Friday, June 6, 2014

သဘာဝပတ်ဝန်းကျင်ချစ်သူများမှ ဦးပိန်တံတားတွင် အမှိုက်ကောက်


ပြည်တွင်းပြည်ပဧည့်သည်များနေ့စဉ်သွားရောက်လည်ပတ်နေသည့် တောင်သမာန်အင်းနှင့် ကမ္ဘာကျော် ဦးပိန်တံတား တ၀ိုက် အမှိုက်ကောက်သည့်အစီအစဉ်ကို သဘာဝပတ်ဝန်းကျင်ချစ်သူများစုစည်းကာ ဇွန်လ ၆ ရက်နေ့က ဆောင်ရွက်ကြသည်။ 

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အမှိုက်ကောက်ကြခြင်းဖြစ်ကာ ရန်ကုန်၊ မန္တလေး၊ ပြည်၊ အင်းဝ၊ တံတားဦး၊ အမရပူရမြို့များမှ သဘာဝ ပတ်ဝန်းကျင်ချစ်သူများ အင်အား ၁၀၀ ကျော် အမှိုက်ကောက်ကြခြင်းဖြစ်သည်။ 

သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေးအတွက် အမှိုက်ကောက်သည့်နေရာများတွင် “ကိုယ့်အမှိုက် ကိုယ်ရှင်း” ဟုသည့်အသိပညာပေးခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်ကြသည်။ 

အဆိုပါအဖွဲ့သည် ဇွန်လ ၇ ရက်နေ့တွင် မန္တလေးတောင်တွင် အမှိုက်ကောက်ကြဦးမည်ဖြစ်ကြောင်းသိရသည်။

No comments: