Tuesday, May 1, 2007

Blog

Blog တော်တော်များများရေးလာကြတယ် ..... ကျွန်တော်လည်းရေးကြည့်တယ် .... မှတ်စုသဘောပေါ့ဗျာ .... Blog ဆိုတာဘာလဲ .... အလကားပေးထားပြီး ရေးချင်ရာရေးနိုင်တဲ့ web page လေးတစ်ခုပဲမဟုတ်လား .... ကိုယ်ပိုင်စာမျက်နှာတော့ မဟုတ်ပါဘူး ..... ကိုယ်ပိုင်သဘောမျိုးရေးချင်တာရေးနိုင်တယ် .... ပုံတွေတင်လို့ရမယ် .... ဗီဒီယိုအပိုင်းအစလေးတွေတင်ကြတယ် ..... Blog ရေးသူတွေကလည်း တစ်နေ့တစ်နေ့များပြားလာတယ် ..... ကိုယ်ရည်သွေးတဲ့သူတွေလည်းရှိတယ် ..... ရေးချင်ရာလျှောက်ရေးနေတဲ့သူတွေလည်းရှိတယ် ..... အမျိုးမျိုးပါပဲ ...... ကျွန်တော်လည်း သူများ Blog ဆိုလို့ လိုက်ပြီး Blog ကြည့်တာပါ ..... သတင်းတွေလည်းရေးမယ် .... အတင်းတွေလည်းဖြစ်ချင်ဖြစ်မယ် ...... ကိုယ့်အကြောင်းလည်းပါမယ် .... သူများအကြောင်းလည်းရေးမယ် ...... Blog တင်တဲ့အခါ ရေးချင်တဲ့စိတ်ရှိရာကို ရေးမှာပဲ .... သူများလိုတော့ ကူးမရေးပါဘူး .... ကူးခဲ့ရင်တောင် ဘယ်ကကူးလည်းဆိုတာ ထည့်ရေးမှာပါ ..... အများအားဖြင့်တော့ ကိုယ်ပိုင်ပေါ့ဗျာ .......

2 comments:

Chan Mya Soe said...

နောက်ရေးမည့် ပို့စ်တွေကို စောင့်မျှော်လျှက်ပါဗျာ
ဒီဇိုင်းနဲ့ပက်သက်တာလေးတွေ မန်းလေးသတင်းလေးတွေ မြင်ရမယ်လို့ ယုံကြည်ပါတယ်

ခင်မင်စွာဖြင့်
CMS

Myo Kyaw Htun said...

Mandalay Bloggers Feeds Network မှာ Add ထားလိုက်ပါပြီဗျာ။ ဆက်ပြီးတော့လည်း အားရင် အားသလို ရေးပါဗျာ။