Wednesday, March 16, 2016

ဒုသမ္မတ ၃ ဦး ရဲ့ ကိုယ်ရေးအကျဉ်းများ

ဒုသမ္မတ ၃ ဦး ရဲ့ ကိုယ်ရေးအကျဉ်းများ
နိုင်ငံပိုင်သတင်းစာကဖော်ပြ
===================
ဦးထင်ကျော်
ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူတစ်ဦးဖြစ်သည့် ဦးထင်ကျော်မှာ ဦးဝန်(စာရေးဆရာကြီး
မင်းသုဝဏ်)-ဒေါ်ကြည်ကြည်တို့၏ သားဖြစ်ပြီး ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကွမ်းခြံကုန်းမြို့၌ မွေးဖွား
သည်။ ဦးထင်ကျော်သည် ၁၉၆၂ ခုနှစ်တွင် စီးပွားရေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် စီးပွားရေး
ပညာဘွဲ့နှင့် ၁၉၆၈ ခုနှစ်တွင် မဟာဘွဲ့ရရှိခဲ့သည်။ ထို့နောက် ဗြိတိန်နိုင်ငံတွင် ပညာဆည်းပူးခဲ့သည်။ ၁၉၇၅
ခုနှစ်တွင် အစိုးရဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးအဆင့်အထိ တာဝန်
ထမ်းဆောင်ခဲ့ကာ ၁၉၉၂ ခုနှစ်တွင်ျ နုတ်ထွက်ခဲ့သည်။ ဦးထင်ကျော်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏
အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး အိမ်ထောင်ရှင်တစ်ဦးဖြစ်ကာ ၎င်း၏ဇနီးမှာ ပြည်သူ့လွှတ်တော် နိုင်ငံတကာ
ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင်ဖြစ်သည်။
ဦးဟင်နရီဗန်ထီးယူ
ထို့ပြင် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ တစ်ဦးဖြစ်သည့် ဦးဟင်နရီဗန်ထီးယူသည် ချင်းတိုင်းရင်း
သားတစ်ဦး ဖြစ်ပြီး ဦးလျံတလုံး-ဒေါ်ငွန်ပါးရ်တို့၏ သားဖြစ်ကာ ၁၉၅၈ ခုနှစ် ဩဂုတ်လ ၉ ရက်တွင် ချင်းပြည်နယ်
ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာ၌ မွေးဖွားသည်။ ဦးဟင်နရီဗန်ထီးယူသည် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး
တက္ကသိုလ်တို့တွင် ပညာဆည်းပူးခဲ့ပြီး B.ဗ (Dငစ ငည Lတေ)ဘွဲ့ ရရှိခဲ့သည်။ တပ်မတော်အရာရှိတစ်ဦးဖြစ်ပြီး
တပ်မတော်မှ အမှတ်(၁) စက်မှုဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်၍ ထိုမှ အငြိမ်းစားယူခဲ့သည်။
၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး ဇနီးမှာ ဒေါက်တာ ဆွေလွမ်းဖြစ်ကာ သားနှစ်ဦး၊ သမီးတစ်ဦး ထွန်းကား
သည်။
ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ(အငြိမ်းစား)
ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ နောက်တစ်ဦးမှာ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ(အငြိမ်းစား)
ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ (အငြိမ်းစား)သည် ဦးကြီးမောင်-ဒေါ်ကြည်တို့၏ သားဖြစ်ပြီး ၁၉၅၁ ခုနှစ်
ဇွန်လ ၂၄ ရက်တွင် မန္တလေးမြို့၌ မွေးဖွားသည်။ စစ်တက္ကသိုလ်အမှတ်စဉ် (၁၅)သို့ ၁၉၇၁ ခုနှစ်တွင် တက်ရောက် ခဲ့ပြီး တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်မှ
အငြိမ်းစားယူခဲ့သည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး
အိမ်ထောင်ရှင်တစ်ဦးဖြစ်ကာ သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားသည်။


No comments: