလာခံအစည်းအဝေးကို မန္တလေးမြို့ မန္တလေးတောင်ခြေရှိ Mandalay Hill Resort Hotel မင်္ဂလာခန်းမတွင် မေလ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက်တာကျင်းပသည်။ အဆိုပါ အပြည်ပြည်ဆိုင်ရာ ညီလာခံအစည်းအဝေးအား ထိုင်းနိုင်ငံ Chiang Rai Rajabhat University ၏ ဦးဆောင်မှုဖြင့်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတကာမှ ၁၁၀ ဦး၊ မြန်မာနိုင်ငံမှ ၈၀ ဦး တက်ရောက်ကြကာ သုတေသနာစာတမ်းဖတ်ခြင်းနှင့်ဆွေးနွေးခြင်းများပြုလုပ်ကြသည်။

အခမ်းအနားတွင် နိုင်ငံတကာ သုတနည်းပညာဖလှယ်ရေး၊ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် ကမ္ဘာနှင့်အညီ ရင်ပေါင်တန်းနိုင်ရေးအချက်အလက်များကို တက်ရောက်လာသော ကျွမ်းကျင်သူများက ဆွေးနွေးကြပြီး သုတေသနစာတမ်းများလည်း ဖတ်ကြားကြသည်။ သုတေသနစာတမ်းများနှင့် ဆွေးနွေးပွဲများတွင် ဒီမိုကရေနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အာရှနှင့်ပစိဖိတ်ဒေသ၊ မဲခေါင်မြစ်ဝှမ်းဒေသတွင်း ကိစ္စရပ်များကို စီးပွားရေး၊ နည်းပညာ၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ရှုထောင့် အစရှိသဖြင့် ရှုထောင့်စုံမှ တင်ပြဆွေးနွေးကြပြီး ဆင်းရဲမှုလျော့ချရေး၊ လူမှုဘ၀မြှင့်တင်ရေး၊ အစားအစာဆေးဝါး အဆင့်အတန်းသတ်မှတ်ရေး၊ သက်ကြီးရွယ်အိုလူမှုဘ၀ စောင့်ရှောက်ရေး၊ နိုင်ငံသယံဇာတနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ သိပ္ပံနှင့် နည်းပညာတိုးတက်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့် စွမ်းအင်သယံဇာတ ထုတ်ယူသုံးစွဲမှု၊ နိုင်ငံရေး၊ စီးပွားရေး စိတ်ခေါ်မှုများ၊ လူသားများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒများအတွက် ဆုံးဖြတ်ချက် များနှင့် အနာဂတ်အတွက် လုပ်ငန်းစဉ်များကို အုပ်စုအလိုက် အဓိကထားဆွေးနွေးခဲ့ကြကြောင်းသိရသည်။

No comments: