Friday, October 23, 2015

လခစားအလုပ်ကိုပဲ စိတ်အားသန်နေတယ် ..........

Trade Times ဂျာနယ် အောက်တိုဘာလ ၁ ရက်နေ့မှာ စပြီး ထုတ်ဝေမှုရပ်တယ်။
မန္တလေးတာဝန်ခံအနေနဲ့ ၂ နှစ်တာကာလ လုပ်ခဲ့တဲ့အတွင်းမှာ အလုပ်လုပ်ရတာ အဆင်ပြေတယ်။
ဒီကာလအတွင်းမှာ MJI က Multimedia Journalism Diploma တစ်နှစ်သင်တန်း တက်ရောက် အောင်မြင်ခဲ့တယ်။
လုပ်ငန်းပိုင်းမှာတော့ တိုးတက်မှုမတွေ့ရပေမယ့် ဂျာနယ်ရပ်ခါနီး အင်္ဂလိပ်ဘာသာနဲ့ ဂျာနယ်ကို ၈ ပတ်လောက် ထုတ်ဝေခဲ့သေးတယ်။
ပထမဆုံးလခစားအလုပ်ကိုလုပ်ခဲ့တာဆိုတော့လည်း အလုပ်ရပ်သွားတာ ၀မ်းနည်းသလိုခံစားရတယ်။
ကိုယ်ပိုင်အလုပ်လုပ်ဖို့ထက် လခစား အလုပ်သစ်ကိုရှာဖို့ စိတ်အားသန်နေတယ် .....

No comments: