Monday, August 24, 2015

Better Future Better Myanmar 2015 စီးပွားရေးဆိုင်ရာအခမဲ့ ဟောပြောပွဲ ကျင်းပမည်

မြို့ကြီး ၈ မြို့တွင် ကျင်းပနေသည့် Better Future Better Myanmar 2015 စီးပွားရေးဆိုင်ရာ အခမဲ့ဟောပြောပွဲများ၏ (၁၀) ကြိမ်မြောက်ဟောပြောပွဲကို သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီမှ စတင်ကာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်မန္တလေးတွင်  “Transforming Teams” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါဟောပြောပွဲများကို Hub Myanmar Company Limited မှ တိုးတက်လာသော ခေတ်နှင့်အညီစီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးကိုစိတ်ဝင်စားသော လူငယ်လူရွယ်များ စီးပွားရေးအသိပညာ ပိုမိုတိုးပွားစေရန် ရည်ရွယ်ကာ စီစဉ်ကျင်းပနေခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ၏ စီပွားရေးအကြံပေး ပါမောက္ခဒေါက်တာအောင်ထွန်းသက် နှင့် Device Business Management Academy ၏ Principal ဦးတင်ဇံကျော်တို့ မှ ဟောပြောပို့ ချသွားမည်ဖြစ်သည်။ 

စိတ်ပါဝင်စားသူမည်သူမဆို ဖုန်းနံပါတ် (၀၁-၂၃၉၉၄၀၀) သို့ အမည်၊ အလုပ်အကိုင်ရာထူး၊ အီးမေလ် နှင့် ဖုန်းနံပါတ်တို့ကို ပေးပို့ပြီး Register ပြုလုပ်ပြီး အခမဲ့ တက်ရောက်နိုင်ပါတယ်။ စိတ်ပါဝင်စားသူ မည်သူမဆို ဟောပြောပွဲတက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် (၀၁-၂၃၉၉၄၀၀) သို့ အမည်၊ အလုပ်အကိုင်ရာထူး၊ အီးမေလ် နှင့် ဖုန်းနံပါတ်တို့ကို ပေးပို့ပြီး Register ပြုလုပ်ပြီး အခမဲ့ တက်ရောက်နိုင်မည်ဖြစ်သည်။  

Better Future Better Myanmar 2015 စီးပွားရေးဆိုင်ရာ အခမဲ့ဟောပြောပွဲများ၏ ကျင်းပမည့်  (၈)ကြိမ်မြောက်ဟောပြောပွဲကို One in All ခေါင်းစဉ်ဖြင့် မန္တလေးမြို့တွင် ဇူလိုင်လ (၅)ရက်နေ့က ကျင်းပခဲ့ကြောင်းသိရသည်။

No comments: