Wednesday, May 9, 2007

Lucky Drinking Water Photo Contest




8-5-2007 ည(၇)နာရီ ရွှေဘဲ စားသောက်ဆိုင်မှာ လပ်ကီးသောက်ရေသန့်ဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပပါသည်။

မန္တလေးဓာတ်ပုံအသင်းမှ ဦးဆောင်ကျင်းပသော လပ်ကီးသောက်ရေသန့် အထူးဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲအား ဖိတ်ခေါ်ယှဉ်ပြိုင်စေခဲ့ရာ ဓာတ်ပုံလက်ရာပေါင်း (၂၀၀)ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲဝင်လက်ရာများကို (၂၉-၄-၂၀၀၇)ရက်နေ့က မန္တလေးမြို့၊ ၇၇-လမ်း၊ ၃၃x၃၄ လမ်းကြား၊ ရတနာပုံဈေး ဒုတိယထပ်ရှိ မန္တလေးဓာတ်ပုံအသင်းတိုက်တွင် အကဲဖြတ်အဖွဲ့ဝင်(၇)ဦးဖြင့် ရွေးချယ်ခဲ့ရာ ပထမ-အောင်သန်းဦး(ဟေမာန်)၊ ဒုတိယ-ထင်အောင်(အင်းစိန်)၊ တတိယ-ဇော်(မန်းတကသိုလ်)၊ နှစ်သိမ့်ဆုများကို အောင်သန်းဦး(ဟေမာန်)၊ အောင်ကျော်ထွန်း(ပုသိမ်ကြီး)၊ ထက်သူ(ရွှေကျောင်းကြီး)၊ ထွန်းရွှေ(လှသရဖူ)၊ ရွှေသွေး(ဘောဂဗလ)၊ အောင်သန်းဦး(ဟေမာန်)၊ ကိုကိုလေး(ကိုခန့်စံ) တို့ အသီးသီးရရှိကြပါသည်။ ထို့အပြင် အထူးဆု(၂၅)ဆုကိုလည်း ရွေးချယ်ပေးခဲ့ကြပါသည်။

2 comments:

Chan Mya Soe said...

တက်သစ်စ ဓာတ်ပုံဆရာလေး ဦးဇော်ဝင်းဖေ ရော ပါလား :D

sayaba said...

ဆုရတဲ့အထဲမှာလည်းမပါသလို အခမ်းအနားတက်ရောက်လာတာကိုလည်း မတွေ့ရပါဘူး ...... အခမ်းအနားက ဆုရတဲ့သူတွေနဲ့ အမှုဆောင်အဖွဲ့ပဲ ဖိတ်တာပါ ... နောက်ပြီး စာနယ်ဇင်းကလူတွေရောပေါ့ဗျာ ....